Archive for April, 2010
Hello world!
April 17, 2010
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!
iPredict – ၁၃၇၂ ခုနှစ် နှစ်သစ်ကူး ဇာတာတော်
April 15, 2010
iPredict – ၁၃၇၂ ခုနှစ် နှစ်သစ်ကူး Prediction
၁၃၇၂ ခုနှစ် နှစ်သစ်ကူး ဇာတာတော်
နားဆင်ရန် –  http://sites.google.com/site/mmastrology/player.swf
File size – 916KB
Total time – 8 minutes
Download  – iPredict – ၁၃၇၂ ခုနှစ် နှစ်သစ်ကူး ဇာတာတော်
1.Multi Uploads
2. ifile.it
iPredict monthly prediction programme တွင် ကြော်ငြာထည့်ဝင်လိုသူများ ဆက်သွယ်နိုင်ပါပြီ ။
iPredict – ၇ ရက်သားသမီးများအတွက် ဧပြီလ လမ်းညွှန်ချက်များ
April 11, 2010
iPredict – ၂၀၁၀ ဧပြီလ
၂၀၁၀ ဧပြီလ ၁၃ ရက်မှ ဧပြီ ၃၀ရက် အထိ အကြံပြုချက်များ
iPredict – April 2010.mp3
File Zie -4.56MB
Total time – 20 mins
1. Multi file upload
2. Mediafire
3. iPredict – April 2010.mp3
iPredict – monthly prediction programme တွင် ကြော်ငြာထည့်ဝင်လိုသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာမထက်နွေးစန္ဒီ (LL.B) , (LL.M)
April 5, 2010
စိတ်ချမ်းသာလိုသူများအတွက် ချစ်ခြင်းမေတ္တာစေညွှန်ရာ
Our new professional astrology  and palmistry consultant 
specialist in love and relationship matters
Proudly presented by mmastrology
ဆရာမထက်နွေးစန္ဒီ (LL.B) , (LL.M)
မိန်းမပျို / ယောက်ျားပျို လေးများအတွက်
– မိမိဖူးစာရှင် ဘယ်လိုလူမျိုးလဲ ၊ ဘာနေ့ သားလဲ ၊ ဘယ်လိုပုံစံ စိတ်ထားရှိသလဲ
– အချစ်ရေး ကံကောင်းမလား ၊ ဘယ်အသက်မှာ စန်းပွင့်ပြီး ချစ်သူပေါ်မလဲ
– ချစ်သူ ၊ အိမ်ထောင်ဖက်ကောင်းကို ဘယ်လို ရွေးရမလဲ
အိမ်ထောင်ရှင်များအတွက်
– ခင်ပွန်း / ဇနီး အိမ်ထောင်ရေး ဖောက်ပြန်နေတာ ဘယ်လို ထိန်းရမလဲ
– ခင်ပွန်း / ဇနီး မိမိအပေါ် ဥပေက္ခာပြုနေတာကို ဘယ်လို လုပ်သင့်သလဲ
– ခင်ပွန်း အချိန်တန် အိမ်မပြန်ဘဲ အပြင်မှာလေနေတာကို ဘယ်လိုပြုပြင်ရမလဲ
– ခင်ပွန်း / ဇနီး မိမိအပေါ် စွဲလမ်းချစ်ခင် သစ္စာရှိဖို့ ဘာတွေ ပြင်ဆင်သင့်သလဲ
– ခင်ပွန်း / ဇနီး မိမိစကား နားဝင်လက်ခံပြီး မိသားစုအပေါ် ချစ်ခင် တာဝန်သိဖို့ ဘာလုပ်သင့်သလဲ 
ဟောစာတမ်း
– အချစ်ရေး နှင့် အိမ်ထောင်ရေး နှစ်မျိုးသာ ဟောထားသော ” နှလုံးသာဟောစာတမ်း “
– ချစ်သူ / ခင်ပွန်း ထံမှ စွဲလမ်း ဂရုစိုက်မှု ရအောင် ညွန်ပြထားသော “အလင်းပြ ဟောစာတမ်း”
– တစ်နှစ်စာ အသေးစိတ် ရက် ၊ လ  အလိုက် တိကျစွာ ဟောထားသော ” နှစ်စဉ် ဟောစာတမ်း”
– မိမိဘ၀ တစ်သက်စာ အနာဂတ် ကံကြမ္မာကို ခြွင်းချက်မရှိ ဟောထားသော ” ဘ၀လမ်းညွှန်ဟောစာတမ်း “
စသည့် အမျိုးသမီး / အမျိုးသား တို့ ၏ လိုအပ်ချက် ဆန္ဒ မှန်သမျှကို ပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်ပေးနေပါပြီ ။
အကြံပြုဟောစာတမ်း တောင်းခံလိုသူများ အနေဖြင့်
အမည်၊ မွေးနေ့ ၊ မွေးချိန် ၊ မွေးဖွားရာဒေသ နှင့် လိုအပ်သော ဟောစာတမ်း တို့ အား ဖော်ပြပြီး 
nwaysandi@gmail.com  
သို့ လိပ်မူပြီး မေးမြန်းနိုင်ပါပြီ။
ဥာဏ်ပူဇော်ကြေးအနေဖြင့်
မေးခွန်း ၁ခွန်း  – £ 5
ရိုးရိုးဟောစာတမ်း – £20
အထူးဟောစာတမ်း – £ 35
paypal account အား ကလစ်နှိပ်ပြီး ပေးသွင်းနိုင်ပါပြီ ..။ 
မေးမြန်းသူများအနေဖြင့် paypal receipt အား တစ်ပါတည်း ပူးတွဲတင်ပြရန်လိုအပ်ပါသောကြောင့်
payapl notification email  ရပြီးမှသာလျှင် ဆရာမထက်နွေးစန္ဒီထံသို့  
၎င်း notification email အား attach လုပ်ပြီး မေးခွန်းများအား မေးမြန်းကြပါရန်။
အလုပ်ချိန် – တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ၊ တနင်္ဂနွေ  
ညနေ ၇း၀၀ မှ ၉း၀၀ အထိ
 လမ်းကြုံ၊ အခမဲ့ မေးမြန်းမှုများအား ပြန်လည်ဖြေကြားပေးမည်မဟုတ်ကြောင်း သိစေအပ်ပါသည်။
စင်ကာပူ ဘဏ်အကောင့်သို့ လဲ ပေးသွင်းနိုင်ပါပြီ။ 
POSB Savings Account
171 441 986
ကိုယ်ရေးကိုယ်တာ အချက်အလက် မူဝါဒများ (Privacy Policy)
One of our top priorities is making sure that the information we have about you is protected and secure.
We value our relationship with you and work hard to preserve your privacy. At the same time, the very nature of our relationship may result in us collecting or sharing certain types of information about you.
We collect personal information to allow us to personalize Astrology reports. We regard all personal information – including birth data – as completely confidential, and refuse to divulge your information to any third party.
The giving of information to other companies
mmastrology DOES NOT sell or disclose individually identifiable information obtained about our customers to anyone outside of mmastrology. The only exceptions to this rule are the following:
  • It is required by law and when we believe that disclosure is necessary to protect our rights and/or to comply with a judicial proceeding, court order, or legal process served on our Web site
  • Disclosure is necessary to protect the safety of customers or employees
  • Training and work experience purpose.
အင်္ဂ၀ိဇ္ဇာပညာ နိဒါန်း (၃)
April 3, 2010
အင်္ဂ၀ိဇ္ဖာပညာ ။
အင်္ဂ၀ိဇ္ဇာ ကျမ်းရင်းလင်္ကာ ၄၀ မှ ကျမ်းရင်း လင်္ကာ အမှတ် (၅) ဖွင့်ဆိုချက် အကျဉ်း..။
သူရဇ္ဇ နှင့် သောကြ ထက်အောက် ၊ ခယားဇောက် ၊ ကောက်ဘိ ဆပွတ်ကြံ  မှတ်ရန်နည်းတစ်ဝ။
၎င်း လင်္ကာအမှတ် ၅ အား လေ့လာမည်ဆိုပါက….
– သူရဇ္ဇ နှင့် သောကြ ဟုဆိုသည့် အင်္ဂ၀ိဇ္ဖာ အခေါ်အဝေါ်
– ခယားဇောက် ဟုဆိုသည့် အင်္ဂ၀ိဇ္ဇာ အခါတိုင်ထူပုံ
– ဆပွတ် ဟုဆိုသည့် ၆ ခုမြောက် ရေတွက်နည်း
အစရှိသည်တို့ ကို လေ့လာရမည် ဖြစ်သည်။
သူရဇ္ဇ နှင့် သောကြ ဟုဆိုသည့် အင်္ဂ၀ိဇ္ဖာ အခေါ်အဝေါ်
မည်သည့်ပညာရပ်တွင်မဆို ပညာရပ်ပိုင်းနှင့်သက်ဆိုင်သည့် အခေါ်အဝေါ်များ ( Terminology  ၊ Jargon) ရှိသကဲ့သို့  ပင် အင်္ဂ၀ိဇ္ဇာ ပညာရပ်တွင်လည်း ကိုယ်ပိုင် အခေါ်အဝေါ် ရှိသည်။  တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး အစရှိသည့် သာမန် လူအများ သုံးစွဲ ခေါ်ဝေါ်နေသည့် နေ့ နံများအား အင်္ဂ၀ိဇ္ဇာ အခေါ်အဝေါ် သတ်မှတ်ချက်များ ဖြင့် သတ်မှတ်ထား၏။ သင်္ချာ ဂဏန်းသတ်မှတ်ချက်များမှာ မူ အတူတူပင် ဖြစ်သည်။
၎င်း အင်္ဂ၀ိဇ္ဇာ အခေါ်အဝေါ်များအား တနင်္ဂနွေ ၊ တနင်္လာ အစရှိသည့် နေရာများတွင် သင့်လျော်သလို အစားထိုးပေးလိုက်ပါက 
ဆပွတ်
ဆပွတ် ဆိုသည်မှာ မူလ မှ စတင်ရေတွက်ပါက ၆ ခုမြောက် ကျရောက်သည့် နေရာကို ခေါ်ဆိုသည်။
တနင်္ဂနွေ မှ စတင်ရေတွက်လျှင် (တနင်္ဂနွေအပါအ၀င်) ၆ ခုမြောက် သည် သောကြာ 
တနင်္လာ မှ စတင်ရေတွက်လျှင် (တနင်္လာအပါအ၀င်) ၆ ခုမြောက် သည် စနေ
အင်္ဂါ မှ စတင်ရေတွက်လျှင် (အင်္ဂါအပါအ၀င်) ၆ ခုမြောက်သည် တနင်္ဂနွေ
ဗုဒ္ဓဟူး မှ စတင်ရေတွက်လျှင် (ဗုဒ္ဓဟူး အပါအ၀င်) ၆ ခုမြောက်သည် တနင်္လာ
ကြာသပတေး မှ စတင်ရေတွက်လျှင် (ကြာသပတေးအပါအ၀င်) ၆ ခုမြောက်သည် အင်္ဂါ
သောကြာမှ စတင်ရေတွက်လျှင် (သောကြာအပါအ၀င်) ၆ ခုမြောက်သည် ဗုဒ္ဓဟူး
စနေ မှ စတင်ရေတွက်လျှင် (စနေအပါအ၀င်) ၆ ခုမြောက်သည် ကြာသပတေး
ရေတွက်ရာတွင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ အစရှိသည့် ပြက္ခဒိန်ရှိ နေ့  များ၏ အစီအစဉ်အတိုင်း ရေတွက်ခြင်း ဖြစ်သည်။
ဆပွတ်ဂြိုဟ် အစဉ်ကို အောက်ပါအတိုင်း လင်္ကာဖြင့် မှတ်သားနိုင်ပါသည်။
တ    ပည့်    စာ    အံ    သီ    လ    ခံ
ဆပွတ်ဂြိုဟ် အစီအစဉ်အတိုင်း  တနင်္ဂနွေမှ အစပြုကာ ရေတွက်ပါက …အင်္ဂ၀ိဇ္ဇာအခေါ်အဝေါ် နှင့် အခါတိုင်များမှာ အောက်ပါအတိုင်း ရရှိမည် ဖြစ်သည်။ 
ခယားဇောက်
ခယားဇောက် ဆိုသည်မှာ အခါတိုင် စိုက်ထူခြင်းအား ခေါ်ဆိုခြင်းဖြစ်သည်။ မဟာဘုတ် ပညာရပ်တွင် မဟာဘုတ်ဇယားကွက် ရေးဆွဲခြင်းအား မဟာဘုတ်ထူသည် ဟု ခေါ်ဆိုသကဲ့သို့ ပင် အင်္ဂ၀ိဇ္ဇာပညာရပ်တွင် အခါတိုင်စိုက်ထူခြင်းအား ခယားဇောက်တိုင် ထူသည် ဟု ခေါ်ဆိုသည်။ လင်္ကာတွင် အထက်အောက် ဆိုသည့်အတွက်  ခယားဇောက်တိုင်ထူရာတွင် တိုင်၏ အထက်၁ လုံး ၊ အောက် ၁လုံး ထည့်သွင်း ရေးဆွဲနည်းဖြင့် ထူနိုင်သလို  အောင်လံထူ စစ်သူကြီးပွဲ (အောင် လံ တေ ဇ သ ကျ မှီ အုံး) ဟူသည့် စတုရန်းလင်္ကာဖြင့် အခါတိုင်၏ အောက် သို့ ၃ လုံး ဆင်း ကာ အထက်သို့  ၃ လုံးတက် နည်းဖြင့်လည်း ထူနိုင်သည်။ 
ခယားဇောက် တိုင် တည်ဆောက်ပုံ
 ဆပွတ်လင်္ကာဖြင့် အခါတိုင် တည်ဆောက်ပုံ ( သူရဇ္ဇအခါတိုင် ဥပမာ )
စတုရန်းလင်္ကာဖြင့် ခယားဇောက်တိုင် တည်ဆောက်ပုံ ( သူရဇ္ဇအခါတိုင် ဥပမာ)
ဆပွတ် လင်္ကာ ဖြင့် ဖြစ်စေ ၊ စတုရန်းလင်္ကာ ဖြင့် ဖြစ်စေ မည်သို့ ပင်ရေးဆွဲစေကာမူ နောက်ဆုံး အဆင့် (၈) ဖြစ်သည့် အခါတိုင် သည် အတူတူပင် ဖြစ်သည်။ 
” သူရဇ္ဇ နှင့် သောကြ ထက်အောက် ၊ ခယားဇောက်၊ ကောက်ဘိ ဆပွတ်ကြံ မှတ်ရန် နည်းတစ်ဝ” ဆိုသည့် လင်္ကာအား ပြန်လည် ပေါင်းစည်းရသည် ရှိသော်….
သူရဇ္ဖ ၊ သောကြ အစရှိသည့် ကိန်းဂဏန်းများအား ဆပွတ်ဟုခေါ်သည့် ၆ ခုမြောက် အစီအစဉ်အတိုင်း အခါတိုင်တွင် အထက် တစ်လုံး အောက် တစ်လုံး  ထည့်သွင်းရေးဆွဲခြင်းဖြင့် အခါတိုင် တည်ဆောက်နည်းကို မှတ်သားနိုင်သည်။
ဤတွင် အင်္ဂ၀ိဇ္ဇာ ကျမ်းရင်း လင်္ကာ အမှတ် ( ၅) အကျဉ်း ရှင်းလင်းချက် ပြီး၏
ဆပွတ်ဂြိုဟ် ကို ဘာကြောင့်ယူသလဲဆိုတာကို ပိုရှင်းလင်းချင်ရင်တော့ အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်..
(၁) လက်ရိုး နဲ့ လက်ဆန်းမှာ ဆုံချက်ရှိတယ်
(၂) နက္ခတ်ဗေဒင် ဖြစ်ပေါ်လာပုံ
(၃) လက်ရိုး လက်ဆန်း  နာမည်ပေး ယတြာ ဆိုကြရာဝယ်
ကမ္ဘာမြေကြီးကနေ ဂြိုဟ်တွေတည်ပုံကို လေ့လာကြည့်မယ်ဆိုရင် ဆပွတ်လင်္ကာအတိုင်း ဂြိုဟ်တွေကို အစဉ်လိုက် တွေ့ ရပါလိမ့်မယ်။…