Archive for the ‘မဟာဘုတ်’ Category
လေယာဉ်မယ် (၂)
October 8, 2010
Hyper Mahabote
ဥပမာ ဇာတာ တွေကို လေ့လာကြည့်ပါမယ်.. ။
အမည် –  Jupiter symbol.svgMercury symbol.svgMoon symbol crescent.svgJupiter symbol.svg Sun symbol.svg
မဟာဘုတ် – Mercury symbol.svg- Mercury မိသားစု
နေ့ သားသမီး – Moon symbol crescent.svg- Moon – တနင်္လာ
အညွန့် ဂြိုဟ် - Mars symbol.svg  Mars – အင်္ဂါ
ကာရက – ကမ္မကာရက
မွေးနံ
မွေးနံ  Moon symbol crescent.svg- Moon ဟာ ဘင်္ဂဋ္ဌာန မှာ တည်ရှိနေတာကြောင့် ဇာတာရှင်ဟာ အငြိမ်မနေရမဲ့ ဇာတာမျိုး ၊ လှုပ်လှုပ်ရှားရှား သွားလာ နေရမဲ့သူ လို့  ဆုံးဖြတ်ရပါမယ်။
အညွန့် ဂြိုဟ်
အသက်မွေးဝမ်းကြောင်းကို ကိုယ်စားပြုတဲ့ ဇာတာရှင်ရဲ့ အညွန့် ဂြိုဟ်  Mars symbol.svg Mars အင်္ဂါဟာ ပုတိဋ္ဌာနမှာ ရပ်တည်နေပါတယ်။ အင်္ဂါဟာ Design ။Model လုပ်ငန်းများနဲ့  ပတ်သက်ပြီးတော့ ပုတိဋ္ဌာနဟာ  ဖလင်လောက (တနင်္လာရဲ့ ခံယူကူးပြောင်းတတ်တဲ့သဘော) နဲ့  ဆက်စပ်နေတာကြောင့် အသက်မွေးဝမ်းကြောင်း အနေနဲ့  Model လောကကို ကနဦး ၀င်ရောက်ခဲ့တာကို တွေ့ ရပါတယ်။
အညွန့် ဂြိုဟ် တည်နေရာ ပုတိဋ္ဌာရဲ့  အိမ်ပိုင်ရှင် Moon symbol crescent.svg- Moon ဟာ ဘင်္ဂဋ္ဌာနမှာ ရပ်တည်နေပါတယ် ။
- ဘင်္ဂရဲ့ မတည်ငြိမ်တဲ့ သဘော၊ အိမ်ပိုင်ရှင် Mercury symbol.svg- Mercury ရဲ့ ပို့ ဆောင်ဆက်သွယ်ရေး ၊ဘာသာစကား ၊  ရပ်တည်နေတဲ့ Moon symbol crescent.svg- Moon ရဲ့  ယာဉ်ကာရက သဘာဝများ
 – ပုတိဋ္ဌာနရဲ့ တစ်ဖက်သားကို ပြုစုခြင်း ၊ ရပ်တည်နေတဲ့ Mars symbol.svg Mars  ရဲ့ မကြောက်မရွံ့ စိတ် ၊ လျှင်မြန်ခြင်း ၊ လမ်းညွန်ပေးတတ်တဲ့ သဘာဝ တွေကို ပေါင်းစပ်ပြီး
ဇာတာရှင်ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပုံဖော်နိုင်ပါတယ်။
Trine Aspects
အညွန့် ဂြိုဟ်  Mars symbol.svg – Mars တည်ရှိရာ ပုတိ ဋ္ဌာနမှ  မရဏ ၊ အဓိပတိ ဋ္ဌာနများသို့ မျဉ်းဖြောင့် ဆက်ဆွဲလိုက်ပါက ပုံ၏ ဘယ်ဖက်အတိုင်း တြိဂေါဏ အမြင်ကို တွေ့ ရပါမည်။ ပညာရှင်များ ဖွင့်ဆိုထားခဲ့သည်မှာ ၄င်းအမြင်ကို စိတ်ပိုင်း ဟု ဖွင့်ဆိုကြကာ ပုံ၏ ညာဖက် ဘင်္ဂ+အထွန်း+ရာဇ အမြင်အား ရုပ်ပိုင်းဟု ဖွင့်ဆိုခဲ့ကြ၏ ။
စိတ်ပိုင်းသည် န၀င်း+အခိုက် ဆက်သွယ်ချက် ဖြစ်ပြီး ရုပ်ပိုင်းသည် အမြစ်+အညွန့် ဆက်သွယ်ချက်ဟု တွေးတောနိုင်သည်။
Mars symbol.svgပုတိ +  Venus symbol.svgအဓိပတိ +  Jupiter symbol.svgမရဏ Grand Trine Aspect
တြိဂံ၏ ညာဖက် ပုတိ + အဓိပတိ ဋ္ဌာနသည်   Mars + Venus  ၏ ဆွေသား  အမြင် ၊ တြိဂံအခြေ၏ ပုတိ + မရဏ ဋ္ဌာနသည်   Mars +  Jupiter တို့ ၏ စိန်ပန်းအမြင် ၊ တြိဂံဘယ်ဖက် မရဏ + အဓိပတိ ဋ္ဌာနသည်  JupiterVenus အမြင် တို့ ဖြင့် ဆက်သွယ်လျှက်ရှိကာ တြိဂံအလယ် သိုက်ဋ္ဌာနရှိ Mercury symbol.svgMercury မှ အခရာအဖြစ် ချုပ်ကိုင်ထားပါသည် ။
 Mars +Venus (ဖို+မ) ဆက်သွယ်ချက် (marriage relationship) သည် ရာဇဋ္ဌာနရှိ Saturn ၏ ကြားဝင်မှုကြောင့် Saturn +Venus  (တောသူ) ဓာတ်ရန်အမြင်ဖြင့် Mars+Venus ဆက်သွယ်မှုအား ထိခိုက်စေသဖြင့်  Saturn ဂြိုဟ် လွှမ်းမိုးမှုအမြင့်ဆုံးအချိန်ဖြစ်သည့် Mars major / minor period  အင်္ဂါဂြိုဟ် ဒသာ စားချိန်များတွင် လူသိမခံနိုင်သည့် အိမ်ထောင်ရေး ဖောက်ပြန်မှုများ ကြုံတွေ့ ရတတ်သည်။  Mars သည် Saturn+ Venus အဆင်ပြေပြေ ဆက်ဆံရေးအတွက် မိတ်သဘော (Mars+Venus )  / (Mars+Saturn)  ကြားခံဆောင်ရွက်ပေး သဖြင့်  Mitigation အနေဖြင့်  Mars ဂြိုဟ်၏ အကူအညီကို ရယူနိုင်ပါသည်။
 Mars symbol.svg Mars +Venus symbol.svgVenus+ Jupiter symbol.svgjupiter တြိဂေါဏအမြင်သည်
အဓိပတိ + Venus = လှလှပပ ကြော့ကြော့မော့မော့ ၀တ်စားကာ ခရီးသွား ကိစ္စများ ကို
မရဏ + Jupiter =  ဥပဒေများ လေးစားလိုက်နာလျှက် တိုင်းတစ်ပါးသို့ ထွက်ခွာခြင်း
ဟု လည်း ဖွင့်ဆိုင်နိုင်ပါသည်။
ကာရက
ဇာတာရှင်၏ အမည်သည် ကမ္မကာရက အမျိုးအစား ဖြစ်၏ ။ ကမ္မကာရက သည် အလုပ်ပို ၊ တစ်ခုထက်ပိုမိုသည့် အလုပ်မျိုးကို လုပ်ကိုင်ရတတ်သည့် အမည်ပိုင်ရှင်မျိုးဖြစ်၏ ။ ထို့ ကြောင့် Model လောက ကို ယခင်က လုပ်ကိုင်ခဲ့ပြီးနောက် ယခုလက်ရှိ လေယာဉ်မယ် အနေဖြင့် ရပ်တည်နေသဖြင့် အသက်မွေးဝမ်းကြောင်းကို တစ်ခုထက်ပိုမိုပြီး လုပ်ကိုင်ခဲ့ရ၏ ။
လေယာဉ်မယ် (၁)
October 3, 2010
Hyper Mahabote
လေယာဉ်မယ် ဖြစ်ဖို့  အရင်ဆုံး စစ်ဆေးဖို့ ကတော့ သူတို့ ရဲ့  Mars symbol.svg – Mars – အင်္ဂါ ဖြစ်ပါတယ်… အင်္ဂါ လွဲနေရင် လေယာဉ်မောင်သာ ဖြစ်ပြီး လေယာဉ်မယ် မဖြစ်နိုင်ပါ.. ထို့ အတူ  Mars symbol.svg – Mars  – အင်္ဂါ မစုံ (ခြေကျိုး .. လက်ပြတ် ဖြစ်နေရင်လည်း)  လေယာဉ်မယ်အဖြစ် အမှုထမ်းလို့ မဖြစ်နိုင်ပါ….
ဂြိုဟ်တွေရဲ့ စွမ်းအားအရ လေ့လာကြည့်မယ်ဆိုရင်တော့
Sun symbol.svg – The Sun
ကိုယ်ပိုင် အရည်အသွေး ၊ ကိုယ်စွမ်းကိုယ်စ ၊ လုပ်ပိုင်ခွင့် ၊ ဘာဖြစ်ချင်လဲ .. ဘာလုပ်ချင်လဲ  What I am? Who I am? What I want to be ? အစရှိတဲ့ self esteem , ego တွေ ၊  ကိုယ့်ရဲ့ profession ကို define လုပ်နိုင်ဖို့ ၊ အမြင့်မှာ လုပ်နိုင်ဖို့ အတွက် တနင်္ဂနွေဂြိုဟ်ရဲ့ attitude,
Moon symbol crescent.svg – The Moon
တစ်ဖက်လူက တောင်းဆိုလာတဲ့ requirment တွေကို မျှဝေခံစား နားလည်ဖို့  ၊ care လုပ်ဖို့ ၊ နွေးထွေးတဲ့ အပြုံးနဲ့ ကြိုဆိုနိုင်ဖို့  အစရှိတဲ့ ခံစားမှုတွေ အတွက် ၊ ခရီးသွားလာတဲ့အခါ မှာ အသုံးပြုတဲ့ ခြေထောက် ၊ စက်ဘီး ၊ နွားလှည်းက အစ .. ကား၊ သင်္ဘော ၊ လေယာဉ် ၊အာကသယာဉ် အစရှိတဲ့ ယာဉ်ကာရက အတွက် တနင်္လာဂြိုဟ်ရဲ့  support.,
Mars symbol.svg – Mars
 ကိုယ်ပိုင်အရည်အသွေးတွေကို ထုတ်ဖော် ပုံစံသွင်းဖို့ ၊ ခံစားမှုတွေကို တုန့် ပြန် နိုင်ဖို့   ၊ ခရီးသည်တွေ မတော်တစ်ဆ ထိခိုက်မှုတွေ ဖြစ်ရင် ပြုစုဖို့ ရှေးဦးသူနာပြုတတ်အောင် ၊  ကြောက်ရွံ့  မှုမရှိအောင် ၊ လျှင်မြန်မှု (fast) အတွက် reaction ပေးတဲ့ အင်္ဂါဂြိုဟ် ရဲ့ position..။
Mercury symbol.svg- Mercury
ဆိပ်ကြီးခနောင်တိုကနေ ရန်ကုန်တစ်ဖက်ကမ်း ကို ကူးဖြစ်ဖို့ ၊ ရန်ကုန်ကနေ အထက်မြန်မာပြည် ကို ဘုရားဖူးထွက်ဖြစ်ဖို့ ၊ သူငယ်ချင်းရှိတဲ့ အိမ်ကို သွားလည်ဖြစ်ဖို့ ၊ နိုင်ငံ တစ်နိုင်ငံကနေ တစ်နိုင်ငံကို သွားနိုင်ဖို့ ၊ အပြန်အလှန်ကူးသန်း ဆက်ဆံဖို့  , relation , languages တွေကို တွန်းအားပေးတဲ့  ဗုဒ္ဓဟူး ဂြိုဟ် ရဲ့ influence.
Jupiter symbol.svg- Jupiter
ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ airlines rules & regulations, Health & Safety procedure , immigration rule တွေကို နားလည် သဘောပေါက်ပြီး လက်ခံကျင့်သုံးပေးဖို့ ၊ အရည်အသွေးပြည့်ဝတဲ့ ၀န်ထမ်းကောင်း ဖြစ်လာဖို့  အတွက် ကြာသပတေးဂြိုဟ်ကြီးရဲ့ fulfilment ..
Venus symbol.svg- Venus
ခရီးကိစ္စတွေကို ကိုယ်စားပြုတဲ့ ၊  မြင်လိုက်ရင် ရင်ထဲအေးသွားစေမဲ့ ၊ စွဲမက်စရာ ညှို့ အားတွေ အပြုံးတွေ ပိုင်ဆိုင်စေမဲ့  personal outlook တွေ ၊  အလှအပတရားတွေကို လွှတ်ထုတ်ပေးမဲ့ အချစ်နတ်သမီး လို့ ခေါ်တဲ့ သောကြာဂြိုဟ်ရဲ့ commitment.
Saturn symbol.svg- Saturn
ကမ္ဘာဂြိုဟ်ကနေ လကမ္ဘာကို ပဲ သွားသွား.. စကြာဝဠာကြီးကို ပဲ ပတ်ပတ် ..။ မြန်မာပြည်ကနေ နယ်စပ်ကို  တိမ်းရှောင်၊ တောခို ၊ တတိယ နိုင်ငံကို ထွက် ၊ စင်္ကာပူ၊ သြစီ ၊ ဥရောပ အစရှိတဲ့ တိုင်းတစ်ပါး ကို သွားချင်ရင် ထုတ်သုံးရတဲ့ စနေဂြိုဟ် ရဲ့ energy .,
Northnode-symbol.svgRahu
သွားချင်တဲ့နေရာ ရောက်ပေမဲ့ အိမ်ကိုလွမ်းတတ်တဲ့ Home sick လိုမျိုး ခံစားမှု ၊ ငါတော့ ဒီမှာ ၅ နှစ်လောက် အိုးပစ်အိမ်ပစ် နေအုံးမှ ပဲ ဆိုတဲ့ စိတ်ဓာတ် (တစ်ခုပေးပြီး တစ်ခုပြန်ယူတတ်သော ) ရာဟု (Rahu) ဂြိုဟ်ရဲ့ involement,
ကာရက
ကိုယ့်အမည်ဟာ အပါဒါန ကာရက ဆိုသော စွန့် လွှတ်ခြင်း ၊ထွက်ခွာလိုခြင်း ဆိုတဲ့ ကာရက အမည်မျိုး..
အစရှိတဲ့ အချက်တွေကို လေ့လာဆုံးဖြတ်သင့်ပါတယ် … ။
မဟာဘုတ်ဋ္ဌာန
မဟာဘုတ်ရဲ့ Dynamic house အနေနဲ့  ကြည့်မယ် ဆိုရင်တော့ …
(၁) ပြည်တွင်းသာမက ပြည်ပနိုင်ငံ တွေနဲ့ ချိတ်ဆက်မှုအတွက် မရဏ ဋ္ဌာန 
(၂) သွားလာမှု ၊ အပြန်အလှန် ကူးလူးဆက်ဆံမှု တွေ အတွက် ဘင်္ဂဋ္ဌာန  
(၃) ယာဉ်ကာရက အတွက် ပုတိ ဋ္ဌနာ
(၄) ခရီးအတွက် သိုက်ဋ္ဌာန
(၅) အမြင့်မှာ လုပ်ကိုင်ရတဲ့ အလုပ်အတွက် ရာဇဋ္ဌာန
(၆) မြန်ဆန်တဲ့ ရွေ့ လျားမှု အတွက် အဓိပတိဋ္ဌာန
(၇) Long distance အတွက် အထွန်းဋ္ဌာန
တွေကို လေ့လာ ဆုံးဖြတ်ရပါလိမ့်မယ်..။
အမြင်များ (Aspects)
မဟာဘုတ်ရဲ့ Dynamic Pattern တွေအနေနဲ့ ကြည့်မယ် ဆိုရင်တော့
၁) တြိဂေါဏ အမြင် (Trine)
၂) စတုရန်း အမြင်  (Square)
၃) Diamond အမြင်
၎) The Core အမြင်
၅) ပက္ခ အမြင် (Opposition)
Profession အနေနဲ့ ကြည့်မယ်ဆိုရင်တော့ …
အညွန့် ဂြိုဟ်
နေ့ သားတွေရဲ့ အညွန့် ဂြိုဟ်ကို လေ့လာဆုံးဖြတ်ရပါမယ်။
အပိုင်း (၂) မှာ လက်တွေ့ ဇာတာတွေနဲ့ သုံးသပ်တင်ပြပေးပါ့မယ်..။ 
မဟာဘုတ် နှင့် ချစ်သူ
September 4, 2010
ပိုင်းခြားစိတ်ဖြာ မဟာဘုတ် ပညာ
” ပြောတော့ အချစ်ရေး ဘာဖြစ်တယ် ညာဖြစ်တယ်… ခုက အချစ်ရေး တွေရေးလို့ ပါလား..။”
” ဟဲဟဲ.. အခုဟာက စာပြန်နွှေးတဲ့သဘောပါဗျာ..။ MOTAA နက္ခတ်သင်တန်း တက်နေတာ … သင်ခန်းစာ ၄ ခုအပြီးမှာ ရာသီခွင် သဘာဝတွေ၊ စိတ်နေစိတ်ထားတွေ ဟောလို့ ရနေပြီလေ.. အဲဒါကြောင့် သင်ခန်းစာတွေကို ပြန်လှန်လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ ရေးဖြစ်သွားတာပါ..”
” မဟာဘုတ်နဲ့ တော့ တစ်ခါမှ မရေးပါလား “
” သြော်..ဟီး ဟီး .. အဲဒါက ရေးရမှာ ပျင်းနေလို့ ပါ.. ဥပမာ ဇာတာနဲ့ ပြောပြမယ်လေ.. မဟာဘုတ် လေ့လာနေတဲ့သူ ဆိုတော့ လေ့ကျင့်ခန်း အသစ်ရတာပေါ့.. နမူနာ အနေနဲ့  ၅ ကြွင်း မဟာဘုတ်. ကြာသပတေးနေ့  သား ကို တွက်ပြမယ်လေ ..”
” ကြာသပတေးရဲ့ အချစ်ရေးကို ညွှန်ပြတဲ့ ဆပွတ်နေရာကို ကြည့်..။ ကြာသပတေးရဲ့ ဆပွတ်က အင်္ဂါ..။ ဆပွတ်ဆိုတာ ၆ ခုမြောက် ဂြိုဟ်ကိုပြောတာနော်..။ အဲဒီ ကြာသပတေးရဲ့ ဆပွတ် ဖြစ်တဲ့ အင်္ဂါ ကို မူလ မဟာဘုတ်မှာ ဘယ်နေရာမှာ ရှိလဲဆိုတာကိုကြည့် ။ “
” အဲ.. အဲ… မူလ မဟာဘုတ်မှာ အင်္ဂါက ရာဇနေရာမှာ ရှိတယ် ဆရာတေး “
” ပြီးရင် အဲဒီ ရာဇ ဟာ ကသစ်မဟာဘုတ် (အိမ်ပိုင်) မှာ ဘာဂြိုဟ်လည်း ဆိုတာကြည့်..”
” ကသစ်မဟာဘုတ်မှာ ရာဇနေရာက တနင်္ဂနွေ ဆရာတေး “
” အင်း အဲဒီ တနင်္ဂနွေ စိတ်ထားတွေ ၊ အမူအရာတွေ ၊ စရိုက်တွေ ဟောပေါ့ ..။ ပြီးရင် မူလမဟာဘုတ် မှာ ရာဇ နဲ့  ပက္ခမိထားတဲ့ စနေရဲ့ ဆိုးကျိုးကို ဟော၊ ဆရာစိုးမိုးထွန်း ရေးတဲ့ အသက်မွေးဝမ်းကျောင်းမှု ဗေဒင်ပညာ စာအုပ်ကိုလည်း ဖတ်ကြည့်…. အဲဒီအထဲမှာ ပါတယ်…. နောက်ပြီး ဝဏ္ဏကျော်ထင် ပျဉ်းမနား ဦးသန်းမောင် ရဲ့  နက္ခတ်ဗေဒင်ပညာ ကျမ်းမှာလည်း ပါတယ်။
နောက်ပြီးတော့ MOTAA သင်တန်းသားတွေလည်း သင်ခန်းစာပို့ ချချက်တွေ မရှင်သေးရင် အဲဒီ ပျဉ်းမနား ဦးသန်းမောင် စာအုပ်ဖတ်သင့်တယ်.. ။ ပျဉ်းမနား ဦးသန်းမောင် ရဲ့ စာအုပ်ချည်းပဲ ဖတ်ရင်လည်း မရှင်းသေးပြန်ဘူး.. MOTAA သင်ခန်းစာလေးတွေနဲ့ တွဲဖတ်သင့်တယ်.. အဲဒါမှ သိပ်မရှင်းသေးရင် ကိုပခန်းကို ထပ်မေး .. ဟဲဟဲ”
” ဒါဆို စရိုက်လေး ဟောပြပါအုံး.. ၄ ကြွင်း ၊ တနင်္ဂနွေ သမီး  အတွက် ချစ်သူရဲ့ စရိုက်”
” ဟူး… မလွယ်ပါလား ပြောမိတာ မှားပြီထင်တယ်…. ဒီလိုရှိတယ်…
၁) တနင်္ဂနွေရဲ့ ဆပွတ် က သောကြာ
၂) အဲဒီသောကြာဟာ သူ့ ရဲ့ မူလ မဟာဘုတ် ဖြစ်တဲ့ ၎ ကြွင်းမဟာဘုတ်မှာ သိုက်နေရာမှာ ရှိတယ်..။
၃) ကသစ်မဟာဘုတ်မှာ သောကြာဟာ သိုက်မှာရှိတယ်.. အဲဒါကြောင့် သူ ဟာ သောကြာ ကသစ်ရသူပေါ့ဗျာ..။
သောကြာ ကသစ်ရတော့ စကားပြောကောင်းတယ်..။ စကားကို ချွဲချွဲလေး ပြောတတ်တယ်.. ကာမဂုဏ်ခံစားမှု များမယ်..၊ ခရီးသွားရင်း ချစ်သူတွေ့ တတ်တယ်. ။
၃) ကသစ်မဟာဘုတ်မှာ သောကြာဟာ တနင်္ဂနွေနဲ့ ပက္ခမိတယ်.. ။ ဒါကြောင့် သူ့ ရည်းစားကို အိမ်က အဖေလုပ်တဲ့သူက သဘောတူမှာ မဟုတ်ဘူး..။နောက်ပြီး ရည်းစားက ဦးခေါင်းပိုင်းမှာ အမာရွတ်ကြီးနဲ့ ..”
” တိန်.. ကျနော့်ခေါင်းမှာ အမာရွတ်ကြီးနဲ့ ..ဗျ..”
“အင်း အဲဒါက ကသစ်မဟာဘုတ်အရ ပြောကြည့်တာပေါ့ဗျာ..”
” ဒါဆို သူနဲ့ ကော ညားနိုင်လား “
” ညားနိုင်လားလို့ တော့ မသိဘူးဗျ…. လေ့လာရအုံးမှာပေါ့ဗျာ.။ “
” သူ့ မွေးမဟာဘုတ်မှာ ၆ + ၂ က ပက္ခဗျ..။ ကသစ်မဟာဘုတ်မှာ ၂ က ပုတိမှာ ဗျ.. ဒါကြောင့် သူဟာ အမေ့မေတ္တာအပြည့်အ၀ မရရှာဘူး..။ ဒါမှ မဟုတ်ရင် သူ့ အမေက ပညာရေး မကောင်းဘူးဗျ..။”
” ဗျာ.. သူ့ အမေက ကျောင်းဆရာမ ဗျ..”
” ဟေ.. ဟုတ်လား.. ဟီးဟီး.. ဒီလိုဗျ.. ကသစ်မဟာဘုတ်က ၂+၅ ပက္ခကို လှမ်းတွက်ဆပြီး ပြောလိုက်တာပါ… ကြာသပတေးက ပညာကာရကဂြိုဟ် ၊ တနင်္လာဂြိုဟ်က သင်ကြားရေး ကာရကလေ.. ပက္ခမိနေတော့ ဆရာမ လုပ်ရင် မအောင်မြင်နိုင်ဘူးပေါ့ဗျာ..
ကျန်တဲ့ အကြွင်းဖွားတွေ ကိုယ့်ဟာကိုယ် အတွေးနယ်ချဲ့ ကြည့်ပေါ့လေ.”
နေ့ ၇ နေ့ ဇေယျတိုင်ကောက်ကိန်း
July 15, 2010
ကမ္ဘာပေါ်က လူမျိုးစုံ နိုင်ငံစုံဟာ သူတို့ ရဲ့ ကိုယ်ပိုင် ပြက္ခဒိန်တွေကို တီထွင်သုံးစွဲကြပြီး ပြက္ခဒိန်မှာ နှစ်၊ လ၊ ရက်၊ နေ့ ၊ နာရီဆိုပြီး သတ်မှတ်ထားပါတယ်။ နှစ်၊ လ၊ ရက် သတ်မှတ်ချက်တွေ ကွာခြားကောင်း ကွာခြားကြပေမယ့်တူညီတဲ့အချက်က နေ့ သတ်မှတ်ချက်တွေပါပဲ။ ဘယ်ပြက္ခဒိန်မှာပဲ ဖြစ်ဖြစ် တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ ဆိုပြီး ပါဝင်ပါတယ်။ ဒီ ၇ ရက်အပြင် တခြားဘာမှ မရှိပါဘူး။ ဒါဟာ ၇ နေ့  စက်ဝန်း အကြိမ်ကြိမ်လည်ပတ်နေတဲ့ သဘာဝနိယာမမို့ အားလုံး တူညီစွာသတ်မှတ်သုံးစွဲနေတာပါ။
ဒီ ၇ နေ့ ဆိုတာ ကောင်းကင်မှာ သူ့ အလျင်နှုန်းနဲ့ သူ လည်ပတ်နေတဲ့ နေမိသားစုထဲက ဂြိုဟ် ၇ လုံးရဲ့ ကိုယ်စား သတ်မှတ်ခေါ်ဝေါ်နေကြတာပါ။ ဒီ ဂြိုဟ် ၇ လုံးမှာ စနေဂြိုဟ်က အနှေးဆုံးဖြစ်ပြီး တနလာင်္ဂြိုဟ်က အမြန်ဆုံးဖြစ်ပါတယ်။ စနေဂြိုဟ်က ၁၂လ ရာသီခွင်စက်ဝိုင်း တပတ်ပြည့်ဖို့ အတွက် တနင်္ဂနွေဂြိုဟ် (နေ) ကို ဗဟိုပြု လှည့်ပတ်ရာမှာ လပေါင်း ၃၀ အချိန်ကြာပေမယ့် တနလာင်္ဂြိုဟ်(လ)ကတော့ ၂၉ ရက် ၀န်းကျင်ပဲ ကြာပါတယ်။ ဒါကြောင့် အမြန်ဆုံးကနေ အနှေးဆုံးကို တပည့်စာအံသီလခံ ဆိုပြီး မြန်မာဗေဒင်လောကမှာ ဗေဒင်လကာင်္ အတိုကောက်မှတ်သား သုံးစွဲကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီဂြိုဟ်စဉ် ဗေဒင်လကာင်္အတိုကောက်အတိုင်းပဲ ဟူးရားအခါပေးဗေဒင်စံနစ်ကို ဒီနေ့ အထိ သုံးစွဲနေဆဲပါ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အင်္ဂ၀ိဇ္ဇာလို့ လူသိများတဲ့ ဆပွတ်ရိုက် သူရဇ္ဖ၊ သောကြ လကာင်္ပါ။
အိန္ဒိယကတဆင့် စီးဆင်းလာတယ် ဆိုပေမယ့် မြန်မာမှာ အတုလဆရာတော်ခင်ကြီးဖျော်ရဲ့ ဆင့်ပွားတီထွင်မှု အင်္ဂ၀ိဇ္ဖာပညာက အိန္ဒိယ ဟူးရားအခါပေးစံနစ်ထက် လက်တွေ့ အသုံးချရာမှာ ပိုအနုစိတ်ပြီး ပိုလှို့ ဝှက်နက်ရှိုင်း လှပါတယ်။
တပည့်စာအံသီလခံ ဆိုတာ စနေ၊ ကြာသာပတေး၊ အင်္ဂါ၊ တနင်္ဂနွေ၊ သောကြာ၊ ဗုဒ္ဓဟူး၊ တနလာင်္ ဖြစ်ပြီး ဗေဒင်အခေါ်အရ သောရီ၊ ဂုရု၊ ဘောမ၊ သူရဇ္ဖ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ ဖြစ်ပါတယ်။
ဝ တ
၅ ပည့်
၃ စာ
၁ အံ
၆ သီ
၎ လ
၂ ခံ
ဒီဂြိုဟ်စဉ်တန်းကို အသက်ဇီဝကိုယ်စားပြု အထွန်းလင်းဆုံး အတောက်ပဆုံး တေဇော အပူဓါတ်ကို ထောက်ပံ့ပေးတဲ့ တနင်္ဂနွေကစလို့ စတုရန်းကိန်းကောက်လိုက်တဲ့အခါမှာ ပြက္ခဒိန်မှာ သတ်မှတ်ခေါ်ဝေါ်နေတဲ့ တနင်္ဂနွေအစ စနေအဆုံး ဂြိုဟ်စဉ်တန်း ဖြစ်လာတာပါ။
တနင်္ဂနွေ အစ – တနင်္ဂနွေ ၁
တနင်္ဂနွေရဲ့ လေးခုမြောက် – တနလာၤ ၂
တနလာၤရဲ့ လေးခုမြောက် – အင်္ဂါ ၃
အင်္ဂါရဲ့ လေးခုမြောက် – ဗုဒ္ဓဟူး ၎
ဗုဒ္ဓဟူး လေးခုမြောက် – ကြာသာပတေး ၅
ကြာသပတေးရဲ့ လေးခုမြောက် – သောကြာ ၆
သောကြာရဲ့ လေးခုမြောက် – စနေ ၇
ဒါကြောင့် တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ ဆိုတဲ့ နေ့ ၇ နေ့ ဂြိုဟ်စဉ်တန်းကို ပြက္ခဒိန်မှာ တွေ့ ရတာပါ။
ဒီဂြိုဟ်စဉ်တန်းကို မြန်မာ့ရိုးရာ မဟာဘုတ်၊ အင်္ဂ၀ိဇ္ဖာ၊ ဆန်းကျမ်းဗေဒင် အစရှိတဲ့ပညာရပ်တွေမှာ ထည့်သွင်းအသုံးပြုပြီး ၇ ရက်သားသမီးတွေရဲ့ အတိတ် ပစ္စုပ္ပန် အနာဂါတ် ကို တွက်ချက်ဟောကိန်းထုတ်နေခြင်း ဖြစ်ပါတယ်။
ဆန်းကျမ်းဗေဒင်ပညာမှာတော့ နေ့ ၇ နေ့ ဂြိုဟ်စဉ်တန်းကို အမြတ် အလတ် အယုတ် ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ ဗေဒင်စကားနဲ့ ပြောရရင်တော့ ဥပရ၊ မဇ္ဖျ၊ ဟေဌလို့ ခေါ်ပါတယ်။
တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါ ပထမသုံးလုံးကို ဥပရ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးကို မဇ္ဇျ၊ သောကြာ၊ စနေကို ဟေဌ ဆိုပြီး သတ်မှတ်လိုက်ပါတယ်။
၁ ဥပရ
၂ ဥပရ
၃ ဥပရ
၄ မဇၹ်
၅ မဇၹ်
၆ ဟေဌ
၇ ဟေဌ
မဟာဘုတ်လို့ လူသိများတဲ့ သက္ကရာဇ်ကို ခုနှစ်စား အကြွင်းကို စတုရန်းကိန်းကောက် အောင်လံထူစစ်သူကြီးပွဲလကာင်္အတိုင်း ဘင်္ဂအိမ်ကစချတဲ့ ဂြိုဟ်စဉ်တန်းကို ဆန်းကျမ်းဗေဒင်မှာတော့ အထွန်းအိမ်ကနေ ခရားဇောက်တိုင်အဖြစ် စချပြီး ဇေယျတိုင်လို့ ခေါ်ဝေါသုံးစွဲပါတယ်။ ဥပမာ – ဒီနှစ် ကောဇာ ၁၃၇၂ ဆိုပါစို့ ၊ ခုနှစ်နဲ့ စားတဲ့အခါ သုညကြွင်းပါတယ်။ ဒါကြောင့် ဇေယျတိုင်အရ အောက်ပါအတိုင်း ဖြစ်လာပါတယ်။
၆ သူ
၂ ကြီး
၅ ပွဲ
၁ အောင်
၎ လံ
၇ ထူ
၃ စစ်
ဒီဇေယျတိုင်ကို လေ့လာကြည့်ရအောင်။
ဆန်းကျမ်းဗေဒင်မှာ အပေါ်ဆုံးကနေ ဇေယျ၊ ၀ရ၊ လာဘ၊ ဒွယ၊ ဗျာယ၊ မရဏ၊ ကိစ္ဆ ဆိုပြီး ဂြိုဟ်တွေရဲ့ ကောင်းအားဆိုးအားကို အပေါ်ဆုံးကနေ အောက်ဆုံးကို သတ်မှတ်ပေးထားပါတယ်။
ဒီတော့ စောစောက ပြောထားခဲ့တဲ့ ပြက္ခဒိန်သုံး နေ့ ၇ နေ့ ဂြိုဟ်စဉ်တန်းနဲ့ အတူယှဉ်တွဲပြီး ချကြည့်လိုက်ပါ။
၁ ဥပရ – ၆ ဇေယျ
၂ ဥပရ – ၂ ၀ရ
၃ ဥပရ – ၅ လာဘ
၄ မဇၹ် – ၁ ဒြာယ
၅ မဇၹ် – ၄ ဗ်ာယ
၆ ဟေဌ – ၀ မရဏ
၇ ဟေဌ – ၃ ကိစ္ဆ
ပြက္ခဒိန်ပါ ဂြိုဟ်စဉ်တန်းကို ဆန်းမှာတော့ အပေါ်နဲ့ အောက် အားချင်းတူရာ တူရာကို ဆန်းကျင်ဂြိုဟ်အဖြစ် သတ်မှတ်ထားပေးပါတယ်။
၁ နဲ့ ၇ ဆန်းကျင်သည်၊ ၂နဲ့ ၆ ဆန်းကျင်သည်၊ ၃နဲ့ ၅ ဆန်းကျင်သည်၊ ၄ အလယ် ဆန်းကျင်သည်။
ထို့ ကြောင့် ဇေယျ တိုင်တွင်လည်း ဇေယျနဲ့ ကိစ္ဆ ဆန်းကျင်သည်၊ ၀ရနဲ့ မရဏ ဆန်းကျင်သည်၊ လာဘနဲ့ ဗျာယ ဆန်းကျင်၊ ဒွာယနဲ့ ဒွာယ ဆန်းကျင်သည်။
၆ ( ၃နှင့်ဆန်းကျင်သည်)
၂ ( ၀ နှင့် ဆန်းကျင်သည်)
၅ ( ၄နှင့် ဆန်းကျင်သည်)
၁ (၁နှင့် ဆန်းကျင်သည်)
၎ (၅နှင့် ဆန်းကျင်သည်)
ဝ ( ၂နှင့် ဆန်းကျင်သည်)
၃ (၆နှင့် ဆန်းကျင်သည်)
အခုတင်ပြခဲ့တဲ့ ပြက္ခဒိန်ပါဂြိုဟ်စဉ်တန်းဖွဲ့ စည်းပုံနဲ့ မဟာဘုတ် ဆန်းကျမ်းလာ ဂြိုဟ်စဉ်တန်းဖွဲ့ စည်းပုံနဲ့ ပတ်သက်ပြီး ပညာအဆူဆူ၊ ဆရာအဆူဆူမို့ အယူအဆကွဲလွဲခြင်းများ ရှိနိုင်ပါတယ်။
ကျနော်ကလည်း အယူအဆတခုကိုသာ ဗဟုသုတအလို့ ငှာ တင်ပြခြင်း ဖြစ်ပြီး အမှန်အမှားကို ငြင်းခုံနေမှာ မဟုတ်ပါဘူး။ ဘယ်အယူအဆကမှန်ပြီး ဘယ်ကတော့မှားတယ်ဆိုတာ ဂမ္ဘီရဆန်တဲ့ပညာရပ်တွေမှာ ပြောရခက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကြွေဗေဒင်ကမှန်တယ်လို့ ဆိုတာဟာ တခြားနည်းစံနစ်တွေမှားတယ်လို့ ဆိုလိုရာ မရောက်ပါဘူး။ လက်တွေ့ မှာ သူ့ နည်းနဲ့ သူ မှန်နေတယ်ဆိုရင် ကြွေဗေဒင်ကိုလည်း အသိအမှတ်ပြုရမှာပဲလေ။ အဟိတိရိစ္ဆာန်ဖြစ်တဲ့ ကမ္ဘာကျော် ရေဘ၀ဲလေး ပေါလ်ကိုတောင် ဆရာတင်သင့်ရင် တင်ရမှာပဲ မဟုတ်လား။
လေးစားစွာဖြင့် -
ဇေယျာမောင်
နယ်သာလန်
July 9, 2010
၂၀၁၀ ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲကြီးကား ဗိုလ်လုပွဲသို့ ရောက်ပေပြီ။
ဥရောပနှစ်နိုင်ငံဖြစ်သည့် နယ်သာလန်နှင့်စပိန်တို့ ကား ကမ္ဘာ့ဂုဏ်ဆောင် ဖလားကြီးကို ကျားကုတ်ကျားခဲ လုကြပေတော့မည်။
အားကစားပွဲနှင့်ငွေကြေးတို့ ကား ခေါင်းနှင့်ပန်းလို ခွဲခြားမရလေသောကြောင့် အနိုင်အရှုံးအတွက် ခန့် မှန်းဟောကိန်းပေါင်းစုံကို ရှာပုံတော်ဖွင့်ကုန်လေကြသည်။
မြောက်ပန်းလှန်သူလှန်၊ ကြွေပစ်သူပစ်၊ ကြက်ရိုးထိုးသူထိုး၊ တားရော့ဆွဲသူဆွဲ၊ စာကလေးဗေဒင်မေးသူမေး၊ ကိုကြီးကျော်ပင့်သူပင့်၊ နမိတ်ကောက်သူကောက်၊ တိုင်ထောင်သူထောင်ဖြင့် ၁လပတ်လည်လုံး လုံးခြာလည်နေကုန်တော့သည်။ ကမ္ဘာ့ဘော်လုံးခရေဇီတို့ ကား လူဗေဒင်ဆရာများသာမက အဟိတ်တရိစ္ဆာန်ဗေဒင်ဆရာများကိုပါ ဘော်လုံးလောကထဲသို့ ဆွဲသွင်းလေတော့သည်။ ဂျာမဏီနိုင်ငံ ငါးပြတိုက်တခုရှိ ကမ္ဘာကျော် ရေဘ၀ဲလေး ပေါလ်၏ ဂျာမဏီပွဲဆိုင်ရာဟောကိန်းများက အံ့မခန်းမှန်ကန်လွန်းလှ၍ ဂျာမဏီပရိတ်သတ်အဖို့ ပင်လယ်စာလုပ်စားပစ်ချင်သည်အထိ ဒေါသထွက်စေခဲ့တော့သည်။
ကျွန်ုပ်တို့ မြန်မာဗေဒင်ဆရာများသည်လည်း လုံးနေသောဘော်လုံးသည် လူ ၂၂ ယောက် ၀ိုင်းကန်နေသောကြောင့် လိမ့်ချင်ရာလိမ့်ပြီး ၀င်ချင်ရာဝင်မည်ကို သိနေသောကြောင့် မည်သည့်ဟောကိန်းကိုမျှ ကြိုတင်ထုတ်ခြင်းငှာ မစွမ်းသာဟု ၀န်ခံလိုပါသည်။ ယခုဗိုလ်လုပွဲဆိုသည်မှာ နှစ်သင်းကန်၍ တစ်သင်းနိုင်မည် ဖြစ်၍ ငါးဆယ် ငါးဆယ် ကိစ္စဖြစ်နေသောကြောင့် လူနေသော်လည်း ပညာကမနေသာဆိုသလို ကြိုတင်ဟောကိန်း ရေးမိပါတော့သည်။ အရူးဆယ်ခွန်းပြော တစ်ခွန်းမှန်သည်ဆိုသောကြောင့် ယခု နှစ်သင်းထဲမှ တစ်သင်းကို ရွေးပေးသည့်ကိစ္စမှာ မှန်လျှင်တောင်မှ ၀မ်းမြောက်ဂုဏ်ယူစရာမရှိပါ။
သို့ သော် မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာအပေါ် မိမိလေ့လာသိရှိမှုအဆင့်ကို ပြန်လှန်စစ်ဆေးသည့်သဘောဖြင့် ဤဟောကိန်းကို ရေးသားလိုက်ပါသည်။
ယခု ကောဇာသက္ကရာဇ် ၁၃၇၂ မဟာဘုတ်ခွင်တွင် ဘင်္ဂအိမ်၌ စနေဖြင့် စတင်၍ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ၊ အောင်၊ လံ ဟု ဂြိုဟ် ၇ လုံး အစဉ်အတိုင်း နေရာယူလေသည်။
နယ်သာလန်သည် စနေ အစ ဗုဒ္ဓဟူးအဆုံး ၇+၄ အမည်ပိုင်ရှင်ဖြစ်သည်
စပိန်သည် အင်္ဂါအစ ကြာသပတေးအဆုံး ၃+၅ အမည်ပိုင်ရှင်ဖြစ်သည်။
နယ်သာလန်အပေါ်သုံးသပ်ချက်
အမည်အရင်းလုံး ဘင်္ဂအိမ်ရောက် စနေနံသည် အိမ်ရှင် ဗုဒ္ဓဟူးနှင့်မိတ်ဖြစ်ပြီး အိမ်ရှင်သည်အဓိပတိတွင်ရပ်တည်ခြင်းသည် စနေနံကို သင့်တင့်စွာ ကောင်းစေပါသည်။ အိမ်ရှင်သည် သီရိအိမ်ရှင်၊ အာလပ္ပနကာရက ဖြစ်ပါသည်။
အမည်အဖျားလုံး အဓိပတိအိမ်ရောက် ဗုဒ္ဓဟူးနံသည် အိမ်ရှင် အင်္ဂါနှင့်ဥဒသိန်ဖြစ်ပြီး အိမ်ရှင်သည် မရဏတွင်ရပ်တည်ကာ သူပိုင်သောအိမ်ကို ပက္ခတ်ပြန်မြင်နေခြင်းသည်လည်း မဆိုးစေနိုင်ပါ။ အိမ်ရှင်သည် ဌာနအိမ်ရှင်၊ သြကာသကာရက ဖြစ်ပါသည်။
ကောဇာဝဲယာတိုင်အလိုအရ လက်ယာအမည်ရှင်ဖြစ်၍ ကျားဆန်သော အမည်ဖြစ်သည်။
စပိန်အပေါ်သုံးသပ်ချက်
အမည်အရင်းလုံး မရဏအိမ်ရောက် အင်္ဂါနံသည် အိမ်ရှင် စနေနှင့်ဥဒသိန်ဖြစ်ပြီး အိမ်ရှင်သည် ဘင်္ဂအိမ်တွင်ရည်တည်ခြင်းသည် အင်္ဂါနံကို ကောင်းအားလျော့စေပါသည်။ အိမ်ရှင်သည် နာဂရအိမ်ရှင်၊ သမ္ပဒါနကာရက ဖြစ်ပါသည်။
အမည်အဖျားလုံး ရာဇာအိမ်ရောက် ကြာသာပတေးနံသည် အိမ်ရှင် တနင်္ဂနွေနှင့်မိတ်ဖြစ်ပြီး အိမ်ရှင်သည်ပုတိတွင်ရပ်တည်ခြင်းသည် အနည်းငယ်ကောင်းစေပါသည်။ အိမ်ရှင်သည် ဌာနအိမ်ရှင်၊ သြကာသကာရကဖြစ်ပါသည်။
ကောဇာဝဲယာတိုင်အလိုအရ လက်ဝဲအမည်ရှင်ဖြစ်၍ မဆန်သော အမည်ဖြစ်သည်။
ထူးခြားချက်အနေဖြင့် နယ်သာလန်၏အမည်အဖျားလုံးသည် အဓိပတိအိမ်တွင် ကောင်းစွာရပ်လျှက် အိမ်ရှင်ဂြိုဟ်လည်းဖြစ်၊ စပိန်၏အမည်အရင်းလုံးလည်းဖြစ်သော အင်္ဂါကိုပက္ခတ်မြင်နေခြင်းနှင့် အပြန်အလှန်အားဖြင့် စပိန်၏အမည်အရင်းလုံး အင်္ဂါသည် မရဏအိမ်မှ မိမိပိုင်အိမ်ရှိ နယ်သာလန်၏အမည်အဖျားလုံး ဗုဒ္ဓဟူးကို ပက္ခတ်ပြန်မြင်နေခြင်း ဖြစ်သည်။
ဤအမြင်များကြောင့် နယ်သာလန်သည် စိတ်ဓါတ်ရေးရာအရ ဦးဆောင်ကစားနိုင်မည်ဖြစ်ပြီး စပိန်၏ ကစားကွက်များကို ထိမ်းချုပ်နိုင်လိမ့်မည်ဟု ယူဆရသည်။ စပိန်အသင်းကမူ စိတ်ဓါတ်ရေးရာအရ ကောင်းမွန်နေသော်လည်း လက်တွေ့ ကစားကွက်မှာ ဂမူးရူးထိုးနိုင်လွန်းပြီး နယ်သာလန်၏ ကစားကွက်အောက်တွင် ဟန်ချက်ပျက်နေပေလိမ့်မည်။
မိမိ၏ ကိုယ်ပိုင်အယူအဆအရ ပြောရပါမူ ဘင်္ဂအိမ်သည် စနေအတွက် အားအကောင်းဆုံးအိမ်ဖြစ်သော်လည်း မရဏအိမ်သည် အင်္ဂါအတွက်ပြဿနာများသောအိမ်ဖြစ်လိမ့်မည်။
ထို့ ကြောင့် နယ်သာလန်အသင်းသည် အိမ်ကွင်းသဖွယ် ဟန်ချက်ညီစွာ အကောင်းဆုံးဖြစ်အောင် ကစားနိုင်မည်ဖြစ်သော်လည်း စပိန်အသင်းမှာမူ စိတ်မထိမ်းနိုင်မှုကြောင့် အမှားအယွင်းများဖြင့် ကစားမိသောပွဲ ဖြစ်လိမ့်မည်။
တစ်ချက်တည်းဖြင့် သိမ်းပြောရမည်ဆိုလျှင် ၂၀၁၀ကမ္ဘာ့ဖလားသည် နယ်သာလန်အတွက်သာ ဖြစ်ပေလိမ့်မည်။
—————————————————————————————————————–
ကျွန်ုပ်၏ဟောကိန်းသည် မှားခဲ့ကြောင်း ၀န်ခံပါသည်။ ထို့ ကြောင့် မဟာဘုတ်ဗေဒင်ပညာကို ကောင်းစွာမတတ်ခဲ့သေးကြောင်း ကျွုန်ုပ်၏ ဟောကိန်းက သက်သေပြခဲ့လေပြီ။ ပညာမှားခြင်းထက် ပညာအပေါ် အကောက်အယူ တိမ်းစောင်းခြင်းသာဖြစ်သည်။ ဤဟောကိန်းတွင် ကျွန်ုပ်အနှစ်သက်ဆုံး တွက်နည်းထက် အရိုးရှင်းဆုံး တွက်နည်းကိုသာ အသုံးပြုခဲ့ကြောင်းကို ဤစာပိုဒ်တွင် (သို့ သော် မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာအပေါ် မိမိလေ့လာသိရှိမှုအဆင့်ကို ပြန်လှန်စစ်ဆေးသည့်သဘောဖြင့် ဤဟောကိန်းကို ရေးသားလိုက်ပါသည်) ရေးသားခဲ့ပါသည်။
ပရိတ်သတ်များကို လေးစားစွာဖြင့် -
ဇေယျာမောင်
ဝဆွဲပါသော အလှပဂေး များ
November 28, 2009
ဝဆွဲမပါခြင်းက သင့်အား ထိုလောကသို့  တွန်းပို့ လိုက်လေပြီ…
” ဗျိုး… ဆရာတေး .. ဘာတွေလုပ်နေတာလဲ “
” ဟော.. ဆရာဖုန်း… အတော်ပဲဗျ.. ဟဲဟဲ ..၀ဆွဲပါတဲ့.. အလှပဂေးတွေအကြောင်း ရေးမလားလို့ .. အဲဒါ သုတေသန ပြုကြည့်နေတာ .. ဆရာဖုန်းက မဟာဘုတ် ပါရဂူဆိုတော့ မေးစရာလေးတွေ မေးမလားလို့ ”
” တိန်… “
” ကျနော် ၂ ယောက်ကို လေ့လာကြည့်နေတာ.. သူတို့ ရဲ့ အညွန့် နံ တွေ ရာဇရောက်တယ်.. အားလုံး အဓိပတိ ဖွားချည်းပဲဗျ.. “
“ဟုတ်လား .. ပြောစမ်းပါဦး .. နာမည်တွေ .. မွေးမဟာဘုတ်တွေ .. မွေးနံတွေ ..”
” အင်း.. ဒီမှာ ဆရာဖုန်းရဲ့ .. သူတို့ ဟာလေးတွေ
1) Graham Norton – ၁ကြွင်း ကြာသပတေးဖွား ( ၀၄.၀၄. ၁၉၆၃)
” Graham Norton က BBC က ထုတ်လွှင့်တဲ့ The Graham Norton Show က Entertainer တစ်ယောက်ပေါ့ ။ Comedy monologues နဲ့  celebrity chat တွေမှာ presenter လုပ်တယ်ဗျ.. Channel 4 မှာလည်း သူပဲ..”
2) Elton John – ၆ ကြွင်း – အင်္ဂါသား .. အဓိပတိဖွား (၂၅.၀၃.၁၉၄၇) “
Elton John ကတော့ နိုင်ငံကျော် အဆိုတော်ကြီးပေါ့ဗျာ.. ဗြိတိန်က ဘုရင်မကြီးက သူ့  ကို Sir ဘွဲ့ တောင် ပေးထားတဲ့ အထိ အောင်မြင်ကျော်ကြားတယ်..
” နာမည်ကြီးတွေချည်းပဲပေါ့ ။ ဒါဆို ကျနော် ပထမဆုံး တစ်ယောက်ကို ပြောကြည့်မယ် .. ဂရေဟမ်နော်တမ် ပေါ့.. ဆရာတေး သတိထားမိလား … သူ့ ရဲ့ အညွန့် ဂြိုဟ် ဖြစ်တဲ့ သောကြာဂြိုဟ် က အင်္ဂါနဲ့ ပက္ခမိထားတယ်ဗျ ..”
” ဆရာဖုန်းကလည်း ပက္ခကတော့ မလွတ်တဲ့သူမရှိဘူး အကုန်မိတာပဲလေ..”
” အခုဟာက အဲဒါကို ပြောတာမဟုတ်ဘူး .. ဂြဟကာရကို ပြောတာ…အင်္ဂါဟာ ကျားလိင် ကို ကိုယ်စားပြုတယ် .. အဲသလိုမျိုး လိင်ပိုင်းဆိုင်ရာကို ပက္ခမိထားရင် ခြောက်တောက်တောက်တွေ ဖြစ်တတ်တာတော့ ရှိတယ်ဗျ.. ယောက်ျားလေးဆို စကားပြောဟန် နွဲ့ တာတို့  ၊ မိန်းကလေးဆန်တာတို့ ၊ လိင်တူစိတ်ဝင်စားတာတို့ ၊ မိန်းကလေးဆိုရင်လည်း စကားပြောဟန် ၊ ကိုယ်အမူအရာတွေက ယောက်ျားလေးလို ဖြစ်တာတို့ ၊ လိင်တူ စိတ်ဝင်စားတာတို့ ဖြစ်တတ်တယ်ဗျ..”
အညွန့် ဂြိုဟ် သောကြာ ၆ သည် ကျားလိင်ပိုင်းဆိုင်ရာ အင်္ဂါ ၃ ဖြင့် ပက္ခမိနေပုံ
” နောက်တစ်ယောက်ကို ကြည့်လိုက်.. Elton John , အယ်တန်ဂျွန် .. အင်္ဂါသား ၆ ခုကြွင်းလည်း အဲဒီအတိုင်းပဲ .. အမည်အဖျားစာလုံးက အင်္ဂါနဲ့ ပက္ခမိနေတယ်.. တွေ့ လား.. “
အမည်အဖျားစာလုံး ဂျွန် – တနင်္လာ ၂ သည် ကျားလိင်ပိုင်းဆိုင်ရာ အင်္ဂါ ၃ ဖြင့် ပက္ခမိနေပုံ
” ဗျာ.. အဲဒါမှ ဒုက္ခပဲ ဆရာဖုန်းရေ …”
“ဘာ ဒုက္ခပဲလဲ ဆရာတေးရဲ့ ..”
” ကျနော်က အင်္ဂါသား ၃ကြွင်းဗျ.. အမည် အရင်းလုံးရော အဖျားလုံးရော .. အင်္ဂါတွေချည်းပဲ မှည့်ထားတာ “
“ဟေ… “
သည်အဖေ … သည်သမီး (၁)
November 6, 2009
ဗိုလ်ချုပ်အောင်ဆန်း နှင့် မြန်မာ့ရိုးရာဗေဒင်ပညာ ရှုထောင့်အမြင်
မြန်မာသမိုင်းကြောင်းတွင် တိုင်းပြည့် တာဝန်ကို ရွပ်ရွပ်ချွန်ချွန် ထမ်းဆောင်ခဲ့သော အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ယခုဆောင်းပါးဖြင့် ဂါရ၀ပြုအပ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအား …. ၁၂၇၆ခုနှစ် တပေါင်းလဆန်း (၁)ရက် စနေနေ့ နံနက် ၅နာရီ ၃၅မိနစ် ၂၅စက္ကန့်အချိန်၊ နတ်မောက်မြို့တွင်၊ နေကြတ်ပြီး တစ်ရက်ကျော်တွင် ဖွားမြင်သည်။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာရပ်အရ… နှစ်ခုကြွင်းဖွား စနေသား ရာဇဖွားဖြစ်သည်။
မူလမဟာဘုတ်ဇာတာ နှင့် အမည်၏ သဘောသဘာဝများ
(၁) ဗိုလ်ချုပ်၏ အမည် အောင်ဆန်း သည် တနင်္ဂနွေစ အင်္ဂါဆုံး (၁နွေ+၃င်္ဂါ) အမျိုးအစား ၊ သမ္ပဒါနကာရက အပြင်ရန် အမည်မျိုးဖြစ်သည်။
(၂) အမည်အရင်းစာလုံး “အောင်” သည် တနင်္ဂနွေဂြိုဟ်ပိုင် ဖြစ်ခြင်းကြောင့် ဇာတာရှင် စနေသားအတွက် ကရဏ ကာရကဂြိုဟ် (အကူအညီနှင့်ဆိုင်သောဂြိုဟ်) အမျိုးအစားဖြစ်ပြီး အမည်အဖျားစာလုံး “ဆန်း”သည် အင်္ဂါဂြိုဟ်ပိုင် ဖြစ်ခြင်းကြောင့် စနေသားအတွက် သြကာသ ကာရကဂြိုဟ် . (အထောက်အပံ့ .. အားကိုးအားထားမှုနှင့် ဆိုင်သြော၈ိုဟ်) အမျိုအစားဖြစ်သည်။
(၃) ယင်း အမည်အရင်းစာလုံး “အောင်” နှင့် အဖျားစာလုံး “ဆန်း “တို့သည် ဇာတာရှင်၏ မူလမဟာဘုတ်ဖွားဇာတာတွင် အထွန်း နှင့် ဘင်္ဂတို့တွင် ရပ်တည်နေပြီး ပက္ခမိနေလျှက် ရှိသည်။
(၄) ကောင်းသောအချက်အလက်များမှာ ….စနေသားအတွက် အညွန့်ဂြိုဟ်တနင်္ဂနွေသည် အထွန်းဌာနတွင် ရပ်တည်နေပြီး အမည်အရင်းအလုံးအဖြစ် တည်ခြင်း၊ မွေးနံ စနေသည် ၄င်းတနင်္ဂနွေပိုင် ရာဇဌာနတွင် ရပ်တည်နေခြင်း၊ အမည်မှာ ထက်မြက်သော ဦးဆောင်ဦးရွက် ဂြိုဟ်များဖြင့် ဖွဲ့စည်းထားခြင်း။
(၅) ဆိုးသောအချက်များမှာ နာမည်အရပင်လျှင် တနင်္ဂနွေသည် အသက်ဂြိုဟ် ၊ အင်္ဂါသည် ရန်သတ္တုပြုတတ်သောဂြိုဟ် ၏ ဖြစ်ကြပြီး၊ ၄င်းနှစ်ခုသည် အပြင်ရန် ၁-၃ (ဦးညို) ဂြိုဟ်တွဲဖြစ်ခြင်း၊ အသက်ကို ရန်ရှာစေတတ်သော သဘာဝ စရိုက် ရှိသည့် အမည်တွဲမျိုးဖြစ်ခြင်း၊ အမည်ပက္ခမိခြင်းများဖြစ်သည်။
ဗိုလ်ချုပ်၏ ထူးခြားသော ဘ၀ဖြစ်စဉ် အချို့နှင် မဟာဘုတ် ဗေဒင် ရှုထောင့်အမြင်များ
(၁) လျှို့ဝှက်သင်ကြားရသော စစ်ပညာ
ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာတွင် စစ် နှင့် လက်နက်များကိုအစိုးရသော အင်္ဂါဂြိုဟ်သည် … လျှို့ဝှက် ဖုံးကွယ်တတ်သော ပုတိဌာနတွင်ရပ်တည်နေ ပြီး .. အဆိုပါ အင်္ဂါဂြိုဟ် ပိုင် အက္ခရာဖြင့် … ဗိုလ်ချုပ်၏ အမည် အဖျားစာလုံးကို “ဆန်း ” ဟူပြီးမှည့်ခေါ်ထားလေသည်။ ယင်းအချက်အရ .. ဂျပန်နိုင်ငံ ဖော်မိုဆာကျွန်းတွင် လျှို့ဝှက်စွာ စစ်ပညာကိုသင်ကြားရခြင်းမှာ လွန်စွာကိုက်ညီနေသော အချက်ဖြစ်သည်။ ပုတိဌာနသည် သင်ကြားခြင်းကို အားပေးရာ ဌာနဖြစ်ပြီး….၊ ၄င်းဌာနတွင် ရပ်တည်နေသော အင်္ဂါဂြိုဟ်က …. စစ်နှင့်ဆိုင်သော ပညာရပ်များကို သင်ကြားရခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ၄င်းအပြင် စစ်ပညာ သင်ကြားရသော သင်တန်းသားဦး ရေမှာ ရဲဘော်သုံးကျိပ်ခေါ် သင်တန်းသားဦးရေ သုံးဆယ်ဖြစ်သည်။ ယင်းမှာ ပုတိဌာနရှိ အင်္ဂါဂြိုဟ်(၃) ဂဏန်း၏ သဘာဝနှင့် တိုက်ဆိုင်နေလျှက် ရှိပေသည်။
(၂) နေမျိုးနွယ်တို့ထံမှအကူအညီ
ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာတွင် ..အထွန်းဌာနတွင် ရပ်တည်နေသော တနင်္ဂနွေဂြိုဟ်သည် … စနေသားအတွက် ကရဏကာရကခေါ် အကူအညီနှင့် သက်ဆိုင်သော ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ ယင်းမှာ ဗိုလ်ချုပ်၏ နာမည် အရင်းစာလုံးလည်း ဖြစ်၏။ ယင်းအချက်နှင့် ဂျပန်တို့ထံမှအကူအညီတောင်းခံရသော အချက်မှာ လည်း ကိုက်ညီမှုရှိပေသည်။ အဘယ်ကြောင့်ဆိုသော် တနင်္ဂနွေဂြိုဟ်ဟူသည်မှာ နေမင်းကို ခေါ်ဆိုခြင်းပင်ဖြစ်ပြီး .. ၄င်းဂြိုဟ်မှာ အကူအညီနှင့်ဆိုင်သော ကရဏကာရက ဂြိုဟ်ဖြစ်နေခြင်းအားဖြင့်၊ နေမျိုးနွယ်ဟုခံယူထားပြီး နေတံဆိပ်အလံဖြင့် နယ်ချဲ့ခဲ့သော ဂျပန်တို့ထံမှ အကူညီတောင်းခံရသည့်ဖြစ်ရပ်မှာ ကိုက်ညီဆီလျော်မှုရှိ ကြောင်းတွေ့ရှိရပေသည်။ ထို့အတူ အမည်အားဖြင့် အဆိုပါတနင်္ဂနွေ နှင့် အင်္ဂါတို့သည် ရန်ပက္ခမိထားသည့်နည်းတူ..၊ ဂျပန်တို့ထံမှရရှိခဲ့သော အကူညီသည်လည်း သန့်ရှင်းစင်ကြယ်မှု မရှိနိုင်ခဲ့ဘဲ … လက်နက်ကိုင်ပြီး ထပ်မံတိုက်ပွဲဝင်ရန် အကြောင်းများ ဖြစ်ပေါ်လာခဲ့ပေသည်။
ဗိုလ်ချုပ်၏အမည်အဖျားစာလုံး အင်္ဂါဂြိုဟ်သည် စနေသားတို့အတွက် သြကာသ ကာရကဂြိုဟ်ခေါ် (တည်ရာမှီရာ၏ သဘော ၊ မပြီးပြတ်သေးသည်ကိုဆက်လက်ဆောင် ရွက်ရတတ်သည့်သဘာဝ) ကို ဖြစ်ပွားစေခြင်းအားဖြင့် …. ဗိုလ်ချုပ်၏ လွတ်လပ်ရေးရရန် ကြိုးပမ်းအားထုတ်မှုများသည် တစ်ကြိမ်နှင့် မပြီးပြတ်တော့ဘဲ…ကိုရွှေဂျပန်တို့ ကိုပါ ဆက်လက်တိုက်ထုတ်ရန် အကြောင်းများ ဖြစ်ပွားခဲ့ရပေသည်။
(၃) လုပ်ကြံခံရခြင်း
ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာ တွင် … အသက်ဇီဝဂြိုဟ် ကြာသာပတေးသည် မရဏဌာနတွင် ရပ်တည်နေပြီး မဟာဘုတ်နိစ်မူထား၏။ (စာရေးသူ၏ အတွေ့အကြုံအရ …အာယုဂြိုဟ် လည်းဖြစ် ဆပွတ်ဂြိုဟ်လည်း ဖြစ်သော .. ကြာသာပတေးနိစ်မူထားသည့် (၂) ခုကြွင်း စနေသားသမီး ရာဇဖွားများသည် ……… အိမ်ထောင်ရေး၊ မေတ္တာရေးရာ အဆင်မပြေမှု ဖြစ်စေ၊ အသက်တိုစေမှု ဖြစ်စေ၊ မိသားစုတွင်း ပြသနာများပြားရမှု ဖြစ်စေ .. တစ်ခုမဟုတ် တစ်ခု ကြုံတွေ့ ရင်ဆိုင်ရသည်ကို တွေ့ရပေသည်။)
ဗိုလ်ချုပ်၏ အမည်သည် အသက်ဘေးကြုံရခြင်းကို ဖြစ်ပွားစေတတ်သော … (တနင်္ဂနွေ+အင်္ဂါ) ဦးညိုပက္ခ အမည်မျိုး ဖြစ်နေ၏။ လုပ်ကြံသူ၏ အမည်သည်လည်း (တနင်္ဂနွေ +အင်္ဂါ) …ဂဠုန်စော .. ဖြစ်နေ၏။ ဂဠန်သည် တနင်္ဂနွေ .. စောသည် အင်္ဂါ ဖြစ်နေ၏။ ဗိုလ်ချုပ်လုပ်ကြံခံရချိန်သည် သေသ၀ိဇ္ဇာကိန်းအရ.. စနေသားသမီးတို့ နာသေကိန်း ဖြစ်ပွားတတ်ချိန်ဖြစ်သော….. ကြာသာပတေးအခါတိုင် အသက်ပိုင်းဖြစ်သည့် .. အသက် သုံးဆယ့်သုံးနှစ်အတွင်း ကျရောက်နေ၏။
ဗိုလ်ချုပ်လုပ်ကြံခံရသော ကောဇာ မြန်မာခုနှစ်သည် ၁၃၀၉ခုနှစ် ဖြစ်ခြင်းကြောင့်… သုညကြွင်း မဟာဘုတ်ခွင် ကျရောက်သဖြင့်…၊ မွေးနံစနေသည်.. ဘင်္ဂဌာနတွင် နံတူ စနေနှင့်ပင် ပက္ခမိနေခဲ့၏။ ယင်းကောဇာ မဟာဘုတ်ခွင်အရပင်လျှင် … ဗိုလ်ချုပ်၏ အမည် အောင်ဆန်းသည် …. ပုတိ နှင့် မရဏတွင်ရပ်တည်နေပြီး၊ အထူးသဖြင့် … နာမည်အဖျားစာလုံး ဆန်း(အင်္ဂါဂြိုဟ်) သည် မရဏဌာနတွင် အဆုံးသတ်နေခဲ့၏။ (စာရေးသူ၏အတွေ့အကြုံအရ …နာမည်အစအဆုံး နှစ်လုံးသည် ပုတိ နှင့် မရဏတွင် ရပ်တည်နေခဲ့ပါ က.. ဘင်္ဂဌာနရှိဂြိုဟ်သည် ဆိုးကျိုးကို ထက်သန်စွာဖော်ဆောင်တတ်ကြောင်း တွေ့ရှိရပေသည်။)
လုပ်ကြံခံရချိန်ဖြစ်သော အသက်ပိုင်း သုံးဆယ့်သုံးနှစ်သည် …(၂) ခုကြွင်း မဟာဘုတ်ဖွား စနေသားတို့အတွက် .. အဆိုးအညံ့ များပြားတတ်ချိန်ဖြစ်သော…. ပက္ခမိနေ သည့် ရာဟုဂြိုဟ်အိပ် ၊ စနေသက်ရောက် ကာလ အတွင်း ..ဖြစ်၏။
ယင်းသို့….ထူးခြားစွာတိုက်ဆိုင်နေသော..ကာလဖြစ်သည့်..မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ၀ါခေါင်လဆန်း (၂)ရက် .. စနေနေ့ နံနက် ဆယ်နာရီ သုံးဆယ်မိနစ် အချိန် တွင်… လုပ်ကြံသူတို့၏ လက်ချက်ဖြင့်…နိုင်ငံ၏ ရတနာတစ်ပါး ကွယ်ပျောက်လွင့်ပါး.. သွားခဲ့ရပေတော့သည်။
သည်အဖေ သည်သမီး ပထမပိုင်းပြီး၏။
သုတေသီဝေသာလီမောင်ဖုန်း။
အသက်မွေးဝမ်းကျောင်းမှု နယ်ပယ် နှင့် အညွန့် ဂြိုဟ်
October 11, 2009
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုကို လေ့လာသုံးသပ်ရာ၌
အညွန့် ဂြိုဟ်ကို မလွဲမသွေ ကြည့်ရှု လေ့လာသင့်သည်
အညွန့် ဂြိုဟ်ဟူသည်မှာ အဘယ်နည်း
အညွန့် ဟူသည်ကား တိုးတက်ခြင်း ၊ သစ်လွင်နုပျိုခြင်း ၊ လန်းဆန်းတက်ကြွခြင်းများ ဖြင့် အတိပြီး၏။ ရှင်သန်ခြင်း၊ ကြီးထွားလာခြင်း တို့ ၏ ရှေ့ ပြေးနိမိတ်ပုံလည်း ဖြစ်၏ ။ အညွန့် ဂြိုဟ်ဟူသည်မှာ တိုးတက် ရှင်သန် ကြီးထွားလာစေနိုင်သော ဂြိုဟ်တည်း။
ထို့ ကြောင့် လူတစ်ယောက်၏ တိုးပွားအောင် တိုးတက်အောင် ရှာဖွေလုပ်ဆောင်မှု မှန်သမျှသည် အညွှန့် ဂြိုဟ်နှင့် တိုက်ရိုက်ပတ်သက်နေပေသည်။ ပညာ နှင့် ဆိုင်သော အကျိုးစီးပွားဖြစ်စေ၊ ဥစ္စာနှင့်ဆိုင်သော အကျိုးစီးပွားဖြစ်စေ၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွား . . . မည်သည့် အကျိုးစီးပွားမျိုးဖြစ်စေ . . အညွန့် ဂြိုဟ် နှင့် ဆက်နွယ်မှု ရှိ၏ ။ သို့ ဖြစ်ခြင်းကြောင့် အညွန့် ဂြိုဟ်ကို လေ့လာဆန်းစစ်ခြင်း အမှုကား အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်၌ အဓီက ကျ၍လာလေသည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုပိုင်းဆိုင်ရာ နှင့် ၄င်းရှာဖွေသမျှ အကျိုးစီးပွားဟူသမျှတို့ သည် အညွန့် ဂြိုဟ် နှင့် များစွာ ပတ်သက်မှု ရှိပေသည်။ ခုနစ်ရက်သားသမီးတို့ ၏ အညွန့် ဂြိုဧ် အသီးအသီးအရ အသက်မွေးဝမ်းကျောင်း နယ်ပယ်နှင့် ရှာဖွေအားထုတ်မှု ပိုင်းဆိုင်ရာ အခြေခံ သဘာဝများ ကွဲပြားသည်။
* တနင်္ဂနွေ သားသမီးတို့ သည် အညွန့် ဂြိုဟ် ( တနင်္လာ) ဖြစ်၍ အနုပညာနယ်ပယ်၊ ရေ နှင့် စပ်လျဉ်းသော လုပ်ငန်းဆောင်တာများ ၊ မွေးမြူရေးနယ်ပယ်၊ ယာဉ် ၊ ကား နှင့် ပတ်သက်သော လုပ်ငန်းများ ၊ ရုပ်ရှင် ၊ ကြော်ငြာ၊ ဓာတ်ပုံ၊ ကွန်ပျူတာ လုပ်ငန်းများ ၊ တစ်ဆင့်ကြားခံ အလုပ်များ နှင့် အငှားလုပ်ငန်းအမျိုးမျိုး ၊ သင်ကြားရေး လုပ်ငန်းများ စသဖြင့် တနင်္လာဂြိုဟ်မှ အစိုးရသော လုပ်ငန်းဆောင်တာများကို အခြေခံထားသည်။
* တနင်္လာသားသမီးများအတွက် အညွန့် ဂြိုဟ်မှာ (အင်္ဂါ) ဖြစ်ခြင်းကြောင့် ၊ စက်မှုနယ်ပယ်၊ စွန့်  စားလုပ်ကိုင်ရသော အလုပ်များ ၊ စစ်ဘက်၊ ဆေးဘက် နယ်ပယ် နှင့် စာအုပ်စာပေလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ လောင်စာ နှင့် လက်နက်ရောင်းဝယ်ဖောက်ကားခြင်း နယ်ပယ်၊ စမ်းသပ်လုပ်ကိုင်ရသော အလုပ်များ နှင့် ရုပ်ပိုငးဆိုင်ရာ အသားပေးရသော အလုပ်များကို အခြေခံထားသည်။
* အင်္ဂါသားသမီးများအတွက် အညွန့် ဂြိုဟ်မှာ (ဗုဒ္ဓဟူး) နှင့် (ရာဟု) နှစ်မျိုးစလုံး အကျုံးဝင်သဖြင့် (ဗုဒ္ဓဟူး) ဂြိုဟ်မှ အစိုးရသော သတင်း နှင့် ဆက်သွယ်ရေး နယ်ပယ်၊ အတွေးအခေါ်နယ်ပယ်၊ ကုန်သွယ်မှု နယ်ပယ်၊ နှလုံးရည်ကို အားပြုရသော လုပ်ငန်းများ၊ နှုတ်မှုရေးရာ နှင့် စာရေးစာချီ အလုပ်များ ၊ လေကြောင်း နယ်ပယ် စသဖြင့် လည်းကောင်း
(ရာဟု) ဂြိုဟ်မှ အစိုးရသော မှောင်ခိုလုပ်ငန်း နှင့် တရားမ၀င် နယ်ပယ် ၊ ကြုံရာကျပမ်း အလုပ်များ ၊ (၁၂) ပွဲဈေးသည် နှင့် နယ်လှည့် စီးပွားရှာဖွေရသော အလုပ်အကိုင်များ၊ အရက်သေစာ ချက်လုပ်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းများ စသဖြင့် သဘာဝများကို အခြေခံထားသည်။
* ဗုဒ္ဓဟူးသားသမီးများမှာ အညွန့် ဂြိုဟ် (ကြာသပတေး) ဖြစ်သဖြင့် ဘာသာရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဖြန့် ဖြူးရေးလုပ်ငန်းများ၊ ငွေအရောင်းအ၀ယ်လုပ်ငန်း နှင့် အကြံဥာဏ်ပေးရသော လုပ်ငန်းများ။
* ကြာသပတေး သားသမီးများမှာ အညွန့် ဂြိုဟ် (သောကြာ) ဖြစ်၍ အလှပြုပြင်ရေးနယ်ပယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ယက္ကန်းလုပ်ငန်းများ၊ သစ်သီးဝလံ နှင့် ဥယျာဉ်ခြံ လုပ်ငန်းများ၊ ဟော်တယ်လုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းများ၊ ဇိမ်ခံပစ္စည်း ထုတ်လုပ်ခြင်း ရောင်းချခြင်းလုပ်ငန်းများ၊ အပျော်အပါး အမျိုးမျိုး နှင့် ပတ်သက်သော လုပ်ငန်းနယ်ပယ်များကို အခြေခံထားသည်။
* သောကြာသားသမီးများမှာ အညွန့် ဂြိုဟ် (စနေ) ဖြစ်ခြင်း ကြောင့် နိုင်ငံရေးနယ်ပယ်၊ နိုင်ငံရပ်ခြားနှင့် စပ်လျဉ်းသော နယ်ပ်ယ ၊ လောင်းကစားဆန်ဆန် လုပ်ငန်းများ၊ ကံကို အားပြုလုပ်ကိုင်ရသော အလုပ်များ၊ တရားစီရင်ရေးနယ်ပယ်၊ ၀န်ဆာင်မှုလုပ်ငန်းများ၊ လခစား အလုပ်များ ၊ အနုစိတ် လုပ်ကိုင်ရသော အလုပ်များ ၊ ရာဇ၀င်နှင့် ရှေးဟောင်းနယ်ပယ် ၊ ဒဿနိကနယ်ပယ်၊ သံ၊ သံမဏိ နှင့် ပတ်သက်သော လုပ်ငန်းများ၊ အောက်ခြေ အလုပ်များ နှင့် ထီလုပ်ငန်း နယ်ပယ်တို့ ကို အခြေခံထားသည်။
* စနေသားသမီးများမှာ အညွန့် ဂြိုဟ် ( တနင်္ဂနွေ) ဖြစ်၍ အုပ်ချုပ်ရေး နယ်ပယ်၊ အစိုးရလုပ်ငန်းများ၊ တီထွင်ဖန်တီးမှု နယ်ပယ်၊ ဥပဒေနယ်ပယ် ၊ ဦးစီးခေါင်းဆောင်ပြု၍ လုပ်ကိုင်ရသော အလုပ်များ၊ အလင်းရောင် နှင့် ပတ်သက်သော အပူစွမ်းအင် နှင့် ပတ်သက်သော လုပ်ငန်းများ စသဖြင့် ဆက်နွယ်၍ အသက်မွေးဝမ်းကျောင်း မှု ပြုရတတ်သည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုကို လေ့လာသုံးသပ်ရာ၌ အညွန့် ဂြိုဟ်ကို မလွဲမသွေ ကြည့်ရှုလေ့လာသင့်သည် ။ လူတစ်ယေက်၏ မွေးသက္ကရာဇ်အရ ဖြစ်ပေါ်လာသော မူလမဟာဘုတ်၌ သက်ဆိုင်ရာ အညွန့် ဂြိုဟ်၏ ရပ်တည်မှု အနေအထားကို ဆန်းစစ်ရမည်။
ထိုကဲ့သို့ ဆန်းစစ်ရာ၌
(က) မဟာဘုတ်ဋ္ဌာနများ၏ သဘောသဘာဝများ၊
(ခ) ၄င်း ဋ္ဌာနများကို ပိုင်ဆိုင်သော (၀ါ) မဟာဘုတ် အိမ်ပိုင်ရှင်ဂြိုဟ်များ ၊
(ဂ) အမည်၏ ကာရကသဘော၊
(ဃ) အမည်အဖျားစာလုံးဂြိုဟ် ရပ်တည်မှု အနေအထားများ၊
(င) မဟာဘုတ် ပက္ခများ
(စ) အလုပ်အကိုင်ကို ကာရကပြုသော တနင်္ဂနွေဂြိုဟ် အနေအထား စသဖြင့် ခြုံငုံအကဲခပ်ပြီးမှ ဆုံးဖြတ်သင့်သည်။
ထို့ အပြင် ဇာတာရှင် တစ်ဦးတစ်ယောက်၏ ဖြတ်သန်းနေဆဲ ဂြိုဟ်အိပ်၊ သက်ရောက် နှင့် အန္တရ ဒသာကာလများသည်လည်း အသက်မွေးဝမ်းကျောင်းမှု နှင့် အကျိုးစီးပွား ရှာဖွေမှု အနေအထားများကို ပြုပြင် ပြောင်းလဲခြင်း၊ လွှမ်းမိုးခြယ်လှယ်ခြင်း ပြုတတ်ကြပေသည်။
အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာ ကျမ်း မှ ကောက်နှုတ် ဖော်ပြပါသည်။
*********
ကိုစိုးမိုးထွန်း
အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာ ကျမ်းပြု
ဝေစားမျှစား လစ်ဗင်းတူဂဲသား
January 25, 2009
လက်ထပ်ခြင်းသာမက များစွာသော တရားဝင်အသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စအ၀၀တွင် တနင်္ဂနွေဂြိုဟ် အနေအထားသည် အလွန်အရေးကြီးပေးသည်။
လက်မထပ်ပဲပေါင်းသင်းနေထိုင်ရခြင်း ………….. နှင့် ……… ဗေဒင်ပညာရှုထောင့်အမြင်
လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်ရခြင်းသည် အများအားဖြင့် အနောက်နိုင်ငံများ နှင့် အချို့သော အရှေ့တိုင်း နိုင်ငံများတွင် ဖြစ်ပွားနေသော ဖို နှင့် မ ပေါင်းသင်း နေထိုင်ကြခြင်းများ ဖြစ်သည်။ အဓိက အားဖြင့် တရားမ၀င်သေးသော အကြင်လင်မယားအဖြစ် ဆက်ဆံနေထိုင်ခြင်းမျိုးဖြစ်သည်။ လူတို့၏ဘ၀တွင် လူ့အသိုင်းအ၀န်းဟူသည်မှာ ပစ်ပယ်မရသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့အတူ လူသားနှစ်ဦး (ဆန့်ကျင်ဘက်လိင်နှစ်ဦး) ပေါင်းသင်း ဆက်ဆံနေထိုင်ရခြင်းမျိုးတွင် .. လူမျိုးစု အသီးသီး၏ ဓလေ့ထုံးစံများ၊ အစဉ်အလာနှင့် ယဉ်ကျေးမှုများ၊ ဆိုင်ရာ လူမျိုးနွယ်စုတို့၏ သတ်မှတ်ချက်များ ၊ ၄င်းတို့၏ အသိအမှတ်ပြုမှုများသည် အရေးပါသော အခန်းကဏ္ဍများ ဖြစ်လာကြသည်။
မြန်မာ့ ဓလေ့ထုံးစံတွင်လည်း အများအားဖြင့် တစ်လင် တစ်မယားစနစ်ကိုသာလျှင် အဓိကပြု စောင့်ထိမ်း သတ်မှတ်ထားကြပြီး၊ ယောကျာ်းလေး တစ်ဦး နှင့် မိန်ကလေးတစ်ဦး၏ အကြင်လင်မယားအဖြစ်ကို အနည်းဆုံးအဆင့်အားဖြင့် အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ..ဖိတ်ကြား အသိပေးခြင်းအားဖြင့်ဖြစ်စေ…၊ အသိအသက်များ၏ ရှေ့မှောက်တွင် လက်မှတ်ထိုး .. အသိအမှတ် ပြုခြင်းအားဖြင့် ဖြစ်စေ… တရားဝင် အကြင်လင်မယားအဖြစ် ရောက်ရှိစေရ၏။
တနည်းအားဖြင့် ဆိုပါမူ မောင်ဘယ်သူ နှင့် မဘယ်သူ တို့သည် ထိုနေ့ထိုရက် ထိုအချိန်မှ စပြီး …. အကြင်လင်မယားအဖြစ်ရောက်ရှိကြပါကြောင်း .. သိသူမြင်သူများကို အသိအမှတ်ပြုစေခြင်းအားဖြင့် …. ကြော်ငြာရခြင်း တစ်မျိုးဖြစ်ပေသည်။ ယင်းသို့အားဖြင့် …. အသိအမှတ်ပြုခံရခြင်း မခံရခြင်းသည်လည်း ထိမ်းမြား ပေါင်းသင်း ဆက်ဆံရာတွင် အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်လာပေသည်။
ဗေဒင်ပညာရပ်တွင် … တနင်္ဂနွေဂြိုဟ်သည် အသိအမှတ်ပြုရခြင်းများနှင့် စပ်လျဉ်းပြီး အလွန်အရေးပါသော ဂြိုဟ်တစ်လုံးဖြစ်သည်။ ထို့ကြောင့် လက်ထပ်ခြင်းသာမက များစွာသော တရားဝင်အသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စအ၀၀တွင် တနင်္ဂနွေဂြိုဟ် အနေအထားသည် အလွန်အရေးကြီးပေးသည်။
တနင်္လာဂြိုဟ် သည် လမင်းကို ကိုယ်စားပြုခေါ်ဝေါ်ခြင်းဖြစ်ကာ….. တနင်္လာဂြိုဟ်သည် ဧည့်ခံခြင်း၊ ဖိတ်ခေါ်ခြင်း၊ မင်္ဂလာပွဲများ အခန်းအနားများ နှင့် သက်ဆိုင်သော ဂြိုဟ်လည်းဖြစ်သည်။
အနောက်တိုင်း နက္ခတ်ဗေဒင်ပညာရပ်တွင် လက်ထပ်ထိမ်းမြားခြင်း ကိစ္စအ၀၀အတွက် တနင်္ဂနွေဂြိုဟ်ကို အထူးအလေးထားပြီး ကြည့်ရှုစစ်ဆေးလေ့ရှိကြပေသည်။ ယင်းအယူဆမှာ လက်ခံနိုင်ဖွယ်ရာရှိသော အယူဆတစ်ရပ်ဖြစ်သည်။ တနင်္ဂနွေဂြိုဟ် အားနည်းသော အနေအထားသည် ကျန်သော အနေအထားဆိုးများထက်ပင် ပိုမို ဆိုးဝါးသောအနေအထားတစ်ရပ်ဟု ယူဆမိပါသည်။
လက်တွေ့ လေ့လာ သုတေသန ပြုကြည့်ရာတွင်လည်း တနင်္ဂနွေအားနည်းသောသူများသည် ဘ၀တွင်… နာမည်ဆိုး ဖြင့် (၀ါ) ဆိုးဝါးသော အသိမှတ်ပြုခံရခြင်းများဖြင့် ဘ၀တွင်ရင်ဆိုင်ဖြတ်သန်းရကြောင်းတွေ့ရှိရသည်။
တနင်္ဂနွေဂြိုဟ်အားနည်းခြင်း အားရှိခြင်း စသော အနေအထားများကို လက္ခဏာပညာ၊ နက္ခတ်ဗေဒင်ပညာ၊ လက်ဆန်း ဗေဒင်ပညာ အမျိုးမျိုး ..၊ ဂဏန်းဗေဒင်၊ စသည်အားဖြင့် ရှုထောင့်ပေါင်းစုံသော ပညာရပ်များမှ နေပြီး ထောက်ဆကြည့်ရှုသိရှိနိုင်သည်။ ယခုဆောင်းပါးတွင် လက်ဆန်းဗေဒင်ပညာရပ်ဆိုင်ရာရှုထောင့်မှသာ တွေးမြင်သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
လက်ဆန်းဗေဒင်ပညာတွင် …
တနင်္ဂနွေဂြိုဟ် အင်အားပျက်စေသော အမည်အမျိုးအစားများရှိသည်။ ဥပမာအားဖြင့် … (အင်္ဂါအစ သောကြာ အဆုံး) မှည့်ခေါ်ထားသောအမည်မျိုးသည် …မူလအနေအထားအရပင်လျှင် …၊ တနင်္ဂနွေဂြိုဟ်ကို အင်အား ပျက်ပြားစေသော အမည်အမျိုးအစားတစ်ခုဖြစ်သည်။ ထို့နည်းတူ… (ကြာသာပတေးအစ… အင်္ဂါအဆုံး) (ဗုဒ္ဓဟူးအစ ..ကြာသာပတေးအဆုံး) (သောကြာအစ..ဗုဒ္ဓဟူးအဆုံး) (တနင်္လာအစ..စနေအဆုံး) အမည်များသည်လည်း တနင်္ဂနွေဂြိုဟ် အင်အားပျက်စေသော နာမည်တွဲများဖြစ်ကြသည်။
တနင်္ဂနွေအား ညံ့စေသော အမည်များ
ယင်းသို့ဆိုလျှင် ..အဆိုပါအမည်ရှင်များအားလုံးသည် လက်ထပ်ပေါင်းသင်းရေးဆိုင်ရာ အသိမှတ်ပြုခံရရေးတွင် .. ကံဆိုးကြမည်လား။ ထိုသို့တရားသေယူဆရန်မဟုတ်ပါပေ။ သို့သော်………. အဆိုပါအမည်ရှင်များအဖို့ မူလမဟာဘုတ်တွင်လည်း တနင်္ဂနွေဂြိုဟ် ပျက်ပြားစေသောအနေအထားများရှိခဲ့ပါမူ….အမှန်ပင် … လက်ထပ်ထိမ်းမြားရေးဆိုင်ရာ အသိမှတ်ပြုခံရရေးတွင် ..အားနည်းလာနိုင်ပေသည်။
သုညကြွင်း မဟာဘုတ် ဖွား စိုးစိုးသိန်း
ဥပမာအားဖြင့် အင်္ဂါသမီး မစိုးစိုးသိန်း ဆိုသူတစ်ဦးဆိုပါစို့။ နာမည်သည် (အင်္ဂါအစ သောကြာအဆုံး) တနင်္ဂနွေအားပျက်စေသည့် အမည်မျိုးဖြစ်နေပြီး…၊ သူမသည် ပမာအားဖြင့်…၀ကြွင်းဖွား တစ်ဦးဖြစ်နေပါက …. တနင်္ဂနွေဂြိုဟ်သည် မူလမဟာဘုတ်တွင် ပုတိတွင်ရှိပြီး နာမည်အဖျားစလုံးနှင့် ပက္ခမိနေခြင်းကြောင့် …. ပိုမိုအင်အားလျော့နဲစေသည့်အတွက်……ယင်းအမျိုးသမီးမျိုးမှာ ….လက်ထပ်ထိမ်းမြား ပေါင်းသင်း ဆက်ဆံရေးတွင် မရေရာ မသေချာသောအခြေအနေများ…စကောစက အခြေအနေဆိုးများ .. တရားဝင် မဖြစ်သလိုလို ဖြစ်သလိုလို အခြေအနေများ….ကြုံရမည်ဖြစ်သည်။
ဆက်လက်ပြီးတင်ပြသွားပါမည်။
သုတေသီဝေသာလီမောင်ဖုန်း။
ဂဏသုဒ္ဓိဆန်း၏လှို့ ဝှက်ကိန်းတခု
August 19, 2008
*This article contatins astrological jargon*
လက်ဆန်းဗေဒင်ပညာရှင် တစ်ယောက်ဖြစ်လိုပါက ဗျဉ္ဖနာသုဒ္ဓိ ဗျည်းသရတို့ ကို စင်ကြယ်စွာ နားလည်ခြင်း၊ ဂဏသုဒ္ဓိ ကိန်းဂဏန်းဆက်သွယ်ချက်တို့ ကို စင်ကြယ်စွာနားလည်ခြင်း၊ နာမက္ခရ အမည်နာမပညတ်ချက်တို့ ကို စင်ကြယ်စွာနားလည်ခြင်း တို့ ဖြင့် ပြည့်စုံထိုက်လေသည်။
(၁)
လက်ဆန်းဗေဒင်ပညာဖြင့် အမည်ပေးကင်ပွန်းတပ်ရာတွင် ကောဇာသက္ကရာဇ်ကို အခြေခံသော မဟာဘုတ်ကိန်းကို မည်သည့် လက်ဆန်းဗေဒင်ပညာရှင်မှ လက်မလွှတ်ရဲပေ။ အမည်နာမရွေးချယ်ရာတွင် ဆန်းနည်းအရ စည်းကမ်းသတ်မှတ်ချက် ဆယ်ဂဏန်းအထိပင် ရှိနေသော်လည်း မည်သည့်အမည်နာမမျှ ထိုအချက်အားလုံး အံဝင်ဂွင်ကျ ကိုက်ညီအောင် ပေးနိုင်လိမ့်မည်မဟုတ်ပေ။ ဆရာများကလည်း တတ်နိုင်သမျှ သတ်မှတ်ချက်များနှင့် ညီညွတ်အောင် ရွေးချယ်ပေးကြသည်က များလေသည်။
ထိုအထဲတွင်မှ မဟာဘုတ်ခွင်ကို အခြေခံသော နာမက္ခရတိုင်စဉ်သည် သတ်မှတ်ချက် တစ်ချက်အနေဖြင့် ပါဝင်လေသည်။ ခတ်ညံ့ညံ့ဗေဒင်ဆရာသည်ပင်လျှင် တိုင်စဉ်ကိုတော့ မှန်မှန်ကန်ကန် ထည့်သွင်းစဉ်းစားလေသည်။ အဘယ်ကြောင့်ဆိုသော် တိုင်စဉ်မှန်ပါက ကူညီထောက်ပံ့မှုရစေခြင်းနှင့် ဘ၀အကျိုးပေးကောင်းခြင်းကို ဖြစ်စေပြီး တိုင်စဉ်မှားပါက အခက်အခဲများကို ရင်ဆိုင်ရခြင်းနှင့် အစမည်မျှကောင်းကောင်း အဆုံး၌ ကျဆုံးခြင်းကို ဖြစ်စေတတ်သောကြောင့်ပင်တည်း။ ဤမျှအထိပင် မဟာဘုတ်ခွင်ကို အခြေခံသော နာမက္ခရတိုင်စဉ်က သြဇာကြီးမားလှလေသည်။
နာမက္ခရတိုင်စဉ်ဖြင့် အမည်ပေးရာတွင် တိုင်စဉ်၏ လက်ဝဲလက်ယာ အောက်ဆုံးနှစ်လုံးဖြစ်သော ပုတိဂြိုလ်နှင့် ဘင်္ဂဂြိုလ်တို့ ကို ရှောင်လွှဲ၍ ပေးလေ့ရှိသည်။ အထူးသဖြင့် အမည်အဖျားလုံး ပုတိ နှင့် ဘင်္ဂ မဖြစ်အောင်ပေးပြီး အဆိုးအညံ့တို့ မှ လွတ်မြောက်စေရန် ရည်ရွယ်လေသည်။
(၂)
မူလမဟာဘုတ်မှ ဖြစ်ပေါ်လာသော မူလဇေယျတိုင်နှင့် ကောဇာမဟာဘုတ်မှ ဖြစ်ပေါ်လာသော ကောဇာဇေယျတိုင် နှစ်တိုင်တို့ ယှဉ်တွဲအားစစ်ရာတွင် ပက္ခဂြိုလ်များနှင့် ဆန်းကျင်ဂြိုလ်များသည် ကောင်းကျိုးကို ပျက်စီးစေသည်ဟု ဆရာ့ဆရာတို့ က ဆိုလေသည်။ ဤအဆိုကို အဘယ်ကြောင့် ချမှတ်ခဲ့သည်ကို ဗေဒင်ဆရာ အများစုမှာ စဉ်းစားမိကောင်းမှ စဉ်းစားမိပေလိမ့်မည်။
ကျနော်ကမူ ဗေဒင်ပညာနှင့် ပတ်သက်လာလျှင် အကျိုးတရားတခုဖြစ်တိုင်း အကြောင်းတရား နောက်သို့ ဆန်းစစ်လေ့ရှိသော အလေ့အထအရ ထိုကိန်းဂဏန်းဆက်သွယ်ချက်တို့ ကို အားလပ်သည့်အချိန်တိုင်း စာရွက်ချ၍ဖြစ်စေ ခေါင်းထဲတွင်ဖြစ်စေ စဉ်းစားအဖြေရှာနေလေ့ရှိသည်။ ထို့ ကြောင့် ဤဆက်သွယ်ချက်ကို အဖြေတစ်ခု ရခဲ့လေသည်။ သို့ သော် ကျနော်ရခဲ့သောအဖြေမှာ မှန်သည်ဟု ငါ့စကားနွားရ မပြောလိုပါ၊ ပညာရှင်များ စဉ်းစားသုံးသပ်၍ ကြိုက်နှစ်သက်မှ လက်ခံပါ၊ မကြိုက်ပါက ပယ်လိုက်ပါ။
(၃)
ကျနော်ရရှိခဲ့သောအဖြေမှာ ဤသို့ ဖြစ်သည်။
မဟာဘုတ်ခွင်နှစ်ခုမှ ပက္ခဂြိုလ်တစ်လုံးကို ရှာလိုက်ပါ။ နမူနာပြ မဟာဘုတ်ခွင် နှစ်ခုပေါ်တွင် ပက္ခဂြိုလ်မှာ တနင်္ဂနွေဖြစ်ပါသည်။ ထို့ ကြောင့် အဆိုပါ တနင်္ဂနွေ(၁) ကိုပင် မဟာဘုတ်အိမ် အသစ်တခုတွင် ဘင်္ဂအိမ်မှ စချကြည့်လိုက်ပါ။
ထိုအခါ ဘင်္ဂအိမ်တွင် တနင်္ဂနွေ (၁) နှင့် ပုတိအိမ်တွင် တနလာင်္ (၂) တို့ ရောက်ရှိလာလေမည်။
ထို ၁ နှင့် ၂ တို့ မှာ နမူနာပြ မဟာဘုတ်ခွင် နှစ်ခုပေါ်ရှိ ပက္ခဂြိုလ်နှင့် ဆန်းကျင်ဂြိုလ်တို့  ဖြစ်ကြောင်း သင်တို့ တွေ့ ရှိရပေမည်။
အထက်ပါ မဟာဘုတ်ခွင်နှင့် နာမက္ခရတိုင်စဉ် (၀ဲယာတိုင်ဟုလည်းခေါ်သည်) တို့ ကို လေ့လာကြည့်ပါက ပက္ခဂြိုလ် (၁) နှင့် ဆန်းကျင်ဂြိုလ် (၂) တို့ မှာ နာမက္ခရတိုင်စဉ်၏ ၀ဲယာအောက်ဆုံးဂြိုလ်နှစ်လုံး ဖြစ်နေသည်ကို တွေ့ ရပေမည်။
ထို့ ကြောင့် မဟာဘုတ်ခွင်တွင် ပုတိဂြိုလ်နှင့် ဘင်္ဂဂြိုလ် သို့ မဟုတ် နာမက္ခရတိုင်စဉ်တွင် လက်ဝဲလက်ယာအောက်ဆုံးနှစ်လုံးကို ပညာရှင်များက အမည်ပေးကင်ပွန်းတပ်ရာတွင် ဆိုးကျိုးများကို ပပျောက်စေခြင်းငှာ ပယ်ခဲ့လေသည်ဟု ကျနော်ယူဆပါသည်။
လက်ဆန်းဗေဒင်ပညာရှင် တစ်ယောက်ဖြစ်လိုပါက ဗျဉ္ဖနာသုဒ္ဓိ ဗျည်းသရတို့ ကို စင်ကြယ်စွာ နားလည်ခြင်း၊ ဂဏသုဒ္ဓိ ကိန်းဂဏန်းဆက်သွယ်ချက်တို့ ကို စင်ကြယ်စွာနားလည်ခြင်း၊ နာမက္ခရ အမည်နာမပညတ်ချက်တို့ ကို စင်ကြယ်စွာနားလည်ခြင်း တို့ ဖြင့် ပြည့်စုံထိုက်လေသည်။ ထို့ ကြောင့် ပညာလိုလား အမျိုးကောင်းသားသမီးများအနေဖြင့် တိုး၍တိုး၍သာ ကြံကြ၍ မြန်မာ့ရိုးရာ ဗေဒင်ပညာ၏ အမွေအနှစ်ကို ထိမ်းသိမ်းကြပါကုန်ဟု ရေးသားလိုက်ရပေသည်။
သာဝတ္ထိဆန္ဒသောမုခံ
ဇေယျာမောင်
Follow
Get every new post delivered to your Inbox.