Archive for the ‘အင်္ဂ၀ိဇ္ဖာ’ Category

သူခေါ်ရင် လာပါ .. လာပါ .. (၂)

April 3, 2009

တစ်ခါရိုက်ပြီးလို့  အိမ်ပေါ်တောင် ပြန်ရောက်လာတယ် မဟုတ်လား ။ ထပ်ဆင်းသွားရင် ကိုယ့်အပြစ်

၂၅.၀၃.၂၀၀၉

” ဆရာ ကျနော်တခုမေးပါရစေ . . “
” တော်ပါပြီ သမီးရယ် မေးတာတွေကလည်း များလွန်းပါတယ်”

“မတော်ပါနဲ့ ဦး ဆောင်းပါးထပ်ရေးလို့ ရတယ်လေ”
“ဟမ်မလေး ကျနော့်မှာ ရေးစရာတွေ ပုံနေတာ”

” အခု..အဲ့လောက်စွမ်းတဲ့ ဓာတ်ရိုက်ဓာတ်ဆင် နဲ့ ပြန်ခေါ်ချင်သေးလို့ ပါ ဆရာရယ် . .”
” တစ်ခါရိုက်ပြီးလို့  အိမ်ပေါ်တောင် ပြန်ရောက်လာတယ် မဟုတ်လား ။ ထပ်ဆင်းသွားရင် ကိုယ့်အပြစ် . အကောင်းဆုံးက မေတ္တာ သာ အကောင်းဆုံးပဲ “

“တိန် . . အပြောအဆိုဆင်ခြင်မှ တော်ကြာထည့်ရေးနေဦးမယ် “
” ဟက် ဟက် . .အကုန် ထည့်ရေးမှာ “

” အခု က ဆရာ့ကို လာပြောတာပါ. . မနေ့ ညက ဆရာပြောတဲ့အတိုင်း ၁၀း၃၀ ကနေ ၁၂း၀၀ ကြားမှာ email ပို့ လိုက်တာ စာမပြန်တဲ့သူ က စာလုံးဝ မပြန်တဲ့သူက reply လုပ်တဲ့အကြောင်း လာပြောတာပါ ဆရာရယ်။ “
” အဆင်ပြေတော့လည်း ကောင်းတာပေါ့ဗျာ”

“အခု reply လုပ်မလို့  ဒီနေ့ ပြန်သင့်လားဆရာ အခါပေးပါဦး ဒီနေ့ အတွက် . . အမလေး..ပျော်လိုက်တာ ကွိကွိ ၂ ကြောင်းထဲပါ . . ဒါပေမယ့် .. မပြန်စဖူး . . ဟေ ဟေ ဟေ့ “

” စာပြန်တာ ကြိုက်တဲ့အချိန်ပြန်ပေါ့။ ခက်တယ် မိန်းမတွေ မလွယ်ဘူး”
” ပျော်တယ်ပျော်တယ် ၊ ကျေးဇူးဆရာ. . အာဘွားးးးးးးးးးးး”

” အင်း .. အဲဒါကြောင့် အလိမ်ခံနေရတာ”

” ဘာလို့ တုန်း ဆရာသံပရာသီးရဲ့ ”
“ကောင်လေးကတော့ ချွဲပြနေမှာပေါ့ . . ဒီကောင်မလေး အညာမိတော့မယ်”

” ဆရာ..တိုးတတ်လာလားဟင် အခြေအနေ. .သူကသဘောထားပျော့ပြောင်း လာပလား”
” တိုးတက်ပါတယ် တဏှာနွံထဲကို ဆင်းမဲ့သဘောပေါ့ဗျာ . .ချမ်းသာချင်ရင် တဏှာကို စွန့် ရတယ် တဏှာစွန့် ပြီး ယောက်ျားယူ ဟက်ဟက် . . . ပြောပြီးပြီနော် .. အဆင်ပြေချင်ရင်တော့ အပြောအဆို ဆင်ခြင်”

” ဟုတ်ကဲ့ဟုတ်ကဲ့ ဆရာအခြေအနေရှေ့ လျှောက် တိုးတတ်မှာလားဟင် . . “
” ကိုယ့်အပေါ် မူတည်တာပေါ့ဗျာ”

” ဟုတ်ကဲ့ သူသာအဲလိုလေး သဘောကောင်းရင် ရန်မရှာပါဘူး ဆရာရယ်..ကျနော့်အပေါ်မှာများ ချစ်တဲ့ချစ်တွေ ပြန်ပေါ်နေပီလားဟင် . .ဗေဒင်ဆရာရယ် ပို့ မယ့်ပို့ ကတို့ ရောက်အောင်ပို့ ”
” တစ်မတ်စိရှိရင် ပို့ ပေးမယ်”

x x x


” ဆရာတေးရေ့  . . “
” ဘာတုန်းဗျို့  “

” အိမ်နားက သူငယ်ချင်းအိမ်တော့ ဒီနေ့ လာတယ်သိလား “
” နီးလာပြီ နောက်ဆို အိမ်မှားပြီး ၀င်လာမှာ”

” Yesssss .. နီးလာဘီ ၊ ဆရာရယ်..အိမ်တော့မမှားလောက်ပါဘူး”
” သြော် ပြောစရာ စကား ရှာကြံပြီးပြောတာပါ “

” မျှော်လင့်ချက်နည်းတဲ့ပုံကြီး ၊ အခုနေ သံပရာသီးစားလို့ မရဘူးလားဆရာ “

” ဘာဆိုင်လို့ လဲ သံပုရာသီး နဲ့ ”

” မသိဘူးလေ ၊ နီးနေတုန်း အပိုင်ကြံဖို့ လေ “
” အဲဒါဆိုလည်း ကားတင်ပြေး ဗျာ”

” မရလို့ ပေါ့ ဟွန်း ဟွန်း၊ အခုအချိန်မှာ တခုခုစားလို့ မရဘူးလားဟင် ? အိမ်မှားပီး ၀င်ချင်လာအောင် ၊ ဆရာတေးရယ် ကြံပါဦး “

” ညစာစားပေါ့ . . ညရောက်နေပြီ မဟုတ်လား ။ “

ထိုသို့ ပြောပြီးနောက် နာရီအား တစ်ချက်လှမ်းရှိုးလိုက်ရာ .. ၇း၂၄

” ဖိနပ် အစုတ်ရှိလား “
” မစုတ်လဲပြစ်မယ် ၊ဆရာ ဆရာ့ ဆီမှာ သောကြာ ၇း၂၅ ? နောက်ငါးမိနစ်ဆို ဗုဒ္ဓဟူးထဲဝင်ပီ ကြံစရာရှိ မြန်မြန်ကြံပေးပါ ဆရာရယ် . .

” အင်း .. လာမပြောနဲ့ သိတယ် . . ဆရာမလုပ်နဲ့ ။”
” ဟီးဟီး ဆရာတေးနဲ့ ပေါင်းတာ တိုးတတ်လာပီ . . အခါတိုင်တွေ အမှတ်ရလာပြီ “


ဝ ဒိန်ချဉ်





၅ ဖိနပ်

သောကြာတိုင်



” ဖိနပ်ပြစ်ရမယ် ၊ အနောက်ဖက်ကို၊ ပြီးတော့ စနေနံ ကို ဘုရားတင်လိုက် “

” အခုလား .. စနေနံ ဆိုတော့ . . စနေ နံ စနေ နေ နေ .. ဆိုတော့ တထ . .ဒ “

” ဖိနပ်အရင်ပြစ် ။ လက်လည်း ဆေးအုံး စနေတင်ရင် ။ နာနတ်သီး ၊ ထညက်”

” ညဖက်ကြီး အစားအသောက်တင်လို့  ဖြစ်ပါမလား ။”

” ဘယ်အချိန်တင်တင်ပေါ့ . . ။”

” ဒါဆိုရင် ဒိန်ချဉ် တင်မယ် ရလား ။ဖိနပ်က အခုပြစ်ရမှာလား ။ “

” အင်း ရတယ် ။ ဒိန်ချဉ် (yogurt) ဆိုပါတော့။ ကဲ. . ၃ မိနစ်အတွင်း ပြီးအောင်လုပ် . သွား သွား။ မြန်မြန်”

” ဟုတ် ။ သွားပြီ။ အနောက်ဖက်ဆိုတော့ အိမ်အနောက်ဆိုရပြီလား”

” အင်းရပြီ။”

၅ မိနစ်ခန့် ကြာသော် . . .

” အမလေး ဆရာရဲ့  နှင်းတောထဲ runner နဲ့  ည၀တ်အကျီနဲ့ ပြေးရတာ ရည်းစားတော့ ဘယ်နေမှန်းတော့ မသိဘူး ၊ ချော်လဲတာ ၊ ကံကောင်းလို့  လင်တရူးများ တော်တော်ဆိုးတယ်။ ဒိန်ချဉ်က ဘလူးဘယ်ရီနဲ့ .. ဗနီလာ ဘယ်ဟာတင်ရမလဲ ဆရာ ။ “
” ကြာသပတေး စနေ နံ တွေ တွဲသွားအောင် ဗနီလာ ပဲ လုပ်ဗျာ”

” ကပ်ပီ ၊ အချိန်တော့ကျော်နေပြီ . . ရပါတယ်နော် . . အမလေး လေး မောလိုက်တာ ဆရာရယ်။”
” ရတယ် ။ လုပ်ဖြစ်ဖို့ သာ အရေးကြီးတာ ။ “

၁၅ မိနစ်ခန့် ကြာသော် . .

” ပီးပြီဆရာ ။ ဘာလုပ်ရအုံးမလဲ “
” ပြီးရင် အိပ်တော့ ။ မိုးချုပ်နေပြီ မဟုတ်လား”

” စိတ်ထဲတမျိုးဖြစ်လို့ ပြောရဦးမယ်ဆရာ.. ဒိန်ချဉ်ကပ်နေတုန်း အပေါ်ထပ်က သမီးရည်းစားနှစ်ယောက် အကြီးအကျယ် ဟီလာထတယ်ဆရာ. နာရီလှန်းကြည့်တော့လည်း နာရီက.၆:၁၅ လားပဲရှိသေးတယ် ။”
” ကောင်းတာပေါ့ ။ သောကြာအချိန်မှာ စနေ (အညွန့် သံ) ထွက်တာပေါ့”

” မှီပါတယ်နော် ဖိနတ်ပြစ်တာ.. ကျနော်လည်း ပြေးတာပဲ ။ လက်ဆေး ပြီး ဒိန်ချဉ်ယူတာ..ချော်တောင်လဲတယ် ။ အောင်မငီး”
” ဘာတွေဆုတောင်းခဲ့လဲ”

” ထူးထူးထွေထွေတော့ မတောင်းပါဘူး ဆရာရယ် ။ ခါတိုင်းလိုပဲ..ငါးပါးသီလနဲ့ ..သူတော်ကောင်းတရားသုံးပါး အဆစ်ထည့် ၊ ဇေယျသပ်ဗ ဂါထာ ၃ ခေါက် ၊ စိန္တာမဏိဂါထာ ၁ ခေါက် ၊ မေတ္တာသုတ်ကို သူ့  ဓာတ်ပုံကြည့်ရွတ်တာ ၃ ခေါက် ၊သာသနာကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေအတွက် ၁ခေါက် အမျှဝေ သာဓုခေါ် ဒါပါပဲ၊ “

” သာဓု သာဓု သာဓု ။ ကုသိုလ်တွေ လုပ်ဖြစ်သွားတာပေါ့ဗျာ…”

” ကဲ . .ဆရာရေ အိပ်ပြီ ။ ဘာလုပ်ရဦးမလဲ ဟင်..”
” မျက်လုံးမှိတ်ပေါ့ . . . “
” ဟီး တာ့တာဆရာရေ . .ကျေးဇူးနော်. . “

x x x

နောက်တစ်နေ့ . . ညပိုင်း

” ဆရာတေး.. တခုပြောမလို့ ဖိနပ်ပြစ်တာလေ..နွေတုန်းက စီးထားတဲ့ ညှပ်ဖိနပ်တွေ ပြစ်နေတာ.. အိမ်တွင်းစီး ဖိနပ် အစုတ်တရံ ( သူလည်းစီးဘူးတယ်) အခန်းထဲမှာ ကျန်သေးတယ် နောက်မှသတိရလို့  အဲဒါပြစ်ရမယ်ဆို အခါပေးပါဦး ၊ တကယ်ပြစ်သင့်တာ ကျန်သွားမှာစိုးလို့ ”

” တော်ပြီလေ ။ ပစ်စရာ မလိုတော့ဘူး။ တော်ပြီ . . တော်ပြီ .. နင်နဲ့ ကျမှပဲ ဗေဒင်ဆရာလည်း ရင်မောနေရပြီ “

” ဟီ ဟီ ဟီ”

” ပျော်နေတာလား မနက်က အိမ်ထဲ ၀င်မလာဘူးလား”

” မလာသေးဘူးဆရာရဲ့  နက်ဖန်တော့ သူငယ်ချင်းအိမ်လာမယ်ဆိုလား မနေ့ ညက madakasa 2 ကြည့်ကြတယ်သူတို့  “

” အိမ်ပြန်ဖို့ နိမိတ်ဆိုပြီး ထင်ရာတွေးပေါ့လေ တတ်နိုင်ဘူး၊ ဟိဟိ”

” ဟီဟီ ဟုတ်လောက်တယ် လေးဖြူနဲ့ မျိုးကြီး အိမ်ကိုပြန်ခဲ့တော့ ဆိုတာ များများနားထောင်မှ”
” အဲဒါမှ မြန်မာပြည် ပြန်ညောင်းသွားရမယ် ဘာမှတ်နေလဲ . .”
” ဘုရားဘုရား မလုပ်နဲ့ လေ ။ ဒါမှ မဟုတ် .. နောက်ဆုံးတော့ မင်းရဲ့ ရင်ခွင်ဆီ .. “

x x x

နောက်တစ်နေ့ G-talk တွင် ဆန်းကျမ်းဆရာ ရန်ကြီးအောင် ပုံလေးအား ခဏတင်ထားလိုက်သည့်အချိန်တွင်. .

” ဦးရန်အောင်မိသားစုဆိုတော့ ကျနော့် ရန်တွေအောင်မှာပေါ့နော်”
“တော်ပါဗျာ. . . “

” တော်ဘူး . . လောလောဆယ်တော့ တယ်လီဖုန်း ကျန်ခဲ့ပီ “

” တယ်လီဖုန်း ပဲပြောပြော ဖုန်းပဲပြောပြော တစ်ခုခုပဲ ဟိဟိ . ။ တယ်လီဖုန်း – ဖိနပ် + ဒိန်ချဉ် ၊ စနေနံ နဲ့ ကြာသပတေး ။ တစ်နေ့ က လုပ်ခိုင်းထားတာတွေ ဓာတ်ထိနေပြီ . . ဟိဟိ”

” ဆရာတေး . . ဒီနေ့ လေ ကျွန်တော် ဒံပေါက် တစ်ယောက်တည်း သွားထိုင်စားနေတုန်း သူငယ်ချင်းတွေ ပြန်ရောက်လာတာ . . သူပါလာတယ်သိလား . . ကြားရက်ကြီးကို . . ထူးထူးဆန်းဆန်း ။ အဲဒါ သူငယ်ချင်းတွေကလည်း သူ့ ကို ကားပေါ်ကတောင်မဆင်းခိုင်းတော့ဘူး.. ပြန်ထွက်ပီး မုန့် စားကြတော့ ကျနော်ပြန်လာခဲ့တယ် . . တွေ့  တောင်မတွေ့ လိုက်ဘူး ။ ခွိခွိခွိ ချစ်သူမျက်နှာလေးတောင်မမြင်လိုက်ရဘူး . ။ ဒါပေမယ့်လည်း မဆိုးပါဘူး..ကြားရက် ၅ ရက်မှာ ၁ခါပဲသွားတာ သူနဲ့ တိုးတာ ၂ ခါရှိပြီ ။”

” အင်း ဓာတ်သေချာမထိလို့ ပေါ့ ။ အဝေးကနေ ကြင်ပေါ့ကွယ် ။”

“ဘာလို့ လဲဆရာ ။ ကြင်ဝူး . . အနီးကပ်ပဲကြင်မှာ။ ဓာတ်ကလည်း ထိလောက်ပါတယ်.ဆရာရ။ သူကလည်း ကျနော်နဲ့ တွေ့ ရင်ထချမယ်ဆိုလို့ ကြားလူတွေက ပေး အတွေ့ မခံတာ။ ဘယ်..အတင်းကြီး ဆင်းတွေ့ မလဲ ။ အင်းလေ . ..ဘယ်သိမလဲ . . ကိုယ့်ကို တွေ့ ချင်လို့ လာတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။”

x x x


၂ ရက် အကြာတွင်

” ဆရာ ခြေထောက်ကို ဟိုဒင်းနဲ့ ထိ ဒီဒင်းနဲ့ ထိနဲ့ … ကြာရင်ဖြတ်ရတော့မယ် “

” အဲဒါဘာဖြစ်တုန်း . . ရှုပ်ရင် ဖြတ်ထားလိုက်ပေါ့ သမီးရယ်”

” မသိဘူးလေ.. ဆရာ့ယတြာက အောက်ပိုင်းများမှားရောက်နေလားလို့  ။ တချိန်လုံး ခလုပ်တိုက် “

” အောက်ပိုင်းပဲ အရေးကြီးတာမဟုတ်လား.. ငါတော့ မပြောလိုက်ချင်ဘူး . .ဟင်း .. .”

” ခြေထောက်ဖြစ်နေလို့ဆရာ ။ နီးတော့နီးစပ်လာပီထင်ပါတယ်နော် “

” အေးဆေးပေါ့ ။ မေတ္တာလေးဘာလေးလည်း ပို့ အုံး “

” နေ့ တိုင်း ပို့ နေတုန်း ပဲ ဆရာ “

ဓာတ်ရိုက်ထားသဖြင့် ဓာတ်သည် ထိတော့ ထိနေလေ၏။ စနေ နှင့် ကြာသပတေး များ အသက်ဝင် လှုပ်ရှားနေ၏ ။ တနင်္လာသား ပြန်လာစေရန်အတွက် သောကြာ အခါတိုင်အရ သောကြာ ပရိယာယ် စကားအား အသက်ဝင် လှုပ်ရှားစေရန် အမြစ်အညွန့် နံတွဲ ဓာတ်ရိုက်ပေးလိုက်သော်လည်း တစ်လွဲ ထိချင်ရာ ထိနေလေတော့ရာ . .

သူခေါ်ရင် လာပါ . . လာပါ . .

March 25, 2009

” အဲဒီလိုလုပ်ရင် ပြောင်းပြန်ကြီး အိမ်ထဲဝင်လာမှာလား ဟင် . .”

” ပက်လက်ကြီး လျှာထုတ်ပြီး ၀င်လာမယ် . .”

၁၂.၁၀.၂၀၀၈ တနင်္ဂနွေနေ့  ညနေ ၅း၃၀ မိနစ် သူရဇ္ဖအချိန်

” ဆရာ တခွန်းပဲမေးမယ် ဖြေပါနော် . . . ရည်းစားအိမ်ပေါ်ကဆင်းသွားတာ ပြန်လာဦးမှာလား။”

” စိတ်လေတယ် . . ရည်းစားအိမ်ပေါ်ကဆင်းရင် နောက်တစ်ယောက်ရှာ”

” ဟီးဟီးဟီး ပြောပါဆရာရယ်..ဆရာပြောရင် မှန်လွန်းလို့ ပါ . . . မနေ့ ညကဆင်းသွားတာ တနင်းလာသား နာမည်က x x (တနင်္လာစ ကြာသပတေး နောက်ပိတ်) ၊ ပြန်လာဦးမှာလား..ကွဲမှာလား..”

” အင်း ခင်ဗျားက ကွဲနေပြီလား ၊ အဲလေ အခု ကွဲနေလို့ လား”

” မသိဘူးဆရာ.. ပြတ်နိုင်ရင် သွားဆိုတော့ သွားတာပဲ သူက “

” အင်းလေ ယောက်ျားလေးပဲ .. ပြတ်တာပေါ့ နောက်တစ်ယောက်ရှာမှာပေါ့ အဟက် “

” ပြန်လာဦးမှာလားဆရာ ရှေ့ လျှောက်ရော မြဲပါ့မလား. နာမည်နဲ့ လူနဲ့  မလိုက်လိုက်တာလွန်ပါရော ..

” အဲဒါတော့ မသိဘူးဟေ့ . . ခင်ဗျားနာမည်အပြည့်အစုံ ပြန်ပြောအုံး “

” xxx (ကြာသပတေး အစ ။ စနေ နောက်ပိတ်) ပါဆရာ”

အင်္ဂ၀ိဇ္ဖာတိုင်အား ထူလိုက်ရာ

၅ မေးသူ
၂ ချစ်သူ
၆ ဆပွတ် (သံပုရာရည်)





” အင်း ဒီတနင်္ဂနွေ မကျော်ပါဘူး”

” ပြတ်မှာလား အီး..”

” ဖြစ်ချင်ရင် ဖြစ်ရမှာပေါ့ဗျာ “

” အွမ်..မပြတ်ချင်ပါဘူးဆရာ..အိမ်ငှားထားတာသူ့ နာမည်နဲ့  ၊ ကျနော့်အမှု မှာလည်း သူက witness ဆရာရယ် စကားပြန်လည်းသူ့ပဲ

” ကဲကဲ အချိန်လေး ရှိတုန်း သံပုရာသီး ခြောက်လုံး ကို အရည်ညှစ်ပြီး ဖျော်သောက်. . အင်း ပြောပြီးပြီပဲ ခင်ဗျားတို့ ကိစ္စ ခင်ဗျားတို့ ရှင်းလေ . အမှုလာပတ်ခိုင်းနေသေးတယ် . . သံပုရာသီး ၆ လုံး အရည်ညှစ်ပြီး အခုသောက် တနင်္ဂနွေမကျော်စေရဘူး “

” အဲဒီတော့ ရှေ့ လျှောက်အဆင်ပြေကိန်းများ မရှိဘူးလား ၊၆ လုံးသောက်မှတော့ အနော်သေမှာလေ”

” ဘာလို့ သေရမှာလဲ. . . ပြန်ခေါ်ချင်တယ်ဆို ၊ ၆ လုံးကို တစ်ထိုင်တည်း သောက်ခိုင်းတာမှ မဟုတ်တာ”

” တနင်္ဂနွေမကျော်ဘူး ဘာဖြစ်မှာလည်း ဆိုတာ ပြောဦးလေ”

” တနင်္ဂနွေမကျော်ဘူး . ဟဲဟဲ . . တနင်္လာနေ့ ဆို ဒေါင်ကနဲ ပြန်ရောက်လာလိမ့်မယ်၊ ဒါပေမဲ့ ဖုန်းမပြောဘဲနဲ့  တော့ နေလို့  မရဘူး”

” ဘယ်လို..”

“ကိုယ်က ခေါ်ချင်တယ်ဆို ကိုယ်က အလျှော့ပေးရမယ် ။ ဈေးမကိုင်နဲ့ ၊ ပဲမများနဲ့ ၊ အဲဒါကြောင့် ဖုန်းလေးဘာလေးဆက် . . အောက်ကျို့ ပြီး ပြောခိုင်းတာ “

” ရှေ့ လျှောက်ရော ပြေလည်ပါ့မလား ဆရာ “

” မလုပ်ချင်ရင်လည်း ဒီအတိုင်းနေ ဆရာ နာမည်ပျက်တယ်”

” သောက်မယ်ဆရာ ။ သံပရာသီးတောင် ထုတ်ထားပြီးပြီ ။ ဓမ္မာသောကအင်းဝရာဇာဆိုတော့ “

” မသိပါဘူး ဗျာ . . ခင်ဗျားက အမျိုးမျိုး ဟိုပြောဒီပြော ဆင်ခြေ ဆင်လက်က များတာကိုး ။ ဓမ္မာသောက အင်းဝ ရာဇာ ဘာဖြစ်လဲ . .”

” မတည့်ဝူးဆို နေ့ နံ ၊ တနင်းလာနဲ့ သောကြာ “

” ကမ္ဘာပေါ်မှာ အဲဒီအမည်တွေနဲ့ နိုင်ငံခြားသားတွေ အများကြီးပဲဗျ . . သူတို့ ယူထားတာလည်း တစ်ပုံကြီး ၊ တည့်လိုက်တာမှ ဟိုးဘက်ကမ်းလွန်ရော ။ ကဲကဲ သံပုရာသီး ခြောက်လုံးက များပါတယ်။ ၁လုံးပဲ သောက်”

” ဟုတ် တစ်လုံးဆိုလို့ ကတော့.သောက်ပီ အခု. ဒါနဲ့  ဆရာ ကျမ ဒီလူနဲ့ ရမှာလား..”

” ရမရ ကတော့ မသိဘူး . . . ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ . . . ကိုယ်ကလည်း ချစ်တယ်.. သူ့ ကို ရအောင် လုပ်ရင်တော့ ရမှာပေါ့ . . ရှေ့ ရေးနောက်ရေး အကုန်တိုင်ပင် စဉ်းစားရင် ဖြစ်ပါတယ်”

” ရအောင်တော့ အတင်းမလုပ်ပါရစေနဲ့ .. ကံပါလို့  ရရင်တော့ ကောင်းတာပေါ့”

” ကံဆိုတာ လူလုပ်တာပဲလေ ရချင်ရင် လုပ် ၊ ရတာပဲ .. အဲဒါ ရမဲ့ကံပါလို့  ၊ မရချင်ရင် မလုပ်နဲ့ .. အဲဒါ မရဘူး.. မရမဲ့ ကံ ပါလို့  “

” ဘာလုပ်ရမလဲ ဟင် ဆရာ “

” ပြောပြီးပြီလေ သံပရာသီး အရည်ဖျော် သောက်ရမယ်လို့ ”

” အမ်”

” ဗေဒင်အလကားမေး ပြီးတော့ ပြောတာလည်း နားမထောင်ဘူး ဗျာ . . ၊ ကျနော်က အလကားဆရာမဟုတ်ဘူး နော် . . အလကား ဟောရင် အလကား ဖြစ်တယ် “

” ခရက်ဒစ်ကတ် တစ်ကဒ်ရရင် ပေးပါ့မယ်ဆရာ . . မရသေးလို့ ဖုန်း bill တောင်မပေးနိုင်သေးဘူး . ဆရာ ပြောတာလည်း နားထောင်ပါတယ် ဆရာရယ် . . ဆရာပြောတာ မှန်လွန်းလို့ မေးတာပါ ဆရာရယ် . ဒုက္ခပါပဲ ဆရာရယ် . . “


” သံပုရာသီး သောက်လိုက် အဲလေ သံပုရာရည် သောက် ။ နောက်ပြီးတော့ သူ့ အင်္ကျီရှိလား”

” ရှိပါ့”

” ဆော်လိုက်ရမလား မှတ်သွားအောင်”

” ဘာဆော်မှာလဲ.. :O ဘာလုပ်မှာလဲ.. :O မီးချစ်သူကို .. ဘာလုပ်မှာတုန်း.. အီး..”

” ခင်ဗျားပဲ ပြန်လာအောင်ဆို ၊ ပြန်လာစေချင်လား၊ ပြန်လာစေချင်ရင် သူအိပ်တဲ့ နေရာပေါ်မှာ သူ့ အင်္ကျီကို ပြောင်းပြန် တင်ထားလိုက် ပြောင်းပြန်ဆိုတာ ခြေရင်းခေါင်းရင်း ပြောင်းပြန်နော်၊ ဟိုဘက်ဒီဘက် မှောက်ရက် မဟုတ်ဘူး “


” ဟုတ်ကဲ့ဆရာ ၊ အဲဒီလိုလုပ်ရင် ပြောင်းပြန်ကြီး အိမ်ထဲဝင်လာမှာလား ဟင် . .”

” ပက်လက်ကြီး လျှာထုတ်ပြီး ၀င်လာမယ် . . ငါ့နှယ် ခက်တော့နေပြီ ဒီကောင်မလေးနဲ့ တော့ “

” ဟာ အဲဒီလိုတော့မလုပ်နဲ့ လေ. . ပက်လက်ကြီး လျှာထုတ်ဝင်လာမယ်ဆိုရင်တော့ ပြန်မလာလဲနေပါ.. အဲလိုတော့ မလုပ်ပါရစေနဲ့  ဘုရား.ဘုရား..သံပရာရည်ပဲသောက်ပြီး စောင့်ပါ့မယ်


” အစီအရင် ပေးနေတဲ့အချိန်မှာ ပေါက်ကရမပြောနဲ့  မလုပ်ချင်လည်း နေ “

” ဆရာပဲ ပက်လက်လေး လျှာထုတ်ပြီး ပြန်လာမယ်ဆို. “

” စိတ်တိုလာပြီ။ သံပုရာရည်ပဲသောက်တော့ စိန်နဲ့ ရောပြီး “

” ပက်လက်ကြီးလျှာထွက်မယ်ဆိုတော့ ဟီးဟီး သွားသောက်လိုက်ဦးမယ် ဆရာ ခဏလေး …”

၇ မိနစ်ခန့် ကြာသော်

“သောက်ပြီးပီဆရာ”

” အင်း . . သူ့ မွေ့ ယာကို ပြောင်းပြန်လှည့်လိုက်၊ လက်ဖက်ရှိလား”

” ဟုတ် ရှိဘူး”

“လင်ပန်း တစ်ချပ်ကို အဲဒီမွေ့ ယာပေါ် တင်လိုက်၊ တင်ပြီးရင် ၉ ချက်တီး၊ သာသာလေး ၊ အကျယ်ကြီးလဲမဟုတ်ဘူး လက်နဲ့ ပဲ တီး အဲဒါပဲ”

” ဟုတ် မှတ်ထားတယ်။ ပြောင်းပြန်လှန်..လင်ပန်းကိုတီး ။ ဖုန်းခေါ်ပြီဗျ :O မြန်လိုက်တာ အလိုလေးလေး “

” တော်ပါတော့ဗျာ . လာနောက်မနေနဲ့  . . ကျနော်က အချစ်ရေးဆိုရင် သိပ်ဟောတာမဟုတ်ဘူး . . အမြင်ကပ်လို့ . . တစ်ခါလာလည်း ပေါင်းရဖို့ ရှိလား .. သူက ကျွန်မ အပေါ်မှာ တစ်သက်လုံး ကောင်းမှာလား . . ဘာလား ညာလား . လေးဖြူရဲ့ သံယောဇဉ် . . သံယောဇဉ် ဆိုသလိုဖြစ်နေပြီ

” အီး အချစ် ဒုက္ခသည်လေးပါ”

ထိုသို့  ပြောဆိုပြီးနောက် ထိုသူငယ်မသည် ညနေဖက်တွင် ချစ်သူထံသို့  sms ဖြင့် ဆုံတွေ့ ရန် ချိန်းဆို လိုက်လေတော့ရာ နောက်ဆုံးတွင် . . ထိုသူငယ်လေးမှာ ညဖက် တွင် သူတို့  နေထိုင်ရာအိမ်သို့  သူ၏ ချစ်သူအမျိုးသမီးဖြင့် ပြန်လည်ရောက်ရှိလာလေတော့၏ ။

နေထိုင်ခွင့် အတွက် အမြစ် ရတနာ

December 7, 2008


နေထိုင်ခွင့် ရအောင်ဆိုရင် ကိုယ့်နံရဲ့ 
အမြစ်ပေါ်မှာ မွန်မြတ်တဲ့ ပစ္စည်းကို တင်ထား . . .

” မောင်ရေ . . . ဒီနေ့  ဆရာနဲ့ သွားတွေ့ လာတယ် သိလား . . . “

“ဟုတ်လား . . . ဘာကိစ္စရှိလို့ လဲ . . .”

” ဟွန်း . . . မောင်က အားမှ မကိုးရတာ . . ကိုယ့်မိန်းမဆိုရင် တစ်ခါမှ မဟောဘူး . . . သူများတွေကျတော့ ဟောပေးနေလိုက်တာ . .”

” ဟဲဟဲ . . မောင်ပြောပြီးသားလေ . . . ကောင်းတာလုပ်နေသရွေ့ ကောင်းတာတွေ ဖြစ်နေမှာပဲ . . . ကောင်းနေတဲ့သူတစ်ယောက်က ဘာဗေဒင်မေးနေစရာ လိုလို့ လဲ . . .”

” ကောင်းတယ်ဆိုပေမဲ့ သိချင်တာပေါ့ . . အခုလည်း အိမ်မှာ သုံးဖို့ စက်တစ်လုံး ၀ယ်မလို့  . . အဲဒါ စက် ၀င်လို့  ရမရ သွားမေးတာ . . မောင့်အတွက်ပါ မေးလာခဲ့တယ် . . “

” ဗုဒ္ဓေါ . . မောင့်အတွက်က ဘာမေးစရာရှိလို့ တုန်း . . “

” မောင် ဟိုမှာ နေရထိုင်ရတာ အဆင်ပြေအောင် လို့ ပေါ့ . . အဲဒါနဲ့  . .ဆရာက အဝေးရောက် တပည့်အတွက် ပညာခန်း ပေးလိုက်တယ် ။ မောင့်ကို သုတေသီမို့ လို့  .. ဒီပညာခန်းကို ပေးတာတဲ့  “

” ဟုတ်လား . . ပညာခန်း ဆိုရင်တော့ စိတ်ဝင်စားတယ် . . . “

” အင်း . .ဆရာက ပြောတယ် . . နေထိုင်ခွင့် ရအောင်ဆိုရင် မောင်နေတဲ့ အခန်းထဲမှာ . . . ကျောက်စိမ်းသားပေါ်မှာ ၁ ခုခု တင်ထားတဲ့ . . .မွန်မြတ်တဲ့ ပစ္စည်း တစ်ခုခု . . ဥပမာ . .ပုတီးတို့  . . ဘုရားပန်းအိုးတို့  . . ဘုရားစာအုပ်တို့ တဲ့ . . .မောင့်ကိုလည်း သေချာရှင်းပြပါလို့  မှာလိုက်တယ် . . မောင့်ရဲ့  အမြစ်ပေါ်မှာ မွန်မြတ်တဲ့ ပစ္စည်းကို တင်ထားတာလို့ ပြောလိုက်တဲ့ . . . အဲဒါတွေကို မောင့်ဘေးမှာ ထား . . . ခြေရင်း မှာလည်း မထားရဘူး . . ခေါင်းရင်းမှာလည်း မထားရဘူး .. မောင့်ဘေးမှာ ပဲ ထားတဲ့.. ကျောက်စိမ်းက ရတနာမို့ လို့  ဘေးမှာပဲ ထားခိုင်းတာ ။ “

” သြော် . . . အဲလိုလား . . “

” မသိပါဘူး မောင်ရယ် . .ဆရာပြောခိုင်းလိုက်တာ . . .”

” အင်း . . . အမြစ် ဆိုတော့ ခြေကုပ်ယူတာလေ . . . အမြစ်ပေါ်ကို မွန်မြတ်တဲ့  ပစ္စည်းတင်ထားတော့ အဲဒီနေရာလေးက မွန်မြတ်တဲ့ နေရာ ၊ မွန်မြတ်တဲ့အမြစ် ဖြစ်သွားတော့တာပေါ့ . . အမြစ်ကောင်းမှ ပင်စည်ကောင်းမှာမဟုတ်လား . . ပင်စည်ကောင်းတော့ အကိုင်းအခက် အသီးအပွင့်တွေနဲ့ ဝေဆာသွားတာပေါ့ . . အင်း . .မောင်လည်း သဘောပေါက်သလိုတော့ ရှိသား . . ခြေရင်းမှာကတော့ ရတနာဖြစ်နေလို့  မထားသင့်ဘူးပေါ့ . .ခေါင်းရင်းကျပြန်တော့လည်း ရတနာတော့ ရတနာပဲ .. ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါးမဟုတ်လို့ ခေါင်းရင်းလည်း မသင့်တော်ဘူး .. အဲဒါကြောင့် ဘေးမှာ ထားခိုင်းတယ်ထင်တာပဲ။”

“ဒါဆိုရင် နွယ်တို့ လို စနေသားသမီးတွေ နေထိုင်ခွင့်အတွက် ကြိုပြီး ပြင်ဆင်ထားချင်ရင် ဘယ်လို စီရင်ရမလဲ . . “

” အင်း . . စနေ ဆိုတော့ စနေရဲ့ အမြစ်က သောကြာလေ ။ သောကြာ နဲ့ စတဲ့ ရတနာ ပစ္စည်း တစ်ခုခု ကို ရှာရမှာပေါ့ ။ သန္တာကျောက် ၊ သလင်း ကျောက် ၊ Alexandrite လို့ ခေါ်တဲ့  သုံးပန်လှ ကျောက် ကို ရှာရမှာပေါ့ ။ အဲဒါကို အောက်ခံ ဖြစ်ဖြစ်၊ ဘုရားစာအုပ်တင်တဲ့ ခေါက်လို့  ရတဲ့ စင်ကလေး ဖြစ်ဖြစ် ဥာဏ်ရှိသလို အသုံးချရမှာပေါ့ နွယ် . . .”

” သြော် . . . ဒါဆို အမြစ်နေရာမှာ စိန် တို့ ရွှေတို့ ဆိုရင် ဈေးကြီးတော့ ဘယ်လို လုပ်ရမလဲ . . . “

” ဈေးကြီးတာ ကြီးပလေ့စေပေါ့ . . . ဟိတ် ဆိုတဲ့ စွမ်းအားကလည်း လိုသေးတာကိုး . . . မတတ်နိုင်ရင်လည်း တစ်ခြားသက်သာတဲ့ ရတနာ ပစ္စည်းလေးတွေ ရှာပေါ့ .. .”

တနင်္ဂနွေအမည်ပေါက်ဆိုရင် နီလာ

တနင်္လာ အမည်ပေါက်ဆိုရင် ဥဿဖရား

အင်္ဂါ အမည်ပေါက်ဆိုရင် ကျောက်စိမ်း

ဗုဒ္ဓဟူး အမည်ပေါက်ဆိုရင် စိန် ၊

ကြာသပတေး အမည်ပေါက်ဆိုရင် ရွှေ

သောကြာ အမည်ပေါက်ဆိုရင် မြ ၊ ပတ္တမြား

စနေ အမည်ပေါက်ဆိုရင် သန္တာ ၊ သလင်း

” အဲသလိုလေးတွေ ထွက်လာမှာပေါ့ . . အဲဒီ ရတနာ တွေ ပေါ်မှာ မွန်မြတ်တဲ့ ပစ္စည်း ဖြစ်တဲ့  ပုတီး ၊ ဘုရားစာအုပ် ၊ ဘုရားပန်းအိုး အစရှိတာတွေ တင်ထားရမှာပေါ့ ။ နောက်တော့ ကော ဘာတွေ ရွတ်ဖတ်ရအုံးမလဲ .. . “

” အင်း . . . ပထ၀ီဇယ မန္တာန်ကို ရွတ်ခိုင်းတယ် ။ “

” အဲဒီ မန္တာန်ကတော့ ဒီမှာ ရေးထားပြီးသား ရှိတယ် ။ ကျက်မှတ်ပြီး ရွတ်ရမှာပေါ့ . . . အင်း . . . ဆရာကတော့ အဝေးရောက် တပည့်ကို ပညာတွေ ပေးလိုက်ပြန်ပြီ . . . “


ဆရာ ဦးမောင်မောင်သန်းအား ဂါရ၀ ပြုလျှက်


ဓာတ်တူ နံတူ အစီအရင်

November 30, 2008

ငွေဝင်ဖို့ ဆိုရင် ငွေဝင်အောင် ခေါင်းလောင်း တို့ ၊ ကရွတ် တို့ ၊ ကလပ် တို့  ၊ ကောက်ရိုး တို့ ၊
ခြင်းလုံး တို့ ၊ ချိုလိမ်တို့ ၊ ကြောင်လျှာ တို့ ၊ ခရေ တို့ ၊ ခရု တို့ ၊ ကရား တို့ ဆိုတာတွေ တနင်္လာနံ နဲ့  ဗုဒ္ဓဟူး နံ တွဲတာတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား


” ဘာပဲ ပြောပြောပေါ့ ဆရာရယ် . .အစီအရင်ပေးတယ် ဆိုတိုင်းလည်း ကောင်းတာမဟုတ်ဘူး ဆိုတာ ကျွန်တော် အခု သဘောပေါက်လာပြီ . . .”

” အဲဒီလိုမျိုး လူတိုင်း သဘောပေါက်သင့်တာပေါ့ ဦးသန်းထွန်းအောင်ရယ် ၊ အဲသလို ပြောလို့  အဖြစ်အပျက်လေး တစ်ခုကို သွားသတိရတယ် ။ လင်မယား နှစ်ယောက် မတည့်လွန်လွန်း လို့  ဆိုပြီး သူတို့ အစ်မတစ်ယောက်က ဗေဒင်သွားမေးတယ် ။ ဗေဒင်ဆရာက ဘာပေးလိုက်လဲ ဆိုတော့ ဖန်မီးအိမ် အခွံထဲမှာ သူတို့ နှစ်ယောက်ရဲ့  အ၀တ်အစားတွေ ထည့် ၊ တစ်နေရာရာမှာ ချိတ်ဆွဲထားဆိုပြီး ပြောလိုက်တယ် “

” ဖန်ပေါင်းချောင် ဆိုတဲ့ သဘောပေါ့ .. အင်း .. အင်း “

” အေးဗျာ .. အဲဒီလိုလား မသိပါဘူး ။ ကျွန်တော်တို့ အမြင်ကတော့ ဖန်မီးအိမ်ပဲ ဖြစ်တယ်”

” ဟုတ်တယ်လေ .. ဖန်မီးအိမ်ပဲ ဥစ္စာ”

” အဲဒီ ဖန်မီးအိမ်ထဲ ထည့်ထားလို့ လား မသိဘူး ။ ပြဿနာက အရင်က ထက် ပိုဆိုးကုန်တယ်။ ထုကြ ၊ နှက်ကြ၊ ရိုက်ကြတဲ့ အဆင့်အထိတွေ ဖြစ်ကုန်တယ်။ အပူထဲကို ထည့်တဲ့ပစ္စည်းဟာ အပူရှိန်ဟပ်မှာပဲ ဦးသန်းထွန်းအောင်”

” ဟုတ်တယ် ဆရာ ၊ ဟုတ်တယ် .. ဟုတ်တယ် “

” ပညတ်သွားရာ ဓတ်သက်ပါ ဆိုတဲ့ ရှေးပညာရှိကြီးတွေ စကား ဘယ်ပြေးမလဲဗျာ ။ မီးအိမ်ထဲ ထည့်မှတော့ မီးလိုပဲ ပူတော့မပေါ့ ။ ရေထဲ ထည့်တာမှ မဟုတ်ဘဲ ။ “

” ခုခေတ်ကတော့ ဆရာရယ် ၊ ပါးစပ်ထဲ တွေ့ တာကို ဓာတ်သဘောလို့ ယူနေပြီနဲ့ တူပါရဲ့ ၊ ဆရာ ခုနက ပြောသလို “ပေါင်းချောင်” ဆိုရင် သူတို့ ဘာယူမလဲ ၊ ချောင်ချောင်လည်လည် နဲ့  ပေါင်းသင်းရမယ်လို့ များ ယူကြသလား မသိဘူးနော် “

” အမှန်က အသုံးတည့်အောင် အကြောင်းကို စဉ်းစားတတ်ဖို့ ပဲ လိုပါတယ်ဗျာ ။ အကြောင်းကိုမှ မစဉ်းစားတတ်ရင် အကျိုးကို ဘယ်လို လုပ်ပြီး ရှာဖွေတွေ့ ပါ့မလဲ ။ အဲဒါနဲ့  ပတ်သက်ပြီး ကျွန်တော် ရှာဖွေခဲ့တာကို ပြောပြမယ်။ အမှန်ကတော့ အာစရိယ၀ါဒရဲ့  ပညာရိပ်အောက်ကပဲ ရှာဖွေ သုတေသနပြုခဲ့ရတာပါ။ ကိုယ်က ကိုယ့်ဥာဏ်နဲ့ ကိုယ်ထွင်ပြီး ရှာခဲ့တာ မဟုတ်ပါဘူး ။ ဘယ်လိုလဲဆိုတော့ အခုပြောနေတဲ့ ဓာတ်တူ နံတူ ပညာခန်း နဲ့  အကျုံး ၀င်နေလို့  ပဲ ဆိုပါတော့ ။ ကျွန်တော်ကတော့  မိတ်ဆွေတွေ တော်တော်များများကို သူတို့ ရဲ့ နာမည်အတိုင်းပဲ ဘုရားရှင်ကို ပူဇော်ခိုင်းတယ် “

” ဘယ်လို ဆရာ ၊ ရှင်းမလိုလိုနဲ့ ရှုပ်သွားသလားလို့ ”

” ဒီလို ဒီလို . . . ကျွန်တော် လူတစ်ယောက်ကို ခင်ခဲ့ဖူးတယ်။ ဦးသန်းထွန်းအောင် သိတဲ့အတိုင်းပဲ ကျွန်တော်က သံယောဇဉ် သိပ်ထားတတ်တာ မဟုတ်ဘူး ။ ထားမိပြန်ရင် အဲဒီလူကို ဘယ်လို အောင်မြင်အောင် ဆွဲခေါ်ရမလဲ တွန်းတင်ရမလဲ ဆိုတာပဲ ကြည့်နေတာ ။

အဲ . . .အဲဒီလူကိုတော့ ခင်ခဲ့ဖူးပါတယ်။ သူ့ ခမျာ ဘာလုပ်လုပ် သိပ် အပေါက်အလမ်း မတည့်ချင်ဘူး ။ လုပ်သမျှ ချော်လိုက် ၊ လွဲလိုက်၊ သူများ လိမ်လိုက် ၊ ကုန်လိုက်နဲ့ ဘာမှ လုပ်လို့  မဖြစ်ဘူး ။ ဒါပေမယ့် သူ့ ခမျာ ပျော်ပျော်ပဲ ၊ သနားဖို့ သိပ်ကောင်းတယ် ။ စိတ်ကောင်း အရမ်းရှိတဲ့လူဗျ ။ သူ့ နာမည်က ကိုအုန်းတင် တဲ့ ။ ကျွန်တော် သူ့ ကို ဘာလုပ်ခိုင်းလဲဆိုတော့ အုန်းသီး လှလှတစ်လုံးကို ဘုရားပူဇော်ခိုင်းထားတယ် ။ အမြဲပေါ့ဗျာ ။ “

” အုန်းသီး နွမ်းရင်တော့ လဲပေါ့ “

” အင်း . . နွမ်းရင်တော့ လဲပေါ့ ။ နာမည်က အုန်းတင် ကိုး ။ အုန်း တင်ထားလိုက်တာပေါ့ “

” သြော် . . အုန်းတင် . . . ဟဲဟဲ . . လှတယ်ဆရာ “

” နောက်ပြီး . . . ကျွန်တော်က စဉ်းစားတယ်ဗျ ။ အုန်းတင်တယ်ဆိုတာ အထက်ဆောင်တဲ့ နိမိတ် ၊ အုန်းဆွဲ ချ တာမဟုတ်လို့  အုန်းတင်ရင် ကောင်းအောင် တင်ရမယ် ။ လဲပြုနေရင် ကောင်းတဲ့ နိမိတ် ဖြစ်ပေါ် မလာနိုင်တော့ဘူး ။ ဒါဖြင့် အုန်းကို မလဲအောင် ကြွက်မြီးက အစ လှလှပပ ထောင်နေအောင် ဘယ်လို လုပ်မလဲ စဉ်းစားလိုက်တော့ အုန်းသီးထောင်ဖို့  အုန်းတင်ရဲ့  နံတူ အင်တုံ ကို သွားတွေ့ တော့တယ် ။ ဒါကြောင့် ဘုရားစင်ရှေ့  ဘေးနားလေးမှာ ခုံလေး တစ်လုံးနဲ့ အင်တုံ အသစ်ကလေးပေါ်မှာ အုန်းတင်ထားခိုင်းလိုက်တော့တယ်။ “

” ဓာတ်တူ နံတူ ပဲနော် “

” ဒါဟာ . . . ဓာတ်တူ နံတူ မဟုတ်သေးဘူး ဦးသန်းထွန်းအောင်ရဲ့  ။ နံတူပဲ ရှိသေးတယ်။ အင်တုံလေးနဲ့ အုန်းသီးလှလှ နဲ့  အမြဲတမ်း လှပနေတော့တာပေါ့ဗျာ ။ အဲဒါပြီးတော့မှ သူ့ ကို ခိုင်းလိုက်တယ် ။ခင်ဗျား ဟာ မနက်ရော ညရော ဖယောင်းတိုင် ထွန်းပြီး ဘုရားကို ပူဇော်ရမယ်။ မပြတ်ရဘူးလို့ ။ ဒါကတော့ မီးနဲ့ ပူဇော်ခိုင်းလိုက်တာပေါ့ဗျာ ။ “

” ဘုရား မီးလုံးထွန်း ပူဇော်တာမျိုး မဟုတ်ဘူးပေါ့ “

” မဟုတ်ဘူး ၊ မီးထွန်းညှိပြီး ပူဇော်ခိုင်းတာ ၊ ဦးသန်းထွန်းအောင် စဉ်းစားကြည့်လိုက်လေ ၊ သူ့  နာမည်က အုန်းတင် မို့ လား “

” ဟုတ်ကဲ့ “

” ကျနော်ကတော့ အန္တော (၁-၀) ကို လှမ်းမြင်လိုက်တာပေါ့ ။ အဲဒါမှ နံတူလို့ လည်း ပြောလို့  ရသလို ၊ ဓာတ်တူလို့ လည်း ပြောလို့ ရတယ် ။ ဒါကြောင့် အန္တောဆိုတဲ့ မီးထွန်း ပူဇော်ခိုင်းလိုက်တာပေါ့ဗျာ ။ အန္တောဆိုတဲ့ သဘော သတ္တိကလည်း ဦးသန်းထွန်းအောင် မြင်တဲ့အတိုင်းပဲ ၊ တနင်္ဂနွေမြင်တိုင်း အန္တောလို့ အော်နေလို့ ပြည့်စုံတာ မဟုတ်ဘူး ၊ အန္တော ပြည့်စုံရာ ပြည့်စုံကြောင်းဖြစ်ဖို့  တနင်္ဂနွေရဲ့  ဓာတ်ဖက်ဖြစ်ရာ ဖြစ်ကြောင်း စနေက ရှိပေးရမယ်လေ ။ မီးခဲနဲ့ မီးတောက်ရှိမှ အန္တော ဆိုတဲ့ ဓာတ်ဖက် ပြည့်စုံရာ ပြည့်စုံကြောင်း ဖြစ်တော့မပေါ့ ။ ဒါကြေင့် ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းလိုက်တာပေါ့ ။ ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းတယ် ဆိုတာကလည်း မပျင်းအောင် ပေါ့ဗျာ “

” ဗျာ “

” သြော် . . . မပျင်းအောင်ပေါ့ ။ ဘယ်လို မပျင်းအောင်လဲ ဆိုတော့ ၊ ရိုးရိုး ဘုရား မီးလုံးနဲ့ ဆိုရင် ခလုတ်ကလေး နှိပ်လိုက်ရင် ပြီးပြီ ။ ဘာမှ ဆက်မလုပ်ချင်တော့ဘး ။ အချိန်တန်ရင် မိုးချုပ်ရင် ဘုရားမီး ဖွင့်လိုက်ရင် ပြီးပြီ ။ တစ်ခါ တစ်ခါ လူကြုံနဲ့ တောင် ဖွင့်ခိုင်းကြတယ်။ ” ဟေ့ . . ဘုရားမီး ဖွင့်လိုက်ပါဟေ့ ” ဆိုပြီး လူကြုံနဲ့ ဖွင့်ခိုင်းကြတယ်။ ဒါပဲ ပြီးပြီ။ စကားပြော မပျက်ဘူး “

” ဟုတ်တယ် ၊ ဟုတ်တယ် “

” အဲ . . အဲသလိုမျိုးတွေ အများကြီး ၊ ကျွန်တော်ကတော့ အဲဒီလို ပျင်းတာ မကြိုက်လို့  ဘုရားရှင်ကို ဖယောင်းတို မီးထွန်းပြီး ပူဇော်ခိုင်းတာ များပါတယ်။ ခုန ကိုအုန်းတင်ကျတော့ အန္တောသဘော ဖြစ်တဲ့ မီးခဲ မီးတောက် ပါတယ်လေ။ မီးသီးထွန်း ပူဇော်တာမျိုးကတော့ အရောင်လင်းတာပဲ ရှိပါတယ် ။ ဖယောင်းတိုင် ထွန်း ပူဇော်ခိုင်းတာက ပိုပြီး ပြည့်စုံသွားမလားလို့ ”

” ဟုတ်ကဲ့ “

” ဒီလို . . . ဆန္ဒ မပါတဲ့ ကုသိုလ်စိတ်နဲ့ လှူဖို့  တွေးနေတာကိုက ကောင်းသော စိတ်ကို အဖန်တစ်လဲလဲ ပွားထုံနေခြင်းလို ဖြစ်နေပြီနော် ဆရာ “

” မှန်တာပေါ့ “

” နံတူ ပညာခန်း သင်ရတာ ဒိပြင်ဟာတော့ မသိဘူး ။ ခုပြောတဲ့ ကုသိုလ်စိတ် ပွားနေရတာကိုက မြတ်နေပြီ။ နံတူ စွန့် ထုတ်ရတာပဲ ဖြစ်ဖြစ် ၊ နံတူ တင်လှူရတာပဲ ဖြစ်ဖြစ် ကောင်းမှု ကုသိုလ်က ကောင်းမှုကုသိုလ်ပဲ ။ စိတ်ထားတတ်ရင် ပြောပါတယ် “

” ဟုတ်တယ် ဦးသန်းထွန်းအောင် ၊ ဒီပေါ်မှာ အာရုံစိုက်နေရတာနဲ့ တင် အကုသိုလ်စိတ်က တော်ရုံ ၀င်မလာတော့ဘူး ။ ဒါကြောင့်များ ရှေး ပညာရှိကြီးတွေက ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ ‘ လို့ များ မိန့် ဆိုခဲ့ကြတာလား မသိပါဘူး ။ “

” ဓာတ်တူ နံတူ ဆေးဖက်ယူ ၊ နံတူသတ်က . . . “

” နေဦး ၊ ဆေးဖက်ပဲ ယူဦး ၊ နံတူသတ်တာကို စိတ်မ၀င်စားလိုက်နဲ့ ဦး ၊ အဲဒါက အကုသိုလ် များနိုင်တယ်။ “

” ဟုတ်ကဲ့ “

” ခု ပြောခဲ့တဲ့ အထဲမှာ နံတူ စွန့် ထုတ်တာတွေ၊ နံတူကပ်တာတွေ ၊ နံတူ ဖြစ်တဲ့ ဘုရားစေတီ ပုထိုးများမှာ ကောင်းမှု ကုသိုလ်တွေ ဆက်ဆက်ပြုရတာမျိုးတွေကို ဦးသန်းထွန်းအောင် အတိုင်းအတာ တစ်ခုလောက် အထိတော့ နည်းနည်း သဘောပေါက်လောက်ရောပေါ့ . . “

” ပေါက်ပါတယ် ဆရာ”

” ပေါက်ရင် နံတူပညာခန်းမှာ အတွေး အခေါ် အယူအဆ မလွဲသင့်တာလေးတွေ နည်းနည်းပြောချင်တယ် ၊ ဥပမာ အနီးဆုံး ပြောရရင် စောင်ချမ်းသားကို ဇော်ဂျီ ဆေးကြိတ် တဲ့ ပုံထုပြီး ဈေးခေါ် အဖြစ် ဆောင်ကြတဲ့ နံတူမျိုးပေါ့ ။ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . သီလ သမာဓိ နည်းပါးပြီး စီးပွားဖြစ်ချင်တဲ့ လောဘတစ်ခုတည်းကို ဦးတည်နေတဲ့ လူသားက ဆေးဝိဇ္ဖာကို ခိုင်းနိုင်ပါ့မလား ။ ဈေးရောင်းခိုင်းနိုင်ပါ့မလား ဆိုတာလေးကိုပါပဲ ။ အဲဒါလေးတွေတော့ သတိထားသင့်မလားလို့ ။ “

” အင်း . . . ဟုတ်တယ်နော် ။ ဒါလေးတွေတော့ သိထားသင့်တယ် “

” ဒါကြောင့် နံတူပညာခန်းကို စဉ်းစားတော့မယ်ဆိုရင် စဉ်းစားစရာတွေက တစ်ပုံကြီးပဲ ။ နံတူကတော့ လွယ်တယ် ။ ရှောင်ဖို့ ဆောင်ဖို့ သာ ခက်တာ။ အခု ပြောသလိုပေါ့ဗျာ ။ ဈေးခေါ် ဆိုရင် ဇော်ဂျီ ဆိုတဲ့ ” အင်္ဂါ တနင်္လာ ” တွဲ နံတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ ဒီလိုပဲ ငွေဝင်ဖို့ ဆိုရင် ငွေဝင်အောင် ခေါင်းလောင်း တို့ ၊ ကရွတ် တို့ ၊ ကလပ် တို့  ၊ ကောက်ရိုး တို့ ၊ ခြင်းလုံး တို့ ၊ ချိုလိမ်တို့ ၊ ကြောင်လျှာ တို့ ၊ ခရေ တို့ ၊ ခရု တို့ ၊ ကရား တို့ ဆိုတာတွေ တနင်္လာနံ နဲ့ ဗုဒ္ဓဟူး နံ တွဲတာတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ “

” အဲဒါတွေ ဘာလုပ်ရမလဲ ဆရာ”

” လုပ်ကြည့်လေ ၊ ကြားဖူး ဖတ်ဖူး မှတ်ထားဖူးတာမျိုးတွေ၊ သူပြော လူပြောတွေကို လိုက်လုပ်ကြည့် ဖြစ်မလားလို့  တစ်ကယ်ရော ငွေဝင်မလားလို့ ၊ ” တနင်္လာ နဲ့ ဗုဒ္ဓဟူး ” တွဲလျက်နံကို အဲဒီလို အထပ်ထပ် လုပ်လိုက်ရုံနဲ့ ငွေဝင်ရမယ် ဆိုရင်တော့ဗျာ ။ ကျွန်တော် ဘာမှ လုပ်မနေတော့ဘူး။ ဘာမှလဲ ရွတ်ဖတ်မနေတော့ဘူး။ ဘယ်ကောင်းမှု ကုသိုလ်ကိုမှလဲ မလုပ်တော့ဘူး ။ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး ခရေ ခက်နဲ့  ရိုက်နေတော့မယ်။ နေ့  တိုင်းလုပ်ပါ့မယ်။ မပျက်စေရဘူး ။ ဘယ့်နှယ် ဖြစ်ပါ့မလား ။ “

” ငွေဝင်အောင် တစ်ဖက်ကလည်း သမ္မာအာဇီဝ ကျကျ ကြိုးစား ၊ ဇွဲတို့ ၊ လုံ့ လတို့ ၊ ၀ီရိယ တို့ နဲ့  ကြိုးစားမှ ငွေဝင်ခြင်းဆိုတာ ဖြစ်လာနိုင်မှာပါ ဆရာရယ် ။ “

” ဟုတ်တာပေါ့ ၊ ဒီလို မကြိုးစားဘဲ ဘာလုပ်မှာလဲ ။ ခုပြောနေတာ “ငွေဝင်” ဆိုတဲ့ စကားလုံး နဲ့  နံတူ ရိုက်တာတွေကို ပြောနေတာနော် ။ ဒါဖြင့် ကောင်းပြီ ။ တကယ်စွမ်းပြီ ဆိုကြပါစို့  ။ အဲဒီလို အစီအရင်တွေ လုပ်ပြီး သူများဆီမှာ ပိုက်ဆံ သွားတောင်းလို့  ငွေဝင်တာမျိုးတော့ ကျွန်တော် မကြိုက်ဘူး ။ ဒါ မဖြစ်သင့်ဘူး ။”

” ဟုတ်တယ် ဆရာ “

” ဒါကြောင့် စီရင်ခြင်း ဆိုတဲ့ ရှေ့ မှာ “ရိုးသားစွာ” ဆိုတဲ့ စကားလုံးကို ကျွန်တော်က အမည်သညာ တပ်လိုက်ချင်ပါတယ် ဦးသန်းထွန်းအောင် ရယ် ။ မကောင်းဘူးလား “

” ကောင်းပါတယ် “

” နံတူထားတယ် ဆိုတာကတော့ တချို့ ကောင်းတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ဆို နာမည်တွေကိုပဲ ချောင်းနေတာ ။ နံတူ ဘယ်လို ထားပေးရမလဲဘဲ ကြည့်နေတာ ။ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ဦးသန်းထွန်းအောင်လည်း သူ့ ကို သိပါတယ်။ ကိုရွှေအုန်းတဲ့။”

” သြော် ဟုတ်ကဲ့ “

” သူ့ အိမ်ရှေ့ မှာ တွေ့ လား ကျွန်တော်ထားတာ ။ အုန်းသီးကို ရွှေရောင်သုတ်ပြီး အဲဒီ ရွှေအုန်းကို မြင့်တဲ့ နေရာလေး တစ်နေရာမှာ ဒီတိုင်း တင်ထားတာ “

” ဟုတ်ကဲ့ . . .ဆရာ သူ့ ကို ရွှေမချခိုင်းဘူးနော် “

” အုန်းသီးကိုလား “

” ဟုတ်ကဲ့ “

” ကျွန်တော်ကတော့ ဘုရားရှင်ကို ရွှေပြားကပ်လှူ ပူဇော်တာကလွဲရင် ကျန်တာ ရွှေချတာ သိပ်မကြိုက်ဘူး ။ အထူးသဖြင့် အဲဒီလို စီရင်တာမျိုးတွေမှာ ရွှေချတာ ပိုပြီး မသုံးချင်ဘူး ။ ဒါကြောင့် ရိုးရိုးပဲ ရွှေရောင် သုတ်ခိုင်းလိုက်တယ် ။ ကိုရွှေအုန်းနေတာ ချောင်ကြို ချောင်ကြားမှာနော် ။ ဒါပေမယ့် သူ့ စာအုပ် အငှားဆိုင်ဟာ မိုးချုပ်တာနဲ့  ကြိတ်ကြိတ်တိုးနေတာ ဦးသန်းထွန်းအောင် မြင်တဲ့ အတိုင်းပဲ ။ လာတဲ့လူတိုင်းကလည်း အိမ်ဝရန်တာကို မော့ကြည့်လိုက်တာနဲ့ တင် ရွှေအုန်းကြီးကွ။ လှလိုက်တာ ဆိုပြီး ပြောသွားကြတာ များတယ် ။ ရွှေအုန်းကြီး လှမနေဘူးလား “

” လှနေပါတယ် ။ ရွှေအုန်း လှနေပါတယ် ။ “

” လှခြင်းဟာ ဣဋ္ဌ ပဲလေ။ ကိုရွှေအုန်းကို အတိုင်းအတာ တစ်ခု အထိတော့ အကျိုးပေးပြီပေါ့ ။”

” မွေးနံကို လှအောင်ထားတဲ့ သဘောလည်း သက်ရောက်သွားသလို ပေါ့နော် ဆရာ ။ မွေးနံဆိုတာထက် ဟို . . နံတူ ကို လှအောင် ထားတဲ့ သဘောပေါ့ ။”

” အဲဒါက ပိုမှန်တယ် ။ နံတူကိုလှအောင် ထားတယ် ဆိုတာက ပိုမှန်မယ်။ အဲဒီလို နံတူကို လှအောင် ထားတာနဲ့ ပတ်သက်ပြီး သတိရတာလေး တစ်ခု ပြောပြဦးမယ်။ အမျိုးသမီးတစ်ယောက် တွေ့ ဖူးတယ် ။ ဒေါ်စံပယ်တဲ့ ။ သူ့ အိမ်ရှေ့ မှာ စင်တွေ ထိုးပြီး စံပယ်ပင်တွေ စိုက်ထားတာ အုံကြီးကို ဖြစ်နေတယ် ။ ပွင့်လိုက်ရင်လည်း လှမှလှ ၊ ဝေနေတာပဲ ။ ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင်သင်း နေတာပဲ။ အဲဒီလို စံပယ်ပန်းတွေ ဝေနေတဲ့ ရာသီမျိုးဆိုရင် သူ့ အိမ်က ဘုရားဆောင်တစ်ခုလုံး ဖွေးဖွေးလှုပ်အောင် ပူဇော်ထားတာဗျာ . . သင်းပျံ့ နေတာပဲ ။ ဒေါ်စံပယ်ဟာ အိမ်ထောင်ရေး သောကလည်း မကြားမိဘူး ။ စီးပွားရေး ကြောင့်ကြတာလည်း မတွေ့ မိဘူး ။ မချမ်းသာပေမယ့် ပြည့်စုံတယ် ။ သိပ်ပြီး ပူရပင်ရတာ မတွေ့ ရဘူး ။ အဲဒီလိုမျိုးတွေ အများကြီး တွေ့ ဖူးတယ် ။ဒါပေမယ့်  ဒေါ်စံပယ်ရဲ့  အဖြစ်က ထင်ရှားတယ် ။ ကျွန်တော် သတိထားကြည့်ခဲ့မိတဲ့သူတွေ တော်တော်များများမှာ ဒေါ်စံပယ်ဟာ ထူးခြားတယ်။ သူ့ လုပ်ရပ်က နံတူကို လှပဝေဆာတင့်တယ် အောင် စိုက်ထားရုံတင်မကဘူး ။ တင်လှူပူဇော်ခြင်း ဆိုတဲ့ ကုသိုလ်ကိုပါ ဆက်တာကိုး “

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

ဒါပေမယ့်နော် နံတူတိုင်း ကံမကူနိုင်ဘူး ။ အဲဒါကိုတော့ မမေ့လေနဲ့ ။ နံတူတိုင်း ဖြစ်စဉ် မတူနိုင်ဘူး ။ ကျောင်းဆရာကြီး ဦးဖိုးထွန်း ရှိသလို လူဆိုးကြီး ဦးဖိုးထွန်း လည်း ရှိတာပဲ။ တောပုန်းကြီး စံဖဲ ရှိသလို ဘုရား ဒါယကာကြီး ဦးစံဖဲ လည်း ရှိတာပဲ ။

” ဟုတ်ကဲ့ဆရာ “

ဦးသန်းထွန်းအောင်ကို တောက်လျှောက်ပြောလာခဲ့တာတွေက နံတူ ပညာခန်းတွေ ဖြစ်လို့  ဘာပဲ ဖြစ်ဖြစ် တွေးခေါ်မှုတွေ ရှိကို ရှိနေရမယ် ။ လူတစ်ယောက် ဟာ ဒုက္ခရောက်နေရင် အခက်အခဲဖြစ်နေရင် သူ့ ရဲ့ နံတူကို ဘယ်လိုလုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့် ထုတ်မှာလား ။ တင်လှူမှာလား ၊ အနိဋ္ဌ လုပ်မှာလား ။ ဣဋ္ဌ လုပ်မှာလား ။ အဲဒါ သိပ်အရေးကြီးတယ်နော ။ ကောင်းနေတဲ့ လူကို မကောင်းတာ သွားခိုင်းလိုက်ပြန်ရင် လည်း ဘ၀တစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တယ် “

” ဘယ်လို ကောင်းနေတဲ့ လူကို မကောင်းတာ ခိုင်းတာလဲ ဆရာ”

” ကျွန်တော်တို့ ရပ်ကွက်နဲ့ မနီးမဝေး ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက် ကို အဲသလို အစီအရင်မျိုး လုပ်ခိုင်းလို့ ဒုက္ခရောက်သွားတာ သိပ်တောင် မကြာသေးဘူး . . . ပူပူနွေးနွေးကြီး ။ ပြောပြဦးမယ် . . ဂျုံကို အဲဒီအမျိုးသမီးရဲ့ ပုံစံတူ အရုပ်လုပ် ၊ အဲဒီ အမျိုးသမီးရဲ့ လက်သည်း ခြေသည်း ဆံပင်တွေကို နေရာတကျ ထည့် ၊ ပြီးတော့ သူ့ ရဲ့  ဘုမ္မိ ကျတဲ့အရပ်မှာ သွားမြှုပ်ခိုင်းတယ် ။ ဘေးက လူတွေကို ငိုခိုင်း သတဲ့ “

” ဟာ တကယ့်ကို အနိဋ္ဌ ပဲ”

” ဟို အမျိုးသမီး ခမျာ သူ့ အိမ်နောက်ဖေးအဆင့် ကျိုးကျပြီး ခြေကလန့် သလို ဖြစ်သွားလို့  ခြေကျိုးပြီး ဆေးရုံရောက်သွားတယ် “

” တော်တော်ဆိုးတဲ့ လူတွေပဲ “

” မီးဖိုချောင် ဖြစ်စေ ၊ ရေကပြင် ဖြစ်စေ နဂိုမူလ ကတည်းက ဆွေးရင်လည်း ဆွေးနေပါလိမ့်မယ်။ နွမ်းပါးတဲ့ အုပ်စုမှာ ပါတော့ မကြာခဏလည်း မပြင်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် တစ်နေရာတည်း ကွက်ပြီး သံပြုတ်တာတို့ သစ်သား ဆွေးတာတို့ ၊ ကျိုးနေတာတို့ ဖြစ်ချင်လည်း ဖြစ်နေမယ် ။ ဒါပေမယ့် အဲဒီလို အနိဋ္ဌ ယတြာလုပ်ပြီးမှ ဘာလို့ အဲဒီ အမျိုးသမီး ခြေလွတ် လက်လွတ် ပြုတ်ကျရသလဲ ။ ဘာလို့  ဆေးရုံရောက်သွားရသလဲ ။ ဒါ တွေးတောရတော့မယ့် အပိုင်း ရောက်လာပြီ “

” ဟုတ်ကဲ့ သူက ဘာလို့ အဲဒီ အနိဋ္ဌ ယတြာကို ချေရတာတဲ့လဲ ဆရာ”

” သူ သွားတဲ့လူဆီကို သွားတုန်းကတော့ ထီပေါက်ချင်လို့  ငွေကံတွေ ပွင့်ချင်လို့ တဲ့ဗျာ “

” ဟင် ၊ အဲဒီ အနိဋ္ဌ ယတြာနဲ့ ဘာဆိုင်လဲ “

” သြော် . . .ဦးသန်းထွန်းအောင်နှယ် . . သိတယ်မို့ လား . ကောင်းနေတာကို မကောင်းပြောမယ်။ မကောင်းပြောပြီးရင် လန့် သွားမှ ခိုင်းစရာရှိတာ ခိုင်းမယ် “

” သြော် သိပြီ သိပြီ ။ သဘောပေါက်သွားပြီ ဆရာ”

” အဲဒီလို လူမျိုးတွေနဲ့ တွေ့ လိုက်လို့ ကတော့ သွားပြီ။ အားကိုးတကြီးနဲ့ သွားတဲ့  ကာယကံရှင်ခမျာ အကုသိုလ် အလုံးအရင်း ကို ငွေနဲ့ ဝယ်ယူလိုက်ရသလိုပဲ ဖြစ်တော့မယ် သာမှတ် “

” ထီပေါက်ချင်တာနဲ့ ပဲ ပြေးရတယ်လို့ ”

” လူတွေကလည်း ဗျာ ၊ သိတယ်မို့ လား ။ ထွက်ပေါက်ပေါ့ဗျာ ။ ထီလေးများ ပေါက်မလား ဆိုပြီး အားကိုး တစ်ကြီးနဲ့ ပြေး ၊ ဟိုရောက်တော့ … အင်း .. .အကုသိုလ်တွေ များနေတယ် ။ အဲဒီ အကုသိုလ်တွေ များနေလို့ ငွေကံတွေ မ၀င်နိုင်ဘဲ ပိတ်ဆို့ နေရတာ ၊ အဲဒီ အကုသိုလ်တွေကို အရင် ရှင်းပစ်ရမယ် ။ ဘာညာဆိုပြီး ပြောရောဆိုပါတော့ ။ ကာယကံရှင်ကလည်း ထီက သိပ်ပေါက်ချင်တာကိုး ။ ထီသာ ကျိန်းသေ ပေါက်မယ်ဆိုလို့ ကတော့ အကုသိုလ် ရှင်းပစ်ရုံတင်မကဘူး ။ သူ့ တစ်ကိုယ်လုံးပေါ်ပဲ တံမြက်စည်းပဲ လှည်းရ လှည်းရ ၊ ငြိမ်ခံနေမယ့် သဘော ရှိတယ် ။

ဒါမျိုးတွေပေါ့ ဦးသန်းထွန်းအောင်ရယ် ဣဋ္ဌနှစ်မှာ အနိဋ္ဌ လုပ်လိုက်မိရက်သား ဖြစ်သွားလေတော့ သွားတော့တာပေါ့ ။ ဒါဟာ နံတူကို စိရင်တိုင်း ကောင်းလား မကောင်းလား ဆိုတာကို ချင့်ချင့်ချိန်ချိန် သိနိုင်အောင်လို့ ပြောပြတာ ။ ဒါကြောင့်မို့  လူတစ်ယောက်ဟာ အခက်အခဲဖြစ်နေရင် ဒုက္ခရောက်နေရင် သူ့ ရဲ့  နံတူကို ဘယ်လို လုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့် ထုတ်မှာလား ။ တင်လှူမှာလား ။ အနိဋ္ဌ လုပ်မှာလား ၊ ဣဋ္ဌ လုပ်မှာလား သိပ်အရေးကြီးတယ် ။ ခု ပြောခဲ့တာကို လေ့လာကြည့် ။ ကောင်းနေတဲ့သူကို မကောင်းတာ သွားခိုင်းလိုက်လို့ ကတော့ ထိပြီသာမှတ် ။ “

” ဟုတ်တယ်ဆရာ ဟုတ်တယ် ။ လူအတော်များများ လုပ်တတ်ကြတယ် “

” လုပ်တာပေါ့ ၊ သင်္ချိုင်းကုန်းမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ၊ ဘုမ္မိအရပ်ဆိုတဲ့ နေရာမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ အများကြီးပဲ ။ အဲဒီ အနိဋ္ဌ အလုပ်တွေကတော့ ကောင်းသွားတာတို့ ဘာတို့ သိပ်မကြားမိဘူး ။
ကျွန်တော် သိသလောက် ကျွန်တော့် ဥာဏ်လေးနဲ့ ပြောရရင်တော့ ဒီလို ငိုယိုပြီး သင်္ချိုင်းတို့ ၊ ဘုမ္မိတို့ မှာ သွားမြှုပ်ခိုင်းတဲ့ လုပ်ရပ်တွေဟာ ကောင်းပါ့မလားလို့ ။ ဘာလို့ လဲဆိုောတ့ ပလောင်သားကျူး တို့ ဘာတို့ မှာ ငိုယိုပြီး စီရင်ရတာတွေ ပါတယ်လေ။ ဒါတွေကျတော့ အကောင်းစီရင်တဲ့ အတတ်တွေမှ မဟုတ်ဘဲ “

” ဟုတ်ကဲ့ပါ ဆရာ ၊ တော်တော်ဆိုးတယ် ။ တော်တော်ကြမ်းတယ်လို့ ကြားဖူးပါတယ် ။ အဲဒီ ပလောင်သားကျူး”

” အဲဒါတွေလည်း နံတူနဲ့ စီရင်ထည့်လိုက်တာတွေပဲ ဦးသန်းထွန်းအောင် ရဲ့  ။ သူက ငိုယိုပြီး ဂါထာရွတ်တာပဲ ကွာတယ်။ ဒါကြောင့် လွယ်လွယ်ပြောလို့ ရပေယ့် တော်တော်ကြီး သတိထားရမယ့် ပညာ ခန်း ဟာ ‘ဓာတ်တူ နံတူ’ ဆိုတဲ့ ပညာခန်း လို့ ကျွန်တော် ပြောပြောနေတာပေါ့ “

ပြောတော့သာ လွယ်တာ ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ နံတူသတ်က အသေရ ‘ ဆိုပြီးတော့သာ ပြောနေလို့ လွယ်လွယ် သိကြရတာ ၊ ဘယ်ဓာတ်နဲ့ ဘယ်ဓာတ်က တူလို့ ဓာတ်တူတာ ၊ ဘယ်နံ နဲ့ ဘယ်နံ နဲ့ တူလို့ နံတူတာ ဆိုတာကတော့ နည်းနည်း နက်သွားပြီး ဦးသန်းထွန်းအောင် “

“ဟုတ်ကဲ့ “

” ပညာကတော့ သူ့ ဟာသူ ရှိနေတဲ့ ပညာပေါ့ ဦးသန်းထွန်းအောင်ရယ် ။ ဒီပညာနဲ့  မဟုတ်တာလုပ်ရင်တော့ မဟုတ်တာဘဲ ဖြစ်သွားမှာပေါ့ ။ ဟုတ်တာလုပ်ရင် ဟုတ်တာဖြစ်မှာပေါ့ ။

ဆရာ ဦးမောင်မောင်သန်း (ရင်ကို အေးမြစေသား)
လက်တွေ့ အင်္ဂ၀ိဇ္ဖာ မှ ကောက်နှုတ်ချက်များ

သူရဇ္ဇ မှာ ယူတတ်ကြပါ

November 24, 2008

ဗေဒင်ပညာဟာမှန်ဖို့ လည်း လိုသလို မမှန်ဖို့ လည်း လိုတယ်

ဆရာရေ . . . မင်္ဂလာပါ . . နေကောင်းရဲ့ လား . .

ကောင်းပါ့သမီးရေ . .ပြော .. ဘာ အကူအညီပေးရမတုန်း . .

ဟုတ်ကဲ့ ဆရာ . . သမီး ဂရင်းကဒ်လျှောက်ထားတာ ၆လကျော်နေပြီ ။ ကုမ္ပဏီက လျှောက်ပေးတာ ။ ခုထိ ဘာသတင်းမှ မကြားရသေးလို့  . . အဲဒါ . . ဘယ်တော့လောက် ရမလဲ သိချင်လို့ . . .

သြော်သမီးရယ် . .လျှောက်ထားရင်တော့ ရမှာပေါ့ သမီးရဲ့ . . ဒါများ ဗေဒင် မေးစရာလား ။ တရားမ၀င်လျှောက်မှသာ စိုးရိမ်ရမှာလေ ။

ဆရာကလည်း . . သမီးက သိချင်လို့ ပါဆိုနေမှ . . ဈေးကိုင်နေပြန်ပြီ ။

အဲ . . . ဖြစ်ရပြန်ပြီ ။ ဈေးကိုင်စရာလားကွဲ့  . . မကုန်သင့်တာ မကုန်အောင် လို့ ပြောတာပေါ့ ။ သမီးစိတ်တိုင်းကျ ဖြစ်စေရမယ် . . ကဲ ပြော . .နာမည် . .

သမီး နာမည်က အင်္ဂါနဲ့ စတယ် ။ စနေနဲ့ ဆုံးတယ် ဆရာရဲ့  . ။ ၀တ်ထားတာက မီးခိုးရောင် နဲ့  အပြာရောင် ။ (အမည်အား နံတူဖြင့်သာ စဉ်းစားကြပါရန်)

ဒီလို သမီးရဲ့  . . အခု သမီးမေးတဲ့အချိန်က တနင်္ဂနွေနေ့ ည ၇း၀၇ မိနစ် . . . ဆိုတော့ကာ . . ဆရာတို့ ပညာမှာတော့ အဲဒီအချိန်ဟာ သူရဇ္ဖ လို့ ခေါ်တဲ့ တနင်္ဂနွေ အခါ ပေါ့ကွယ် ။ဆရာတို့  လက်ဆန်းပညာမှာ နံတော်စဉ်ကိန်းဆိုတာ ရှိတယ် သမီးရဲ့  ။ ဘာတိုင်မှလည်း ထူစရာမလိုဘဲ လက်တန်းပြောနိုင်တာပေါ့ကွယ်။ အဲ . လက်တန်း ဟောပြောနိုင်တယ် ဆိုပြီး လွယ်တယ်လို့  မထင်လိုက်နဲ့ သမီးရဲ့  ။ ဗုဒ္ဓ၀င် ကို ထဲထဲဝင်ဝင် လေ့လာထားမှ ဟောပြောနိုင်တာပေါ့ကွယ် ။ ဆရာကတော့ သေချာတောင်မလေ့လာရသေးဘူး သမီးရဲ့  . . အသက်ကလည်းကြီး . . မှတ်ဥာဏ်ကလည်း လျော့လာတော့ ဖတ်ပြီးမေ့ . . ဖတ်ရင်းနဲ့ အိပ်ပျော်ပေါ့ သမီးရယ် . .

ဟီးဟီး . .ဆရာကလည်း .. နောက်နေပြန်ပြီ . .

သမီးပျင်းနေမှာစိုးလို့  ဟာသလေး ညှပ်ပြောရတာပေါ့ကွယ် . . အဲ.. ခုနက သူရဇ္ဇ လို့ ခေါ်တဲ့ တနင်္ဂနွေအခါ ကို ပြန်ဆက်ရရင် . . တနင်္ဂနွေအခါဟာ . . ဘုရားရှင်ရဲ့ ဓာတ်တော် မွေတော်တွေ လေ ..ခွဲဝေကြတဲ့ အခါပေါ့ကွယ် . . အဲသလို ခွဲဝေတဲ့ အခါမှာ ဒေါနပုဏ္ဏား လားမသိပါဘူး သမီးရယ် .. ဆရာလည်း နာမည်မေ့နေလို့  . .စနေအမည်လို့ ပဲ မှတ်လိုက်တော့ကွယ် .. အဲဒီ စနေအမည်နဲ့ ပုဏ္ဏားက ဓာတ်တော်တွေကို သူ့ ဖို့ ပါ ခိုးယူထားသတဲ့ . .

ဒါကြောင့် .. သမီး လျှောက်ထားတဲ့ Green Card အခြေအနေကို ပြောရရင်တော့ Information ပြန့် ကျဲနေလို့  . . Data တွေ မစုစည်း နိုင်သေးလို့ ကြန့် ကြာနေတယ်လို့  ဆိုနိုင်သပေါ့ကွယ် . . သမီးကို လျှောက်ပေးတဲ့သူဟာ စနေအမည်နဲ့ ဆိုရင် ပိုကြာမှာပေါ့ သမီး။

ဘယ်တော့လောက် ရနိုင်မလဲဆရာ . . .

ဆရာ့ဆရာကြီးစတိုင်လ်ဖမ်းပြီး ပြောရရင် .. အင်း . .ခက်တယ် .. သမီးရယ်.. ယတြာလုပ်ရမယ်ပေါ့ .. . .ဟဲဟဲ.. ဒါပေမဲ့ သမီးသိတဲ့အတိုင်းပဲလေ. . .ပညာကို လေးစားလို့  အကြံအဥာဏ် လာတောင်းခံရင် ဆရာကလည်း အားကြီးကူညီချင်တာ . . . လွယ်ကူမဲ့ဟာတွေကိုလည်း အမြဲစဉ်းစားပြီး ပြောပြနေတာ သမီးလည်း အသိပဲလေ . . .

ဟုတ်ကဲ့ဆရာ . . . ဆရာ့စေတနာကို သမီးနားလည်ပါတယ် . .အဲဒါကြောင့် ဆရာ့ဆီမှာ အကြံဥာဏ်လာတောင်းတာပေါ့ ဆရာကလည်း..

ဟဲဟဲ . . . ကိုယ့်ဆီလာတဲ့ ကမ်စတမ်မာကို စိတ်ချမ်းသာစေဖို့  ဆရာ့မှာတာဝန်ရှိတာပေါ့ သမီးရယ် ။ အဲဒါကြောင့် ဗေဒင်ပညာဟာမှန်ဖို့ လည်း လိုသလို မမှန်ဖို့ လည်း လိုတယ် သမီးရဲ့  . . .

ဟင် . .ဆရာကလည်း . . မမှန်မှတော့ ဘာလုပ်ဖို့ ဟောနေတော့မှာလဲ . . .

သြော်သမီးရယ် . . . သမီးပဲ စဉ်းစားကြည့် . . ဆရာတို့ က အတိုင်ပင်ခံ ဆရာတွေလေ . . . ပျောက်စေဆရာ . . အကြားအမြင်ဆရာမှ မဟုတ်တာ သမီး . . . စီးပွားရေး ပညာရှင်တစ်ယောက်ဆီကို စီးပွားရေး လုပ်ချင်တဲ့ လူတစ်ယောက်က လာပြီး အကြံဥာဏ်တောင်းခံသလိုပေါ့ . . . ပညာရှင်ကတော့ ဒီလထဲမှာ ကုန်ဈေးနှုံးတွေ စာရင်းဇယားအရ တက်နိုင်ချေရှိတယ် . . . ဒီ ကုန်တွေကို လှောင်သင့်တယ်လို့  Historical figures တွေအရ အကြံဥာဏ်ပေးတာပေါ့ .. စီးပွားရေးလုပ်ချင်တဲ့သူကလည်း အဲဒီကုန်တွေလှောင်ပေါ့ . . . ဈေးတက်တက် ဈေးကျကျ . . ကျန်တာက စီးပွားရေး လုပ်ချင်တဲ့သူရဲ့ ကံဥာဏ်ဝီရိယ နဲ့ ပဲ ဆိုင်တော့တယ် . . အကြံပေးယုံပေါ့ကွယ် .. .

ဆိုပါစို့ သမီးရယ် . . . အမေ့အတွက် ကျန်းမာရေး ကိစ္စလာမေးတဲ့ သူတစ်ယောက်ကို တွက်ချက်ကြည့်လိုက်လို့ အနိစ္စ ကို မြင်နေလို့  ယပ်တောင်ကမ်းဖို့ သာ ပြင်ထားပေတော့လို့  ပြောလို့ မရဘူး သမီးရဲ့  . . . တစ်ဖက်သူ စိတ်ဓာတ်ကျသွားမယ် . . . ပူဆွေးဝမ်းနည်းမှုတွေ ပိုများလာမှာပေါ့ …ဆရာလုပ်တဲ့သူကလည်း (၇) ရက်သားသမီးတွေအပေါ် စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေတာလေ . . . ပူဆွေးဝမ်းနည်းမှုတွေကို လျော့ပါးသွားအောင် တတ်နိုင်တဲ့ဖက်က ဖြည့်ဆည်းပေးရမှာပေါ့ . . ဒါမှ consultant ပီသတော့မပေါ့ သမီးရယ်၊ ပညာထဲမှာမြင်တဲ့အတိုင်း ဒဲ့ ပြောလိုက်ရင် ဒီဆရာဟာ သမားဂုဏ်နဲ့ ဘယ်ညီတော့မလဲ . . . ပညာဂွင်ထဲကလည်း လွတ်မထွက်အောင် . . . တစ်ဖက်သူလည်း လက်ခံနိုင်အောင် ပြောပေးရတာပေါ့ .. . . ဥပမာ တစ်လအတွင်း တော့ ဘာမှ မဖြစ်နိုင်ဘူးဟေ့  . . ၂ ပတ်အတွင်းတော့ အခြေအနေ မဆိုးနိုင်သေးဘူးဟေ့ လို့ ပြောပေးလိုက်ရင် လာမေးတဲ့သူလည်းစိတ်သက်သာရာရတာပေါ့ . .

ဟုတ်ကဲ့ဆရာ . . ဆရာနဲ့ တွေ့ မှပဲ ဗေဒင်ဟာ မှန်ဖို့ လည်း လိုသလို မမှန်ဖို့ လည်း လိုတယ်လို့  ကြားဖူးတော့တယ် . . .

အင်း . . . မမှန်ဖို့ လည်း လိုတယ်ဆိုတာ မှားတယ်လို့ မဆိုလိုဘူးနော် . . အဲဒါလည်း သတိထားအုံး . . . မှန်တော့မမှန်ဘူး . . ဒါပေမဲ့လည်း မမှားဘူး .. အဲသလိုမျိုးပေါ့ . . ဟဲဟဲ .
ခုနက သမီးလေး မေးတာလေးကို ပြန်ဆက်ရအောင် . . သမီးက ဘယ်တော့လောက်ရမလဲ သိချင်သေးတယ်မဟုတ်လား . . . ဒါဆိုရင် သူရဇ္ဖတိုင်ကို ကြည့်ကြရအောင် သမီးရယ် . . . သူရဇ္ဖတိုင်မှာ သမီးက အင်္ဂါဆိုတော့ .. . .

၅ အပြာ (တိုင်ထိပ်)






ဝ စနေ (အခိုက်)
၃ တိုင်ခြေ (အင်္ဂါအမည်) – မီးခိုးရောင်

အင်္ဂါဆိုတော့ သမီးက တိုင်ခြေမှာ ရောက်နေတာပေါ့ကွယ် . . . တိုင်ခြေ မြေလူး တဲ့ . . . ဆရာလည်း ပြောသာပြောရတာ . . .အဲဒီမြေလူးဆိုတာကို နားမလည်ဘူးသမီး . . ကြားဖူးလို့  သာ ရွတ်ကြည့်လိုက်တာ. . . သမီးဝတ်ထားတာက မီးခိုးရောင် နဲ့ အပြာ ဆိုတော့ တိုင်ဇောက်ထိုး ဖြစ်နေတယ် ။ သမီးက Green Card ကိုမေးတော့ Green Card ဆိုတာ နေထိုင်မှုနဲ့ ဆိုင်တာပေါ့ကွယ် . . အဲဒါကြောင့် ဆရာကတော့ အဋ္ဌလဂ်ကို နည်းနည်း ပြန်ကြည့်မယ်နော် သမီး . . အဋ္ဌလဂ်မှာ . . အင်္ဂါရဲ့  နေထိုင်မှုနဲ့ ဆိုင်တာ ဆိုရင် နာဂရ နဲ့  ဋ္ဌာနပေါ့ကွယ် . ။ အင်္ဂါရဲ့ နာဂရ ဟာ စနေ ပေါ့သမီး ။ဋ္ဌာနကတော့ တနင်္ဂနွေ။ စနေကလည်း တိုင်မှာ အခိုက် ၊ တနင်္ဂနွေကလည်း တိုင်မှာ အလယ်ချာ ဆိုတော့ တစ်ခုမှ မကောင်းဘူး သမီး၊ ဒါပေမဲ့ တိုင်ဇောက်ထိုး ဖြစ်နေတဲ့ သမီး အမည်နဲ့ အရောင် ကြောင့် အလယ်ကတ္တား ၁ က အစွမ်းတော့ ပြမှာပဲ ။

ဒါကြောင့် Green Card အတွက် ပြန်စာရမဲ့ ရက်ကို ခန့် မှန်းပေးရရင်တော့ ၁ လ (သို့ ) ၆ ပတ်အတွင်း သတင်းကြားရမယ် သမီးရဲ့  ။ ယတြာပြုချင်သပ ဆိုရင် နာနတ်သီး စွန့်  ကြဲပေးရမယ် သမီး ။

အမလေး ဆရာရယ် . . . သမီးကို ဗေဒင်ဟောပါဆိုပါမှ ဗေဒင်တွေ သင်နေတာလား ။ သမီးလည်း နားထောင်ရတာ ဘာတွေမှန်းကို မသိတော့ဘူး ။ ဆရာပြောတာအရဆို ရင် ၁ လ (သို့ ) ၆ ပတ်အတွင်းမှာ သတင်းကြားရမယ်ပေါ့ ။

ဟုတ်ပါ့ သမီးရေ . . . အတိအကျပဲ . . . စိတ်အေးအေးသာ ထားပေရော့  . .

ကျေးဇူးတင်ပါတယ်ဆရာရေ့  . . . သမီးကို ခွင့်ပြုပါအုံး . . .

ဂွတ်လပ်ခ် သမီးရေ . . .

တိုး၍သာ ကြံကြကုန်လော့

November 21, 2008


အင်တာဗျူး အစီအရင် အနေနဲ့ 

အင်း. . .

လက်ဆန်း ၀ိဇ္ဇာကတော့ မသိသူကျော်သွား သိသူဖော်စား လို့  . . ချွန်တွန်းလုပ်ပြီး ပြန်ကြွသွားလေရဲ့ ။ အိပ်ကောင်းချင်း မအိပ်ရ . . အဲလေ ပုတီးလေးတောင် ဖြောင့်အောင် မစိပ်ရဘူး ။

နှံစုတ်ဖားစား၊ ဖားကိုမြွေမြို၊ မြွေနီဒေါင်းပေါက်၊ ဒေါင်းနောက်မုဆိုး၊ မုဆိုးကျားချောင်း၊ ကျားကိုဆရာဂုရုနိုင်၏၊ ဂုရုဆရာကို နှံပြည်စုတ်က မထီမဲ့မြင်ပြု၏ လို့ လည်း လင်္ကာတွေ ရွတ်ပြသွားသေးတယ်. . .

တော်သေးတာပေါ့ . . ဘလော့ပေါ်မှာ လင်္ကာလေး ချရေးသွားလို့  . . . အင်္ဂ၀ိဇ္ဖာ သာ သင်ထားတာ။ ဘာလင်္ကာမှ အလွတ်ရတာမဟုတ်ဘူး။ ဟိုတစ်နေ့ ကလည်း အင်္ဂ၀ိဇ္ဖာ ကျမ်းရင်း လင်္ကာ ထဲက အပိုဒ် ၃၉ နဲ့ ၄၀ ကို ဒေါင်းဒေါင်းပြေးအောင် ရွတ်ပြပြီး ၀က်ကင်တပ်ရအုံးမယ်တဲ့ ။ ဘာမှ လည်း သေချာ မသင်သွားဘူး ။

ဟော . . . ဒီနေ့ လည်း ပေါက်ချလာပြန်ပြီ ။ နှံစုတ်ဖားစား တဲ့ ။ ဘယ့်နှယ်လုပ်ပြီး နှံပြည်စုတ်ငှက်ကို ဖားက စားရမှာလဲ . . ဖား က ဧရာမ ဖားလား . . ဖိလစ်ပိုင်က ဖားမတွေလား တော့ မသိဘူး ။ မဟာဘုတ်ကိန်းရဲ့ လျှို့  ၀ှက်ချက် တွေ ပညာပေးခဲ့တယ် ဆိုပါလား . . အောင် လံ နဲ့  ပြည်ကြား မှာ ၂ နဲ့ ၃ မြုပ်နေတယ်တဲ့ .. အဲလေ.. အောင် နဲ့ လံ ကြားမှာ . . . ဒီအတိုင်းတော့ မဖြစ်ဘူး .. တိုင်လေးထူကြည့်လိုက်အုံးမယ်. . . တိုင်မထူရတာတောင် ကြာလှပြီ .. အောင်လံထူမဲ့ စစ်သူကြီး ခေါင်းကွဲ သွားလို့  .. အဟင်းဟင်း .. လာထား တနင်္ဂနွေတိုင် အရင်ထူကြည့်မယ် . . . အောင် လံ ထူ စစ် သူ ကြီး ပွဲ …

၅ ပွဲ
၂ ကြီး
၆ သူ

၁ အောင်

၎ လံ
ဝ ထူ
၃ စစ်

၁နွေ နှံပြည်စုတ်ကို အနိုင်ရချင်ရင် ၄ဟူးဖားကို အနိုင်ဓာတ် အဖြစ် စီရင်ရမယ်လို့  လက်ဆန်း ၀ိဇ္ဖာကြီးက လမ်းကြောင်းဟသွားတယ်။ နှံစုတ် ဖားစား ဆိုတဲ့ လင်္ကာအရ ဖားစားတာက နှံစုတ်ဖြစ်သွားတာပေါ့ ။ အင်း .. နိုင်သွားတယ်ပေါ့.. အမယ် .. ဟုတ်နေပါလား အဲဒီတော့ ၁နွေကို နိုင်ချင်ရင် ၄ ဟူး ကို ကိုယ်က ဆောင်သွားရမယ်လို့  ပညာပေးသွားတာပေါ့လေ …

အင်း . . . ဘလော့လာဖတ်တဲ့သူတွေကို အင်တာဗျူး အစီအရင် အနေနဲ့ . . . အဲဒါလေး ရေးလိုက်ရရင် မဆိုးဘူး . . . အင်တာဗျူးမဲ့ သူရဲ့  အမည်ကို သိရင် ဆောင်သွားရမဲ့ ဟာလေးတွေ ကို ချရေးကြည့်အုံးမှပဲ. . အင်တာဗျူးတင်မကပါဘူး . နိုင်ချင်ရင် ဒါလေး တွေ သိထားတော့ အဆင်ပြေတာပေါ့ . . အဲ မိဘကိုတော့ သွားမလုပ်နဲ့ နော် .. လုပ်ကောင်းတဲ့ အရာမဟုတ်ဘူး ဆိုတာ ပါ ထည့်ရေးအုံးမှ .. တော်ကြာနေ ဆီပူအိုးထဲ ကိုယ်ပါ အချောင်နေရင်း အကြော်ခံနေရအုံးမယ် .. အဲဒီတော့

တနင်္ဂနွေ အမည် ဆိုရင် . . ၄ဟူး ။ အင်း . . ရွက်လှ တို့ ရွှေ တို့ ပေါ့ ။ ရွက်လှမရှိရင် ဘယ့်နှယ်လုပ်ရမလဲ ။ အဲ . . ဓာတ်သဘော ဆိုရင် လေကို တစ်ဝကြီး ၄ ခါ ရှူသွားမယ် .. အဟက်အဟက် ။ အင်း လွယ်လွန်းတော့ ပေါ့ရွှတ်ရွှတ် ထင်နေအုံးမယ် ။ အ၀ါရောင် လက်ကိုင်ပ၀ါ လေး ဆောင်သွားမှာပေါ့ အဟိ…

တနင်္လာ အမည် ဆိုရင် . . ၅တေး ။ မြေပဲ စားမယ် ။ ပေါက်ပေါက်ဆုပ် စားမယ် ။ မရှိရင် အပြာရောင် ပန်းပေါ့ . . . အမယ် .. ဟုတ်နေပါလား ။

အင်္ဂါ အမည် ဆိုရင် . .. ၆ကြာ ။ သောကြာဆိုတော့ သရက် ၊ သီဟိုဠ်ပေါ့ ။ မရရင် သကြားစားမယ် ။ သကြားလုံးစားမယ် ။ ဆောင်သွားချင်ရင် သံလိုက်တုံး ပေါ့ ။ ဆွဲငင်အား ကောင်းအောင် ။ သံပုရာသီးတော့ မဆောင်သင့်ဘူးထင်တယ်။ တော်ကြာ ကိုယ့် ကို ချဉ်နေအုံးမယ်။

ဗုဒ္ဓဟူး အမည် ဆိုရင် . . . စနေ ။ တ၊ ထ ၊ ဒ ၊ ဓ ၊ န ဆိုတော့ကာ ထညက် တို့ နှမ်းတို့ ပေါ့ ။ မဖြစ်နိုင်ရင် အနက်ရောင် ထီး ပေါ့ ။

ကြာသပတေး အမည် ဆိုရင် . . ၁နွေ ။ အင်း ဒါကတော့ လွယ်မယ်ထင်တယ် ။ အင်္ကျီ အနီရောင်လေး ၀တ်သွားမယ်။

သောကြာ အမည် ဆိုရင် . . ၂င်္လာ ။ ဆိုတော့ကာ . . ခွေးအစာကျွေးတာကော ရမလား မသိဘူး ။ ကျောက်စလစ်ခဲ ဖြူဖြူလေး ၂လုံး။

စနေ အမည် ဆိုရင် . . ၃င်္ဂါ ပေါ့ .. ဆီးသီး ၊ ဇီးသီး ။ အင်း ကုသိုလ်ပါ ရအောင် ဆိုရင်တော့ ဆေး ၃ ပုလင်း ဂီလာနသံဃာကို ကပ်လိုက်မယ်။

ဟုတ်တော့ ဟုတ်နေပြီ .. နောက်တစ်ခါလာရင်တော့ ကတ္တား ရှိရာ ကံမလာနဲ့ ဆိုတာလေး မေးလိုက်အုံးမှပဲ။ ကတ္တား ဆိုတာက အခါတိုင်ရဲ့ အောက်က ဂဏန်းတွေ ၊ ကံ ဆိုတာကတော့ အလည်ခြာလား . . . ၀ါးတားတားပဲ ။ တနင်္ဂနွေ တိုင်အရ ဆိုရင်တော့





၁ ကံ

၎ ကတ္တား

ကတ္တားရှိရာ ကံ မလာနဲ့ ဆိုတဲ့ လင်္ကာအရဆိုရင် ၁ နွေက ၄ ရှိရာကို မသွားရဘူးတဲ့ ။ ခုနက လက်ဆန်းဝိဇ္ဖာကြီး ပြောသွားတာက နှံစုတ် ဖားစား ဆိုတော့ ၄ ဆိုတဲ့ ကတ္တားက ၁ကို နိုင်တယ်။ အဲဒီ ၂ ခု အချိတ်အဆက် မိနေသလား မသိဘူး . . . ပြန်လာမှ မေးကြည့် လိုက်အုံးမှ ။ တော်ကြာ . . မဖြေဘဲနဲ့ ” တိုးလို့ သာ ကြံကြကုန်လော့ ” ဆိုပြီး ဖြေနေမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ်။ လိပ်စာလည်း ခုထိမမေးရသေးဘူး .. အမယ် ဘယ်ရမလဲ .. နောက်တစ်ခါလာရင် ဘလော့ဆိုက်ဘားနားက FEEDJIT Live Traffic Feed မှာ လှမ်းရှိုးလိုက်မယ် .. .သူလာလို့ သရဏဂုံ ၃၀ စိပ်နေတာလေးတောင် ပျက်သွားပြီ . . ပြန်စိပ်လိုက်အုံးမှ။ လုပ်ငန်းကိုင်ငန်း ဟောခန်းလေး အဆင်ပြေအောင် . .

ဇာတိပရိယန္တံဗုဒ္ဓံသရဏံဂစ္ဆာမိ
ဇာတိပရိယန္တံဓမ္မံသရဏံဂစ္ဆာမိ
ဇာတိပရိယန္တံသံဃံသရဏံဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
z z z z z z z z z z z z z z z z z
z z z z z z z z z z z z z z z z z
z z z z z z z z z z z z z z z z z

နံတော်စဉ် တနင်္လာအခါ promotion

July 4, 2008

* This article contains no astrological jargon *
အစ်ကိုကြီးရဲ့  ပရိုမိုးရှင်းရမလားလို့ မေးတာကို ပြန်ဖြေရရင်တော့ ရနိုင်ချေရှိတယ်လို့ ဖြေရမှာပဲ။


နံတော်စဉ် တနင်္လာအခါ နှင့် promotion မေးခွန်း

ဟုတ်ကဲ့.. ပြောပါ… အလုပ်အကိုင် အကြောင်း မေးချင်လို့ လား..မေးပါ..မေးပါ.. ရပါတယ်..အော်.. မြန်မာပြည်ကလား.. အစိုးရအမှုထမ်း? နေရာလစ်လပ်နေတယ် … ပိုင်တာပဲ .. အဲဒါဆို.. .ပရိုမိုးရှင်း ရှိမရှိ သိချင်တယ်ဆိုပါတော့.. အစိမ်းနုရောင် အင်္ကျီဝတ်ထားတယ်လား.. အမလေးလေး..အစိုးရအမှုထမ်းဆိုပြီး ငွေမပေးနိုင်တာ ပြောမနေပါနဲ့ .. မြန်မာပြည်က မေးတဲ့သူ အတော်များများ အတွက် ဆိုရင် ဒီအတိုင်းသာ လာမေး ..ဖြစ်တယ်..ဒီကလည်း ကူညီဖို့ အဆင်သင့်ပဲ.. ဟင်းဟင်း..

အင်းပေါ့..ပရိုမိုးရှင်းဆိုတာက ၀န်ထမ်းတွေအတွက် ဘ၀မှာ အထူးမျှော်လင့်တဲ့ အခွင့်အရေးပေါ့.. ဘယ်လို စားပွဲအောက်ကငွေကြေး မပေးနိုင်လို့ ..အဲဒါဆို စားပွဲအပေါ်ကနေ ပေးပေါ့.. အော်..ဟီး undertable money လား..အင်းပေါ့ အထက်အသိုင်းအ၀ိုင်းကို ပေါက်ဖို့ ကလည်း လက်ဆောင်တွေ လိုသေးတာကိုး.. ချစားနေတာဆိုတော့ လွယ်တော့လွယ်ဘူး..ပုဂံရာဇ၀င်ထဲကလို သမီးတော်နဲ့ ရွှေလမ်းငွေလမ်း ခင်းမှရမယ်..ဟဲဟဲ..

အစ်ကိုကြီး မေးတဲ့အချိန်က အခါအလိုအရ တနင်္လာအခါ.. သိဒ္ဓတ္ထမင်းသား(ဘုရားလောင်း) တောထွက်တော်မူတဲ့ အခါလို့  တိုတိုပဲ မှတ်ကြပါစို့ ..

အစ်ကိုကြီးရဲ့  ပရိုမိုးရှင်းရမလားလို့ မေးတာကို ပြန်ဖြေရရင်တော့ ရနိုင်ချေရှိတယ်လို့ ဖြေရမှာပဲ။

ဝမ်းသာမသွားနဲ့ အုံးနော်.. ကိုယ်နဲ့ အပြိုင်ယှဉ်ရမဲ့ ၂ ယောက်လောက်ပါနေတယ်.. အင်..ဘာလို့ လည်းဆိုတော့ဗျာ .. သိဒ္ဓတ္ထမင်းသား တောထွက်တော့ အဖော်ပါတယ်လေ… ဆန္ဒအမတ်နဲ့ ကဏ္ဍကမြင်း မဟုတ်လား.. အဲဒီတော့ အနည်းဆုံး ၂ယောက်တော့ ပရိုမိုးရှင်းမှာ ယှဉ်ရမယ် .. ကြိုးစားရမယ်.. စိတ်ဓာတ်ခိုင်မာရမယ်.. နောက်ပြန်လှည့်မကြည့်တဲ့ စိတ်မျိုး..ပြင်းပြတဲ့ ဆန္ဒမျိုး ကိန်းအောင်းနေရမယ်..ဘာလို့ လည်းဆိုတော့ ဘုရားလောင်း ဟာ ယသောဓရာ နဲ့ သားတော် ရာဟုလာကို ထားခဲ့ပြီး သံသရာကနေ လွတ်မြောက်လိုတဲ့ စိတ်ကြောင့် တောထွက်ခဲ့တာလေ…အဲလို စိတ်မျိုးထားရမယ်လို့ ဆိုလိုတာ.. ဟုတ်တယ်. စိတ်ရှည်ဇွဲသန် သည်းညဉ်းခံ ရမယ်..

နောက်ပြီး အပြိုင်အဆိုင်အတွက်ကတော့ ပူမနေပါနဲ့ ..နောက်ဆုံး သူတို့ ပြုတ်ကျကျန်ခဲ့မှာပါ..အော်..ဗုဒ္ဓ၀င်ကို အာရုံထည့်ပြီး ဟောနေတာလေ.. တောထွက်တဲ့အချိန်ကို စဉ်းစားပြီး ဟောပြောနေတာကိုး.. ဘုရားလောင်း အနော်မာမြစ်ကမ်း ရောက်တော့ အဖော်ပါလာတဲ့ အမတ်ကြီး လဲ ပြန်ရ..ဖွားဖက်တော် မြင်းလည်း ရင်ကွဲနာကျပြီး အသက်ကုန်သွားတယ်မဟုတ်လား..အဲဒီ အယူအဆကြောင့် အပြိုင်အဆိုင်တွေ ကိုယ့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာပါ.. ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုလို့ မကြိုးစားဘဲ နေရင်တော့ ကိုယ်ပဲခံသွားရမယ်နော်..

ပြီးတော့ လစ်လပ်နေတဲ့ နေရာက အခု လက်ရှိနေရာထက် ပိုပင်ပန်းမယ်.. အင်းလေ..သာမန်ကြည့်ရင်တော့ ရာထူးတက်သွားရင်တော့ အရင်နေရာထက်တော့ ပိုပင်ပန်းမှာပေါ့.. မလုပ်ဖူးသေးတဲ့ အကြောင်းအရာသစ်တွေ၊ မရောက်ဖူးသေးတဲ့ နေရာ အသစ်တွေ၊ မဆက်ဆံဖူးသေးတဲ့ ပတ်ဝန်းကျင်တွေ၊ အသိုင်းအ၀ိုင်းတွေနဲ့  ဆက်ဆံရတော့မှာကိုး.. ဗုဒ္ဓ၀င်မှာ ဘုရာလောင်း တောထွက်ပြီး ၆ နှစ်တာ ဒုက္ခရ စရိယာ ကျင့်ခဲ့တာ ဘုရားဆိုတဲ့ နေရာ (promotion) သဘောပေါ့ဗျာ..လူ့ ဘ၀ကနေ လောက ၃ပါး အတုမရှိတဲ့ ဘုရားအဖြစ်ကို ရောက်ရှိဖို့  ကျင့်ကြံခဲ့ရတာကို စဉ်းစားမိလို့  ပိုပင်ပန်းမယ်လို့ ပြောတာ..

နိဂုံးချုပ်ကတော့ promotion ရနိုင်ချေ ရှိတယ်..ကျိုးစားရမယ်..ကိုယ်နဲ့ အတူ အပြိုင်အဆိုင် ၂ ယောက်ထက်မနည်း ရှိမယ်. အဲဒါပါပဲ ခင်ဗျာ..

နံတော်စဉ် တနင်္လာအခါ

July 3, 2008

* This article contains no astrological jargon*
မ သိ ကြ လျှင် တွေး ဆ ဦး နံတော်စဉ်ကိန်းမှ (ကြ – တနင်္လာအခါ) အယူအဆ


(၁)
နံတော်စဉ်ကိန်း၏ “မ သိ ကြ လျှင် တွေး ဆ ဦး ” မှ ကြ ဆိုသည့် တနင်္လာကို ကိုယ်စားပြုသည့် နေ့ သည် ဘုရားရှင် တောထွက်တော်မူသည့် နေ့ ဖြစ်သည် ။

ဗုဒ္ဓဟူးနေ့ ..နံနက် ၇း၄၀ (တနင်္လာ အခါ)
ပြော..ဘာအကူအညီပေးရမလဲဗျ.. ဟုတ်ခဏလေးစောင့်နော်၊ အစောကြီးဆိုတော့ မျက်နှာတောင်မသစ်ရသေးဘူး ၊ ရေလည်းချိုးရအုံးမယ်..ခဏလေးဗျာ..

အင်း..ရပြီ.. ဆိုပါအုံး တစ်ပုဒ်လောက် အဲလေ.. ကိစ္စက.အော် ပီအာ (PR) လား၊ email ပို့  လိုက်လေ.. ဟမ်..ဘယ်လို အီးမေးလ်မလိုချင်ဘူး..ဒါဆို ဘယ်လိုဖြစ်စေချင်လိုတုန်း ..
g-talk 2 g-talk ပြောချင်တယ် လား.. အဲဒါဆိုရင်တော့ စောင့်ရမယ်..အော်..အလုပ်သွားရမယ်လေ..

အာ..စိတ်မညစ်နဲ့ လေ.. ဘယ်လို..ဘယ်လို.. paypal မှာ ပေးရတာအဆင်မပြေလို့  ပိုစိတ်ညစ်သွားပြီ..အမ်မလေး.. အဲဒါက အဟန့် လုပ်ထားတာ.. မပေးနိုင်ရင် မပေးနဲ့ ပေါ့.. ယုံကြည်မှုပေါ့… ပေးနိုင်ရက်သားနဲ့  မပေးဘူးဆိုတာမျိုးတော့ မလုပ်နဲ့ ပေါ့ ဟဲဟဲ

ဗျာ.. ICA ကို ခဏခဏ သွားနေရတာလား… ဟဲဟဲ ဒီလိုဗျ.. ခင်ဗျား နိမိတ် ၄ ခု မြင်ရင် အဆင်စပြေ ပြီလို့ သာ မှတ်..အော် ..ဘာတွေလဲဆိုတော့ဗျာ..

၁) သူအို ၂) သူနာ ၃) သူသေ ၄) ရဟန်း

ဘယ်လို ..အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပျောက်သွားတယ်လား..ဖြစ်ရလေဗျာ.. အင်း..ဆက်ပြောပါအုံး..ဟုတ်တယ်.. နိမိတ် ၄ ခု မြင်ရင် အဆင်စပြေမယ်.. ဟမ် ၃ ခု တော့ တွေ့  ပြီးပြီလား..ဘာတွေတုန်း.. အင်း သူအို ရယ်၊သူသေ ရယ် ၊ ရဟန်း ရယ်ပေါ့ ဟုတ်လား.. အဲဒါဆိုရင်တော့ သူနာကျန်တာပေါ့.. ညကျမှ ပြောမယ်ဗျာ..နော်..အခု
အလုပ်ပြေးရအုံးမယ်။

ဟဲဟဲ.. သူနာ တွေ့ ချင်ရင် ဆေးရုံကိုသွားပြီး သွားကြည့်..ဟိဟိ.. အိုကေ..ဘိုင်ဘိုင်..ညမှ ဆက်ပြောမယ်နော်..

(၂)
ဗျာ..ပျောက်သွားတဲ့ စာရွက်စာတမ်းတွေ ပြန်တွေ့ မှာလား ဆိုတော့ သိဝူးလေ..ပျောက်မှတော့ ဘယ်တွေ့  တော့မလဲ..အထားမှားတာမှ မဟုတ်တာ.. ဥပမာ..ရုံးလုပ်ငန်း လုပ်တဲ့သူဆိုရင် Shredder လုပ်မဲ့  စာရွက်တွေကြားညှပ်သွားရင် ရပါ့အုံးမလား.. အော်..၂ ခုတောင် ပျောက်တာလား..work experience အတွက် ထောက်ခံစာတွေလား.. ဒါလေးများ ပြန်တောင်းပေါ့..မပေးလို့ ကတော့ အဲဒီ အလုပ်ရှင်ကို တရားစွဲလိုက် ..ဟဲဟဲ..

မနက်က ပြောတာ နိမိတ် ၃ ခုတော့ မြင်ပြီးပြီ ဆိုတော့ ဘယ်လို မြင်တာလဲ..သွားကြည့်တာလား.. အော် အလုပ်နားမှာချည်းပဲပေါ့.. အလုပ်နားက block မှာ funeral ဖြစ်တယ်..အဲ..ဟုတ်ပြီ.. နောက်တစ်ခုက..အင်း..တံတားပေါ်မှာ သူတောင်းစား အဖိုးကြီး ပိုက်ဆံတောင်းနေတာကို ပေးခဲ့သေးတယ်..အမယ် ..ဟုတ်နေပါလား.. နောက်ကော.. ဘယ်လို မြန်မာဘုန်းတော်ကြီး ကို ရထားပေါ်မှာတွေ့ လို့  နေရာပေးခဲ့သေးတယ်လား.. ကောင်းတာပေါ့.. ဒါဆိုရင်တော့ လူနာ ဆိုတာကို မြင်ရင် အဆင်စပြေပြီလို့ မှတ်ပေါ့..

အင်း တစ်ကယ်တမ်းဆိုရင်တော့ ဆေးရုံသွားကြည့်ရင် လူနာဆိုတာ မြင်ရမှာပဲ.. ဒါပေမဲ့ အဲဒါက တမင် သွားကြည့်တာကိုး.. ဟုတ်တယ်.. စောင့်ကြည့်မှ ရမှာပေါ့..အင်း ဥပမာ.. လမ်းပေါ်မှာ accident ဖြစ်တာတို့ ..ဘာတို့ ပေါ့..အဲဒါကို ကြည့်ရမှာပဲ..ဟဲဟဲ..နိမိတ်မြင်ဖို့  သူများ accident ဖြစ်အောင် ဆုတောင်းနေရတာမျိုး တော့ ကောင်းပါဘူး… ဆိုပါစို့ ဗျာ.. လမ်းသွားနေရင်း ခြေထောက်မှာ ပတ်တီးစည်းထားတဲ့ သူကို တွေ့ ရင်လည်း လူနာပဲလေ.. အင်း အဲဒါမျိုးပေါ့.. အဲဒါမြင်ရင် အဆင်စပြေပြီလို့ မှတ်ထားနော်..

လုပ်ချလိုက်ပြန်ပြီ…အဲဒီလူနာကို မြင်ရင် အဆင်စပြေပြီဆိုပေမဲ့ လုပ်စရာရှိတာတော့ လုပ်ရမှာပေါ့ဟ.. ပျောက်သွားတဲ့ စာရွက်စာတမ်း ပြန်တောင်းတာ အဆင်မပြေဖြစ်နေရင် အဆင်ပြေလာမယ်..အဲသလိုပေါ့.. ဘာမှ မလုပ်ပဲနေရင်တော့ သီချင်းတောင်ရှိသေးတယ် မဟုတ်လား ” ထိုင်နေလို့ တော့  ဘာမှ ဖြစ်မလာဘူး ” ဆိုတာလေ..

အင်း .. တနင်္လာနေ့ မှာ ဘုန်းကြီးကျောင်းကိုသွား.. အဲဒီမှာ ရှိတဲ့ သိမ်ကို သန့်ရှင်းရေးလုပ်ပေး.. အဆင်ပြေတဲ့အထိ အပတ်တိုင်းသာ လုပ်ပေတော့..

ခင်ဗျာ..ကျနော့် အသက်ကို မေးတာလား.. ငယ်သေးတယ်ထင်လို့ လား ..ဟဲဟဲ ဘယ်လောက်ရှိပြီ ထင်လို့တုန်း.. ဗျာ..Thirty plus ..ခွိခွိ.. ကျနော်က အခုမှ ၁၈ နှစ်ဗျ.. အမယ် လျှောက်ပြောနေတာ မဟုတ်ဘူး ..အမှန်အကန်ပြောနေတာလေ.. အိမ်ထောင်သက်ကို ပြောတာ..ဟဟ..

(၃)

ဗျာ..ဟုတ်ကဲ့ အီးမေလ်းရပါတယ်.အလုပ်ထဲမှာ အလုပ်လုပ်ဖော်က အရိုးကျည်းပေါင်း တက်ပြီး လည်ပင်းနာနေတာကို ဆရာဝန်နဲ့ ပြရမယ်ဆိုတဲ့ အကြောင်း လာပြောတယ်ဆိုတာ… အင်း.. ဒါဆိုရင် စတုတ္ထ နိမိတ် ဖြစ်လာပြီပေါ့..အဆင်စပြေပြီလို့ ပြောရမှာပဲ.. နောက်ဆုံး အတားအဆီးတစ်ခု ကို ကျော်လွှားရအုံးမယ်.. အော်..ခက်ပါလား..အဆင်ပြေတာက ပြေတာပဲလေ.. အံလွဲနေတာတွေ အံဝင်ခွင်ကျဖြစ်လာမယ် ..အဲသလိုမျိုးကို ပြောတာ..အင်း နောက်ဆုံးအတားအဆီး ဆိုတာက.. ကြာသပတေး အမည်နဲ့ အတားအဆီးတစ်ခုပဲ..

အာ..ဘယ်ကလာ ပိုက်ဆံရမှာတုန်း.. ဘော့စ်လည်း ဟုတ်ဘူး..ဖေဖေ..မေမေ.. တစ်ခုမှ မဟုတ်ဘူး.. အဲဒီ အတားအဆီးကို မေတ္တာနဲ့ အနိုင်ယူ ဖြေရှင်းမှ ရမယ်..ဟုတ်ပြီလား လုပ်ခိုင်းထားတဲ့ တနင်္လာနေ့ တိုင်း “သိမ်” သန့် ရှင်းရေး ကုသိုလ်ကောင်းမှု အားကို ယူရမယ်နော်..

———————————

နံမည်မလို မွေးနေ့ မလို ၊ အင်္ဂ၀ိဇ္ဖာ တိုင်ထောင်ရန် မလိုသည့် နံတော်စဉ် အယူအဆ မှ တနင်္လာအခါ အတွက် စဉ်းစားမိသည်များအား တတ်သလောက် မှတ်သလောက် ဟောပြောမှုသာ ဖြစ်ပါသည်။


သူအို နိမိတ်

တောထွက်ခါနီး


မာရ်နတ်တားဆီး

၂၀၀၇ ခုနှစ် ဗုဒ္ဓနေ့ ပူဇော်ပွဲ အမှတ်တယ

မြဘုရားမှာ ရေလှူမယ်

June 27, 2008

မြဘုရားမှာ ရေသပ္ပာယ်ပြီး ထီးတော်အတွက် ငွေ ၁ကျပ်ထည့်လိုက်


ပြော..ဘာတုန်း.. အဟဲ..ဟုတ်ပါ့..ဒါတောင် လျှော့ထားတာ.တစ်ခွန်းကို ၅ပေါင်..အင်္ဂလိပ် ဗေဒင်ဆရာတွေတောင် ၁၆၅ ဒေါ်လာယူတယ် ..ဒါတောင် မဟာဘုတ်တစ်မျိုးတည်း သီးသန့်  နော်. ဘာမှ အောင်မြတ်လေးတွေ အိုးမိုင်ဂေါ့ဒ်တွေ မလုပ်နဲ့ …အင်း ဈေးတွေကတော့ လန်ထွက်နေတာပဲ ..မေးတော့မမေးဖူးပါဘူး ဟဲဟဲ..

ဘယ်လိုနားမလည်တာလဲ.. ရှင်းပါအုံး.. ဘာ..ဘယ်လို ..မဟာဘုတ်က အင်္ဂလိပ်ကနေတိုက်ရိုက်ယူထားတယ် ထင်လို့ လား.. ဖြစ်ရလေဗျာ..ဘယ်ကလာ..သူတို့ က မြန်မာတွေဆီကနေသင်ထားတာ..အင်္ဂလိပ်ကောင်းတော့ လုပ်စားနေကြတာပေါ့

ပြော..ဘာကူညီပေးရမလဲ.. ဘယ်လို အလုပ်ရှာနေတယ် … ယတြာလိုချင်လို့ .. အဟက်အဟက်.. တစ်ခွန်း ၅ပေါင် နော်..အားလို့ အော်မနေနဲ့ .. လန့် မသွားနဲ့ .. အလုပ်က ဘယ်မှာ ရှာနေတာတုန်း… အော်..ကန်ဘောက် မှာလား ..ခင်ဗျာ! ဆောဒီး ဆောဒီး.. ဟီးဟီး ..ဘန်ကောက် မှာပေါ့..

(လာမေးသည့်အချိန်သည် ၁၇ရက် ဂျွန် အင်္ဂါနေ့ ည ၁၁း၅၀ – ဗုဒ္ဓအခါ ..မေးသူအမည်- အင်္ဂါအမည်)

၁ (အလုပ်)






၃ (မေးသူ)

အင်း… အင်္ဂါနံလေးတွေ လွှတ်ပေး… စာကလေး လွှတ်၊ ဆိတ်အစာကျွေး..ဘန်ကောက်မှာ အဲဒါတွေ ရှိလား ? ဟင်..မရှိဘူးလား.. အဲဒါဆိုလည်း အင်္ဂါနံတွေကို ဆင်းရဲသား စွန့် လိုက်.. ဆီ ၃ ပုလင်းဖြစ်ဖြစ်ပေါ့..သေးသေးလေးပဲလုပ် အကုန်အကျများနေမယ်.. ၀င်ငွေမရှိတဲ့အချိန်ဆိုတော့ ချွေတာပေါ့… အလုပ်က ရမယ် ထင်တာပဲ .. ၃ပတ်အတွင်း..သိပ်မစောင့်ရတော့ပါဘူး

အမယ်..ကျေးဇူးတွေဘာတွေ လုပ်မနေနဲ့ ..အကြွေးမှတ်ထားတယ်.. အလုပ်ရမှ ပြန်ဆပ် ဟဲဟဲ.. သြော်.. ဟိုတယ်မှာ အလုပ်လျှောက်ထားတာလား..အဲဒါဆိုရင်တော့ စနေအမည်နဲ့  စတဲ့ ဟိုတယ်ဆိုရင် ရဖို့ တော့ ကျိန်းသေသလောက်ပဲ..ဘာစိုးရိမ်စရာရှိလို့  လဲ..သြော်..ဟိုတယ်နဲ့  ခရီးသွား ဘာသာရပ်နဲ့ ပြီးထားတဲ့ ကျောင်းသားတွေ များလို့  စိုးရိမ်နေတာလား..

ခုနက ပြောတဲ့ ယတြာလေးလုပ်လိုက်..ဟဲဟဲ..စနေနေ့  တောင် ရချင်ရမှာ ..ဘယ်နေ့  ကလျှောက်ထားတာလဲ .. ဘယ်လို..၂ပတ်တောင် ရှိပြီ! ကြာပြီပေါ့.. ဘာ..အင်တာဗျူးစောင့်ရတာ ရင်မောတယ်…မောမနေနဲ့ .. လျှောက်သာလျှောက်.. ၃ပတ်အတွင်း ရမယ်.. မရရင် ဗေဒင် မဟော..အတိုင်ပင်ခံ ဆရာ မလုပ်တော့ဘူး..ဟဲဟဲ..

ဟင်းဟင်း..အခုမှ ယုံပါတယ်ဆရာတွေ ၊ ကျေးဇူးတင်ပါတယ်တွေ လုပ်မနေနဲ့ .. သွား..သွား..မြဘုရားမှာ ရေသွားလှူလိုက်..အေးချမ်းသွားအောင် .. အင်္ဂါနံ လေးတွေလည်း ကောင်းအောင် လုပ်ပေး ၊ ဘယ်လို ဒီနေ့ ပဲသွားမယ် ဟုတ်လား..ကောင်းတာပေါ့ဗျာ..အဲလိုဖြစ်နေရမယ် ၊ ဆန္ဒဇောဆိုတာ ဒါမျိုးကိုခေါ်တာ..

ဒါဆိုရင် အဲဒီမှာ ဗုဒ္ဓဟူးနေ့ ပေါ့ ( ဥရောပ စံတော်ချိန် အင်္ဂါညသန်းခေါင်မတိုင်ခင် အချိန်သည် ဗန်ကောက်၌ ဗုဒ္ဓဟူးနေ့ မိုးလင်းစပြုနေပြီ) အိုကေ..ကောင်းတယ်ဗျာ..လုပ်လုပ်.. အင်္ဂါနံကို အရင် လုပ်ပေးရမယ်နော်.. အင်္ဂါနံ နဲ့ စတဲ့အကောင်တွေကို အစာကျွေးတာ၊လွှတ်တာလုပ်၊ မရရင် ခုနကပြောတဲ့ ဆီ ၃ ပုလင်း (သေးသေး) ဆင်းရဲသားလှူ၊ အဲဒါပြီးရင် မြဘုရားမှာ ရေသပ္ပာယ်ပြီး ထီးတော်အတွက် ငွေ ၁ကျပ်ထည့်လိုက်.. အောင်မယ်… မြန်မာငွေတစ်ကျပ်ကို ပြောတာမဟုတ်ဘူးဟေ့…လေပါတယ်..ထိုင်းဘတ်ငွေ ၁ကျပ်ကို ပြောတာ ..၁ ဘတ် ဟ…၁ ဘတ်

သြော်လုပ်မနေနဲ့ .. အကုန်အကျများမှာစိုးလို့ ၁ ကျပ်ပဲ ထည့်ခိုင်းတာ..ပိုက်ဆံရှိရင် ၁၀ ထည့်..။ အင်း အဲဒါပဲ..

ဘယ်လို..ဘယ်လို..ဗေဒင်ကြည့်တတ်တဲ့ သူငယ်ချင်းက ခင်ဗျား ကံအရမ်းနိမ့်နေတယ်တဲ့လား … သိဝူးလေ..ဟဲဟဲ..ကံနိမ့်ရင် အုတ်ခုပေးပေါ့..ကံပိတ်ရင် ကန်ဆယ်.. အဲသလိုသာ စိတ်ထဲလျှောက်ထင်နေပြီး စိတ်ဓာတ်ကျနေရင်..တို့ ဗေဒင်ဆရာတွေ ၊ အတိုင်ပင်ခံဆရာတွေ နာမည်ပျက်တယ်..အင်း အဲလိုမဟုတ်ဘူး..

ကောင်းမှုကုသိုလ်..အတိတ်ကံ..အခုဘ၀ ကံနဲ့ လည်း ဆိုင်သေးတယ်.. အခုဘ၀ကံကောင်းအောင် ကုသိုလ်များများလုပ်..အရင်ဘ၀က ညံ့တဲ့ကံပါလာရင် လျော့သွားမယ် .. ကောင်းကံပါလာရင် တစ်ဟုန်တိုး တက်မယ် ။ လူကြီးမိဘ ကို ညအိပ်ရာဝင်တိုင်း ရည်မှန်းရှိခိုးပြီးအိပ် ရတနာ ၃ ပါးမမေ့နဲ့ ..ကံ ၅ ပါးလုံပေါ့..

ဗျာ..အိမ်နားက ဘုန်းကြီးကျောင်းမှာ တံမြက်စည်းလှည်းမလို့ လား .. ကောင်းတာပေါ့ဗျာ..လုပ်နိုင်သလောက်လုပ်ပေး.အမှိုက်တွေ ပွနေရင် ရှင်းပေး၊ ရေညှိတို့  ဘာတို့ ရှင်းပေး..မြက်တွေ နှုတ်ပေး..ချွေးနဲ့ ကျတဲ့ ကုသိုလ်ယူ..ပိတ်နေတဲ့ကံတွေ တစ်ခါတည်း ပွင့်သွားမယ်

အင်း..ဒီလောက်ပဲ.. အင်းပါ..အကြွေးမှတ်ထားပါ့မယ်..ဟဲဟဲ..အလုပ်ရမှ လာဆပ်..ဒါပေမဲ့ သံသရာကြွေးတော့ မထားနဲ့ နော်..နောက်ဘ၀ မီးညောင်တို့ ..ဘာတို့  ကျနော့်ဆီ လာဖြစ်နေအုံးမယ်..ဟင်းဟင်း..စတာနော်..

အင်းအင်း..ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျား…

၁ (အလုပ်)






၃ (မေးသူ)

ဒိအခါတိုင်မှာတော့..ကျနော့ရဲ့ အမြင် နဲ့ ဆုံးဖြတ်တာတွေကို တင်ပြရရင်တော့…
န၀င်းနေရာက အလုပ်အကြောင်း လာမေးသူဟာ အခိုက်မှာရှိနေတဲ့ အင်္ဂါကိုယ်တိုင်ဖြစ်နေရုံ သာမက န၀င်း အခိုက်ဆက်သွယ်ချက် အရ အင်္ဂါ ဟာ အခါတိုင်အရ အမြစ်လို့  ခေါ်တဲ့ အညံ့နေရာ ရောက်တာကြောင့် အင်္ဂါကောင်းစေဖို့ အနိဋ္ဌ +အနိဋ္ဌ = ဣဋ္ဌ သဘောတရားနဲ့  အင်္ဂါနံ တိရစ္ဆာန် များအား အစာကျွေးခြင်း ၊ဆန်၊ ဆီ၊ဆား အစရှိသည် တို့ မှ ဆီ (လျှင်မြန်ချောမွေ့ စေရန်) အား စွန့် ကြဲခိုင်းခြင်း၊ အင်္ဂါ အညွန့် နံ ဖြစ်သည့် ဗုဒ္ဓဟူး ၄ ကောင်းစေရန် ရေလှူခိုင်းခြင်း။ အခါတိုင် အညွန့်  မှ ၅ ၏ စွမ်းအားကို ယူကာ မြဘုရားတွင် ရေအလှူဒါန ပြုခိုင်းခဲ့ခြင်းဖြစ်ပါသည်။

ဆီနဲ့ ဆန်ကို ဆင်းရဲသားစွန့် ကြဲအပြီး မြဘုရားမှာ ရေလှူတဲ့ အစီအရင်တွေ လုပ်ပြီးလို့  မကြာပါဘူး နောက်တစ်နေ့  ကြာသပတေးနေ့ မှာ Novetel ဟိုတယ်က အင်တာဗျူး ခေါ်တဲ့အကြောင်း၊ ၂ ပတ်အတွင်း အကြောင်းပြန်မယ် ဆိုတဲ့အကြောင်း..အခုဆိုရင် တစ်ပတ်ပြည့်ပြီ ဖြစ်တဲ့အကြောင်း.. နောက်တစ်ပတ်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ရမယ် ဆိုတဲ့ အကြောင်း ဒီနေ့ ပဲ အကြောင်းကြားလာပါတယ်..

သူ့ ခမျာ Novotel ဟိုတယ်က ဖုန်းဆက်တော့ အရမ်းပျော်လွန်းလို့ စိတ်ကို မနည်းငြိမ်အောင် လုပ်ပြီးမှ ဖုန်းပြောရတယ် ဆိုပဲ..ပျော်တယ်ဆိုပေမဲ့ အလုပ်ခန့် တာ
မဟုတ်သေးတဲ့အတွက် အရှင်းမပျော်နိုင်သေးဘူးဖြစ်နေပါသေးတယ်..ဘာပဲဖြစ်ဖြစ် အလုပ်အတွက်ကြောင့် စိတ်ပူပင်နေရတာကို ပညာစွမ်းနဲ့ ကူညီလိုက်ရတာကိုပဲ ရင်ထဲမှာ ပီတိတွေ အပြည့်နဲ့ ပါ။

၇ ရက်သားသမီး အလှူ

June 24, 2008

ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်နိုင်ကြပါစေ သောဝ်..



နိုင်ငံတစ်ကာမှ မေးမြန်းကြသော ပရိသတ်များ၏ ပညာပူဇော်ကြေးများအား အမိမြန်မာပြည်အတွက် လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်မည့် မိုးကြိုး လူမှုကယ်ဆယ်ရေး အဖွဲ့ အား ပြန်လည် လှူဒါန်းလိုက်ပါကြောင်း ။

ပရိတ်သတ်များ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါစေ ….