Archive for February, 2008

အိုး ကလေး လှုပ်ပါဟေ့..အိုး ကလေး လှုပ်ပါဟေ့

February 27, 2008

“အိုး ကလေး လှုပ်ပါဟေ့ .. အိုးကလေး လှုပ်ပါဟေ့ ”
“အိုး ..ကလေး လှုပ်ပါဟေ့  .အိုး …ကလေး လှုပ်ပါဟေ့ ”


စာရင်းကိုင် နယ်ပယ်မှာ လူတစ်ဦးချင်းစီ (Individuals’) ၊ ကိုယ်ပိုင်စီးပွားရေး (Sole Traders) ၊ အစုအစပ် (partnerships) ၊ ကုမ္ပဏီ (companies)တွေ အတွက်
သူတို့ အသီးသီးရဲ့  Accounting period ကုန်ဆုံးတဲ့ အခါမှာ Profit & Loss ( ရှုံးမြတ်စာရင်း ) နဲ့  Blance Sheet (လက်ကျန် နှစ်ချုပ် ရှင်းတန်း) တွေ ကို စာရင်း ရေးဆွဲပေးရပါတယ် ။

ဘာလို့ ရေးဆွဲပေးရသလဲဆိုတော့ ပြည်တွင်း အခွန်များဦးစီးဋ္ဌာနက သတ်မှတ်ချက် (By Law) အရ Dead Line လို့ ခေါ်တဲ့ သတ်မှတ်ရက်မတိုင်မှီ အချိန်အတွင်းမှာ
တင်ပြပေးရမှာ ဖြစ်လို့ ပါပဲ။ ပြည်သူတွေဟာ သူတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ စီးပွားရေး အကျိုးအမြတ်တွေထဲက ရာခိုင်နှုန်းအချို့ ကို အခွန်အနေနဲ့  နိုင်ငံတော်ကို ပြန်လည်ပေးသွင်းရပါတယ်။

ဒါဆိုရင် နိုင်ငံတော်က ပြည်သူတွေရဲ့  ငွေကြေးတွေကို မတရားသဖြင့် အခွန်ကောက်ခံပြီး အိပ်ထဲ ထည့်နေသလားဆိုတော့လည်း မဟုတ်ပါဘူး ။ အဲဒီ ရရှိလာတဲ့
အခွန်အတုတ်တွေထဲကနေ ပြည်သူတွေ အတွက် အကျိုးရှိစေမဲ့ လမ်းပန်းဆက်သွယ်ရေး (Public Transport) ၊ ကျန်းမာရေး (Health & Safety) ၊ လူမှု ဖူလုံရေး ၊
သာရေး နာရေး (Social Security) အစရှိတဲ့ နေရာတွေ နဲ့ နိုင်ငံတော် ခေတ်မှီ ဖွ့ံဖြိုး တိုးတက်ရေး အစရှိတဲ့ နေရာတွေ မှာ လျာထားချက် Budget တွေနဲ့ အတူ
သင့်လျော်သလို သုံးစွဲ ရပါတယ်။

နိုင်ငံတော် အကျိုးအတွက် ချည်းပဲလား ဆိုတော့လည်း မဟုတ်ပါဘူး ။ အဓိက ကတော့ စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ ၊ လုပ်ငန်းခွင် ၀င်နေကြတဲ့ ပြည်သူပြည်သားတွေရဲ့ အကျိုးအတွက် ကို အဓိက ထားပြီး ဒီ Profit & Loss နဲ့  Balance Sheet ကို ရေးဆွဲ ရခြင်းပါ။

ဘာကြောင့်လဲ ဆိုတော့ စီးပွားရေး လုပ်ငန်းရှင်တိုင်းဟာ ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကနေ အကျိုး အမြတ် ရနေပြီလား ၊ ဆုံးရှုံးမှု တွေ ဖြစ်နေပြီလား ၊ Cash Flow
လို့ ခေါ်တဲ့ ငွေသားစီးဆင်းမှု တွေ ချောင်လည်ရဲ့ လား၊ ချောင်လည်နေရင် Capital Investment တွေ ၊ Short term, Long term Investment & Bonds တွေ ၊
အဆင်မပြေရင် Share issue ထုတ်မလား ၊ HIre Purchase တွေ ၊ Short & Long term Loan အစရှိသဖြင့် Investment Decision တွေကို Risk Analysis တွေ၊ Budget တွေ
Ratio တွေနဲ့ အဲဒီ Balance Sheet ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ကြပါတယ်။

တစ်ခါ Minority Interest ၊ Public sectors ၊ Busines Angels ၊ Investors ၊ Bankers ၊ Government တွေကလည်း ဒီ နှစ်ချုပ်ရှင်းတန်းကိုကြည့်ပြီး ဒီလုပ်ငန်းကို ၀ယ်သင့်
မ၀ယ်သင့် ၊ ချေးငွေ ထုတ်ပေးသင့် မပေးသင့် ။ Government Grant ပေးတာတွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

အခွန်ပေးဆောင်ဖို့ ရာအတွက် လုပ်ငန်းတွေရဲ့ အခွန်စာရင်းဟာလည်း Profit & Loss Account နဲ့ Balance Sheet အပေါ်မူတည်ပြီး ရေးဆွဲရတာပါပဲ။

ဒါကြောင့် နှစ်ချုပ်ရှင်းတမ်းဟာ Accountancy ပညာရပ် နယ်ပယ်မှာ အရေးကြီးတယ်လို့ ဆိုရပါမယ်။

Banalce Sheet ကို Accounting period လို့ ခေါ်တဲ့ လုပ်ငန်းတစ်ခု ရဲ့ တစ်နှစ်တာ လည်ပတ်မဲ့ အချိန်ဇယားအတွင်း ၁၂ လတာ ကာလအတွင်းမှာ များသောအားဖြင့်
ရေးဆွဲလေ့ရှိကြပါတယ်။

မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်မှာတော့ ကောဇာလို့ ခေါ်တဲ့ Astrology cycle လို့ ဆိုရမဲ့ ကောဇာသက္ကရာဇ်ဟာ နှစ်စဉ်နှစ်တိုင်း ဧပြီလ ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကနေ
စတင်ပြီး နောက်နှစ် သင်္ကြန်အတက်နေ့ မှာ ပြီးဆုံးပါတယ်။

အတိုင်ပင်ခံ ပညာရှင်၊ ဆရာ အရှင်များဟာ ကောဇာနှစ်သစ် တစ်ခုရောက်တိုင်းရောက်တိုင်း အဲဒီရောက်ရှိလာမဲ့ ကောဇာနှစ်အတွက် Analysis လုပ်ပြီး
Short term , Long term plan ခြောက်လစာ ၊ တစ်နှစ်စာ ဟောကိန်း ၊ Budgetary system လို့ ခေါ်တဲ့ ရှောင်သင့် လုပ်သင့်တဲ့ အရာတွေ ၊ ယတြာလို့ ခေါ်တဲ့ Instance Action နဲ့ Risk Analysis လို့ ခေါ်တဲ့ ကောင်းကျိုး နဲ့ ဆိုးကျိုးတွေကို တွက်ချက်ပြီး Decision making တွေ ပြုလုပ်ကြပါတယ်။

Accountcy concepts တွေ လိုပါပဲ ။ တွက်ချက်ရာမှာ Accural & prepaid ဆိုတဲ့ concept တွေကို အသုံးပြုပါတယ်။ ၁၃၆၈ ခုနှစ်ကောဇာအတွက် ရေးခဲ့တာလေးတွေနဲ့ ရှင်းရမယ်ဆိုရင်

ဆရာ ဇေယျာမောင်ရဲ ၁၃၆၉ခှစ် ကောဇာ ဆောင်းပါးအရ

“လာမယ့် ၁၃၇၀ အဖြည့်ကိန်းက ၁၀ ဂဏန်းဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် (၁၀) အတွဲ အကြောင်းတရား နမိတ်ဟာ လာမယ့် ၁၃၇၀ အဖြည့်ကိန်း ၁၀ ဂဏန်းနဲ့ ထပ်တူညီမှာမို့  လာမယ့် ၁၃၇၀ နှစ် (၂၀၀၈ အေပြီ ၁၇ မှ ၂၀၀၉ အေပြီ၁၇) ဆီကိုပါ အကျိုးတရားတွေက ဆက်စပ်သွားပါလိမ့်မယ်။”

ဆိုတဲ့ ဒီ ဟောကိန်းဟာ Accural concept ကို လက်ခံကျင့်သုံးထားတာပါ။ Expenses တွေဟာ Accounting period တစ်ခုအတွင်းမှာ ကျခံရပေမဲ့ အဲဒီ Expenses တွေဟာ
Accounting period အတွင်းမှာ မပေးရသေးဘူး ဆိုရင် accured expenses အနေနဲ့ စာရင်းသွင်းသလိုပါပဲ … ၁၃၆၉ မှာ အကြောင်းတရား နိမိတ်တစ်ခု ဖြစ်ပျက်ခဲ့မှုဟာ
အဲဒီနှစ်အတွင်းမှာ မပေးဆပ်ရသေးရင် ရှေ့ လာမဲ့ ၁၃၇၀ မှာ ဆက်လက်ပြီး အကျိုးတရား အဖြစ် ပေါ်လာမှာမို့ လို့ ပါပဲ..

နောက်တစ်ခါ အတိတ် ၊ နိမိတ် ၊ တဘောင်ဆောင်းပါးမှာ

လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က ရန်ကုန်မြို့ တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့သေးသည်။
“ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ “ ဟူသော တဘောင်စကား ပေါ်ထွက်လာခဲ့သည်

ဆိုတဲ့ တဘောင်အကြောင်း ဆောင်းပါး။ ဒါဟာ prepaid လို့ ခေါ်တဲ့ ကြိုတင်ပြီး ပြောထားတဲ့ လူတွေကြားက ဖြစ်ပေါ်လာတဲ့ တဘောင်ကို အခြေခံပြီး ရေးထားတာပါ။
လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က လို့ ပါရေးထားတဲ့အတွက်လည်း Balance brought forward ဆိုတဲ့ concept ကို မိပါတယ်။
အဲဒီတဘောင် အတိုင်းဆိုရင် ကျန်တဲ့ ရန်ကုန်ဟာလည်း ဘာလိုလို ညာလိုလို ပါပဲ။

Prudence concept သဘောက အရှိကို အရှိအတိုင်းတင်ပြရမယ် ဆိုတဲ့ အတိုင်းပါပဲ ၁၀ ဆောင်းပါး ဒုတိယပိုင်း

“မီးနဲ့ ပတ်သက်တာ တွေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ အရေပြား မှာ အပူဖုပေါက်သလိုမျိုး ထကြွလာတဲ့ ရောဂါတွေ ၊
မီးအကြီးအကျယ်လောင်တာတွေ ဖြစ်တတ်ပါတယ်။ ”

လို့ အမြင်ကို တင်ပြထားပါတယ်။ အဲဒီဆောင်းပါးမှာပဲ တစ်ခါထပ်ပြီးတော့

“မီးခိုက်လေကူ ဆိုတဲ့ အင်္ဂ၀ိဇ္ဇာစကားအရ မဟာဘုတ် ဇာတ်ဆောင်ဖြစ်တဲ့ ဘင်္ဂမှာ ရှိတဲ့ ၄-ဗုဒ္ဓဟူး ရဲ့ 
အကူအညီကို ရယူရပါမယ်။ ဗုဒ္ဓဟူးရဲ့  ပြည်အင်္ဂါပရိယာယ်ကတော့ အိမ်ရှေ့ မင်း လို့ ဆိုပါတယ်။ ”

ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ပြန်လည် သုံးသပ်ကြည့်ပါ။

Auditor တွေ စာရင်းကို စစ်ဆေးတဲ့အခါမှာ ဒီစာရင်းဆွဲတဲ့သူဟာ အမှန်အကန်လား အကြံအဖန်လား ဆိုတာကို စာရင်းမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေနဲ့ 
Voucher တွေနဲ့ ramdom test လုပ်ပြီး တိုက်ဆိုင်စစ်ဆေးပါတယ်။ ဒီကုမ္ပဏီဟာ Doggy လား ။ အမှန်လား ။ Trude & Fair View ဖြစ်ရဲ့ လား အစရှိတာတွေကို
စစ်ဆေးကြသလို ဒီဆောင်းပါးပါ အကြောင်းအရာ တွေ ဟာ လုပ်ကြံဇာတ်လမ်းတွေလား ( Window dressing ) ဖြစ်ရပ်မှန်တွေလား (Trude & Faire View) ဆိုတဲ့
concept ကို မိသလားဆိုတာကိုတော့ လတ်တလော ဖြစ်ပျက်တာတွေက သက်သေခံနေပါလိမ့်မယ်..

Accountant အရည်အချင်းမပြည့်မှီ ၊ Book-keeping လုပ်တာတွေ ညံ့နေရင်တော့ Suspense account လို့ ခေါ်တဲ့ ဘယ်နားမှာ ထားရမှန်းမသိ၊ ဘာတွေ မှန်းမသိ တဲ့
ဂဏန်းတွေ တွေ့ ရသလိုပါပဲ …အတိုင်ပင်ခံဆရာ တွေးခေါ်မှုညံ့တာ ၊ တင်ပြမှု မရှင်းလင်းတာတွေ လည်း တွေ့ ရင်လည်း တွေ့ နိုင်ကောင်းပါတယ်။

ကိုယ်နားမလည်တိုင်း တစ်ဘက်သားကို

“ ပေါက်ကရ မရေးပါနဲ့ ” တို့ “ တရေးအိပ်လိုက်ပါ …အယူမှား အမှတ်မှားတာတွေ မလုပ်ပါနဲ့ ”

လို့ အစရှိတာတွေ ပြောနေမဲ့အစား
Auditor တစ်ယောက်က Accountant ကို မရှင်းလင်းသေးတဲ့ ကိန်းဂဏန်းတွေ မေးသလိုမျိုး မေးမယ်ဆိုရင် အမေးခံရတဲ့သူက သူလုပ်ထားတာ မှန်တဲ့အကြောင်း ၊
အားလုံးဟာ The best of his knowledge အရ လုပ်ထားတာတွေ ဖြစ်တဲ့အကြောင်းကို ရှင်းပြဖို့ ဝန်လေးမယ်လို့ မထင်ပါဘူး။ အမှားတွေ့ ရင်လည်း ထောက်ပြပြီး
ဒီဟာကိုတော့ ဒီလိုလုပ်သင့်တယ် ဆိုတာတွေ အကြံအဥာဏ်ကောင်းပေး မယ်ဆိုရင် …..

ပေါက်ဖော်လည်းမဟုတ်ပါဘူး။ ဒီဆောင်းပါးတွေဟာ ကြိုတင်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကျောက်စိမ်းဆင်ရုပ် ဆောင်းပါးကို တင်ပြမိတဲ့အခါမှာ ဒီပညာရပ်ကို ခုတုံးလုပ်ပြီး လူတစ်ဘက်သားကို ဒုက္ခရောက်အောင် လုပ်မိရင် မြန်မာစကားပုံမှာ ရှိတဲ့
“သူခိုးကို ဓါးရိုးကမ်း” သလို ဖြစ်နေမယ်လို့ ပညာရှင်တွေ ဝေဖန်ရင် ခံရမှာပါပဲ။ ဒါပေမဲ့ ဒီ သူခိုးကို ဓါးရိုးကမ်း စကားပုံအရ ဆိုရင် ဥရောပမှာ နေတဲ့လူတွေနဲ့ တစ်ခြားစီဖြစ်နေပါတယ်။
ဥရောပမှာ Health & Safety ဆိုတာဟာ ထိပ်တန်းက ပါဝင်ပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကထားပြီး ဆောင်ရွက်လေ့ ရှိကြပါတယ်။
သူတို့ ဟာ ငယ်ငယ်လေးကတည်းက ချွန်မြတဲ့ ပစ္စည်း ၊ ဓါး ၊ ကပ်ကြေး အစရှိတာတွေကို တစ်ဘက်လူက တောင်းလာလို့  လှမ်းပေးရင်တော့ ဓါးဆိုရင် ဓါးသွားကို
ကိုင်ပြီး ဓါးရိုးကို တောင်းတဲ့သူဘက်ကို လှည့်ပြီး ပေးတတ်ကြပါတယ်။ ကပ်ကြေးလည်း ထိုနည်းလည်းကောင်းပါပဲ။ မြန်မာစကားပုံထဲက သူခိုးကို ဓါးရိုးကမ်း တဲ့
မိန်းမကတော့ ဓါးသွားကို မကိုင်ဘဲ ဓါးလယ်က ကိုင်ပြီး ကဗျာကယာ ပေးလိုက်တာ ဓါးရိုးက သူခိုးဘက်ကို ရောက်သွားသလိုပါပဲ။ စဉ်းစားမိတာ ပြောတာပါ။

အဲဒီတော့ လက်ကျန်ရှင်းတမ်း နောက်ဆုံး အဆင့်ဖြစ်တဲ့ Pre နဲ့  Post Balance Sheet Event ဆိုတဲ့ concept အရ လက်ကျန်ရှင်းတမ်း တင်ပြရမဲ့ နေ့ မတိုင်မှီက
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ လက်ကျန်ရှင်းတမ်းမှာ ပါပေမဲ့ Post Balance Sheet Event လို့ ခေါ်တဲ့ လက်ကျန်စာရင်း ရှင်းတမ်း ရေးဆွဲပြီး နောက်ပိုင်း
AGM (Annual General Meeting) မတိုင်မှီ အဖြစ်အပျက်တွေ ဟာ ရှိနေအုံးမှာပါပဲ။ အဲဒီ Post Balance Sheet Event တွေဟာ ထူးခြားနေတယ် .
Signifcant ။ Materility ဖြစ်နေတယ်ဆိုရင်တော့ ဒီနှစ် လက်ကျန်ရှင်းတမ်းမှာ ဖော်ပြရတာတွေ၊ Notes တွေ အနေနဲ့ Share Holders တွေကို တင်ပြရပါတယ်။

ဒါဆိုရင် Pre Balance Sheet Event လို့ ခေါ်တဲ့ စက်တင်ဘာလ အဖြစ်အပျက်ကြောင့် Post Balance Sheet Event လို့ ခေါ်တဲ့ ၁၃၆၉ အကုန် ၁၃၇၀ မှာ ကျင်းပမဲ့ AGM လို့ ခေါ်တဲ့ ပြည်လုံးကျွတ်အစည်းဝေး ထောက်ခံပွဲတွေကို Notes အနေနဲ့ တင်ပြရပါမယ်။

အဲဒီအခါမှာ လူငယ်ဗေဒင်ပညာလေ့လာသူ တစ်ဦးရဲ့ အယူအဆအရ

၁) ဂဏန်းဗေဒင်အရ လွတ်လပ်ရေးသက်တမ်း ၆၁ နဲ့လွတ်လပ်ရေးရတဲ့နေ့ ၄ နဲ့ပေါင်းရင် ၆၅=၁၁ ဆိုတဲ့ တရားသူကြီးနံပါတ်ရရှိပါတယ်။တရားမျှတမှုနဲ့ မရိုးသားမှုမှန်သမျှအပြတ်ရှင်းမယ့်နှစ်လို့ယူဆပါတယ်။
၂) စကြာဝဠာနံပါတ် ၂၀၀၈ခုနှစ်က=၁၀ ဆိုတာကတော့ ကြမ္မာလှည်းဘီးလို့ (Wheel of Forturen) ယူဆပါတယ်။ ဆိုးရာကကောင်း၊ ကောင်းရာကဆိုးသွားနိုင်တဲ့ ဂဏန်း
၃) သင်္ကြန် ၁၀ ရက်ဂဏန်း နိမိတ်
၎) ဗိုလ်ချုပ် အောင်ဆန်းပုံပါတဲ့ အကျီင်္တွေ ၀တ်ခွင့်ရဖို့ခဲယဉ်းလို့ အခုနှစ်ပိုင်းတွေထဲ လူငယ်များစွာ နှစ်ခြိုက် ၀တ်ဆင်နေကြတာက ကျူးဘား တော်လှန်ရေးခေါင်းဆောင် ချီဂွေဗားရားပုံ၊

တွေကြောင့် အဲဒီအစည်းအဝေးကြီးမှာ အန္တော လို့ ခေါ်တဲ့ ၁၀ ဂဏန်း ၊ တနင်္ဂနွေနံ တိုင်းပြည်အကြီးအကဲ ၊ တနင်္ဂနွေနံ အမည်ဖြစ်တဲ့ လူထု ကိုယ်စားလှယ် နဲ့ ..
စနေ ပြည်သူလူထုတွေဟာ အတိတ်တဘောင် နိမိတ်ဆောင်တဲ့ ဇမ္ဘူဒီပါတောင်ကျွန်း စွမ်းအားတွေကြောင့် တဘောင်စကားလို့ ပြောရမဲ့ အရူးစကား ၊ သဘင်သည်စကား တွေထဲက သဘင်လို့  သတ်မှတ်တဲ့ ဂီတအနုပညာရှင် Hiphop အဆိုရှင် သီဆိုပြီး ၊ ဆယ်ကျော်သက်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့

“အိုး ကလေး လှုပ်ပါဟေ့ .. အိုးကလေး လှုပ်ပါဟေ့ ”
“အိုး ..ကလေး လှုပ်ပါဟေ့  .အိုး …ကလေး လှုပ်ပါဟေ့ ”

ဆိုတဲ့ သီချင်းထဲက အိုး လို့ ပြောတဲ့ တနင်္ဂနွေနံ ဟာ လှုပ်နေပြီ ဖြစ်ပါကြောင်း…..

၁၃၇၀ ကောဇာသက္ကရာဇ် အဟောကိန်းများကိုလည်း မကြာမှီ တင်ဆက်ပေးသွားပါမယ်။

ကျိမ်းစောက် ဆုပ်ရင် ဘာဖြစ်မလဲ ????

February 24, 2008

လက်ဆောင်ရတဲ့ ကျောက်စိမ်းဆင်ရုပ်


စနေနေ့  မနက်ခင်း ၁၀း၂၂ ။

ဂျီတော့ခ်နဲ့ အလ္လာဘ သလ္လာဘ ပြောနေတုန်း သူငယ်ချင်းတစ်ယောက် က ယတြာပစ္စည်း တစ်ခု ကို လက်ဆောင်ရလို့  ဒီပစ္စည်း အ၀င်ကောင်းမကောင်း သိချင်လို့  အပူလာကပ်တာနဲ့ …လက်ဆောင်ပစ္စည်းကို မေးကြည့်တော့

“ ကျောက်စိမ်း နဲ့ ထုလုပ်ထားတဲ့ ဆင်ရုပ် ။ ” သူငယ်ချင်းက သောကြာသား။ သောကြာတိုင်ကို ထူကြည့်တဲ့အခါမှာ…

၃ (စိမ်း)

၎ (ဆင်ရုပ် )

၆ (မေးသူ နံ )

၂ (ကျောက်)

“ သူ့ ကိုနိုင်လို ဆ ကို ခို ” ဆိုတဲ့ အင်္ဂ၀ိဇ္ဖာ လင်္ကာအရ ဆပွတ်ဆိုတဲ့ မူလမွေးနံ ကနေ ၆ ခုမြောက် နံ ဟာ အဲဒီ မူလနံကို နိုင်စေချင်ရင် အသုံးပြုရတဲ့ နံမျိုး လို့  မှတ်သားဖူးပါတယ်။ ယတြာ အနေနဲ့ ပေးတဲ့ ဆင်ရုပ်ကလေး ဟာ “သူ့ ကို နိုင်လို ဆကိုခို ” ဆိုတဲ့ လင်္ကာအရ သောကြာကို ချုပ်ကိုင်နိုင်တဲ့ ဆပွတ်နံ တစ်ခုအနေနဲ့  မြင်လိုက်ရပြန်ပါတယ်။

တစ်ခါ ကျောက်စိမ်း ဟာ သောကြာအတွက် သာစည်-ပင်းယ ပြောင်းပြန်ဖြစ်နေတာကို တွေ့ ရပါတယ်။ သာစည်ပင်းယဆိုတာက ဒီလိုပါ..တနင်္ဂနွေသားနဲ့ ပဲ ဥပမာပေးပါရစေ..

၅ (ပင်း)

၆ (သာ)

၁ တနင်္ဂနွေ

၎ (ယ)

၃ (စည်)

ဒီတိုင်မှာဆိုရင် တနင်္ဂနွေသား အတွက် ကောင်းကျိုးပေးတဲ့ နံတွဲလို့ ပြောရမဲ့ သာစည် ၊ ပင်းယ အတွဲတွေကို ပြထားပါတယ်။ အဲဒီ အတွဲတွေဟာ အထက်ကနေ အောက်ကို ဆင်းသက်ရပါမယ်။ အဲဒါဟာ သာစည်ပင်းယ အတည့်လို့ ခေါ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ စည်သာ ၊ ယပင်း လို့ အောက်ကနေ အပေါ်ကို တက်နေရင်တော့ တိုင်ပြောင်းပြန် ၊ တိုင်ဇောက်ထိုးလို့ ခေါ်ပါတယ်။

ဒါဆိုရင် ခုနက ကျောက်စိမ်းဟာ အောက်ကနေ အပေါ်ကို တက်သွားတဲ့ အတွက် ပြောင်းပြန်ဖြစ်နေပါပြီ ။ ပြောင်းပြန်ဖြစ်တော့ ဘာဖြစ်တတ်သလဲ? ။
မူလအလယ်ချာကို ပျက်စီးစေတတ်ပါတယ်။ အဲဒီမှာ ကျောက်စိမ်းက ပြောင်းပြန်တက်သွားတော့ အလယ်ချာ ဖြစ်တဲ့ သောကြာကို ပျက်စီးစေတာကို တစ်ခါ တွေ့ လိုက်ရပြန်ပါတယ်။

– ကျောက်စိမ်း ဟာ သောကြာအတွက် သာစည်-ပင်းယ ပြောင်းပြန်ဗျ…
– အဲဒီတော့…ဘာဖြစ်လာမလဲ

-ဆင် ၄ ဟူး က ဆပွတ်။ သူ့ ကို နိုင်လို ဆကိုခို တဲ့။ ဆပွတ်ရုပ်ကို လာပေးထားတယ် သောကြာကို နိုင်ခြင်လို့ ။ တစ်ခါ ကျောက်စိမ်းဟာ သောကြာအတွက် သာစည်-ပင်းယ ပြောင်းပြန် ….သောကြာကို ဆိုးရွားစေတယ်……
– ဟားဟား ထင်ထားတဲ့ အတိုင်းပဲ ။ အဲဒါကို ပြန် လှန်ချင်ရင် ဘယ်လို လုပ်သင့်လဲ

– မေတ္တာပို့ ပေါ့ ။
– မေတ္တာမရှိဘူး ..ဟားဟား။

– အခုလက်ဆောင်ကို ပေးတဲ့လူရဲ့ အမည်ဟာ အင်္ဂါအမည် မဟုတ်ရင် စနေ အမည်ဖြစ်ရမယ်။
– မှန်လိုက်တာဗျာ ၂ယောက်ပေါင်းပေးတာ။ အခုတွက်တာ ဘာနဲ့ တွက်တာလဲ?

– စနေနေ့  ၁၀း၂၂ ဆိုတော့ ဘောမ အခါပေါ့ ။ အင်္ဂါတိုင်ပေါ့ဗျာ..။ အဲဒီအခါနဲ့ တွက်တာ
– ဒီမှာက ၅း၂၂ ဗျ။

– အော်..သောရီပေါ့ ။ စနေအခါပေါ့ ။ ရပါတယ် .. ၂ခုစလုံး နဲ့ တွက်ကြည့်ရအောင်။ ပညာရပ်က ဘယ်တော့မှ မမှားစေရဘူး။ ဘယ်နေရာကနေမေးမေး။ အင်္ဂါတိုင်ကို နောက်မှ တွက်ပြမယ် ။ စနေတိုင် -သောရီ အခါကို တွက်ကြစို့  ။

စနေနေ့ ညနေ ၅း၂၂ ရဲ့ အခါတိုင်ကို ထူကြည့်လိုက်. သောရီတိုင်ပေါ့ ။

၎ (ဆင်) န၀င်း



ဝ (စနေ အခါတိုင်)

၃ (စိမ်း)
၆ (မေးသူ) အခိုက်
၂ (ကျောက်)

ပြီးခဲ့ တဲ့ ဆောင်းပါး မှာတုန်းက စောလှ-လှေဆန် လိုပါပဲ …ကျောက်စိမ်းဟာ မေးနေတဲ့ အချိန် ၊ စနေ အခါတိုင်မှာ တြိရန်း နဲ့ စတုရန်း နေရာကို ရောက်နေတာတွေ့ ရပြန်ပါပြီ။ ဒါဆိုရင် စနေတိုင်ရဲ့  တြိရန်း နဲ့ စတုရန်း မှာ ရှိနေတဲ့ တနင်္လာ နဲ့ အင်္ဂါ (ကျောက်စိမ်း) ဟာ စနေကို ဖြိုဖျက်စေတဲ့ အမည်တွဲ အနေနဲ့ တွေ့ ရပါတယ်။
အဝေး ခြင်္သေ့ဟောက် နဲ့ အနီးဆင်ဝှေ့ ပြန် လို အနေအထား လို့ ခေါ်ပါတယ်။

စနေ နဲ့ သောကြာနဲ့ က ဘာဆိုင်လို့ လဲ ဆိုတော့
စနေ ဟာ သောကြာရဲ့  အညွန့် ဖြစ်တာက တစ်ကြောင်း … အဋ္ဌလဂ်ခွင်အရ စနေဟာ သောကြာကနေ စတင်ရေတွက်မယ်ဆိုရင် ၆ ခုမြောက် ဆပွတ် ၊ သောကြာပြီး စနေ မဟုတ်ပါဘူး။ အဋ္ဌလဂ်ခွင်ဆိုတာကတော့ အရပ်မျက်နှာအလိုက် ဂြိုဟ်ခွင်တွေ နေရာချထားတာကို ဆိုလိုပါတယ်။
သောကြာ၊ တနင်္ဂနွေ ၊ တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ အဲသလို ရေတွက်ရပါတယ်။ သတ်မှတ်ထားတဲ့ ပညတ်ကတော့
ပရိဝါယ ၊ အာယု၊ နာဂရ၊ ဘုမ္နိ ၊ ဂဟပတိ ၊ တေဇ ဆိုတဲ့ အတိုင်း ၆ခုမြောက် တေဇ ကို ဖြိုဖျက်နေတာကို တွေ့ ရပါတယ်။
ဘုန်းကံ ကွယ်အောင် ပေါ့။

– “ နင့်ကို ဘုန်းကံကွယ်အောင် လက်ဆောင်နဲ့ လုပ်သလိုပဲ ” .. စကားလုံးအချို့ ခုန်ဆင်းသွားပါတယ်။ ..

တစ်ခါ စနေတိုင်ထိပ်မှာ နိမိတ်ဖြစ်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်တဲ့ ဆင်ရုပ် (ဗုဒ္ဓဟူး ) ကို မြင်ရပြန်ပါတယ်။ တိုင်ထိပ်ကို န၀င်းလို့ လည်း ခေါ်ပါတယ်။
န၀င်း ရဲ့ ဆက်သွယ်ချက်ဟာ အခိုက်လို့ ပညာရပ်မှာ ဆိုပါတယ်။ ဒါဆိုရင် န၀င်း ဆင်ရုပ်ကို မြင်လို့ အခိုက်နေရာကို ကြည့်လိုက်တော့ သောကြာ ကို တွေ့ ရပြန်ပါတယ်။ ခိုက်နေရာ မှာ သောကြာ ရှိနေတော့ အဲဒီ သောကြာကြီး ခိုက်နေပြီပေါ့ ။ မေးတဲ့သူကလည်း သောကြာဆိုတော့ …အဲဒီမေးတဲ့သူကိုယ်တိုင် ခိုက်နေပြီ ။

– “ ကျောက်စိမ်း ဆင်ရုပ်ကြောင့် နင် ခိုက်နေပြီ ”
– ဟင်း …ဘယ်လို လုပ်ရပါ့မလဲ …

– ငါတို့ ပညာရပ်မှာ တြိစတု နင်းကြမ်း ပြု ဆိုတဲ့ ယတြာ ရှိတယ် .. စောလှ-လှေဆန် သဘောမျိုးပဲ .. နင်းကြမ်းဆိုတော့ အခက်အလက်တွေ ကို နင်းရတာပေါ့ .. ဘုန်းကံတက်အောင် . .အဆင်ပြေအောင် ပြုတဲ့ ယတြာမျိုးပေါ့။. ကြုံတုန်း ပြောလိုက်အုံးမယ်။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောခဲ့တဲ့စကား။

“ စလောင်း ဖုံး ၂ ချပ် တီး ရင် ကျား လာတယ် “ ဆိုတာကို ။ ရှေးခေတ်တုန်းက စလောင်းဖုန်းကို မြေသား နဲ့ လုပ်တာဆိုတော့ အခြင်းခြင်း တီးခတ် မိရင် ကွဲကုန် မျာ စိုးလို့ လူကြီးတွေက ကလေးတွေကို ကျားနဲ့ ခြောက်တာ …
ငါတို့ ပညာမှာက အဲဒါတစ်ကယ် ရှိတာ… စလောင်းဖုံး ၂ချပ်တီး ရင် ကျားလာတယ်… ဘယ်လို လာလဲဆိုတော့ … တနင်္ဂနွေသားနဲ့ ပဲ ပြမယ်..


၂ (ကျား)




၎ ( လောင်း )

၃ ( စ )

ဒါဟာ တနင်္ဂနွေသား တစ်ဦး နင်းကြမ်း ယတြာကို ပြုလုပ်တဲ့အခါမှာ လုပ်ဆောင်ရမဲ့ အစီအရင်ပေါ့..
တနင်္ဂနွေသား တစ်ဦးဟာ နင်းကြမ်း ယတြာကို ပြုလုပ်တော့မယ်ဆိုရင် အင်္ဂါ နဲ့ ဗုဒ္ဓဟူး အခက်အရွက် တွေကို ခြေမှာ နင်းပြီး အဆောင်ပန်းဖြစ်တဲ့ တနင်္လာနံ ပန်းကို ကိုင်ပြီး ထွက်ရမယ်လို့ ပညာရပ်က ပြထားတာကိုး ။
အဲဒါကြောင့် စလောင်းဖုံး ၂ ချပ်တီးရင် ကျားလာ တယ်ဆိုတာကို ဆရာအရှင်တွေက ပညာရပ်တစ်ခုအနေနဲ့ ချန်ရစ်ခဲ့တာပေါ့။

– အဲဒါကြောင့် ..နင် အိပ်တဲ့ အိပ်ရာ ခြေရင်းမှာ ပဲ အဲဒီ ကျောက်စိမ်းဆင်ရုပ်ကို အင်္ကျီ တစ်ထည်ကို အခံထား ပြီး ထား ထားလိုက်။ ဆောင်ပန်းကတော့ သောကြာသား အတွက် အညွန့် နံ ပန်းဖြစ်တဲ့ စနေနံ နှင်းဆီပန်း ၇ ပွင့် ကို ခေါင်းရင်းမှာ ထိုးထားရမယ်။
ဟာ..ခဏခဏ လဲနေရမှာပေါ့ ..
အော် ..အဲဒါမှ ကိုယ်က သတိပြုမိနေမှာပေါ့… တစ်ပတ်တစ်ခါ နှင်းဆီပန်း လဲပေးနေတော့ စိတ်လက်ကြည်လင်တာပေါ့ဗျာ..၊။
အဲဒါဆိုရင်လည်း ဒေါင်းမွှေး ၇ ချောင်း စိုက်ထားလိုက်မယ် .. ခေါင်းရင်းမှာ
ကောင်းတာပေါ့ဗျာ …ဒေါင်းဆိုတာ အတိတ်နိမိတ်အရလည်း ကောင်းတာပဲ … အဲဒါလုပ်လိုက်ပေါ့ဗျား


ဝ (ဒေါင်းမွေး ၇ ချောင်း)




၂ ကျောက်စိမ်းဆင်

၁ အိပ်ရာ ခြေရင်း

ဒါဆိုရင်…သောရီ အခါနဲ့ တွက်ပြတာ ပြီးပြီ..ဘောမအခါနဲ့ တွက်ကြည့်ရအောင်… ဘောမ (အင်္ဂါ) အခါတိုင်ကို တိုင်ထူကြည့်ရင်…

ဝ န၀င်း
၎ ဆင်ရုပ် (အညွန့် )
၁ ဆပွတ်




၂ ကျောက်စိမ်း (အခိုက်)

ဘောမတိုင်
န၀င်း ၊ အခိုက် စဉ်းစားချက်များ
ဟော.. ၂ ဆိုတဲ့ အခိုက်နေရာမှာ ကျောက်စိမ်းကို တွေ့ ရပြီ ။ အခိုက်ကို တွေ့ ရင် တွဲရမှာက န၀င်းဆိုတော့ န၀င်းကို လှမ်းကြည့်လိုက် ။ စနေ ကိုတွေ့ ရမယ်.။ စနေ ဟာ သောကြာရဲ့ အညွန့်  ၊ ပြီးတော့ သောကြာရဲ့  တေဇ လည်းဖြစ်တယ်။ ဒါဆိုရင် န၀င်းမှာ ရှိတဲ့ ၊ န၀င်းမှာ ရောက်နေတဲ့ စနေ ။ န၀င်းရောက်တိုင်း မကောင်းနိုင်တော့ဘူး ။ ဘာလို့ လဲ ဆိုတော့ အခိုက်မှာ ရှိတဲ့ ၂ (ကျောက်စိမ်း) ကို မြင်ပြီး လှမ်းကြည့်ရတဲ့ န၀င်း ဖြစ်တာကြောင့်  အဲဒီ စနေဟာ ဘယ်နည်းနဲ့ မှ မကောင်းတော့ဘူး ။ စီးပွားရေး ၊ ကောင်းကျိုးရေးရာ အဖြာဖြာ၊ ဘုန်းကံ အစရှိတာတွေကို အခိုက်ကနေ လှမ်းကြည့်ရတာ ဖြစ်တာမို့ လို့ အဲဒီကိစ္စရပ်တွေ မှာ သတိထားရတော့မယ်။

တစ်ခါ စနေ ပရိယာယ်အရ မိမိလက်အောက် ငယ်တဲ့သူ ၊ ခြေသွားထိန်းရ ဂြိုဟ်မိန်းမ ဆိုတဲ့ လင်္ကာအရ စနေဟာ အမျိုးသမီး ဖြစ်ရမယ်။
စစချင်းတုန်းက ပြောခဲ့တဲ့ ပေးတဲ့လူဟာ စနေ (သို့ ) အင်္ဂါ အမည်ပါသူ ဖြစ်ရမယ်လို့ ခန့် မှန်းတာကတော့
– ခိုက်မှာ ရှိတဲ့ ၂လာကြောင့် န၀င်း စနေကို လှမ်းပြောတာက တစ်ခု
– ခိုက်မှာ ရှိတဲ့ ကျောက်စိမ်း (တနင်္လာ) နဲ့  အညွန့် မှာရှိတဲ့ ဆင်ရုပ် (ဗုဒ္ဓဟူးကြောင့် ) အမြစ်အညွန့် တည့်နေတဲ့ အတွက် အင်္ဂါကို ကောင်းစေတဲ့ သဘောမျိုး တွေ့ တာကြောင့် အင်္ဂါ ကို လှမ်းပြောရတာ..

ဒါကြောင့် ဆင်ရုပ်ပေးသူဟာ စနေ (သို့ ) အင်္ဂါ လို့ ပြောရတာ…။ စနေရော ၊ အင်္ဂါ ရော၂ယောက်လုံး ဆိုတော့ လည်း ပညာအရတော့ တည့်နေတာပဲ လို့ ပြောရမလို ဖြစ်နေပြီပေါ့။ န၀င်းအခိုက်ကို ပဲ ဆက်ပြောပြမယ်။

အခိုက်မှာ ရှိတဲ့ တနင်္လာ ဟာ သောကြာအတွက် နာဂရ လို့ ခေါ်တဲ့ မြို့ ပြကျေးရွာ တွေ နဲ့ ပတ်သက်တာမျိုး ဖြစ်တာကြောင့် ပေးတဲ့သူဟာ နေရာဋ္ဌာနကို အကြောင်းပြုတဲ့ စကားတွေ ပြောဆိုရမယ်..ခိုက်တဲ့ စကား ပေါ့ .. ရှင်းအောင်ပြောရရင်တော့ အခုလက်ရှိနေတဲ့ နေရာမှာ မနေနဲ့ ..တစ်ခြားနိုင်ငံကိုပြောင်းပါ..ဘာညာပေါ့..အဲဒီလို နေရာဋ္ဌာန ခိုက်စေတဲ့ စကားတွေ ပါလာမယ်…လက်ဆောင်ပေးရင်း ပြောတာမျိုး ..လူကြုံပါးတာမျိုးပေါ့…

န၀င်းမှာ ရှိတဲ့ စနေကို ပြန်ကြည့်လိုက်အုံး ..သောကြာနဲ့ ဘာတော်လဲ…တောသူ ဆိုတဲ့ ဓါတ်ရန် တော်တယ်…ကျန်းမာရေးကိစ္စကို အကြောင်းပြုပြီး ဒီလက်ဆောင်ယတြာ အရုပ်ကို ပေးတာ…

အခိုက်ကို ပြန်ကြည့် ..၂ ကို မြင်တော့ ၂ပရိယာယ်အရ ဆိုရင် မိခင် (သို့ ) မိခင်ကဲ့ သို့ နေသောသူလို့ မြင်ပြန်တယ်။ ဒါကြောင့် ဒါဟာ မိသားစု အတွင်းက ပေးတာ ဖြစ်ရမယ်…

– “ အင်း…ညီမနဲ့ အမေလို နေတဲ့သူက ပေးတာ ..”
– ဟိုက်ရှားဘား….

အင်းထပ်ပြောမယ်…၂ခိုက်ကို ဆက်ပြောရင်တော့ အဲဒီ ပစ္စည်းဟာ လွန်ခဲ့တဲ့ ၂ရက်က ပေးတာ ဖြစ်ရမယ်..
– ဟားဟား..မှားတယ် ..လွန်ခဲ့တဲ့ ၂ ပတ်က ပေးတာဗျ..

..ဟင်း….လွဲတယ်ဗျာ…ကျွတ်ကျွတ်ကျွတ်..နည်းနည်းလေးပဲလိုတယ်..
-အားမငယ်ပါနဲ့ ၂ ချင်းတူတာပဲ…ဆက်ပြော

” ဘောမတိုင်မှာ ဆပွတ်နေရာမှာ ၁ ကို တွေ့ လား…ဒါကြောင့် ၁ကို အကူအညီယူပြီး ပေးမယ်.. ဆိုလိုတာကတော့ တနင်္ဂနွေသား မဟုတ်ရင် အဖေ ပေါ့..အဖေလို နေတဲ့သူကနေ တစ်ဆင့်ပေးတာ…”
..ဟဲဟဲ..အဖေကနေ တစ်ဆင့်ထည့်ပေးလိုက်တာ…
– သြော်….

ဒီမှာတင်ပဲ ဂျီတော့ခ်က ချက်တင် လုပ်တာလေးတွေ ပြီးသွားပါတယ်..

ဒီလိုဆိုရင် ဘိုလိုလုပ်မလား

February 22, 2008

စောလှ-လှေဆန် ၊ ရှေ့ နောက်ပြန်


စောလှ-လှေဆန် ၊ ရှေ့ နောက်ပြန် ၊ သစ်နံမြို့ ပြည်ရွာ ၊ နေများချေက ၊ သူရဇ္ဖ ၊ သောကမီးပမာ

ဒီလင်္ကာဟာ ဘာကိုညွှန်းသလဲ ဆိုတော့ မူလ နေ့ သားတစ်ဦးဟာ မိမိရဲ့  တြိရန်း နဲ့ စတုရန်း အပြန်အလှန် မိထားတဲ့ အရပ်တွေ ၊ မြို့ ရွာတွေ ကို ရွှေ့ ပြောင်း နေထိုင်မိတာ ၊ စီးပွားရေး လုပ်ငန်း အသစ်တွေ လုပ်ကိုင်မိတာ တွေ ပြုလုပ်မိမယ်ဆိုရင် စောလှ-လှေဆန် လို့ ခေါ်တဲ့ နံနှစ်ခုပေါင်း အနိဋ္ဌ နိမိတ် နှစ်ခု အရပ် အရ မီးလို ပူတတ်တယ်လို့ ယေဘုယျ ပြဆိုထားပါတယ်။

စောလှ-လှေဆန် (တြိရန်း – စတုရန်း ) ရေတွက်ပုံကတော့ မိမိမူလနေ့ ကနေ ၃ ခုမြောက် နဲ့  ၄ ခုမြောက် နေ့ နံ တွေပါပဲ။
ကြာသပတေး သား တစ်ယောက်အတွက် စောလှ-လှေဆန် (တြိရန်း-စတုရန်း) ဟာ စနေ နဲ့ တနင်္ဂနွေ ဖြစ်ပါတယ်။

ဒါဆိုရင် အဲဒီလို စောလှ – လှေဆန် ဆိုတဲ့ အရပ်မှာ နေထိုင်တဲ့ နေ့ သားတွေ ဟာ မကြီးပွားတော့ဘူး။ လုပ်သမျှ မအောင်မြင်တော့ဘူးလား လို့  မေးစရာ ရှိလာပါမယ်။ မလေးရှားမှာ နေတဲ့ တနင်္လာသား သမီးတွေ ၊ ဇလွန် မြို့မှာနေတဲ့ တနင်္ဂနွေသားသမီးတွေ ၊ သာယာဝတီမှာ နေတဲ့ ဗုဒ္ဓဟူး သားသမီးတွေ ကြီးပွားချမ်းသာနေတာ ဒုနဲ့ ဒေးပါပေါ့။

ဆိုကြပါစို့ …
– တနင်္ဂနွေအမည်ပေါက်တဲ့ လူတစ်ဦး ဟာ လင်္ကာအရ စောလှ-လှေဆန် ၊ တစ်နည်းပြောရရင် တြိရန်း နဲ့ စတုရန်း အမည်ပေါက်တဲ့အရပ် -ဥပမာ စလေ ၊ ဇလွန် မြို့ တွေကို ပြောင်းမိတာ ၊ အဲဒီ မြို့ တွေမှာ အလုပ်လုပ်ကိုင်မိတာ ၊
– တနင်္ဂနွေ အမည်ပေါက်လူတစ်ဦးဟာ သူ့ ရဲ့ စတုရန်းနေ့ ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ၊ အဲဒီနေ့ ရဲ့ တြိရန်း အခါဖြစ်တဲ့ ၉း၀၀ ကနေ ၁၀း၃၀ အတွင်းမှာ ဘာကိစ္စလုပ်လုပ် ၊ လူမှုရေး ၊ စီးပွားရေး အံချော်တာမျိုး
– နေ့ တစ်နေ့ ရဲ့ တနင်္ဂနွေအခါမှာ ဗုဒ္ဓဟူးသားသမီး တစ်ယောက်ယောက်ဟာ အင်္ဂါ နိမိတ်နဲ့ ဆိုင်တဲ့ ကောင်းကျိုးချမ်းသာ အလုပ်မှန်သမျှ ပျက်တာမျိုး ကို ကြုံတွေ့ ရတတ်ပါတယ်။

နောက်ဥပမာ တစ်ခု မြင်သာအောင် ထပ်ပေးပါအုံးမယ် ။ အင်္ဂါသား ၊ အင်္ဂါအမည်ပေါက် လူတစ်ဦးဟာ အင်္ဂလန်မှာ နေတယ်ဆိုပါစို့ ။
သူဟာ ကံအားလျော်စွာပဲ တစ်နေ့ မှာတော့ နေရာအပြောင်းအရွှေ့ လုပ်ဖို့ အတွက် လက်ရှိနေတဲ့ နေရာကနေ သူရဲ့ တြိရန်း နဲ့ စတုရန်း ကျတဲ့ နေရာကို ပြောင်းဖို့ အကြောင်းဖန်လာပါလေရော။ သူပြောင်းရမဲ့ နေရာကတော့ Fulham (ဖူလ်ဟမ်) လို့ ခေါ်တဲ့ လန်ဒန်မြို့  ရဲ့ ရပ်ကွက်တစ်ခုကို ပေါ့။ ပုံကိုလေ့လာကြည့်ပါ။





၃ (အင်္ဂါ)

၆ (ဟမ်)

၅ (ဖူလ်)

ဘာပြောကောင်းမလဲ ။ သူ့ ရဲ့ စတုရန်း ၊ တြိရန်း အပြန်အလှန် မိတဲ့ ဖူလ်ဟမ် ဆိုတော့ တစ်ခါတည်း အလုပ်ပြုတ် ၊ အကြွေးတင်၊ သူငယ်ချင်းတွေ ၀ိုင်းပြီး ကျွေးထားရတဲ့ ဘ၀ကို ရောက်ပါလေရော..

အဲဒါဟာ စောလှ – လှေဆန် လို့ ခေါ်တဲ့ ပညာခန်းရဲ့ ရိုက်ချက်ပြင်းပြင်းကို ခံလိုက်ရတဲ့ အင်္ဂါသာား တစ်ယောက်ပါ။

နောက်ထပ် ဥပမာ တစ်ခု ထပ်ပေးပါအုံးမယ်။

ကလေးအမည် ကင်ပွန်းတပ်ပေါ့ဗျာ ။ မေးကြ မြန်းကြ ၊ အကြံဥာဏ်တောင်းခံကြ ၊ Sur name လေးတွေ ထည့်ချင်ကြတယ်။ သေချာတွက်ချက်ပြီး ပြောလိုက်ပါတယ်။ အဖေရဲ့ Sur name ကိုတော့ ဒီကလေးမှာ ထည့်လို့ မရဘူး ။ မဟာဘုတ်အရလည်း မကောင်းဘူး ။ နာမည်တိုင်အရလည်း မကောင်းဘူး ။ ဆန်းပညာ အရလည်း ဒီနှစ်ထဲမှာ ဗုဒ္ဓဟူး နဲ့ စနေ က ကလေးတွေရဲ့ နောက်ပိတ် အလုံး ကို ထည့်ပေးလို့ မရဘူး ဆိုတော့ ကလေးတွေကို အဲဒီလို မပေးစေချင်ဘူး ။ ပြီးခဲ့ တဲ့ ဆောင်းပါးတစ်ခု မှာ ပြောခဲ့ပြီးပါပြီ။ ပြောသာပြောရတယ်။ ဖတ်ဖတ်မော ။ ရင်ဖတ်နောက်က ကျော ဆိုသလို ပဲ။

အဲဒါအသာထားလိုက်အုံး ။ ဒီဆောင်းပါးနဲ့ ပတ်သက်တဲ့ စောလှ-လှေဆန် အမည်ပေးမိ တဲ့ အကြောင်းပါ။ လေ့လာကြည့်ပါ။
၁၃၆၉ ခုနှစ် ဗုဒ္ဓဟူး နေ့  မွေးတယ် ပေါ့ဗျာ ။ ညနေဖက် ဆိုတော့ ရာဟုပေါ့ ။ အမည်ပေးချင်တယ်ပေါ့ ။ Surname ကလည်း မထည့်လို့ မရဘူးဆိုပဲ။
အဲဒါမှ ဒုက္ခ ၊ အဖေ က တနင်္လာသား ။ နောက်ပိတ် က ကြာသပတေးနဲ့ ပိတ်တယ်။ ထည့်လို့ မရဘူးပြောလည်း မရ၊ ဘယ်လို မှ လုပ်လို့ မရဘူး ။
ယမုံနာတွေရော၊ ဘာတွေရော စုံလို့ ။

ကဲ သမီးလေး အမည်ပေးပါပြီတဲ့ ။ ရာဟုစပြီး ကြာသပတေး ဆုံးတယ် ။ အဲဒီမှာ ပြဿနာ တက်တာပဲ ။ အဖေက တနင်္လာသား ၊ တနင်္လာ အမည်ပေါက်။ သမီးလေးက ရာဟု (ဗုဒ္ဓဟူး) နဲ့ စပြီး ကြာသပတေး နဲ့ ဆုံးတယ်။ ကဲ …ကြည့်ပေတော့…






—-
၅ (ကြာသပတေးဖြင့်ဆုံး)

၎ (ရာဟု ဖြင့်စ)

ဒါဆိုရင် အဖေလုပ်တဲ့ သူက သမီးလေးကို တနင်္လာ ရဲ့  တြိရန်း စတုရန်း ဖြစ်တဲ့ အမည်မျိုး ပေးမိနေပြီ။ ဘယ်လို လုပ်ကြမလဲ ။ အဖေလုပ်တဲ့သူကတော့ ‘ မတတ်နိုင်ဘူး ။ Sur name ကလည်း မထည့်လို့ ကမဖြစ်ဘူးတဲ့ ။’ ကောင်းရော…
အမည်ပေးလိုက်ပုံ က တနင်္လာကို ဖြိုဖျက်စေတဲ့ ၊ ကြေပျက်စေမဲ့ အမည်မျိုး ဆိုတော့ အဖေလုပ်တဲ့ သူရေ ….ကြုတ်ကြက်သာလိပေတော့ လို့ ….

မူလနေ့ သားတွေ အတွက် စောလှ-လှေဆန် ၊ တြိရန်း စတုရန်း မိတဲ့ နံတွဲတွေကို အောက်မှာ လေ့လာကြည့်ပါ။

တနင်္ဂနွေ- အင်္ဂါ နှင့် ဗုဒ္ဓဟူး အပြန်အလှန် တွဲထားသော
တနင်္လာ – ဗုဒ္ဓဟူး နှင့် ကြာသပတေး အပြန်အလှန်တွဲ ထားသော
အင်္ဂါ – ကြာသပတေး နှင့် သောကြာ အပြန်အလှန်တွဲထားသော
ဗုဒ္ဓဟူး – သောကြာ နှင့် စနေ အပြန်အလှန်တွဲထားသော
ကြာသပတေး – စနေ နှင့် တနင်္ဂနွေ အပြန်အလှန်တွဲထားသော
သောကြာ- တနင်္ဂနွေ နှင့် တနင်္လာ အပြန်အလှန် တွဲထားသော
စနေ – တနင်္လာ နှင့် အင်္ဂါ အပြန်အလှန်တွဲထားသော

အမည် ၊ မြို့ ရွာ၊ အရပ် တို့ ပါပဲ ။

လက်ာ
စောလှ – လှေဆန် ၊ လူမြန်မင်းလွတ်
ပူသွတ်သေဖွယ်၊ သက်နှယ်တူသော်
အော်အံ့ အတူ ၊ အငူကုန်းအင်း
ကြည်ညိုဆင်းကား
ကျမ်းရင်းဝိဇ္ဖာ တစ်နည်းမှာသည်
ရှောင်ခွာသစ်နံ မြို့ ရွာတည်း

ဒီလိုဆိုရင် ဘိုလို လုပ်အုံးမလား ။ ဗမာလို ပဲ လုပ်ရင်ကော ? မကောင်းဘူးလား ?