Archive for the ‘နက္ခတ်’ Category
တူလဂ် နှင့် ချစ်သူ
September 3, 2010
တူလဂ် ပိုင်ရှင်များအတွက် အချစ်ရေး (Libra)
သင့်ချစ်သူရဲ့ ဇာတာကို ကြည့်လိုက်ပါ.. ။ ဒါမှ မဟုတ် သင့်ဇာတာကို ကြည့်လိုက်ပါ။ ဇာတာ မရှိရင်တော့ ဒီကို သွားပြီး မွေးသက္ကရာဇ် ၊ မွေးချိန် ၊ မြို့ တွေ ထည့်ပြီး Go ကို ကလစ်နှိပ်လိုက်ပါ။
လဂ် ကို ကိုယ်စားပြုတဲ့ လ ဆိုတဲ့ အက္ခရာလေး ဟာ ရာသီ ၁၂ ခွင်ထဲက  ဘယ်ရာသီမှာ ရှိနေတယ်ဆိုတာကို ကြည့်ပါ။
လ, ဟာ ပုံမှာ ပြထားတဲ့အတိုင်း တူ ရာသီမှာ ရှိနေရင် ဇာတာရှင်ရဲ့ ချစ်သူဟာ….. Fighter ကြီးပေါ့ဗျာ..။ Ruled by Mars planet ပေါ့။
ခြေဆော့ လက်ဆော့ ရှိတယ်။ ။  ပီကေ ၀ါးတတ်တဲ့အကျင့် ရှိမယ်။ Vegetarian အစားအစာတွေ ကြိုက်မယ်။ Gem stone တွေ စုဆောင်းတာ ၀ါသနာပါမယ်။ အပေါင်းအသင်း ခုံမင်တယ်။ အိမ်မှာနေရင် panty ၊  bra အစရှိတဲ့ underwear တွေ ၀တ်လေ့မရှိဘူး။ sex ကိစ္စတွေမှာ ဆိုရင်လည်း အကြမ်းပတမ်း ဂရူးမူးတိုးပေါ့။ လှေကြီးထိုး ရိုးရိုးဆိုတာထက် အဆန်းအပြားလေးတွေကို ပိုပြီး သာယာတတ်ပါတယ်။
ခေါင်းမာတယ်။ ဆတ်ဆတ်ထိမခံဘူး။ ရစ်တာကတော့ ဂျပန်မူလီတောင် အရှုံးပေးရမယ်။ ပြဿနာဖြစ်ရင် သူများကိုပါ ဆွဲထည့်တတ်တယ်။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်တယ်။ စကားပြောမြန်မယ်။  လုပ်စရာရှိရင် ၀ုန်းဝုန်းဒိုင်းဒိုင်း ထလုပ်သွားတတ်တဲ့ အကျင့်ရှိတယ်။ ချစ်သူကို ကျူရှင်မှာ စောင့်ခိုင်းရင် မစောင့်ချင်တတ်သလို   ၊ ကားဂိတ်မှာ အချိန်ကုန်ခံပြီး စောင့်နေတာမျိုးကို  မြင်တွေ့ ရဖို့ ခဲယဉ်းပါလိမ့်မယ်။ စိတ်ဆတ် ၊ ဒေါသကြီး တာကြောင့် မကြာခဏဆိုသလို စိတ်ကောက်တာ၊ စိတ်ဆိုးတာ တွေ ကို နူးညံ့တဲ့ အမိန့်  တော် အတိုင်း အပါးတော်မှာ ခစားရင်း ကြုံရပါမယ်။ ခေါင်းတော့ မာတယ်နော်…။
အအေးစာ တွေထက် မီးနဲ့ ချက်တဲ့ အစားအစာမျိုး ၊ ဖန်ခါးသီး ၊ ကြက်ဟင်းခါးသီး ၊ ဂွေးတောက်ရွက် အစရှိတဲ့ အခါးဓာတ်ပါတဲ့ အစားအသောက်တွေကို ခုံမင်ပါတယ် ။ ချစ်သူကို လက်ဆောင်လေးတွေ ပေးမယ်ဆိုရင်တော့ စစ်တုရင်အရုပ်လေးတွေ ၊ electronic ပစ္စည်းတွေ ၊ ဥပဒေအမှုအခင်း ပညာပေးစာအုပ်တွေ၊ Action ဇာတ်ကြမ်း အခွေလေးတွေ ၊ diamond တွေကို ပေးမယ်ဆိုရင်တော့ ပါးမှာ ပါးချိုင့် အသစ်လေးတွေ ရလာပါလိမ့်မယ်။
အရာရာကို ဦးဆောင်ပြီး လုပ်ကိုင်ချင်တာကြောင့် အချစ်နဲ့ ပတ်သက်လာရင် မတရားတာ မရှိ၊ ရလိုမှု တစ်ခုတည်းကို သာ ဦးတည်တာကြောင့် ပေးဆပ်သူမဟုတ်ဘဲ ရယူသူပဲ ဖြစ်ပါလိမ့်မယ်။ အလုပ်ထဲမှာလည်း ရှေ့ က ဦးဆောင်ပြီး လုပ်ပြတတ်သလို လက်အောက်ငယ်သားတွေကို လည်း target အတွက် အမြဲ pressure ပေးနေပါလိမ့်မယ်။
တစ်ခုခုဖြစ်ရင် သည်းညည်း မခံနိုင်၊ အပင်အပန်းမခံနိုင်တာကြောင့် ချစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ ပြီး စိတ်လျှော့ လာအောင် ပြောပေးဖို့ လိုအပ်သလို ပင်ပန်းလို့ ချွေးစို့ နေတဲ့ မျက်နှာကို tissue လေးနဲ့  တို့ တို့  ပေးနေဖို့  အသင့်ရှိနေပါ။  အင်္ဂါဂြိုဟ် နောက်ပြန်သွားနေတဲ့ အချိန်မှာ ပိုပြီး ဂရုစိုက်ပေးပေါ့။ သူ့ ကိုသာ ဂရုစိုက်ပေးရပေမဲ့ သူ့  အနေနဲ့ က “I am what I am ” ဆိုသလို ကိုယ့်ကို ပြန်ပြီး ဂရုစိုက်ဖို့ ဆိုတာကတော့ သိပ်ပြီးမျှော်လင့်ချက် မထားပါနဲ့ ။
အစိုးရလုပ်ငန်းတွေမှာ စက်မှုရေးရာ ၊ စစ်ဘက်ရေးရာ၊ တရားရေးရာ တွေမှာ ၀င်ရောက်ဆောင်ရွက်ချင်တဲ့သူ ဖြစ်တတ်သလို  လုပ်ဖြစ်ခဲ့ရင်လည်း တစ်သွေး တစ်သံ တစ်မိန့် လုပ်တဲ့ စိတ်ဓာတ်ကြောင့် ထိပ်ဆုံးနေရာကို ရောက်တတ်ပါတယ်။ ပုဂ္ဂလိက စီးပွားရေးအရတော့ weapons တွေ၊ သံ နဲ့  ပတ်သက်တဲ့ ပစ္စည်းတွေ ၊ ကရားတေး ၊ ဂျူဒို သင်တန်းတွေ၊ စိတ်အထူးကုဆေးခန်း ၊ mental heath care centre အစရှိတာတွေ အကျိုးပေးပါလိမ့်မယ်။ စီးပွားရှာရာမှာ လက်ဦးမှု ယူတတ်တာကြောင့် သူ့ ဆီမှာ fair and square ဆိုတာ မရှိသလောက်ပါပဲ။ နိုင်ငံခြား နဲ့ ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ စီးပွားရေးတွေမှာ ထင်သလောက် အောင်မြင်မှု မရရှိတတ်ပါဘူး။
ကျန်းမာရေးအနေနဲ့ ကတော့ စိတ်ကျရောဂါ ၊ နှလုံးရောဂါ ၊ အကြောအားနည်းတဲ့ ရောဂါ၊ အရေပြား၊  သွား  အစရှိတာတွေ သတိထားရပါမယ်။ အပူအစပ် အခါးတွေကို ကြိုက်တတ်ပြီးတော့ ချဉ်ချဉ် ငံငံ လေးတွေကိုတော့ အင်တင်တင် ဖြစ်နေပါလိမ့်မယ် .. ။
မိဿလဂ် နှင့် ချစ်သူ
August 30, 2010
မိဿလဂ် ပိုင်ရှင်များ အတွက် အချစ်ရေး
သင့်ရဲ့ ဇာတာကို ကြည့်လိုက်ပါ.. ။ ဇာတာ မရှိရင်တော့ ဒီကို သွားပြီး မွေးသက္ကရာဇ် ၊ မွေးချိန် ၊ မြို့ တွေ ထည့်ပြီး Go ကို ကလစ်နှိပ်လိုက်ပါ။
လဂ် ကို ကိုယ်စားပြုတဲ့ လ ဆိုတဲ့ အက္ခရာလေး ဟာ ရာသီ ၁၂ ခွင်ထဲက  ဘယ်ရာသီမှာ ရှိနေတယ်ဆိုတာကို ကြည့်ပါ။ ဒါမှ မဟုတ် ဘော်ဘော်တွေရဲ့ ဇာတာကို ယူကြည့်ပြီး ဟောဒီလို ဟောချလိုက်ပါ.။
စိတ်မြန်လက်မြန် ရှိမယ်၊ အပြောင်းအလည်းများမယ်  ။ တုံးတိုက်တိုက် ။ ကျားကိုက်ကိုက် လာမဲ့ဘေးပြေးတွေ့  မယ်.. ။ လူကြီးတွေ သဘောမတူရင် ခိုးပြေးမဲ့သူ ၊ ကားတင်ပြေးမဲ့သူမျိုး ၊အရာရာကို ဦးဆောင်ချင်တဲ့စိတ် ရှိမယ်။ sex နဲ့  ပတ်သက်ရင် တဏှာပြင်းထန်မယ်၊ အမျိုးသမီးဆိုရင်တော့ သူက စပြီး ဦးဆောင်တတ်တဲ့သူမျိုးပေါ့။
စိတ်ကူးယဉ် အတွေးပုံရိပ်တွေကို အင်းလျားကန်ဘောင်မှာ ချစ်သူနဲ့ အတူ လမ်းလျှောက်ရင်း  တစ်ဖွဖွ စီကာပတ်ကုံး ပြောတတ်တဲ့သူမျိုးပေါ့၊ ကိုယ့်အနေနဲ့  နားထောင်သမား သက်သက်ဖြစ်မယ် ဆိုရင်တော့ သူ က နှစ်သက်မှာ မဟုတ်တာကြောင့် ကိုယ်ကလည်း စကားတွေကို ဖောင်ဖွဲ့ ပြီး ပြောနိုင်အောင် ပြင်ဆင်ထားပါ။ သူများစုံတွဲတွေ အဆင်ပြေဖို့  အောင်သွယ်တော် လုပ်ပေးချင်တဲ့စိတ် လည်းရှိသလို   အတတ်ပညာ၊ ဘာသာစကား တစ်မျိုးမက လေ့လာပြီး ပြည်ပနိုင်ငံမှာ သွားရောက်နေထိုင်လိုတဲ့စိတ် ၊ ခရီးလည်း အင်မတန် ထွက်ချင်တဲ့စိတ် ရှိတယ်။
အစားအသောက်ကောင်းတွေ ကို ခုံမင်တယ်။ ၀တ်ကောင်းစားလှတွေနဲ့ အမြဲလိုလို ကြော့ကြော့မော့မော့လေး နေတတ်တာကြောင့် ကိုယ့်ချစ်သူကို မွေးနေ့ ၊ ချစ်သူများနေ့ တွေမှာ အခြားပစ္စည်းတွေ လက်ဆောင်ပေးမဲ့အစား ရေမွှေးတို့ ၊ အင်္ကျီလှလှ လေးတွေကို လက်ဆောင်ပေးမယ်ဆိုရင် အာဘွားတွေ အများကြီးရမှာ အသေအချာပါပဲ။ ပန်းခြံတို့ ၊ ရုပ်ရှင်ရုံတို့ ၊ အော်ပရာတို့ ကို လည်း နှစ်ခြိုက်တတ်တာကြောင့် ချစ်သူဘယ်သွားသွား သူ့ နောက်က လိုက်နေနိုင်တဲ့ အရိပ်လို ဖြစ်အောင် ကြိုးစားထားပေတော့။ Free style ကို သဘောကျတတ်သေးတာမို့  ချုပ်ခြယ်တာ ၊ ပိတ်ပင်တားဆီးတာတို့ မလုပ်မိဖို့ ဂရုပြုပေးပါ။
တရားမျှတမှုကို နှစ်သက်သလို စီးပွားရေးမှာလည်း မတော်လောဘစိတ်မရှိဘဲ သမာအာဇီဝနဲ့ သာ အသက်မွေးတတ်တဲ့ သူမျိုးပေါ့။ ၀န်ထမ်းဖြစ်မယ်ဆိုရင်လည်း အထက်လူကြီးစေခိုင်းတဲ့ ကိစ္စတွေသာမက ကိုယ့်လက်အောက်ငယ်သားတွေ အတွက် အနစ်နာခံ ၊ အပင်ပန်းခံပြီး ဆောင်ရွက်ပေးမဲ့ စိတ်မျိုး ပိုင်ဆိုင်သူပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ မျက်နှာရအောင် လုပ်လုပ် ကိုယ့်ကို အကောင်းမမြင်တဲ့သူတွေကြောင့် အများအကျိုးတွေ ဆောင်ရွက်ရာမှာ အောင်မြင်မှုနည်းတတ်ပြီး ကိုယ့်အားကိုယ်ကိုး တဲ့ ကိစ္စတွေမှာသာ အောင်မြင်တတ်ပါတယ်။ ပရဟိတ အတွက် အဆင်မပြေနိုင်ပေမဲ့.. အတ္တအတွက် အကျိုးပေးတယ်ပေါ့။ စီးပွားရေးမှာတော့ ပွဲစား ၊ ဥပဒေ အကြံပေး ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၊  ထီရောင်းဝယ်ရေး၊ ကာရာအိုကေ အစရှိတာတွေ ဟာ အကျိုးပေးနိုင်ပါတယ်။
ကျန်းမာရေးအနေနဲ့ ကတော့ သွေးမြင်ရင် လန့် တတ်တယ်၊ အကြောပိုင်းဆိုင်ရာတွေ ၊ သုက်နဲ့ ဆိုင်တဲ့ ကိစ္စ၊ လည်ချောင်း၊ ဦးခေါင်းပိုင်းဆိုင်ရာ တွေမှာ သတိထားရပါမယ်။ အဆီအဆိမ့်တွေ ကြိုက်လွန်းတတ်ပြီး အစပ် နဲ့  ပတ်သက်မယ်ဆိုရင်တော့ အိတိစ်ဘန်းနင်းမိုင်အာ့စ် ဆိုပြီး လက်ခါပြပါလိမ့်မယ်။
သမ္မတကြီးရယ် စိုးရိမ်မိတယ်
January 30, 2010
ယူရေးနပ်စ်ဂြိုဟ် နှင့် နေကြတ်ချိန် တနင်္ဂနွေ တနင်္လာတို့ သည် ၁၅၀ ဒီဂရီ (၈)တန့် အမြင်ဖြင့် အဆိုးမြင် မြင်နေလေရာ
နိုင်ငံရေး ဗေဒင်ပညာတွင် နေကြတ် လကြတ် ဖြစ်စဉ်သည် အရေးပါပေသည်။ ရာဟုဂြိုဟ်နှင့် ကိတ်ဂြိုဟ်တို့  တနင်္ဂနွေ ဂြိုဟ် တနင်္လာဂြိုဟ်တို့  ပူးယှဉ်ချိန်တွင် နေကြတ် လကြတ်ခြင်းတို့ ဖြစ်ပေါ်ပါသည်။ တစ်နှစ်လျှင် နေ (၂) ကြိမ် နှင့် လ (၂) ကြိမ် ကြတ်နိုင်ပါသည်။ တစ်လအတွင်း နေကြတ် လကြတ် ဖြစ်ပေါ်နိုင်ကာ လပြည့်ရက်တွင် လကြတ်ပြီး လကွယ်ရက်တွင် နေကြတ်နိုင်ပါသည်။ သဘာဝ တရားအရ နေနှင့်လ တို့ သည် ရာဟု နှင့် ကိတ်တို့ ပူးယှဉ်ချိန်တွင် ကြတ်ခြင်းဖြစ်၍ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပါသည်။ ထူးထူးခြားခြား ဖြစ်ပွားခြင်း မဟုတ်ပါ။ သို့ ရာတွင် နေကြတ် လကြတ် ဖြစ်သည့် အချိန်တွင် မိမိ၏ မွေးဖွားစဉ်က ဂြိုဟ်များတွင် ပါပ ဂြိုဟ်များဖြစ်သော စနေ၊ အင်္ဂါ၊ ရာဟု စသည်တို့ နှင့် ပူးယှဉ်ပါလျှင် မကောင်းကျိုးကို ဖြစ်ပွားစေပါသည်။ အံသာ နီးလေလေ အကျိုးပေးလေလေ ဖြစ်သည်။ ထို့ အတူ မိမိဇာတာခွင်ရှိ သောမဂြိုဟ်များ ဖြစ်သော ကြာသပတေး ၊ သောကြာ ဂြိုဟ် တို့ နှင့် ပူးယှဉ်ပါလျှင် ကံကောင်းခြင်း၊ ငွေဝင်ခြင်း၊ ရာထူးတက်ခြင်း၊ အောင်မြင်ခြင်း စသည့် ကောင်းကျိုးတရားများကို ခံစားကြရပါသည်။ မိမိ၏ လဂ် ၊ စန်း ၊ တနင်္ဂနွေ စသည်တို့ အပေါ် နေကြတ် လကြတ် ဖြစ်လျှင် ကျန်းမာရေး ကျဆင်းခြင်း၊ ဒုက္ခအခက်အခဲများ နှင့် ကြုံတွေ့ ခြင်း ၊ စိတ်မချမ်းမသာ ဖြစ်ရခြင်းတို့ ကို ဖြစ်စေနိုင်ပါသည်။
နေကြတ် လကြတ် ခြင်းကြောင့် မကောင်းကျိုးဖြစ်စေမည်ဟု တရားသေ မှတ်မထားဘဲ ပူးယှဉ်သည့် ဂြိုဟ်ပူး ဂြိုဟ်ယှဉ် အတိုင်း ကောင်းကျိုးကိုသော်လည်းကောင်း ၊ ဆိုးကျိုးကိုသော်လည်းကောင်း ၊ ထင်ထင်ရှားရှား ပေးမည်ဟုသာ မှတ်ယူသင့်ပါသည် ။ လကြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်ကို (၁) လအတွင်း ပေးလေ့ရှိပြီး နေကြတ်ခြင်းကြောင့် ဖြစ်ပေါ်သော အကျိုးဆက်ကိုမူ (၆) လ အတွင်း ပေးတတ်ကြပါသည်။ တစ်ခါတစ်ရံ ချက်ချင်း အကျိုးပေးခြင်းမျိုးလည်း ရှိတတ်ပါသည်။ နေကြတ် လကြတ်ကို ကောင်းစွာမြင်ရသည့် ဒေသနိုင်ငံတို့ တွင် မြေငလျင် လှုပ်ခြင်းမျိုး ဖြစ်တတ်ပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့် က ကောင်းကင်တွင် နေကြတ်နေစဉ် မြေငလျင်လှုပ်၍ အတိ ဒုက္ခရောက်ခဲ့သည့် အဖြစ်မျိုး ကြုံခဲ့ဖူးပါသည်။
ယခုနှစ် ၂၀၁၀ ဇန်န၀ါရီလ (၁၅) ရက်နေ့  သောကြာနေ့ တွင် နေကြတ်ခဲ့ရာ ကြတ်စ မြန်မာစံတော်ချိန် နံနက် (၁၀း၃၅) ဖြစ်ပြီး ကြတ်လယ် မြန်မာစံတော်ချိန် နေ့ လည် (၁း၃၇) ဖြစ်ကာ လွတ်ဆုံး မြန်မာစံတော်ချိန် ညနေ (၄း၃၈) မိနစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ချက်နိုင်ငံ တောင်ပိုင်း ၊ ဗဟို အာဖရိက၊ ကွန်ဂိုနိုင်ငံ၊ ယုဂန္ဓာနိုင်ငံ ၊ ကင်ညာနိုင်ငံ၊ အိန္ဒိယနိုင်ငံ တောင်ပိုင်း ၊ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်း နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ က မြင်တွေ့ ရခဲ့ရသည်။
မကာရ ရာသီ၏ တိတ်စွဲနိုင်ငံမှာ အိန္ဒိယ ၊ သဲကန္တာရ နယ်မြေများ ၊ အရှေ့ အလယ်ပိုင်းဒေသ နှင့် လူမည်းလူမျိုးများ နေထိုင်ရာ အာဖရိကတိုက်တို့ ဖြစ်ပါသည်။ အင်္ဂါဂြိုဟ်မှာ သွေးထွက်သံယို ကိစ္စများ ၊ စစ်ရေးစစ်ရာများနှင့် ဒေါသကြီးစွာ လုပ်ဆောင်ချက်များကို ဖြစ်ပွားစေပါသည်။ စနေဂြိုဟ်မှာ ငတ်မွတ်ခေါင်းပါးခြင်းအထိ ဒုက္ခရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း ၊ သတ္တန္တရကပ် နှင့် ဒုဗ္ဗိကန္တရကပ် တို့ ကို ဖြစ်ပွားစေနိုင်ပါသည်။
မြန်မာနိုင်ငံ၏ တိတ် စွဲရာသီကို တူရာသီဟု ယူဆပါလျှင် တူရာသီ၏ ၄ တန့် ရာသီဖြစ်၍ အိမ်နားနီးချင်း မိတ်ဆွေနိုင်ငံဟု ယူဆနိုင်ပြီး တိတ်စွဲရာသီကို မိန်ရာသီဟု ယူဆလျှင် မကာရ ရာသီသည် ၁၁ တန့် မိတ်ဆွေ နိုင်ငံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မပတ်သက်ပါ။ နေကြတ်ခြင်း နှင့် မသက်ဆိုင်နိုင်ပါ။
လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနှင့်တော့ ပတ်သက်မှုများ ရှိကြပါသည်။ မိမိတို့ ၏ လဂ်၊ စန်း ၊ တနင်္ဂနွေတို့ အပေါ် ကြတ်ပါလျှင် ကျန်းမာရေး၊ စီးပွားရေး ၊ ကြီးပွားရေး ၊ စိတ်ပိုင်းဆိုင်ရာများတွင် ထိခိုက်ခံစားရနိုင်ပါသည်။ ကြီးပွားရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ သားသမီးအရေး၊ အချစ်ရေး၊ ရန်သူဘေးဒုက္ခ၊ အနာရောဂါ နှင့် ခရီးသွားလာမှု ၊ အလှူအတန်း ကုသိုလ်ကောင်းမှု ပြုလုပ်ရေး၊ မောင်နှမသားချင်း၊ မိတ်ဆွေများ၏ အရေးကိစ္စတို့  တွင် နေကြတ်ခြင်း ၊ သောမဂြိုဟ်အပေါ် နေကြတ်ပါလျှင် ကောင်းကျိုးကို ထင်ရှားစွာ ဖြစ်စေပြီး ပါပဂြိုဟ်များအပေါ် နေကြတ်လျှင် ဆိုးကျိုးတရားများ ထင်ရှားစွာ ဖြစ်စေပါသည်။
ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု တွင် စနေဂြိုဟ် မြေရာသီများသို့  ရောက်ရှိချိန် အနှစ် (၂၀) လျှင် တစ်ကြိမ်မျှ နိုင်ငံရေးနှင့် ပတ်သက်၍ ထင်ရှားသော အဖြစ် အပျက်များ ဖြစ်ပွားလေ့ရှိသည်။ အမေရိကန်၏ တိတ်စွဲရာသီမှာ မေထုန်ရာသီ ဖြစ်ရာ မြေရာသီ ပြိဿရာသီသို့  စနေဂြိုဟ်ရောက်လျှင် မိမိတိတ်စွဲရာသီ မေထုံမှ ၁၂တန့် ဗျာယ- ပျက်စီးခြင်း နှင့်ဆိုင်သော အိမ်သို့  ရောက်၍လည်းကောင်း ၊ စနေဂြိုဟ် မြေရာသီ ၊ ကန်ရာသီ သို့ ရောက်ချိန်တွင် မေထုံရာသီ ၄ တန့် - အိုးအိမ် ၊ အိမ်တွင်းရေး နှင့် နိုင်ငံတွင်းရေးရာများ နှင့် ဆိုင်သော ရာသီသို့ ရောက်၍လည်းကောင်း ၊ စနေဂြိုဟ် မြေရာသီ မကာရရာသီသို့ ရောက်ချိန်တွင် မေထုံရာသီမှ ၈တန့် မရဏဘာဝ သေဆုံးခြင်း ၊ ၀မ်းနည်းကြေကွဲခြင်း နှင့် ပတ်သက်ရာ ရာသီသို့ ရောက်၍လည်းကောင်း ၊ နိုင်ငံရေးတွင် အခက်အခဲများ ကျရောက်လေ့ရှိပါသည်။ ထိုအချိန်များတွင် အမေရိကန်နိုင်ငံ၏ အကြီးအကဲများသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဒုက္ခရောက်ကြရသည့် သာဓကများ ရှိပါသည်။ သမ္မတ လင်ကွန်း ၊ သမ္မတ ကနေဒီ တို့ သည် သူတစ်ပါးလက်ချက်ဖြင့် အသက် ဆုံးရှုံးခဲ့ကြရပါသည်။ သမ္မတ ရော်နယ် ရေဂင်သည် လုပ်ကြံသူတို့ ၏ သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာ ရရှိခဲ့ပါသည်။
ယခု ၂၀၁- ဇန်န၀ါရီလ နေကြတ် ချိန်တွင် စနေဂြိုဟ်သည် မြေရာသီ – ကန်ရာသီ၌ နောက်ပြန်သွားကာ အမေရိကန်နိုင်ငံမှ တိတ်စွဲ မကာရရာသီ (၈)တန့် တွင် နေကြတ်ခြင်း ဖြစ်၍ အမေရိကန်နိုင်ငံ သမ္မတ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ကို နက္ခတ်ဗေဒ ပညာရှင်များ သတိထားမိကြမည် ဖြစ်သည်။
ဗိုလ်ကျစိုးမိုးရေးဝါဒကို လက်မခံဘဲ အခြေခံလူတန်းစားဖက်မှ ရပ်တည်သည်ဟု တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည့် သမ္မတ အိုဘားမား သည် ၁၉၆၁ ခုနှစ် သြဂုတ်လ ၄ ရက်တွင် မွေးဖွားပါသည်။ အမေရိကန်နိုင်ငံ၏ သမိုင်းတွင် မရှိခဲ့ဖူးသည့် ပထမဦးဆုံး လူမည်း သမ္မတ လူရည်ချွန်တစ်ဦး ဖြစ်ကာ ကမ္ဘာ့လူထု၏ ချီးကျူးခြင်းခံရသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါသည်။ သူ၏ ဇာတာတွင် ကြာသပတေးဂြိုဟ်နှင့် စန်း တနင်္လာဂြိုဟ်တို့ တြိဂုံးနေခြင်းက လူထု၏ ထောက်ခံအားပေးမှု၊ ချစ်မြတ်နိုးမှုကို ခံရမည်ဖြစ်ကြောင်း ဖော်ပြပေသည်။ သူ့ ဇာတာအတွင်း အသက် ၄၈ နှစ်တွင် နှစ်တိုး တနင်္ဂနွေဂြိုဟ်သည် မူလ တနင်္လာ ကြာသပတေးတို့ နှင့် တြိဂေါဏ (တြိုင်းအမြင်) တွင် သမ္မတဖြစ်လာသူ ဖြစ်ရာ ဗေဒင်ကျမ်းဂမ်များနှင့် ကိုက်ညီစွာပင် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်ပါသည်။
ယခု နေကြတ်ချိန်တွင် သမ္မတ အိုဘားမား၏ မူလ တနင်္ဂနွေဂြိုဟ်ပေါ်၌ ရန်လိုမှု နှင့် သွေးထွက်သံယိုမှုကို ဖြစ်စေသော အင်္ဂါဂြိုဟ်က နောက်ပြန်ဆုတ်ကာ စီးနင်းနေပါသည်။ ခန္ဓာကိုယ် ကျန်းမာရေး နှင့် ဂုဏ်သတင်း ထင်ရှားမှု ဆိုင်ရာ တနင်္ဂနွေဂြိုဟ်သည်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုနှင့် ဇနီး ၊ သားသမီး ဆိုင်ရာ တနင်္လာဂြိုဟ်တို့ သည်လည်းကောင်း အိုဘားမား၏ မူလ စနေဂြိုဟ်ပေါ်တွင် ရောက်ရှိ စီးနင်းနေပါသည်။
မူလ ယူရေးနပ်စ်ဂြိုဟ် နှင့် နေကြတ်ချိန် တနင်္ဂနွေ တနင်္လာတို့ သည် ၁၅၀ ဒီဂရီ (၈)တန့် အမြင်ဖြင့် အဆိုးမြင် မြင်နေလေရာ ပါပဂြိုဟ်တို့ ၏ ဂြိုဟ်ပူး ဂြိုဟ်မြင်များ ဖြစ်နေ၍ စိုးရိမ်သောက မအေးဖြစ်ရပါသည်။
ကျွန်တော်တို့ သည် ကံ နှင့် ကံ၏ အကျိုးပေးကို ယုံကြည်ကြသူများ ဖြစ်ရာ အတိတ်ဘ၀ကံကို ယခုဘ၀တွင် ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်မှ တစ်ပါး ရှောင်လွှဲဖို့ ရာ အလွန်ခက်ခဲပါသည်။
မေတ္တာ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ၊ ဗြဟ္မစိုရ် တရား (၄) ပါး ထွန်းကားရာ ဒေသဖြစ်သောကြောင့် မေတ္တာကင်းမဲ့စွာ ဆိုးကျိုးပါစေသော စေတနာဖြင့် မတွေးလို မပြောလိုပါ။ သို့ ရာတွင် ကံအကြောင်းတရားပါလာရင်တော့ ” မနုရေ.. ၀ဋ်ဆိုရင် သူ့ ဝဋ်ကျွေးကို ဆပ်ရမှာပေါ့” ဟူသော ဆရာတော် ဦးဗုဒ်၏ တရားသံကို သတိရမိပါသည်။
လူအချင်းချင်း ရန်ပြုခြင်း ကင်းဝေးကြပါစေ….
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းကြပါစေ .. ဟုသာ မေတ္တာတရားဖြင့် ဆုတောင်းမိပါသည်။
ဒေါက်တာ ဖေဥာဏ်
လူ နက္ခတ် ၊ နတ် နက္ခတ် ၊ ဘီလူး နက္ခတ်
December 9, 2009
“ဘီလူးနက္ခတ် နဲ့ လူနက္ခတ်ယူရင် အဆိုးဆုံးဘာဖြစ်တတ်လဲ ဆရာ”
” အဆိုးဆုံးကတော့ ကလေးမွေးတာပေါ့ဗျာ”
“ဆရာ . . အလုပ်တွေ ရှုပ်နေလား..”
” ဒီလိုပါပဲ ရပါတယ် ပြောစရာရှိတာ ပြောပါ “
” ဆရာကို့ လေ မေးမလို့ .ဘီလူးနက္ခတ် နဲ့ လူနက္ခတ်ယူရင် အဆိုးဆုံးဘာဖြစ်တတ်လဲ ဆရာ”
” အဆိုးဆုံးကတော့ ကလေးမွေးတာပေါ့ဗျာ”
“မနောက်ပါနဲ့ ဆရာရယ် … တစ်ကယ် သိချင်လို့ ပါ.. မယူကောင်းဘူး ..ဘာညာဆိုတော့လေ..”
“ဟာဗျာ .. မနောက်ပါဘူး .. တစ်ကယ်ပြောတာပါ.”
” ဘီလူး နဲ့ လူ အတူ မနေကောင်းဘူး . လူကို နတ်က နိုင်တယ် တို့ .. အဲလိုတွေလေ ..”
” လူ နဲ့ လူ ယူတာ ဘီလူး နဲ့ နတ် က ဘယ်ကနေ ပါလာတာလဲဗျ “
” ဆရာ… သိချင်လို့ ပါဗျာ… ဘီလူးနက္ခတ်လူနက္ခတ် မတည့်ဘူးဆိုတာ ရှင်းပါဦး .. ဆရာရေးထားတာလဲ ဒါမပါဘူးဗျ ရှာဖတ်တာ မရှိလို့ “
” မသိလို့  မရေးတာပေါ့ဗျာ .. မဟုတ်လို့ လည်း ဖြစ်နိုင်သလို
“ဟာ .. ဆရာ.. ဒါဆို ဘာမှ မဖြစ်ဘူးပေါ့ .. အဲလိုလား..”
” အင်းလေ.. လူတွေ ယူနေကြတာ နည်းတာမဟုတ်ဘူး.. မတည်းဘူးဆိုရင် ဘီလူးစားလို့  သေကုန်ပြီ .. နတ်ကိုင်လို့  ယောင်ကုန်ပြီ . အဲလေ.. ဟီး”
“အေးနော် မသိဘူးလေ အဲလိုက မယူကောင်းဘူး ကြားဖူးတာကိုး..နောက်ပြီး …ယူပြီး နေထိုင်မကောင်းဖြစ်တာ တွေ.. သေတတ်တာတွေ..အဲလိုများဖြစ်တတ်လားလို့ပါ”
” ယူပြီးလို့  ဗိုက်ကြီးလာရင် နေထိုင်မကောင်း ဖြစ်တာပေါ့ဗျာ.. အန်တာတွေ ဘာတွေဖြစ်တာပေါ့ “
“ဟုတ်ကဲ့ပါဆရာ ခုလိုပြောပေးတဲ့အတွက် စိတ်ထဲ နဲနဲ ရှင်းသွားတာပေါ့.. ကျေးဇူးပါပဲဆရာ..”
” အဲဒါတွေ လျှောက်ပြီး လိုက်တွေးနေရင် ခင်ဗျားတို့ ရည်းစားတောင် မရဘူးမှတ်”
” အင်း ..ဗေဒင်မှာအဲလိုပြောတော့ မေးရတယ်လေ မသိပဲကိုး …”
” ဘယ်ဗေဒင်က ပြောလို့ လဲဗျ..”
” ကျနော်မေးတဲ့ ဗေဒင်ဆရာတယောက်ပါ .. ဓမ္မာသောက အင်းဝရာဇာဆိုလား လေ .. ၊ အဲဒါ ကျနော်က အဲလိုလဲ ဖြစ်၊ နက္ခတ် ကြည့်တော့လဲ သူက ဘီလူး နက္ခတ်”
” ဓမ္မာသောက ၊ အင်းဝ ရာဇာ ဘာဖြစ်လဲ .. ဘာမှ မဖြစ်ဘူး.. ဘက်တိုရီးယား နဲ့  ဒေးဗစ်ဘက်ခမ် ယူထားလိုက်တာမှ ကလေးတွေတစ်ပြွတ်ပြွတ်နဲ့ .. သူတို့ လည်း ဓမ္မာ ပဲ ဗျ.. “
၎င်း လူ ၊ နတ် ၊ ဘီလူး နက္ခတ် ခွဲခြားနိုင်ရန် အလွယ်တစ်ကူ တွက်ချက်နိုင်သည့် နည်းလမ်းမှာ
မိမိတွက်ချက်လိုသော သူ၏ မွေးဖွားသည့် မြန်မာခုနှစ်ကို ၃ ဖြင့်စားပါ။
၁ ကြွင်း ပါက – လူ နက္ခတ်
၂ ကြွင်းပါက – နတ် နက္ခတ်
ဝ ကြွင်းပါက – ဘီလူး နက္ခတ်
အဟောပိုင်းမှာ ..
လူ နက္ခတ် အား ဘီလူးနက္ခတ် မှ နိုင်၏
ဘီလူး နက္ခတ် ကို နတ် နက္ခတ် မှ နိုင်၏ ..
အိမ်ထောင်ရေးတွင်
လူ + လူ ၊
နတ် + နတ် ၊
ဘီလူး + ဘီလူး
ထိုကဲသို့  နက္ခတ် တူခြင်းပေါင်းလျှင် အဆင်ပြေသည်ဟု အကြမ်းဖျဉ်း ယူဆနိုင်၏ ။
လူ နှင့် ဘီလူး ပေါင်းဖက်ပါက မတည့် ၊ လူ နှင့် နတ် တည့် သည်အစရှိသဖြင့် ယူဆနိုင်၏ ။
လက်ရိုးပညာဖြင့် တွက်ချက်ရသည့် နက္ခတ် ရာသီစက်ဝိုင်းမှ စန်းယှဉ် နက္ခတ် ဖြင့် တွက်ချက်အဖြေထုတ်လျှင် ပိုမို တိကျသော ယူဆမှုများ ရရှိနိုင်သော်လည်း သာမန်လူများအဖို့  တွက်ချက်ရန်မှာ များစွာ အခက်အခဲ ရှိ၏ ။ သို့ သော်လည်း နည်းပညာခေတ်ကြီးတွင် တွက်နည်းသိရန်မလို ..
မွေးနေ့ ၊ မွေးချိန် ၊ မွေးရပ် သိယုံမျှဖြင့် လူ နက္ခတ် ၊ နတ် နက္ခတ်၊ ဘီလူး နက္ခတ် အလိုအလျောက် ခွဲပေးနိုင်သော ပရိုဂမ်များ ထည့်သွင်းထားသည့် website အကူအညီဖြင့် တွက်ချက်လိုသူအား မည်သည့် နက္ခတ် ဖြစ်ကြောင်း အလွယ်တစ်ကူ သိရှိနိုင်ပြီ ဖြစ်သည်။
လူ ၊ နတ် ၊ ဘီလူး နက္ခတ် တွက်ချက်ရန် မန္တလေး alpha သို့ ကြွပါ
နမူနာ ဇာတာ အနေဖြင့် ကျောက်ကြီးမြို့  တွင် မွေးဖွားသည့် ဇာတာရှင် ၂ ဦးအား ဆန်းစစ်ကြည့်ပါ . ။
ပထမတစ်ဦးမှာ ၁၈. ၀၆. ၁၉၈၃ စနေနေ့ မနက် ၄း၅၀ မှာ မွေးဖွားသည်။
– ၀က်ဆိုက်တွင် မွေးရက် ဆိုသည့် နေရာလေး၌ ၁၈ ရက် ၊ ၀၆ လ ၊ ၁၉၈၃ ဟု ဖြည့်လိုက်ပါ။
– မွေးချိန် ဆိုသည့် နေရာ၌ မနက်ဖြစ်သောကြောင့် ၀၄ နာရီ ၅၀ ဟု ဖြည့်လိုက်ပါ။
– မြန်မာနိုင်ငံမှ မြို့ များသာ ရွေးရန် ဆိုသည့် နေရာတွင် ကျောက်ကြီး ကို ရှာပြီး ဖြည့်လိုက်ပါ။
– ထိုသို့  ရွေးချယ်ပြီးပါက လောင်ဂျီကျူ ၊ လတ္တီကျူ ဆိုသည့် နေရာ၌ ဂဏန်းများ အလိုအလျှောက် ပေါ်လာပါမည်
– ဒေသ စံတော်ချိန် ၆း၃၀ ကို မပြောင်းလည်းဘဲ ထားပေးပါ။
– ပြီးလျှင် Go ဆိုသည့် ခလုပ် ကို နှိပ်လိုက်ပါ ။
ဇာတာရှင် အတွက် ထူးခြားချက်များ ဆိုသည့် အောက်တွင် ၄င်း ဇာတာရှင်အား မည်သည့် နက္ခတ် ဖြင့် စန်းယှဉ်ပြီး ဖွားမြင်သည် ဆိုသည်အား တွေ့ ရပါမည်
– ဥတ္တရာဖလဂုဏီ -လူ နက္ခတ်နှင့် နှင့် စန်းယှဉ် လျက် ဖွားမြင်သည်။ – ၃ဂါ-ပြ – ၀နေ-ဥစ် – ၈ဟု-ဥစ်
ပထမတစ်ဦးရဲ့  အချက်အလက်ကို ရပြီဆိုတော့ နောက်တစ်ဦး ကို တွက်ကြည့်ကြပါစို့ ။
မွေးနေ့ ကတော့ ၁၁ ရက် ၀၄ လ ၁၉၈၄ ခုနှစ် ဗုဒ္ဓဟူးနေ့ မနက် ၀၆း၁၅ မှာ ဖွားမြင်ပါတယ်။ အဲဒီဒေတာတွေကို ၀က်ဆိုက်မှာ ထည့်ပြီး တွက်ကြည့်လိုက်ရင်တော့
ဇာတာရှင် အတွက် ထူးခြားချက်များ ဆိုတာလေးရဲ့ အောက်မှာ အဲဒီ ဇာတာရှင်ကို ဘာ နက္ခတ် နဲ့ စန်းယှဉ်ပြီး ဖွားမြင်တယ်ဆိုတာ တွေ့ ရပါလိမ့်မယ်။
အဿလိဿ -ဘီလူး နက္ခတ်နှင့် နှင့် စန်းယှဉ် လျက် ဖွားမြင်သည်။ ၅တေး-တြိကောဏ ၂လာ-ကသစ် ၃ဂါ-ကသစ် ၆ကြာ-ဥစ် ၀နေ-ဥစ်
ဒါကြောင့် အဲဒီ ဇာတာရှင် ၂ ဦး မှာ တစ်ဦးက လူနက္ခတ် ဖြစ်ပြီးတော့  တစ်ဦးက ဘီလူးနက္ခတ် ဖြစ်တာကို တွေ့ ရပါလိမ့်မယ်။
ဝါသနာရှင်များ မိမိဇာတာနဲ့ ချစ်ချစ်ဇာတာ တွေကို တိုက်ဆိုင် စစ်ဆေးပြီး လူ ၊ နတ် ၊ ဘီလူး နက္ခတ် ဆိုပြီးတော့ စိတ်ကူးယဉ်နိုင်ကြပါပြီ ….
credit @ horo.mandalayalpha.com
ဇွန် ဇူလိုင် မှာ ရွာမဲ့ မိုး
April 25, 2009
Prime Minister elect – burma 1990
political အားညွှန်းဆိုသည့် ၁၀တန့် ဘာဝတွင် ဂြိုဟ်များ ပူးယှဉ်၏ ။ ၁နွေဂြိုဟ် သည် စန်း၏ ၁၀ တန့်တွင် ရပ်တည်နေမှုသည်လည်း နိုင်ငံရေး သြဇာအာဏာကြီးစေ၏။ စန်းအိမ်ရှင်ဂြိုဟ် ၄ဟူးသည် ကသစ်အိမ်(မေထုန်ရာသီ) ၌ ၁နွေဖြင့် ပူးယှဉ် ရပ်တည်နေသည့် ဇာတာ ဖြစ်၏ ။
ယခု ကောဇာအနေဖြင့်
၁၀တန့် နိုင်ငံရေးဘာဝ (စန်းမှ) ၄ဟူး ထူလ ဒသာ စတင် စားလာခြင်းကြောင့်. ..၂၀၀၉ ခှုနှစ်တွင် သူမ ၏ နိုင်ငံရေး အခန်းကဏ္ဍ တစ်ဖန် ပါဝင်လာဖို့ ဖြစ်နိုင်လာ၏ ။
အားသာချက်
၎ဟူးဂြိုဟ်သည် မိမိ၏ ကသစ်အိမ်၌ ရပ်တည်ခြင်း
နေမင်း၁နွေဂြိုဟ် နှင့် လမင်း၂င်္လာဂြိုဟ်တို့သည်လည်း ၄ဟူး အိမ်ပိုင်၌ ရပ်တည်ခြင်း
အားနည်းချက်
ပါပ ဂြိုလ်များဖြစ်သည့် ရာဟု နှင့် စနေ သည် ၄ဟူးဖြင့် အမြင်ရှိခြင်း
ဇွန်လ နှင့် ဇူလိုင် လအတွင်း မိုးရွာမည် ။ သည်းသည်းမည်းမည်းရွာအံ့ ။ မျက်ရည်မိုး နှင့် သြဘာမိုး အပြိုင်အဆိုင် ရွာအံ့ .. ။
ကြတ် အုံး . . . .မှာ . . .
March 9, 2009
တနင်္ဂနွေဂြိုဟ် တစ်ရာသီထဲ ရှိနေစဉ် အတွင်း နေလကြတ်ခြင်း၏ အကျိုးသက်ရောက်မှု
၂ဝဝ၉ ခုနှစ် ပထမအကြိမ် နေကြတ်ခြင်းကို ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ ပထမအကြိမ် လကြတ်ခြင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်းကောင်း ကမ္ဘာ့ဒေသအချို့ မှ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ အဆိုပါ နေကြတ်၊ လကြတ် ခြင်းသည် သဗ္ဗခေါ် (အပြည့်အဝ) အလုံးစုံကြတ်ခြင်း မဟုတ်ဘဲ အသဗ္ဗခေါ် တစ်စိတ်တပိုင်းကြတ်ခြင်း အဖြစ်သာ တွေ့မြင်ခဲ့ရသည်။
ဒုတိယအကြိမ်မြောက် နေကြတ်ခြင်းကို လာမည့် ဇူလိုင် ၂၂ ရက်၊ ၂၀၀၉ ခုနှစ်တွင် တွေ့မြင်ရမည် ဖြစ်ပြီး သဗ္ဗခေါ် အလုံးစုံအပြည့်အဝကြတ်ခြင်းကို မြင်တွေ့ရမည် ဖြစ်သည်။
ဒုတိယအကြိမ်မြောက် လကြတ်ခြင်းကိုလည်း ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာဖြင့် ဇူလိုင် ၇ ရက်နှင့် သြဂုတ် ၆ ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ရဦးမည် ဖြစ်သည်။
ပုံမှန်အားဖြင့် နေကြတ်၊ လကြတ်ဖြစ်စဉ်များမှာ တစ်နှစ်လျှင် နှစ်ကြိမ်မျှသာ ဖြစ်လေ့ရှိသော်လည်း ယခုနှစ်တွင် လကြတ်ခြင်းသည် ပုံမှန်ထက် တစ်ကြိမ်ပိုမိုနေသည် ။ နေလကြတ်ခြင်းမှာ မထူးခြားသော သဘာဝတရား တစ်ခုမျှသာ ဖြစ်သော်လည်း ယခု ၂၀၀၉ တွင် နေ နှင့် လကြတ်မှု ဖြစ်စဉ်မှာ အခြားသော အကြောင်း တရားများဖြင့် ထူးခြားလျက်ရှိသည်။
အဆိုပါ ထူးခြားမှုများထဲမှ တနင်္ဂနွေဂြိုဟ် တစ်ရာသီထဲ ရှိနေစဉ် အတွင်း နေလကြတ်ခြင်း၏ အကျိုးသက်ရောက်မှုများကို စာမြည်းသဘော တင်ပြလိုက်ရပါသည်။
နေလကြတ်ခြင်း အကျိုးသက်ရောက်မှု
ယခုနှစ် နေကြတ်မည့် ဖြစ်စဉ်များကို လေ့လာပါက ကောဇာတနင်္ဂနွေ နေမင်း ၊ ရာသီအိမ် တစ်ခုထဲတွင် ရပ်တည်နေစဉ် အတွင်း နေ နှင့် လကြတ်ခြင်း ဖြစ်ပွားမည်ကို တွေ့ရသည်။ ယင်းကဲ့သို့ တစ်ရာသီထဲ ရှိနေစဉ်အတွင်း နေကြတ်ခြင်း ၊ လကြတ် ခြင်း ဖြစ်ပွားပါက နက္ခတ်ဗေဒင်ကျမ်းများ၏ အဆိုအရ
(၁) နေကြတ်ခြင်းသည် အစိုးရ၊ မင်း၊ အုပ်ချုပ်သူများနှင့် သက်ဆိုင်သည်။ လကြတ်ခြင်းသည် ပြည်သူပြည်သား၊ ကောက်ပဲသီးနှံများနှင့် သက်ဆိုင်သည်။
သဗ္ဗကြတ် ခေါ် နေအပြည့်အ၀ ကြတ်ခဲ့သော် ၎င်းကိုမြင်ရသော တိုင်းပြည်များ၌ ငတ်မွတ်ခေါင်းပါး ကြပ်တည်း ဒုက္ခများတတ်သည်။ အထူးသဖြင့် နေသဗ္ဗကြတ်ရာ ရာသီကို ပါပဂြိုဟ်များအမြင်ယှဉ်ပါ ရှိခဲ့သော် ပိုမိုပြင်းထန် ဆိုးရွားပေလိမ့်မည်။
အသဗ္ဗကြတ်ခေါ် တစ်စိတ်တပိုင်းကြတ်ခြင်းကိုသာ မြင်ရပါက အကျိုးသက်ရောက်မှု ထင်ရှားထူးခြားလိမ့်မည် မဟုတ်ပေ။
(၂) တစ်လအတွင်း ( အထူးသဖြင့် ) တနင်္ဂနွေ တစ်ရာသီတည်း ရှိနေစဉ်အတွင်း နေရောလပါ ကြတ်ခဲ့သော် စစ်တပ်များ၏ ပုန်ကန် တိုက်ခတ်မှုကြောင့် မင်းအစိုးအုပ်ချုပ်သူများ သေကြေ ပျက်စီးတတ်သည်။ ကြောက်မက်ဖွယ်ရာ သွေးမြေကျမှုများ ဆက်တိုက် ဖြစ်ပွားပေလိမ့်မည်။
( ဒေါက်တာကံညွှန့် ကူးယူ ဘာသာပြန်ဆိုသည့် စီးပွားရေးနှင့် စိုက်ပျိုးရေးနက္ခတ္တဗေဒ စာအုပ်မှ )
အဆိုပါ ထူးခြားသည့် နေကြတ်၊ လကြတ်ဖြစ်စဉ်နှင့်အတူ နေအဖွဲ့အစည်း၏ အကြီးဆုံး ဂျူပီတာခေါ် ကြာသပတေး ဂြိုဟ်ကြီးသည် မကာရရာသီအိမ်၌ နိစ်အဖြစ် အားနည်းမှိန်ဖျော့စွာ ရပ်တည်နေသည့်အပြင် သိဟ်ရာသီရှိ စနေဂြိုဟ်နှင့် ဆဌ၊ အဌအနေအထား ဖြစ်ပေါ်လျက်ရှိသည်။ ပိုမိုဆိုးရွားစေသည့် အချက်မှာ ရာဟု၊ ကိတ်ဝင်ရိုးတန်းနှင့် ကြာသပတေးဂြိုဟ်တို့ တွယ်ငြိလျက်ရှိနေပြန်သဖြင့် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းသည့် အနေအထားသဖွယ် ဖြစ်နေပြန်တော့သည်။
ထို့အပြင် အဆိုပါကြာသပတေးဂြိုဟ်မှာ ယခုနှစ်အတွင်း သီဟဇာခေါ် အမြန်သွားခြင်းဖြင့် ကုံရာသီသို့ ၀င်ရောက်ခြင်း၊ တဖန် ၀ကြခေါ် နောက်ပြန်သွားခြင်းဖြင့် မကာရသို့ ပြန်ဝင်လာခြင်း စသည်ဖြင့် ရှေု့တိုးနောက်ငင် အမျိုးမျိုးအဖုံဖုံ ဖောက်ပြန်တော့မည် ဖြစ်ရာ ယင်းကဲ့သို့ သော ဖြစ်စဉ်များနှင့် ပက်သက်၍ ရှေးကျမ်းများက ဤသို့ ဆိုထားပါသေးသည်။
“ ကြာသပတေး သီဟဇာသွားမူ အဓိပတိမင်း သေအံ့။ ၀ကြသွားမူ မင်းမိဖုရား၊ မောင်းမများ သေဆုံးအံ့။ နိယတုံမူသော် ငလျင်တုန်လှုပ်အံ့။ ပါပဂြိုဟ်တို့ ၀ကြသွားနေစဉ် သောမဂြိုဟ်တို့ သီဟဇာကျင့်မူ သတ္တ၀ါတို့ ဆင်းရဲကုန်အံ့။ ငတ်မွတ်ခေါင်းပါးအံ့။ အနာရောဂါထူပြောအံ့။ မင်းတို့သည် အချင်းချင်း စစ်မက်ဖြစ်ပွားကုန်အံ့။”
လက်ရှိ လတ်တစ်လော တွေ့ရမြင်ရ ဖတ်နေရသော ကမ္ဘာ့သတင်းများနှင့်အတူ ကောင်းကင်တွင် ဖြစ်ပေါ်တည်ရှိနေသော ဂြိုဟ်နေဂြိုဟ်ထားများအရ ၂၀၀၉ ခုနှစ်သည် ကမ္ဘာကြီးအတွက် စိန်ခေါ်မှုများစွာ၊ ပြဿနာများစွာ၊ အထင်ကရ စစ်ပွဲကြီးနှင့် မငြိမ်းချမ်းနိုင်သော အရေးအခင်းများစွာကို ယူဆောင်လာဦးမည်ဟု ကောက်ချက်ချမိပါသည်။
လက်ရှိ နိုင်ငံတကာတွင် ဖြစ်ပွားခံစားနေရသော ငွေကြေးအကျပ်အတည်း၊ စီးပွားရေးပြိုလဲမှုများမှသည် ရာသီဥတု ဖောက်ပြန်မှုများ၊ ငလျင်များသည် ကျွန်ုပ်တို့ ကမ္ဘာကြီးအား ဆက်လက် ကိုင်လှုပ်နေဦးမည်ဖြစ်ရာ မြန်မာနိုင်ငံသည်လည်း အနည်းနှင့်အများဆိုသလို အကျိုးသက်ရောက်မှုတစ်ခုမက ရိုက်ခတ်ဦးမည်သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ အမိ မြန်မာနိုင်ငံတော်ကြီး အခြေအနေသည်လည်း မငြိမ်းချမ်းသော အရေးအခင်းများနှင့် မလွယ်ရေးချ မလွယ် ဟု ဆိုရမည်လည်း ဖြစ်သည်။
အဆိုပါ နေလကြတ်ခြင်း၊ ကြာသပတေး ၊ စနေဂြိုဟ်တို့၏ အနေအထားများနှင့်တကွ အခြားသော နက္ခတ်ဗေဒင်ဆိုင်ရာ နက်နဲသည့် ပညာအမြင်များ၊ နေလကြတ်ချိန်ဇာတာခွင်ဖြင့် သုံးသပ်ဟောပြောချက်များ၊ အဓိကဂြိုဟ်ကြီးများ၏ ပူးယှဉ်ချိန်ဖွဲ့ဆိုသော ဇာတာများ၊ တိုင်းပြည်နိုင်ငံအသီးသီး၏ ဇာတာခွင်များ မပါဝင်ဘဲ သာမန် အခြေခံ ရိုးရိုးအမြင်ဖြင့်သာ စဉ်းစား ကောက်ချက်ချခဲ့ကြောင်းကို ၀န်ခံရင်း . . .
သုတေသီ တစ်ဦး
သောကြာဂြိုဟ် လ ကိုထွင်းတယ် .. မင်း တို့ ကြမ္မာ
December 17, 2008
“ရေဖြန်းခံ ထုံးသစ်ညွှန်းပါလို့  ၊ ရွှေနန်းစံ သုံးနှစ်စွန်းတွင်မှ ၊ ပြိုင်ထွန်းသည့် ထက်အာကာ ၊ သောကြာကြယ် လကိုချင်းတယ်၊ မင်းတို့ ကြမ္မာ ၊ ဂြိုဟ်ဒဿာ အိုရှာပေါ့ သည်နှစ်တွင်း ၊ တန်ခိုးတော် ပျောက်ကွယ်ပတယ် ၊ လောကသေဋ္ဌနှင်း”
ကြာသပတေးကြယ် လသို့ ထွင်းသောအခါ သရေခေတ္တရာပြည် ကြီး အုပ်ချုပ်စိုးစံတော်မူသော ရန်မန်မင်း အနိစ္စရောက်လေသည်။ ကြာသပတေးကြယ် လထွင်းသဖြင့် တစ်နေ့  လုံး ညအချိန်ကဲ့သို့  မှောင်မိုက်ခဲ့ဖူးသည်။ မကြာမှီပင် ပုဂံပြည် ပျူစောထီးမင်း အနိစ္စရောက်လေသည်။
သောကြာကြယ် လ သို့ ထွင်းလေသောအခါ သီရိခန်မင်း အနိစ္စရောက်လေသည်။
ဇေယျပူရ စစ်ကိုင်း မြို့ တည်နန်းတည် သားတော် နောင်တောင်ကြီး လက်ထက်တွင် သောကြာကြယ် လ သို့ ထွင်းသဖြင့် ခန္နီမြို့ ဝန် ရွှေဘိုစည်တော်သံ၌
“ရေဖြန်းခံ ထုံးသစ်ညွှန်းပါလို့  ၊ ရွှေနန်းစံ သုံးနှစ်စွန်းတွင်မှ ၊ ပြိုင်ထွန်းသည့် ထက်အာကာ ၊ သောကြာကြယ် လကိုချင်းတယ်၊ မင်းတို့ ကြမ္မာ ၊ ဂြိုဟ်ဒဿာ အိုရှာပေါ့ သည်နှစ်တွင်း ၊ တန်ခိုးတော် ပျောက်ကွယ်ပတယ် ၊ လောကသေဋ္ဌနှင်း”
ဟူ၍ ရေးစပ်ခဲ့သည်။
ဂြိုဟ်သွား – ဂြိုဟ်ပြောင်းတို့ ၏ အကျိုးအပြစ်များတွင်
ကြာသပတေး ဂြိုဟ်သည်
သီဟစရိယာ ကျင့်ပါက တိုင်းပြည်အုပ်ချုပ်သော မင်း သေတတ်၏ ။
ဗျ ဂ္ဃစရိယာ ကျင့်ပါက မင်း၏ အခြွေအရံ ဒဏ်သင့်တတ်၏ ။
နယတုံ ကျင့်ပါက ရေကြီးတတ်၏ ။ အစာရေစာ ခေါင်းပါးတတ်၏ ။ ငလျှင်လှုပ်တတ်၏ ။ တိုင်းပြည် ဆူတတ်၏
သောကြာဂြိုဟ်သည်
သီဟ – စရိယာ ကျင့်ပါက ကုန်သည်တို့ ပျက်စီးတတ်၏ ။
ဗျ ဂ္ဃစရိယာ ကျင့်ပါက ပြည်ရေးချောက်ချားတတ်၏ ။ အဓိပတိ ဆရာကြီး သမားကြီးများ ဒဏ်သင့်တတ်၏။
ဗျ ဂ္ဃစရိယာ – နောက်ပြန်သွားခြင်း
နယတုံ – နောက်ပြန်မသွားခင် (သို့ ) နောက်ပြန်မှ အတည့် မသွားခင် ခေတ္တခဏ ရပ်တန့် ခြင်း
ဒီဇင်ဘာ လ ၁ ရက်နေ့ တွင် သောကြာ ဂြိုဟ် လ သို့ ထွင်းသည်ကို ကမ္ဘာတစ်လွှားမှ မြင်တွေ့  ခဲ့ရသည် ။ အထက်မှ ဖော်ပြပါ နိမိတ်များအရ တိုင်းပြည်အုပ်ချုပ်သော မင်းများ အနိစ္စ မရောက်သော်လည်း မင်းပြောင်း မင်းလွှဲများ မြင်တွေ့  ရသည်။
http://www.youtube.com/v/CIYFvVvnhug&color1=0xb1b1b1&color2=0xcfcfcf&feature=player_embedded&fs=1
ဒီဇင်ဘာ ၁ ရက်နေ့ 
၁) Romania သမ္မတ ရွေးကောက်ပွဲ ၌ Liberal Democrats ပါတီမှ Traian Basescu အနိုင်ရ
၂) Mumbai အရေးအခင်းကြောင့် Vilasrao Deshmukh နှုတ်ထွက်စာ တင်ခြင်း
၃) Mrs Clinton အား secretary of state အဖြစ် ၂၀၀၉ တွင် တာဝန်ထန်းဆောင်ရန် ခန့်  အပ်ခြင်း
ဒီဇင်ဘာ ၂ ရက်နေ့ 
– ထိုင်းတရားရုံးမှ Prime Minister Somchai Wongsawat အား နိုင်ငံရေး နှင့် ပါတီများ လုပ်ကိုင်ခွင့် အား ပိတ်ပင်လိုက်ခြင်း
ဒီဇင်ဘာ ၁၅ ရက် နေ့ 
– ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် အသစ် တာဝန်ထမ်းဆောင်ခြင်း
လာမည့် ဇန်န၀ါရီ လ ၂၀ ရက်နေ့ 
Obama မှ အမေရိကန် နိုင်ငံ၏ သမ္မတ အသစ် တာဝန်ထမ်းဆောင်ခြင်း
အစရှိတာတွေကို လေ့လာတွေ့ ရှိရပါတယ်။
ရှေးပညာရှင်ကြီးများကတော့ သောကြာဂြိုဟ် လကိုထွင်းရင်း မင်ပြောင်းမင်းလဲ ဖြစ်နိုင်တယ်။ စစ်မက်အင်္ဂါရပ်ကြီးမယ်။ အထူးသဖြင့် သောကြာနှင့် တနလာင်္ နံ မင်းတို့ ဘေး တွေ့  နိုင်သည် ဟု ရှေးပုဂံ ခေတ် ၊ အင်းဝခေတ် များဆီမှ ပုရောဟိတ် ဟောကိန်း မှတ်တမ်းများ အရသိရှိရသည်။ ပုဂံပြည်ကြီးပျက်ခဲ့  သလို ၊အင်းဝလည်း ပျက်ခဲ့ တဲ့ သာဓကတွေ ရှိခဲ့တာမို့  ၂၀၀၈ တွင် သောကြာ ဂြိုဟ် လကိုထွင်း သဖြင့် စိတ်ဝင်စားစရာများ မှာကား ဧကန် ရှိလာနိုင်ပါသည်။
အိမ်ဖြူတော် မှ ပုလဲနက်
November 5, 2008
ဆရာ ဘဲလားလေဘာတီ ၏ Mundane Astrology
Coming July 4th 2008 super power American age is almost 232 years completed and also there were many great histories and unusual events were lied between 4th July 1776 and 2008. But today an African blood Black man Obama is making the greatest history ever before in more than two centuries old American history.
The White House was built in October 13th 1792 and it was completed on 1800 and later it was named as a white House” since that day only the whites are continuously consolidating the White House and its power. But in 2008 Obama become a greatest historic black in America and today all medias are jumped to Obama’s ship and most of the Americans are voting for him and voicing for the change. Today he is the one who is leading the all American whites and also he is already one step inside the White House. The whole world blacks are proud of him also the Islamic world is more proud of him. Today Obama is the Americans dream and Americans are hopping for the great changes. That would be their dreams, their hopes and the situation.
of cause if Obama is elected definitely America will be changed, but no one knows that would be change for the good or for the worse ? That is an important political matter. I have presented my political weather focus 0n 2000 US presidential election. As I have predicted current US history and G.W Bush has been witnessing the world is on fire, while walking the thorny path full of portholes and unprecedented economic downturns. such historic political focus were signaled years ahead of actual occurrence, which also has been broad casted by London BBC on January 1st 2002 @ 2:15 pm GMT.
Now what about the on -going US presidential election? What will be the impact of the result of if Obama wins? I will present the answer in gist. Who will win is a challenge to Astrology? Who should win is an important political matter?
It is an in-depth study a philosophy resembling a political report covering the prediction of if a Black spot is in the White House.
Analysis on Obama
Obama is said to be born on August 4th 1961 and the US independent day is 4th July 1776. According to Sidereal system US independent natal moon is posit in Aquarius and Obama’s powerful evil planets Pluto, Uranus, Mars and North Node are oppose to US natal moon. Also US natal Uranus and Mars are conjunct with Obama’s natal moon. That combinations confer a very powerful influence and each aspect shows grave danger of International disputes, disagreement with other powers, unsatisfactory condition of foreign relations and danger of war and troublesome position in regard to foreign affairs, producing awkward and unexpected complications of a serious nature and the nation’s status will demote . So Obama’s natal chief evil planets are not allow him to lead the nation with high profile and changing for the good directions. As well as his natal evil planets Pluto, Uranus, Mars are conjunct with Iranian president Ahmadinejad’s natal moon that is an evil influence denoting strike, rioting, violence , turbulence among the people and outrages against with other power. So dreaming for his appeasement policy would be in vain.
If he was born at noon or after noon on November 2008 the current Mars will oppose to his natal moon and US natal Uranus and Mars that would be most of the Americans will change their attitudes on Obama and McCain will surly be riding high for the next president. If nature deviates and Obama wins, US would enjoy another four years of term in his presidency the impact would be…..
1..Iran will succeed its wide range of nuclear program and Iran will strongly tie with China , Russia, and all anti American nations. The Iran will become super power in Middle East and will seek Veto in UN. US will lose its influence on Middle East, if Middle East is out of US influence than the US economic recovery would be in vain.
2..Obama’s foreign policy which talking to the terrorists or appeasement policy to Iran will be increased terrorists power and will support to Iran’s nuclear program, it will show grave danger of International disputes and his foreign policy will disagreement with EU and other power.
3. Within Obama’s tenure of White House definitely US may lose its super power status and that would be heading to the worst in all fronts.
4.The retrograde Saturn is opposed to his Mercury and Sun, that aspect confers much activity; much reading and a busy minded but given to the pursuit of lack knowledges and philosophy. Perhaps he is good reader but seldom study the nature of communists, nature of terrorists and nature of Iran and the current world situation.
5. The Planets Pluto, Uranus, Mars and North Node are powerful evil influence and it shows grave danger for nation and its people. At least he will demote super power status and beneath its dignity within his tenure of office.
So it would not be wrong to say that if a black pearl is in the white house that would be heading to the worst.
Notes
I take stock of the world affairs from my Astro-Philosophical point of view without lettering myself be influenced by religion, racial, political discrimination and hatred. It is dedicated to the profound knowledge of astronomical applied modern political science.
Bella Liberty
24/06/2008
Source: အိမ်ဖြူတော် မှ ပုလဲနက် @ ဆရာဘဲလား လေဘာတီ
အမည်နာမ ရွေးချယ်ခြင်း နိယာမ
August 8, 2008
This article contains astrological jargon
ဇာတာထဲမှာ အကြောင်းတရားတွေ ပါလာပါမှ ၄င်းဇာတာနဲ့  ကိုက်ညီတဲ့ သဟဇတဖြစ်တဲ့  နာမည်တစ်လုံးကို ရကြတာပါဘဲ။
မြန်မာတို့ ၌ ရှေးဘိုးဘေး ဘီ ဘင် လက်ထက်ကတည်းက အမည်နာမကို စနစ်တကျ ရွေးချယ်ပေးတတ်ကြသော သဘာဝ ရှိနေခဲ့ ကြသလို အမည်နာမ ပေးခြင်း ၏ ကျမ်းအပေါင်းတို့ ကလည်း ဒုနဲ့ ဒေး ရနေကြကုန်၏။
မြန်မာတို့ ၌သာလျှင် နာမည်ပေး စနစ်များရှိသလို စနစ်တကျလည်း ရွေးချယ်လေ့ ရှိတတ်ကြပေသည်။ တရွာတစ်ပုဒ် ဆန်းဆိုသလို နာမည် ပေးစနစ်ကလည်း အမျိုးမျိုး ရှိနေကြပါသော်လည်း မည်သည့်  စနစ်က ကောင်း၏ မည်သည့် ကတော့ မကောင်းဟု ယတိပြတ် ပြောလို့  ရတာမျိုးလည်း မရှိသလို ကိုးကားပြီး ပြင်စရာ၊ တိုးချဲ့  စရာ များကိုလည်း ရှာဖွေတင်ပြမှုအား သို့ မဟုတ် သုတေသနပြုအား များကလည်း နည်းလွန်နေသေးသည်ဟု ယူဆရပါသည်။
ရှေးရှေးက ပညာရှင်ကြီးတွေရဲ့ ကျေးဇူးကြောင့် စနစ်တွေက ရှိနေပြီးသားပါ။ နာမည်ပေးရာမှာဘဲ ဖြစ်ဖြစ် ၊ နက္ခတ်ဗေဒင် နည်းစနစ်တွေဘဲ ဖြစ်ဖြစ် ရှေးကတည်းပြုစုထားခဲ့ ကြပါတယ်။ သို့ သော် ရှေးရှေးကကျေးဇူးရှင် ပညာရှင်တွေ ထားခဲ့တာတွေဟာ ဘာနဲ့  တူပါသလဲ ဆိုရင် မျိုးစေ့ တွေနဲ့  တူပါတယ်။
မျိုးစေ့ ဆိုတာ ပျိုးဘို့ ကျဲဘို့ အသီးအပွင့် တွေကို ရယူဘို့ ဖြစ်ပါတယ်။ ဒါကြောင့် ရှေးက ပညာရှင်ကြီတွေ ရှာဖွေထားပေးသွားတဲ့ အဲဒီမျိုစေ့တွေကို သုတေသန ပျိုးခင်းထဲကို အရောက်ပို့ ပြီး အသီးအပွင့်တွေကို ရယူဘို့ လည်း လိုအပ်ပါတယ်။ ပညာမျိုးစေ့တွေ ထားခဲ့တယ်ဆိုတာ နောင်လာ နောက်သားများက ဆက်လက်ပျိုးကြဲဘို့  ဖြစ်ပါတယ် ။ ဒါကြောင့် ပညာမျိုးစေ့ လို့ သုံးထားတာဘဲ ဖြစ်ပါတယ်။ သို့ သော် ကျွန်ပ်တို့ ဟာ ထိုထိုသော ပညာမျိုးစေ့ များကို ထိုင်စားနေကြသလို ဖြစ်နေပြီး ပညာရပ်တွေက နှစ်ပေါင်း BC နှစ်တွေဆီမှာဘဲ ရပ်ကျန်နေရစ်ခဲ့ ပါတယ်။
ဗေဒင်ပညာရပ်တွေထက် နှစ်ထောင်နှင့် ချီ၍ နောက်ကျမှ ပေါ်ထွန်းလာသော ပညာရပ်တိုင်း အားလုံးကတော့ အလျင်အဟုန်နဲ့ ရှေ့ ကိုပြေးနေခဲ့ကြတာ ကြာပါပြီ။
ဥပမာ(သောမတ်စ်အက်ဒီဆင်) ဟာလျှပ်စစ်မီးလုံး တစ်လုံးကိုသာ စတင်တီထွင်ခဲ့တာပါ ။ ဒါပေမဲ့ အဲဒီပညာရပ်က အဲဒီမီးလုံးတစ်လုံးမှာဘဲ ရပ်မနေခဲ့ပါဘူး ။ ယနေ့ လျှပ်စစ်နဲ့  မီး အဆင့်တန်းတွေကို အားလုံးအမြင်ပါဘဲ။ ဒီလိုပါဘဲ ပထမတော့ ရေနွေးငွေ့ နဲ့  မောင်းတဲ့ကားကိုပဲ တီထွင်ခဲ့ကြတာပါ။ ဒါပေမဲ့ တစ်နှစ်နဲ့ တစ်နှစ် တစ်ခေတ်နဲ့ တစ်ခေတ် ကားတွေ တိုးတက်လာတာ အားလုံးအမြင်ပါဘဲ။
ဆိုလိုချင်တာက ပညာရပ်တိုင်းအားလုံးက စတွေ့ စလိုဘဲ ရပ်မနေပါ ။ အရှိန်အဟုန်နဲ့ ရှေ့ ကို ပြေးနေကြသလို ကြောက်ခမန်းလိလိလည်း တိုးတက်နေလျက်ပါ။
သို့ ဖြစ်၍ ကျွန်ပ်တို့ ပညာရပ်တွေကိုလည်း BC နှစ်တွေမှာဘဲ ရပ်မထားသင့်ပါဘူး။ ဆရာတိုင်း၊ သုတေသီတိုင်း အတွေးအခေါ် မြင့်မားစွာနဲ့  တွေးခေါ်ရှာဖွေတတ်ဘို့  တတ်အားသ၍တော့ လိုမည်ထင်ပါသည်။
စာရေးသူက အမည်နာမ ရွေးချယ်ကြရာဝယ် သတိထားတွေးခေါ်သင့်တာတွေ၊ တဘက်ကိုလည်း လှမ်းကြည့်သင့်၊ အကဲခတ်ဘို့ လိုတာကို သွားလေသူ အကိုကြီးမင်းသိက္ခင်္ နာမည်ပြောင်းခဲ့ပုံ သူယူခဲ့  တဲ့စနစ်က ဇာတာနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေးကို တင်ပြလိုပါတယ်။
တချို့ ပညာရပ်တွေက အရောင်အသွေးချင်း မတူပေမဲ့ ဆက်စပ်နေတတ်သလို အဲဒီ မတူညီမှု့  နှစ်ခုကလည်း တိုက်ရိုက် ပါတ်သက်နေတတ်သလို အဲဒီအချက်ကလည်း အဓိကကျနေတာမျိုးလည်း ရှိနေတတ်ပါသည်။
ဥပမာ နာမည်တစ်လုံးကို ရွေးချယ်ရာမှာ ဆန်းနည်းသက်သက်နဲ့ သို့ မဟုတ် ခင်ကြီးဖျော် စနစ်နဲ့  ဘဲဖြစ်ဖြစ် ရွေးချယ်လိုက်ရင် အဲဒါနဲ့ ဘဲ ပြီးပြည့် စုံသွားပြီလို့  လှေနံဒါးထစ် မှတ်ယူလို့  မထားသင့်ပါဘူး။ အသွင် မတူတဲ့ ပါတ်ဝန်းကျင်ဘက်ကို လည်တစေ့ တစ်စောင်း လှည့်ကြည့်သင့်ပါတယ်။
မင်းသိက္ခင်္ ဆို တဲ့ နာမည် က ဘာကြောင့် နိုင်ငံကျော်ရသလဲ?????
တကယ်တော့ အကိုကြီး မင်သိက္ခင်္ နာမည်အရင်းကကို အောင်ထွန်း ဖြစ်သလို တနင်္ဂနွေသားးလဲဖြစ်တယ်။
စာရေးတော့ အကိုကြီးက မွေးနံဖျောက်တဲ့ စနစ်နဲ့ '” မင်းသိက္ခင်္ ” လို့ မှည်ခဲ့ ပါတယ်
၅ ကြာသပတေား
၂ တနလာၤ
၆ သောံကြာ
—-
—-
တနင်္ဂနွေ မွေးနံအထက်က တနလာင်္-+ ကြာသပတေး + သောံကြာ ကို ယူထားတာပါဘဲ တကယ်လည်း ကောင်းခဲ့ပါတယ် ။ နိုင်ငံကျော်တဲ့ နာမည်ဖြစ်ခဲ့ ရတာလဲ အမှန်ပါဘဲ ။ ဒီလိုဘာကြောင့် ကောင်းသွားရတယ်ဆို တယ်ဆိုတဲ့အကြောင်းတရားကိုလည်းရှာဖွေသင့်သလို သူ့ ချည်းကြောင့်ဘဲလား ဆိုတာကိုလည်း စဉ်းစားသင့်ပါတယ် ။
တကယ်တော့ ဇာတာထဲမှာ အကြောင်းတရားတွေ ပါလာပါမှ ၄င်းဇာတာနဲ့  ကိုက်ညီတဲ့ သဟဇတဖြစ်တဲ့ နာမည်တစ်လုံးကို ရကြတာပါဘဲ။
၁) အကိုကြီးမင်းသိက္ခင်္ရဲ့ နာမည် တနလာင်္ + ကြာသပတေး+ သောံကြာ နာမ်ပိုင်ဂြိုဟ်တွေကို မူလဇာတာမှာ ကြည့် ပါ။ ကြာသပတေးက ၉ တန့် မှာ ကသစ်မူနေပြီး တနလာင်္ စန်းကို အမြင်အယှဉ်ရှိထားသလို သောံကြာကလည်း ၁၁ တန့် မှာကသစ်အဖြစ် ရပ်တည်ထားပါတယ်။
၂) ကြာသပတေး က လဂ်သခင်စန်းကို မိမိကသစ်အိမ်ကနေ ကိန်းအမြင်ရှိနေတာမို့  ဂဇကေသရီယုဂ်ကို အားကောင်းစွာဖွဲ့ စည်းရှိနေပြန်ပါသည်။
၃) ပြီးတော့ ၁၀ တန့်  မှာ ပါပ ဂြိုလ်နှစ်လုံးရှိနေတာကို ကသစ်၊ ကြာသပတေးနဲ့  သောံကြာတို့  က သောမ ကတ္တိရိ သင့်ပေးထားပြန်ပါတယ်။
၎) အဲဒီ ကြာသပတေးက လဂ် ၉တန့် မှာ ကသစ်အဖြစ် ရပ်တည်နေသလို ကသစ် သောံကြာ ကလည်း စန်း တနလာင်္ရဲ့ ၉တန့် မှာတည်နေပြန်ပါသည်။
တခါ အကို ကြီးရဲ့ မူ လနာမည် “ အောင် ထွန်း “ ကို လေ့ လာကြည့် ကြပါစို့ 
အောင် + ထွန်း = အောင် ဆို တဲ့ နာမ်ပိုင်ဂြိုဟ် တနင်္ဂနွေ က ဗျယ မှာ ဗုဒ္ဓအဓိရ ယုဂ်နဲ့ ယှဉ်နေ ပေမဲ့ ” ထွန်း ” ရဲ့ နာမ်ပိုင် ဂြိုဟ် စနေ က ၁၀ တန့် မှာ နိစ်မိနေပြီး ကိတ်၊ Uranus တို့ နှင့် ယှဉ်နေရုံသာမက အင်္ဂါ၏ အမြင်ခံထားပြန်ပါသည်။ သို့ ဖြစ်၍၄င်းနာမည်က အားကောင်းသော ဇာတာနှင့်မကိုက်ညီ၍ ထင်ပေါ်ကျော်ကြားမည့် ဇာတာရှင်အတွက် နာမည်ပြောင်းရန် အကြောင်းတရားများက ဖန်လာခြင်းဖြစ်သလို မိမိဇာတာနှင့် ကိုက်ညီထိုက်တန်သောာ အမည်တစ်လုံးကို ရရှိသွားရခြင်းပင် ဖြစ်ပေသည်။
အကိုကြီး မင်းသိက္ခင်္ တစ်ယောက်တည်းနဲ့ ယှဉ်ပြနေခြင်းမဟုတ်ပါ။
စူပါစတား ကိုကျော်ဟိန်း ၊ ကိုကျော်သူ တို နာမည်တွေကိုလည်း သုံးသပ်လို့ ရပါတယ် ။
အမျာအခေါ် ဓမ္မာ – သောက – အင်းဝ -ရာဇာ ဆို တဲ့ ရန်နာမ်တွေထဲက သူတို့ က ” သောက”
တနလာင်္ + သောံကြာ နာမ်တွေကို ယူ ပြီးမှည့် ထားကြပါတယ် ။ ဒါပေ မဲ့ ဒီနာမည်တွေက နိုင်ငံကျော် စူပါစတားတွေ ဖြစ်လာပါတယ်။ ဘာကြောင့်လဲ။
သူတို့ရဲ့  ဇာတာမှာ ၄င်းနာမ်ဂြိုဟ်တွေက အားကောင်း၊ ယုဂ်ကောင်းတွေနဲ့  ရပ်တည်နေလို့ ဘဲ ဖြစ်ပါတယ်။ ဥပမာ ကိုကျော်ဟိန်းဇာတာ မှာ တနလာင်္က ဥစ် ဂြိုဟ်ဖြစ်နေသလို သောံကြာက မေထုံမှာ ဗုဒ္ဓအဓိရယုဂ်နဲ့ ယှဉ်နေပါတယ်။ ကိုကျော်သူ လည်းဒီလိုပါဘဲ ၊ ပြီးတော့ ကိုကျော်ဟိန်းက နိစ်ပြအား ကြီးနေသူ ဖြစ်သလို ကိုကျော်သူက ဒုဌာန အားကြီးနေ တဲ့ ဇာတာရှင်ဖြစ်နေပါတယ်။
ဒါကြောင့်လည်း သူတို့ က သဘာဝ မင်းသားတွေဖြစ်လာကြသလို အဒွန့် ရှည်နေကြတာပါဘဲ။ နိစ်ပြအားကြီးသူ ၊ ဒုဌာနအားကြီး နေသူ နှစ်ဦးအတွက် အနုတ် အနုတ်ခြင်း အပေါင်းဖြစ်သလို ရန်ဘက်နာမ် သောက ဆိုတာက သူတို့ အတွက် အကျိုပေးသန် နေရခြင်းဘဲလို့  ဆိုနိုင်ပါတယ်။
စိုးမြတ်သူဇာ နာမည်ကို လေ့လာကြည်လဲ ဒီလိုပါဘဲ ။
ဘယ်လို စနစ်နဲ့  ဘဲ ပေးထားပါစေ သူ့ နာမည် ကို အင်္ဂါနဲ့ စ ပြီးအင်္ဂါနဲ့ ဘဲ ပိတ်ထားပါတယ် ။ အဲ ဒီ အင်္ဂါက သူ မရဲ့ ဇာတာမှာ ဥစ်ဂြိုဟ်အဖြစ် ရပ်တည်နေတာကို တွေ့ ရှိနိင်မှာဖြစ်သလို သောံကြာကလည်း သိဟ်ရာသီမှာ တနင်္ဂနွေ + ဗုဒ္ဓဟူး+ ဗုဒ္ဓအဓိရ ယုဂ်နဲ့  ယှဉ်နေတဲ့  သောံကြာ ဖြစ်နေတာ တွေ့ ရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် စာရေးသူအနေနဲ့ အဓိက တင်ပြလိုတာက အမည်နာမကိုဘယ်လိုနည်းစနစ်နဲ့  ဘဲ ပေးပေး၊
ဘယ်လို အမြစ်အညွန့် တွေဘဲ မှန်နေပါစေ ၊ နာမည်တစ်လုံးရဲ့ အဓိပဌာန အကျဆုံးအားတွေက ဇာတာမှာဘဲ ရှိနေတတ်သလို၊ အမြစ်အညွန့် မှန်နေတဲ့ နာမ်တွေဘဲ ဖြစ်ဖြစ် မွေးနံအထက်က နာမ်သုံးလုံး ကိုယူထားသည်ဘဲ ဖြစ်စေ၊ အဲဒီ မိမိယူပေးလိုက်တဲ့ နာမ်တွေက ကာယကံရှင်တွေရဲ့  မူလဇာတာမှာ အနေမကောင်းခဲ့ ပါမူ အချီးအနှီးဘဲ ဖြစ်သွားတတ်သလို ထင်သလောက် အကျိုးမပြုနိုင်ဘူးလို့ ဆိုရင် မှားနိုင်စရာရှိမယ် မထင်ပါဘူး၊
နောက်တစ်ခုက မဟာဘုတ်မှာ ပုတိ-ဘင်္ဂ-မရဏ တွေ မှာကျနေ တဲ့ ဂြို ဟ်သို့ မဟုတ် နာမ်တွေကို
ပုံသေ အဆိုး အဟောကွက်မျိုး မထုတ်သင့်ပါဘူး။အထက်မှာဖော်ပြခဲ့ သလိုပါဘဲ အကယ်၍ အဲဒီ မကောင်းဌာနတွေမှာ ရပ်တည်နေတဲ့ ဂြိုဟ်တွေက ထိုသူရဲ့  မူလဇာတာမှာ ထိုဂြိုဟ်တွေက အားကောင်းနေမယ် ယုဂ်တွေ ရှိနေမယ်ဆိုရင် အကောင်းဘက်ကို ယိုင်သွားပြီး ကောင်းကျိုးပေးနေတတ်ပါတယ်၊
ဥပမာ အကိုကြီး မင်းသိက္ခင်္ရဲ့ မဟာဘုတ်မှာက တနလာင်္ မရဏ ၊ သောံကြာ ဘင်္ဂ ဖြစ်နေပါတယ်. ဒါပေမဲ့ အဲဒီ နာမ်၊ ဂြိုဟ်တွေက သူရဲ့ မူလဇာတာမှာ အားကောင်းတဲ့  ယုဂ်တွေ ဖွဲ့ စည်းနေပြီး အနေကောင်းနေကြတာမို့ သူ့ နာမည်မှာ တနလာင်္-သောံကြာတွေ ပါနေပေမဲ့  နိုင်ကျော်တဲ့ နာမည်ဖြစ်လာရတာပါဘဲ။
သို့ ဖြစ်၍ နာမည်တစ်လုံးကို ဘယ်လို နည်းစနစ်နဲ့ ဘယ်ရွေးရွေးး မူလဇာတာနဲ့ ညှိဘို့ တော့ လိုအပ်လိမ့်မယ်လို့ ပညာရှင်များသုတေသီများကိုပန်ကြားလိုပါသည်၊
မှတ်ချက်–မူလဇာတာကိုမကြည့် တတ်ရင်သို့ မဟုတ် ဇာတာကို မကြည့် ဘဲ့ မသုံးသပ် ဘဲ အမည်ပေး
မိရင်ဘယ်လိုဖြစ်သွားနိုင်လဲ??
ဥပမာ အကိုကြီး မင်းသိက္ခင်္ မွေးမဟာဘုတ်ကို ကြည့် ပြီး တနလာင်္ မရဏ -သောံကြာရယ်ဘင်္ဂ ဆိုပြီး အဲဒီနှစ်လုံးကို ဖယ်ထားမိခဲ့ရင် ကျော်ကြားလာစရာအကြောင်း မရှိနိင်ပါဘူး။
ထို ကြောင့် အမည်နာမရွေးချယ်ရာဝယ် မဟာဘုတ်ကိုလည်း ပုံသေကိုင်မထားလေနဲ့  ခင်ကြီးဖျော်ကိုလည်း ရင်မှာ မပိုက်ထား လေနဲ့  အမြစ်အညွန့် တည့်တိုင်းလည်း မှန်ပြီ မထင်လေနဲ့ ။ မကြည့်မဖြစ်တဲ့ ရာသီကိုလည်း ငှဲ့ စောင်းလို့ ကြည့်လှဲ့ ပါအုံးလို့  ပန်ကြားလိုက်ပါရစေ။
အကိုကြီး မင်းသိက္ခင်္၏ဇာတာနှင့် နာမည်ကို ပညာရှင်များ သုတေသီများ လေ့ လာမှတ်သားလို့  ပညာမှတ်စု မှတ်တမ်းလေး အဖြစ် တည်ရှိနေရန် တင်ပြအပ်ပါသည်။
ဘဲလားလေဘာတီ
ခေတ္တ U.S.A August 5th 2008
နေကြတ် နတ်ကြေ ကြေနတ် ကြတ်နေ
July 31, 2008
မိုးဦးကောင်းအံ့ ။ စိုက်ပျိုးရေးများ အောင်မြင် ဖြစ်ထွန်း အံ့
သြဂုတ် လ ၁ ရက် ၂၀၀၈ ခု နှစ် သောကြာနေ့ မှာ ကနေဒါ နိုင်ငံ မြောက်ပိုင်း ကနေ စပြီး နေကြတ်ခြင်း စတင်မှာဖြစ်ပြီး နေကြတ်မဲ့ လမ်းကြောင်းဟာ အမြဲစိမ်းကျွန်း (Greenland ) မြောက်ပိုင်း ကို ဖြတ်သန်းပြီးသကာလ မြောက်ဝင်ရိုးစွန်း ကနေ ရုရှား နိုင်ငံ မြောက်ပိုင်း ၊ မွန်ဂိုလီးယား စတဲ့  နိုင်ငံတွေကို ဖြတ်သန်း သွားပြီးတော့ တရုတ်ပြည် မှာ အဆုံးသတ်ပါမယ်။
အခု နေကြတ်တဲ့ လမ်းကြောင်းဟာ ကမ္ဘာ့မြောက်ခြမ်း ကနေ တောင်ဘက်ခြမ်းကို မြောက်ဝင်ရိုးစွန်းပေါ်ကနေ ဖြတ်သန်းသွားပါတယ်။
နေကြတ်ရာ လမ်းကြောင်းကို ဒီမှာ ကလစ်နှိပ်ပြီး ကြည့်ပါ
နေလုံးပျောက်သွားတဲ့အထိ အလုံးစုံကြတ် (Total Eclipse ) မှာ ဖြစ်ပါတယ်။ အဲလို အလုံးစုံ ကြတ်တာကို ရုရှားနိုင်ငံရဲ့ မြို့ ၂ မြို့ မှာ တွေ့ မြင်နိုင်မှာ ဖြစ်ပြီး ကြာမြင့်ချိန်ကတော့
၂ မိနစ် ၁၃ စက္ကန့်  နဲ့  ၂ မိနစ် ၂၀ စက္ကန့်  ကြာမြင့်မှာ ဖြစ်ပါတယ်။
နေကြတ်တာကို မြန်မာနိုင်ငံက မြန်မာစံတော်ချိန် ညနေ ၄း၅၁ မိနစ်မှာ စတင်မြင်တွေ့  နိုင်ပါမယ်။
—————————
ဟိန္ဒူ ဗေဒင်ကျမ်းအရ
သောကြာနေ့ တွင် နေကြတ်ပါက
မိုးဦးကောင်းအံ့ ။ စိုက်ပျိုးရေးများ အောင်မြင် ဖြစ်ထွန်း အံ့ ။ သိုးမွှေး ၊ ချည်ထည် ၊ မြက်၊ မျိုးစေ့များ ၊ဆီ၊ သကြား အစရှိသည်တို့ နှင့် ပတ်သက်ပြီး ကုန်သည်များ အမြတ်အစွန်းငွေများ ရရှိအံ့။ ကျောင်းဆရာများ ၊ ပညာရှင်များ ၊ ဆာဒူးများ ၊ ရေဖြင့် မှီခိုအားထား စီးပွားရှာလုပ်ကိုင်နေကြသူများ အခက်အခဲ တွေ့ အံ့။
ဖုသျှ နက္ခတ်ဖြင့် ယှဉ်တွဲနေချိန်တွင် နေကြတ်သဖြင့်
Share ၊ ရွှေ ၊ ငွေ ၊ ကြေး အစရှိသည်များ ဈေးခုန်တက်အံ့ ။ ဂျုံ ၊ မြက် ၊ ပဲ (chickpea) ၊ ပုလဲ ၊ နနွင်း ၊ Dhania ၊ သိုလှောင် ရောင်းဝယ်ဖောက်ကားသူများ အမြတ်အစွန်း များစွာ ရအံ့။ ၊
—————————
Total Solar Eclipse ( Maximum eclipse @ Nizhnevartovsk, Russia )
Greatest Eclipse @ UT 10:21 am.
Mundane Astrology အရ
၉ တန့် တွင် နေကြတ်ခြင်း ၊ မြန်မာနိုင်ငံဇာတာအရ ၁၀ တန့် တွင် စနေ အင်္ဂါ စီးထားသဖြင့်
နက္ခတ်ပညာရှင် တစ်ဦးရဲ့ ဟောပြောချက်ကတော့….
နွေ အခါတွင် မီးဘေး ဂရုပြုပါ ။ မီးလောင်ခဲ့ပါက ယမန်နှစ်ထက် ပိုမိုကြီးမားသော ဆုံးရှုံးမှုများ ဖြစ်အံ့ ။ နိုင်ငံတကာ၏ ဖိအားများ အတွေးသစ် ၊ အမြင်သစ်များ ဖြင့် ဆန်းသစ်လာအံ့ ။ နယ်ခြားဒေသများတွင် စစ်မက်အင်္ဂါရပ်များ ကြီးထွားအံ့ ၊ ပြဿနာများ ပိုမို ရှုပ်ထွေးလာအံ့။ သာသနာ့ဝန်ထမ်းများ နှင့် အစိုးရ၀န်ထမ်းများ နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ ရအံ့ ။ အကြီးအကဲ အထက်ပိုင်းများကြားတွင် မကြေလည်မှုများ တိုးပွားလာအံ့ ။ မင်းစိုးရာဇာ မိသားစု အသိုင်းအ၀ိုင်းတွင် နာရေးကြုံရအံ့။ နေကြတ်ပြီး ၉လ အတွင်း နိုင်ငံတော် အကြီးအကဲ သို့ မဟုတ် ကြင်ယာတော် ကျန်းမာရေးကြောင့် ခွဲစိတ်ခံကိန်း ရှိလာနိုင်အံ့ ။ ၂၀၁၀ တွင် ပြုလုပ်မည့် အမှုကိစ္စများ လမ်းညွှန်ပေးမည့်သူ ကင်းမဲ့ခြင်းကြောင့် ဝေ့လည်ကြောင်ပတ် ဖြစ်အံ့။