လေယာဉ်မယ် (၂)
October 8, 2010
Hyper Mahabote
ဥပမာ ဇာတာ တွေကို လေ့လာကြည့်ပါမယ်.. ။
အမည် –  Jupiter symbol.svgMercury symbol.svgMoon symbol crescent.svgJupiter symbol.svg Sun symbol.svg
မဟာဘုတ် – Mercury symbol.svg Mercury မိသားစု
နေ့ သားသမီး – Moon symbol crescent.svgMoon – တနင်္လာ
အညွန့် ဂြိုဟ် – Mars symbol.svg  Mars – အင်္ဂါ
ကာရက – ကမ္မကာရက
မွေးနံ
မွေးနံ  Moon symbol crescent.svg– Moon ဟာ ဘင်္ဂဋ္ဌာန မှာ တည်ရှိနေတာကြောင့် ဇာတာရှင်ဟာ အငြိမ်မနေရမဲ့ ဇာတာမျိုး ၊ လှုပ်လှုပ်ရှားရှား သွားလာ နေရမဲ့သူ လို့  ဆုံးဖြတ်ရပါမယ်။
အညွန့် ဂြိုဟ်
အသက်မွေးဝမ်းကြောင်းကို ကိုယ်စားပြုတဲ့ ဇာတာရှင်ရဲ့ အညွန့် ဂြိုဟ်  Mars symbol.svg Mars အင်္ဂါဟာ ပုတိဋ္ဌာနမှာ ရပ်တည်နေပါတယ်။ အင်္ဂါဟာ Design ။Model လုပ်ငန်းများနဲ့  ပတ်သက်ပြီးတော့ ပုတိဋ္ဌာနဟာ  ဖလင်လောက (တနင်္လာရဲ့ ခံယူကူးပြောင်းတတ်တဲ့သဘော) နဲ့  ဆက်စပ်နေတာကြောင့် အသက်မွေးဝမ်းကြောင်း အနေနဲ့  Model လောကကို ကနဦး ၀င်ရောက်ခဲ့တာကို တွေ့ ရပါတယ်။
အညွန့် ဂြိုဟ် တည်နေရာ ပုတိဋ္ဌာရဲ့  အိမ်ပိုင်ရှင် Moon symbol crescent.svg– Moon ဟာ ဘင်္ဂဋ္ဌာနမှာ ရပ်တည်နေပါတယ် ။
– ဘင်္ဂရဲ့ မတည်ငြိမ်တဲ့ သဘော၊ အိမ်ပိုင်ရှင် Mercury symbol.svgMercury ရဲ့ ပို့ ဆောင်ဆက်သွယ်ရေး ၊ဘာသာစကား ၊  ရပ်တည်နေတဲ့ Moon symbol crescent.svg– Moon ရဲ့  ယာဉ်ကာရက သဘာဝများ
 – ပုတိဋ္ဌာနရဲ့ တစ်ဖက်သားကို ပြုစုခြင်း ၊ ရပ်တည်နေတဲ့ Mars symbol.svg Mars  ရဲ့ မကြောက်မရွံ့ စိတ် ၊ လျှင်မြန်ခြင်း ၊ လမ်းညွန်ပေးတတ်တဲ့ သဘာဝ တွေကို ပေါင်းစပ်ပြီး
ဇာတာရှင်ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပုံဖော်နိုင်ပါတယ်။
Trine Aspects
အညွန့် ဂြိုဟ်  Mars symbol.svg – Mars တည်ရှိရာ ပုတိ ဋ္ဌာနမှ  မရဏ ၊ အဓိပတိ ဋ္ဌာနများသို့ မျဉ်းဖြောင့် ဆက်ဆွဲလိုက်ပါက ပုံ၏ ဘယ်ဖက်အတိုင်း တြိဂေါဏ အမြင်ကို တွေ့ ရပါမည်။ ပညာရှင်များ ဖွင့်ဆိုထားခဲ့သည်မှာ ၄င်းအမြင်ကို စိတ်ပိုင်း ဟု ဖွင့်ဆိုကြကာ ပုံ၏ ညာဖက် ဘင်္ဂ+အထွန်း+ရာဇ အမြင်အား ရုပ်ပိုင်းဟု ဖွင့်ဆိုခဲ့ကြ၏ ။
စိတ်ပိုင်းသည် န၀င်း+အခိုက် ဆက်သွယ်ချက် ဖြစ်ပြီး ရုပ်ပိုင်းသည် အမြစ်+အညွန့် ဆက်သွယ်ချက်ဟု တွေးတောနိုင်သည်။
Mars symbol.svgပုတိ +  Venus symbol.svgအဓိပတိ +  Jupiter symbol.svgမရဏ Grand Trine Aspect
တြိဂံ၏ ညာဖက် ပုတိ + အဓိပတိ ဋ္ဌာနသည်   Mars + Venus  ၏ ဆွေသား  အမြင် ၊ တြိဂံအခြေ၏ ပုတိ + မရဏ ဋ္ဌာနသည်   Mars +  Jupiter တို့ ၏ စိန်ပန်းအမြင် ၊ တြိဂံဘယ်ဖက် မရဏ + အဓိပတိ ဋ္ဌာနသည်  JupiterVenus အမြင် တို့ ဖြင့် ဆက်သွယ်လျှက်ရှိကာ တြိဂံအလယ် သိုက်ဋ္ဌာနရှိ Mercury symbol.svgMercury မှ အခရာအဖြစ် ချုပ်ကိုင်ထားပါသည် ။
 Mars +Venus (ဖို+မ) ဆက်သွယ်ချက် (marriage relationship) သည် ရာဇဋ္ဌာနရှိ Saturn ၏ ကြားဝင်မှုကြောင့် Saturn +Venus  (တောသူ) ဓာတ်ရန်အမြင်ဖြင့် Mars+Venus ဆက်သွယ်မှုအား ထိခိုက်စေသဖြင့်  Saturn ဂြိုဟ် လွှမ်းမိုးမှုအမြင့်ဆုံးအချိန်ဖြစ်သည့် Mars major / minor period  အင်္ဂါဂြိုဟ် ဒသာ စားချိန်များတွင် လူသိမခံနိုင်သည့် အိမ်ထောင်ရေး ဖောက်ပြန်မှုများ ကြုံတွေ့ ရတတ်သည်။  Mars သည် Saturn+ Venus အဆင်ပြေပြေ ဆက်ဆံရေးအတွက် မိတ်သဘော (Mars+Venus )  / (Mars+Saturn)  ကြားခံဆောင်ရွက်ပေး သဖြင့်  Mitigation အနေဖြင့်  Mars ဂြိုဟ်၏ အကူအညီကို ရယူနိုင်ပါသည်။
 Mars symbol.svg Mars +Venus symbol.svgVenus+ Jupiter symbol.svgjupiter တြိဂေါဏအမြင်သည်
အဓိပတိ + Venus = လှလှပပ ကြော့ကြော့မော့မော့ ၀တ်စားကာ ခရီးသွား ကိစ္စများ ကို
မရဏ + Jupiter =  ဥပဒေများ လေးစားလိုက်နာလျှက် တိုင်းတစ်ပါးသို့ ထွက်ခွာခြင်း
ဟု လည်း ဖွင့်ဆိုင်နိုင်ပါသည်။
ကာရက
ဇာတာရှင်၏ အမည်သည် ကမ္မကာရက အမျိုးအစား ဖြစ်၏ ။ ကမ္မကာရက သည် အလုပ်ပို ၊ တစ်ခုထက်ပိုမိုသည့် အလုပ်မျိုးကို လုပ်ကိုင်ရတတ်သည့် အမည်ပိုင်ရှင်မျိုးဖြစ်၏ ။ ထို့ ကြောင့် Model လောက ကို ယခင်က လုပ်ကိုင်ခဲ့ပြီးနောက် ယခုလက်ရှိ လေယာဉ်မယ် အနေဖြင့် ရပ်တည်နေသဖြင့် အသက်မွေးဝမ်းကြောင်းကို တစ်ခုထက်ပိုမိုပြီး လုပ်ကိုင်ခဲ့ရ၏ ။
လေယာဉ်မယ် (၁)
October 3, 2010
Hyper Mahabote
လေယာဉ်မယ် ဖြစ်ဖို့  အရင်ဆုံး စစ်ဆေးဖို့ ကတော့ သူတို့ ရဲ့  Mars symbol.svg – Mars – အင်္ဂါ ဖြစ်ပါတယ်… အင်္ဂါ လွဲနေရင် လေယာဉ်မောင်သာ ဖြစ်ပြီး လေယာဉ်မယ် မဖြစ်နိုင်ပါ.. ထို့ အတူ  Mars symbol.svg – Mars  – အင်္ဂါ မစုံ (ခြေကျိုး .. လက်ပြတ် ဖြစ်နေရင်လည်း)  လေယာဉ်မယ်အဖြစ် အမှုထမ်းလို့ မဖြစ်နိုင်ပါ….
ဂြိုဟ်တွေရဲ့ စွမ်းအားအရ လေ့လာကြည့်မယ်ဆိုရင်တော့
Sun symbol.svg – The Sun
ကိုယ်ပိုင် အရည်အသွေး ၊ ကိုယ်စွမ်းကိုယ်စ ၊ လုပ်ပိုင်ခွင့် ၊ ဘာဖြစ်ချင်လဲ .. ဘာလုပ်ချင်လဲ  What I am? Who I am? What I want to be ? အစရှိတဲ့ self esteem , ego တွေ ၊  ကိုယ့်ရဲ့ profession ကို define လုပ်နိုင်ဖို့ ၊ အမြင့်မှာ လုပ်နိုင်ဖို့ အတွက် တနင်္ဂနွေဂြိုဟ်ရဲ့ attitude,
Moon symbol crescent.svg – The Moon
တစ်ဖက်လူက တောင်းဆိုလာတဲ့ requirment တွေကို မျှဝေခံစား နားလည်ဖို့  ၊ care လုပ်ဖို့ ၊ နွေးထွေးတဲ့ အပြုံးနဲ့ ကြိုဆိုနိုင်ဖို့  အစရှိတဲ့ ခံစားမှုတွေ အတွက် ၊ ခရီးသွားလာတဲ့အခါ မှာ အသုံးပြုတဲ့ ခြေထောက် ၊ စက်ဘီး ၊ နွားလှည်းက အစ .. ကား၊ သင်္ဘော ၊ လေယာဉ် ၊အာကသယာဉ် အစရှိတဲ့ ယာဉ်ကာရက အတွက် တနင်္လာဂြိုဟ်ရဲ့  support.,
Mars symbol.svg – Mars
 ကိုယ်ပိုင်အရည်အသွေးတွေကို ထုတ်ဖော် ပုံစံသွင်းဖို့ ၊ ခံစားမှုတွေကို တုန့် ပြန် နိုင်ဖို့   ၊ ခရီးသည်တွေ မတော်တစ်ဆ ထိခိုက်မှုတွေ ဖြစ်ရင် ပြုစုဖို့ ရှေးဦးသူနာပြုတတ်အောင် ၊  ကြောက်ရွံ့  မှုမရှိအောင် ၊ လျှင်မြန်မှု (fast) အတွက် reaction ပေးတဲ့ အင်္ဂါဂြိုဟ် ရဲ့ position..။
Mercury symbol.svgMercury
ဆိပ်ကြီးခနောင်တိုကနေ ရန်ကုန်တစ်ဖက်ကမ်း ကို ကူးဖြစ်ဖို့ ၊ ရန်ကုန်ကနေ အထက်မြန်မာပြည် ကို ဘုရားဖူးထွက်ဖြစ်ဖို့ ၊ သူငယ်ချင်းရှိတဲ့ အိမ်ကို သွားလည်ဖြစ်ဖို့ ၊ နိုင်ငံ တစ်နိုင်ငံကနေ တစ်နိုင်ငံကို သွားနိုင်ဖို့ ၊ အပြန်အလှန်ကူးသန်း ဆက်ဆံဖို့  , relation , languages တွေကို တွန်းအားပေးတဲ့  ဗုဒ္ဓဟူး ဂြိုဟ် ရဲ့ influence.
Jupiter symbol.svg Jupiter
ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ airlines rules & regulations, Health & Safety procedure , immigration rule တွေကို နားလည် သဘောပေါက်ပြီး လက်ခံကျင့်သုံးပေးဖို့ ၊ အရည်အသွေးပြည့်ဝတဲ့ ၀န်ထမ်းကောင်း ဖြစ်လာဖို့  အတွက် ကြာသပတေးဂြိုဟ်ကြီးရဲ့ fulfilment ..
Venus symbol.svgVenus
ခရီးကိစ္စတွေကို ကိုယ်စားပြုတဲ့ ၊  မြင်လိုက်ရင် ရင်ထဲအေးသွားစေမဲ့ ၊ စွဲမက်စရာ ညှို့ အားတွေ အပြုံးတွေ ပိုင်ဆိုင်စေမဲ့  personal outlook တွေ ၊  အလှအပတရားတွေကို လွှတ်ထုတ်ပေးမဲ့ အချစ်နတ်သမီး လို့ ခေါ်တဲ့ သောကြာဂြိုဟ်ရဲ့ commitment.
Saturn symbol.svgSaturn
ကမ္ဘာဂြိုဟ်ကနေ လကမ္ဘာကို ပဲ သွားသွား.. စကြာဝဠာကြီးကို ပဲ ပတ်ပတ် ..။ မြန်မာပြည်ကနေ နယ်စပ်ကို  တိမ်းရှောင်၊ တောခို ၊ တတိယ နိုင်ငံကို ထွက် ၊ စင်္ကာပူ၊ သြစီ ၊ ဥရောပ အစရှိတဲ့ တိုင်းတစ်ပါး ကို သွားချင်ရင် ထုတ်သုံးရတဲ့ စနေဂြိုဟ် ရဲ့ energy .,
Northnode-symbol.svgRahu
သွားချင်တဲ့နေရာ ရောက်ပေမဲ့ အိမ်ကိုလွမ်းတတ်တဲ့ Home sick လိုမျိုး ခံစားမှု ၊ ငါတော့ ဒီမှာ ၅ နှစ်လောက် အိုးပစ်အိမ်ပစ် နေအုံးမှ ပဲ ဆိုတဲ့ စိတ်ဓာတ် (တစ်ခုပေးပြီး တစ်ခုပြန်ယူတတ်သော ) ရာဟု (Rahu) ဂြိုဟ်ရဲ့ involement,
ကာရက
ကိုယ့်အမည်ဟာ အပါဒါန ကာရက ဆိုသော စွန့် လွှတ်ခြင်း ၊ထွက်ခွာလိုခြင်း ဆိုတဲ့ ကာရက အမည်မျိုး..
အစရှိတဲ့ အချက်တွေကို လေ့လာဆုံးဖြတ်သင့်ပါတယ် … ။
မဟာဘုတ်ဋ္ဌာန
မဟာဘုတ်ရဲ့ Dynamic house အနေနဲ့  ကြည့်မယ် ဆိုရင်တော့ …
(၁) ပြည်တွင်းသာမက ပြည်ပနိုင်ငံ တွေနဲ့ ချိတ်ဆက်မှုအတွက် မရဏ ဋ္ဌာန 
(၂) သွားလာမှု ၊ အပြန်အလှန် ကူးလူးဆက်ဆံမှု တွေ အတွက် ဘင်္ဂဋ္ဌာန  
(၃) ယာဉ်ကာရက အတွက် ပုတိ ဋ္ဌနာ
(၄) ခရီးအတွက် သိုက်ဋ္ဌာန
(၅) အမြင့်မှာ လုပ်ကိုင်ရတဲ့ အလုပ်အတွက် ရာဇဋ္ဌာန
(၆) မြန်ဆန်တဲ့ ရွေ့ လျားမှု အတွက် အဓိပတိဋ္ဌာန
(၇) Long distance အတွက် အထွန်းဋ္ဌာန
တွေကို လေ့လာ ဆုံးဖြတ်ရပါလိမ့်မယ်..။
အမြင်များ (Aspects)
မဟာဘုတ်ရဲ့ Dynamic Pattern တွေအနေနဲ့ ကြည့်မယ် ဆိုရင်တော့
၁) တြိဂေါဏ အမြင် (Trine)
၂) စတုရန်း အမြင်  (Square)
၃) Diamond အမြင်
၎) The Core အမြင်
၅) ပက္ခ အမြင် (Opposition)
Profession အနေနဲ့ ကြည့်မယ်ဆိုရင်တော့ …
အညွန့် ဂြိုဟ်
နေ့ သားတွေရဲ့ အညွန့် ဂြိုဟ်ကို လေ့လာဆုံးဖြတ်ရပါမယ်။
အပိုင်း (၂) မှာ လက်တွေ့ ဇာတာတွေနဲ့ သုံးသပ်တင်ပြပေးပါ့မယ်..။ 
န၀လဂ်မိတ်ဆက်
October 1, 2010
ကျမ်းရင်းပါ အဆိုအမိန့် နှင့် မဆန့် ကျင်ပဲ စောက်ထိုးမိုးမျှော်တွေးခေါ်စဉ်းစားပါ
န၀လဂ်ပညာအကြောင်းကို လိုရင်းတိုရှင်းရေး၍ မိတ်ဆက်ပေးပါမည်။
န၀လဂ်ပညာသည် အင်္ဂ၀ိဇ္ဇာကျမ်းရင်းပါ ပညာရပ်တစ်ခုဖြစ်သော်လည်း ဗေဒင်ဝါသနာရှင်များ အမြင်စိမ်း အကြားစိမ်းနေမည်ဟု မိမိယူဆမိပါသည်။ မိမိကိုယ်တိုင် ၁၉၉၆ ခန့် က နတ်စက်ရောင်ဆရာတော် ရေးသားသည့် န၀လဂ်ကျမ်းစာအုပ်ကို ဖတ်မှတ်ဖူးသော်လည်း အကောက်အယူအပေါ် ကောင်းစွာ သဘောပေါက်ခဲ့ခြင်း မရှိ၍ မေ့ပျောက်ထားခဲ့ပါသည်။ ယခု ဗေဒင်ဘလော့ခ်လောက ပေါ်ပေါက်လာသည့်နောက်ပိုင်း အားလပ်ချိန်တွင် ဗေဒင်ပညာဆိုင်ရာကို ဟိုတစ ဒီတစ ရေးသားခဲ့သော်လည်း န၀လဂ်နှင့်ပတ်သက်၍ စာတစ်ကြောင်းတလေမှ မရေးဖူးခဲ့ပါ။
မိမိသည် ဗေဒင်ဝါသနာရှင်၊ လေ့လာသူအဖြစ်သာ ခံယူထားပါသည်။ ဗေဒင်ပညာဖြင့် အသက်မွေးဝန်းကျောင်းခြင်း မလုပ်သောကြောင့် ဇတ်စကားဖြင့်ပြောရလျှင် မျက်နှာချင်းဆိုင်ဗေဒင်ဟောခြင်းကိစ္စ၌ လမိုင်းမကပ်လှပါ။ အထူးသဖြင့် အင်္ဂ၀ိဇ္ဇာပညာသည် အမြင်နမိတ် အကြားနမိတ်တို့ ကို အခြေခံ၍ ဟောကိန်းထုတ်ရသောပညာ ဖြစ်သောကြောင့် အခါတိုင်ထူ၍ တိုင်ပတ်ခဲ့သော အကြိမ်မှာ မနည်းလှပါ။ ထို့ ကြောင့် န၀လဂ်ကဲ့သို့  ကိန်းဖွဲ့ စည်းပုံသည် အကောက်အယူမတတ်လျှင် ပို၍တိုင်ပတ်တတ်သော သဘောရှိလေရာ မတို့ ရဲ မထိရဲသော်လည်း ၀ါသနာရှင်များကို မိတ်ဆက်လိုသောကြောင့်သာ တို့ ထိရေးသားလိုက်ပါသည်။
အင်္ဂ၀ိဇ္ဇာအခါတိုင်အပေါ်တွင် အခြေခံ၍ ဂြိုဟ် ၇ လုံးကို အရပ် ၈ မျက်နှာ အဌလဂ်ခွင်ပေါ်တွင် ၉ကြိမ်ချ၍ ဟောကိန်းထုတ်ရသည့် ပညာရပ်ဖြစ်သောကြောင့် န၀လဂ်ဟု ခေါ်ခြင်းဖြစ်ပါသည်။ န၀လဂ် တွင်ပါဝင်သော ဖွဲ့ စည်းပုံမှာ နေ့ ၇ နေ့ ကို ကိုယ်စားပြုသော် တနင်္ဂနွေအစ စနေအဆုံး ဂြိုဟ် ၇ လုံး၊ ရာဟုဂြိုဟ်အပါအ၀င် အရပ် ၈ မျက်နှာ အဌလဂ်ခွင်၊ ပရိဝါရ အာယု နာဂရ ဘုမ္မိ ဂဟပတိ တေဇ ဌာန သီရိ အစရှိသည့်အရပ်မျက်နှာများ၊ မိတ်ရန်ဓါတ်ဆက်သွယ်မှုများ စသည်တို့ ဖြစ်ပါသည်။
န၀လဂ်တွင်ထူးခြားချက် ၃ ချက် ရှိပါသည်။
ပထမအချက်မှာ မည်သည့်အခါတိုင်တွင် ကျရောက်သည်ဖြစ်ပါစေ၊ အခါဂြိုဟ်ကို န၀လဂ်တွင် တနင်္ဂနွေအိမ်မှသာ အမြဲတမ်းပုံသေ စတင်ချရပါသည်။ ဒုတိယအချက်မှာ ဆပွတ်လကာင်္အရချသော ပထမ (မူလအခါဂြိုဟ်)နှင့်ဒုတိယမြောက်(ဆပွတ်ဂြိုဟ်) ဂြိုဟ်နှစ်လုံးကို အဌမနှင့်န၀မမြောက်နေရာတွင် နောက်တစ်ကြိမ်တကြော့ပြန် ချရပါသည်။ တတိယအချက်မှာ အရပ်ရှစ်မျက်နှာနှင့်မပတ်သက်သော အလည်ခေါင်အတွင်းပိတ်နေရာတွင် ဂြိုဟ်တစ်လုံး (အမြစ်ဂြိုဟ်) ရှိနေခြင်း ဖြစ်ပါသည်။
နမူနာအနေဖြင့် ဗုဒ္ဓဟူးအခါ၏ န၀လဂ်ကို အောက်တွင် ဖော်ပြထားပါသည်။ တနင်္ဂနွေအိမ်မှ စတင်ပြီး ဗုဒ္ဓ၊ စနြေ္ဒာ၊ သောရီ၊ ဂုရု၊ ဘောမ၊ သူရဇ္ဇ၊ သောကြ၊ ဟု ၇ လုံးပြည့်အောင်ချ၍ ဗုဒ္ဓ နှင့် စနြေ္ဒာကို ဒုတိယအကြိမ် ထပ်ကြော့၍ ချရပါမည်။ အခါတိုင်မည်သို့ ပင် ပြောင်းလဲပါစေ ၊ အခါဂြိုဟ်ကို တနင်္ဂနွေအိမ်မှ အမြဲတမ်းစချရပါမည်။
နမူနာအနေဖြင့် ဗုဒ္ဓဟူးအခါတွင် တနင်္ဂနွေသားသမီးအကြောင်း ဟောပြပေးပါမည်။ အခါတိုင်အရမူ တနင်္ဂနွေသည် န၀င်းဟုခေါ်သော တိုင်ထိပ်တွင် ရောက်နေသောကြောင့် သင်သည် ဗေဒင်ဝါသနာရှင်ဆိုပါက ယေဘုယျအားဖြင့် အကောင်းဘက်ကို တိမ်းညွှတ်၍ ဟောပြောမိပေလိမ့်မည်။ သို့ သော်နလ၀ဂ်အရမူ . . .
တနင်္ဂနွေသည် ဗုဒ္ဓဟူးအိမ်တွင် ရောက်နေခြင်းနှင့် ဗုဒ္ဓဟူးသည် တနင်္ဂနွေအိမ်ရောက်နေခြင်းကြောင့် မိသားစု အိမ်တွင်းရေး ပြဿနာ ရှိနေပါသည်။ ဗုဒ္ဓဟူးသားသမီးကြောင့်ဖြစ်စေ ရွှေထည်ပစ္စည်းကြောင့်ဖြစ်စေ အိမ်တွင်းရေးပြဿနာပေါ်ခြင်းဖြစ်မည်။
သောကြာသည် ရာဟုအိမ်ရောက်နေသောကြောင့် ဗေဒင်မေးသူသည် အိမ်ထောင်ရှင်ယောကျာင်္းဖြစ်ပါက ဇနီးသည်သည် စနေနံအကြောင်းတရားကြောင့် အိမ်မကပ်စိတ်လေနေခြင်း၊ ခရီးပူထွက်ရခြင်း ကြုံလိမ့်မည်၊ အိမ်ထောင်ရှင်မဖြစ်ပါက ခင်ပွန်းသည်သည် ဘေးကြပ်နံကြပ်ကြုံနေခြင်း သို့ မဟုတ် ထိမ်းမနိုင်သိမ်းမရ တဇောက်ကန်းဆန်နေခြင်းမျိုး ကြုံလိမ့်မည်။
တနလာင်္သည် မိမိအိမ်နှင့် စနေအိမ်တွင် ရောက်နေသောကြောင့် စီးပွားရေးတွင် အေးချမ်းတည်ငြိမ်သောလုပ်ငန်းမျိုးတွင် ငွေကြေးအမြတ်အစွန်းရရှိနိုင်သော်လည်း လှုပ်ရှားပြိုင်ဆိုင် ပူပင်သောကဖြင့် လုပ်ရသောလုပ်ငန်းမျိုးတွင် ငွေကြေးဆုံးရှုံးနေလိမ့်မည်။
ဗုဒ္ဓဟူးနှင့်အင်္ဂါဆိုင်ရာ (ဥပမာ ရေလုပ်ငန်း ဆေးဝါး စက်ပစ္စည်း ရေစက်) စီးပွားရေးလုပ်ငန်း ပြဿနာများလိမ့်မည်။ စီးပွားရေးတွင် ဥပတိရုပ်ကောင်းမွန်သော ဆန့် ကျင်ဘက်လိင်အကူအညီဖြင့် အောင်မြင်နိုင်သော်လည်း လူမျိုးခြားဘာသာခြားနှင့် ပူးတွဲလုပ်ရသောလုပ်ငန်းဆိုလျှင် သတိထား၍ လုပ်ရပါမည်။
သမသတ်အိမ်တွင် ကြာသာပတေးရောက်နေသောကြောင့် ပညာရှင်ဆန်သူများ ဆရာသမားများ (ဥပမာ ဆေးဆရာ၊ စက်ဆရာ)နှင့် သဘောထားကွဲလွဲနိုင်သည်၊ မိမိကိုယ်ကိုယ် အထင်ကြီး ဘ၀င်မြင့်နေတတ်သောကြောင့် ပေါင်းသင်းဆက်ဆံရေး အဆင်မပြေဖြစ်နိုင်သောကာလဖြစ်သည်။ အင်္ဂါဂြိုဟ် အတွင်းပိတ်နေသောကြောင့် မမျှော်လင့်ထားသော အတိုက်အခိုက်များလည်း အချိန်မရွေးပေါ်လာနိုင်သည်။
မွေးနံသည် အန္တိမဂြိုဟ် ဗုဒ္ဓဟူးခွင်သို့ ရောက်နေသောကြောင့် အောင်မြင်မှုသရဖူကို ဆောင်းလိုပါက အိမ်တွင်းရေးနှင့် ပြင်ပဆက်ဆံရေးတွင် မေတ္တာရှေ့ ထား၍ ဆက်ဆံပါက အများကယုံကြည်လေးစားပြီး ခေါင်းဆောင်နေရာကို ပေးအပ်ပါလိမ့်မည်။ ဤကာလတွင် ကျမ်းမာရေးကောင်းနေလိမ့်မည်။ ယတြာအနေဖြင့်မူ လှောင်အိမ်တွင် ဖမ်းဆီးခံထားရသော စာကလေး ၁၃ ကောင်လွှတ်ပေးပါ၊ တတ်နိုင်လျှင် သက်စေ့အကောင်ရေ လွှတ်ပေးပါ။
ဤသည်မှာ န၀လဂ်ဖြင့် ဗုဒ္ဓဟူးအခါတွင် ရောက်လာသော တနင်္ဂနွေသားသမီးကို အကြမ်းဖျဉ်း ဟောပြထားခြင်း ဖြစ်ပါသည်။ ပို၍ အသေးစိတ်သော ဟောကိန်းများကို သင်ဥာဏ်သွားလျှင် ဥာဏ်သွားသလောက် ချဲ့ ထွင်ဟောပြောနိုင်ပါသေးသည်။ ဤဟောစာတမ်းကို ရေးရာတွင် အခါတိုင်ကို အကူသဘောဖြင့်သာ သတ်မှတ်ခဲ့ပြီး န၀လဂ်ခွင်ဖြင့်သာ အဓိကဆုံးဖြတ်ဟောပြောခြင်း ဖြစ်သည်ကို ၀ါသနာရှင်များ အထိုက်အလျှောက် နားလည်လိမ့်မည်ဟု ယူဆပါသည်။
န၀လဂ်သည် ကိန်းဖွဲ့ စည်းပုံ သိတ်သည်းကျစ်လစ်သလို အကောက်အယူနှင့် ဂြိုဟ်ပရိယာယ် ကြွယ်ဝလျှင် ကြွယ်ဝသလောက် ဝေဆာမြိုင်ဆိုင်သော ဟောကိန်းများ ထွက်ပေါ်လာနိုင်ပါသည်။ အကောက်အယူ တိမ်းပါးလျှင်တော့ တိုင်ပတ်တတ်ပါသည်။ မိမိကိုယ်တိုင်လည်း န၀လဂ်နှင့်ပတ်သက်လျှင် တိုင်ပတ်နေဆဲဖြစ်သော်လည်း န၀လဂ်ကယ်သော ဟောကိန်းများလည်း ကြုံဖူးခဲ့ပါသည်။
န၀လဂ်နှင့်ပတ်သက်၍ အသေးစိတ်လေ့လာသင်ယူလိုပါက နတ်စက်ရောင်ဆရာတော်ရေးသားသည့် ကျမ်းစာအုပ်ကို ရှာဖွေဝယ်ယူလေ့လာပါ။ ထိုကျမ်းစာအုပ်ပါ ဟောပုံဟောနည်းကို အခြေခံ၍ ခေတ်နှင့်အညီ ဟောကိန်းများကို အစားထိုးဟောဆိုနိုင်အောင် ကြိုးစားနိုင်ပါသည်။
ဗေဒင်မှာအကြံ ဆိုရိုးအတိုင်း ကိန်းဂဏန်းငယ်ပင်ငယ်သော်ငြားလည်း အံ့မခန်းဟောနိုင်သော ပညာရပ်များစွာ ရှိနေသည်ဟု သင်ယုံကြည်ထားပါက မဟာဘုတ်ဖြစ်စေ၊ အင်္ဂ၀ိဇ္ဇာဖြစ်စေ၊ ဆန်းကျမ်းဗေဒင်ဖြစ်စေ ကျမ်းစုံအောင်လေ့လာပါ ပြီးလျှင် ကျမ်း၌မဖော်ပြထားသော လှို့ ဝှက်ချက်များကို ကိုယ်ပိုင်အတွေးအမြင်ဖြင့် တူးဆွပါ၊ ကျမ်းရင်းပါ အဆိုအမိန့် နှင့် မဆန့် ကျင်ပဲ စောက်ထိုးမိုးမျှော်တွေးခေါ်စဉ်းစားပါ၊ တနေ့ နေ့ တွင် သော့ချက်များကို သင်ဆုပ်ကိုင်နိုင်ပါလိမ့်မည်။
ဇေယျာမောင်
အရုဏ်ဦးမှာ လူးသည့် အာ
September 12, 2010
အာာာာာလူး လာမပေးနဲ့ .. လေ .. နည်းနည်းလျှော့..
မောင်ညီမလေးတို့ ရေ .. ဒီတစ်ပတ် ဦးဦး ပြောပြမဲ့ ပုံပြင်လေးကတော့ ” အရုဏ်ဦးမှာ လူးသည့် အာ”   ဆိုတဲ့ ပုံပြင်လေးပေါ့ကွယ်… ။
ဟိုးးးးးး….. ရှေးရှေးတုန်းက.. ဘာတိုင်းပြည်ကြီးကို ဘာမင်းကြီး ထီးနန်းသိမ်းပိုက်ပြီး အုပ်ချုပ်နေထိုင်တဲ့ ကာလမှာပေါ့ကွယ်….
တစ်နေ့ မှာ ဘာမင်းတရားကြီးဟာ အင်တာနေရှင်နယ် ညီလာခံ ကို နံနက် ၄ နာရီ ဝေလီဝေလင်း အရုဏ်ဦးမှာ ကျင်းပနေတုန်း …
” အာာာာာလူး လာမပေးနဲ့ .. လေ .. နည်းနည်းလျှော့.. အာာာာာလူး..လာမပေးနဲ့ .. လေ နည်းနည်းလျှော့..”
ဆိုပြီး နန်းရင်ပြင်ရဲ့ အပြင်ဘက်က ဆူဆူပူပူ ဆန္ဒပြတဲ့ အသံတွေကို ကြားလိုက်ရသတဲ့..။ အဲဒါနဲ့ ပဲ …. ဘေးမှာ ရှိတဲ့ တောက်တယ်ကျင်း ( tao-teh-ching ) ၀န်ကြီးကို ဘဇာကြောင့် ဘာတွေဖြစ်နေတာလဲလို့ မေး လိုက်တဲ့ အခါမှာ .. တောက်တယ်ကျင်း က မြန်မာ့ရိုးရာ ပုံတော်စုံ ကားချပ်ကို အပြန်ပြန် အလှန်လှန် ရောမွှေပြီး တစ်ချပ်ကို မျက်စိစုံမှိတ်ပြီး ရွေးလိုက်သတဲ့.. ။ ရွေးထားတဲ့ ကဒ်ပြားကိုလည်း ညီလာခံမှာ တက်ရောက်နေတဲ့ သူတွေ အားလုံးကိုလှမ်းပြလိုက်တယ်.. ပြီးတော့ အဲဒီ ကဒ်ကို တစ်ချက် လှမ်းရှိုးပြီးတဲ့အခါမှာတော့ ဘာမင်းတရားကြီးကို …
” မှန်လှပါဖလား…နိမိတ်ပုံကတော့ ဝေသန္တယာ မင်းကြီးကို တိုင်းသူပြည်သားတွေက နှင်ထုတ်တဲ့ ကားချပ်ပါ ဘုရား..။ ပြောရမယ်ဆိုရင်တော့ ဆူချင်ပူချင်တဲ့လူတွေက မီဒီယမ် (Medium) နဲ့ ထိုးစစ်ဆင်နေတာပါ ဖလား..” လို့  ဘွတ်ရွှတ်ဒွတ်ဒက် အသံနဲ့ သံတော်ဦး တင်လိုက်တဲ့အခါမှာတော့ ဘာမင်းတရားကြီးဟာ မျက်မှောင်တော်တွေ ရှုံ့  တွပြီး  ဝေခွဲမရဖြစ်နေတာပေါ့ကွယ် ။
မောင်ညီမလေးတို့ တွေ သိကြတဲ့အတိုင်းပဲ လေ.. ဘာမင်းတရားကြီးဟာ ဘွတ်ရွှတ်ဒွတ်ဒက် တွေဆိုရင် တံတွေးစဉ်လွန်းလို့ … ဘာပြည်သူပြည်သားတွေ ဘွတ်ရွှတ်ဒွတ်ဒက်တွေကို ဘာတိုင်းပြည်ကြီးတစ်ခုလုံး ပြောမိရင် တံတွေးရေကြောမှာ ပက်လက်မြောသွားမှာ စိုးရိမ်တာကြောင့် တိုင်းပြည်တစ်ခုလုံး ဘွတ်ရွှတ်ဒွတ်ဒက် မပြောနိုင်အောင် ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ လည်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာအောင် ဘာရီးယား.. ဘာရုတ် နိုင်ငံက ဇာတ်လမ်းတွဲတွေကို ဘာတိုင်းပြည်က စကားနဲ့ စာတမ်းထိုးပြခဲ့တယ် မဟုတ်လား..။  အဲဒါကြောင့်လည်း ဘာမင်းတရားကြီးဟာ အိမ်နီးချင်းနိုင်ငံရဲ့ စကားမဟုတ်တော့ ရွှေဘောတော် မကျ ဖြစ်ပြီး…
” မီဒီယမ် ဆိုတာ ဘဇာမျိုးလဲကွဲ့ .. ငါ့ကို မြန်မြန်လျှောက်တင်စမ်း” လို့ မိန့် တော်မူသတဲ့..။
” မှန်လှပါဖလား.. မီဒီယမ် (Medium) ဆိုတာ ကြားခံနယ် တစ်ခုပါ ဖလား” လို့ တောက်တယ်ကျင်း ၀န်ကြီး က ပြန်လည် လျှောက်ထားလိုက်သတဲ့.. ” တစ်ဆက်တည်းမှာပဲ..” ဆူချင် ပူချင်တဲ့ ၀ိညာဉ်တွေက.. ဆန္ဒပြချင်တဲ့ အခါမှာ အဲဒီ မီဒီယမ်ကို ၀င်ပူးပြီး ဆန္ဒတွေ ထုတ်ပြတာပါဖလား.. ၀င်ပူးခံရတဲ့ ဘာတိုင်းပြည်သူတွေမှာ အပြစ်မရှိကြောင်းပါ ဖလား” လို့  တောက်တယ်ကျင်း ၀န်ကြီးက ပြောသတဲ့..။ အဲဒီအခါမှာ ဘာမင်းတရားကြီးဟာ ဒေါသတွေ အကြီးအကျယ်ထွက်ပြီး သကာလ….
” သယ်ယ်ယ်ယ်ယ်…ဘဇာကြောင့် ငါကိုယ်တော်ကို ဆန္ဒပြရတာတုန်း..  ဘာတိုင်းပြည်ကြီးကို အေးချမ်း သာယာအောင်၊ ဖွံ့ ဖြိုး တိုးတက်အောင် နေ့ မအား ညမနား ဆောင်ရွက်နေတဲ့ မျက်နှာကိုမှ မထောက်.. အနောက်ကို မျှော်တဲ့ ပုဆိန်ရိုးတွေ ..” လို့  အမျက်တော်ရှ တော်မူသတဲ့..။ အဲဒါနဲ့ ပဲ .. ညီလာခံမှာ ရောက်နေတဲ့ ဘဏ္ဍာရေးမှူး က …
” မှန်လှပါ.. ရွှေစိတ်တော် ထိန်းတော်မူပါဖလား…  အခုကိစ္စကလည်း အရှင်မင်းတရားကြီး နိုင်ငံတော် ဘဏ္ဍာတွေကို အလွဲသုံးစား လုပ်တဲ့အမှုပါဖလား… ခုနက နိမိတ်ပုံကို ပဲ ကြည့်တော်မူပါဖလား .. နိုင်ငံတော် ဘဏ္ဍာတွေကို လှူတန်းတာ၊ မရှိဆင်းရဲသားတွေကို ပေးဝေလို့ ပြည်သူပြည်သားတွေ မခံမရပ်နိုင် ဖြစ်တဲ့ပုံလေ..။ အဲဒီတော့ ဘာမင်းတရားကြီးဟာ နိုင်ငံတော်ရဲ့ ရတနာတွေ ၊ ရေနံတွေ ၊ မြေယာ တွေကို အိမ်နီးချင်း နိုင်ငံကို ရောင်းစား..စား..စား..” လို့ ပြောလို့ မှ မဆုံးသေးဘူး .. ဘာမင်းတရားကြီးက…
” တော်.. တန် .. တိတ် … အကြာ်ပန်းကန် ဖိတ်… နင့်ဂျီးတော်နဲ့ အိပ်.. ဘဇာ့ကြောင့် ငါကိုယ်တော်မြတ်ရဲ့ ဒါန သီလ တွေကို အထင်လွဲနေရတာတုန်း…။ တိုင်းပြည် ဘဏ္ဍာတွေကို ရောင်းစားတာမဟုတ်ဘူးကွဲ့ .. သူများကို ပေးပြစ်တာ ။ ဒါန လုပ်နေတာ .. လှူဒါန်းနေတာ.. ။ ဘာဝနာ…တရား အားထုတ် (တရုပ်အားထား) နေတာ..။ ငါလို ဘုန်းကံကြီးမားတဲ့ ကိုယ်တော်ကို အပြစ်မြင်နေတာ ဒင်းတို့ တစ်တွေ ငရဲတွေ ငကန်တွေ ကြီးကုန်တော့ မှာပေါ့ကလား.. ဘုရား..ဘုရား..”  လို့ ရင်ဘတ်ကြီးဖိပြီး ဘာပြည်သူ ပြည်သားတွေအတွက် ရင်လေး နေပါလေရောကွယ်..။
အဲဒီအခါမှာ တရားရေးရာဝန်ကြီး က
” မှန်လှပါ… ဘုန်းတော်ကြောင့် ဘွတ်ရွှတ်ဒွတ်ဒက် မကျွမ်းတော့ Fraud နဲ့  Free မှားယွင်းမိသွားတယ် ထင်ပါတယ် ဖလား … ” လို့  လျှောက်တင်နေချိန်မှာပဲ.. ဘာမင်းတရားကြီးက .
” မှန်ပါ.. ရွှေဘုန်းသခင်ရဲ့ သဘောတော်အတိုင်း .. ဘာတိုင်းပြည်သူ ပြည်သားတွေက အခွန်တော်ဝန်ကြီးနဲံ ပေါင်းပြီး (၇) ရက် (၇) လီ  .. ၅၂ ပတ် တိတိ အလှူဒါနပေးနေလို့ ပါ ဖလား..” လို့  တရားရေးရာဝန်ကြီးက လျှောက်တင်လိုက်သတဲ့.. အဲဒီအချိန်မှာပဲ …
ဓမ္မရေးရာ ၀န်ကြီးကလည်း.. သျှောင်လေးကို အသာပင့်ပြီး …
” မှန်လှပါဘုရား.. ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာ ပါလိမ့်မယ်… ဖလား ” လို့ လျှောက်တင် လေသတဲ့..။ အဲသလို လျှောက်တင်လိုက်တော့ .. ဘာမင်းတရားကြီးဟာ …..
” သယ်… ရာရာစစ .. ဒင်းကများ ငါ့ကို… ကိုယ်ပြုသည့်ကံ ပဲ့တင်သံ လာလုပ်နေသေးတယ်.. ဒီမှာ ၀န်မင်း.. ငါကိုယ်တော်မြတ်က လေဖြတ်.. အဲလေ.. ကံဖြတ်နေတာကွဲ့ …။ ကံမှာ အဟောသိကံဆိုတာ ရှိတယ်.. အဟောသိကံဆိုတာ ဘာမှ အကျိုးမပေးဖြစ်တော့တဲ့ ကံပေါ့.. အဲဒီကံမျိုးဖြစ်အောင် ၊ တစ်ခြားကံတွေ အကျိုးပေးခွင့်မသာအောင် ငါကိုယ်တော်မြတ် လုပ်နေတာ မောင်မင်း မသိလေရော့သလား……”  လို့  ကံအကြောင်းကို ရှင်းပြလိုက်သတဲ့ ။ ဓမ္မရေးရာအမတ်ကလည်း.. အားကျမခံ…
” မှန်ပါ… ဘုန်းတော်ကြောင့် ကြက်ဆူ ပင်တွေ နဲ့  လုပ်ထားတာ ဖြစ်မယ် ထင်ကြောင်းပါဖလား..” လို့ သူ့  အထင်အမြင်ကို ပြောလိုက်တဲ့အခါမှာတော့  ဘာမင်းတရားကြီးက..
” တယ် .. ဒီဝန်မင်း.. ပြောလေကဲလေ.. မန်းလေ ပြဲလေဖြစ်နေပြန်ပြီ.. ဒီ ကြက်ဆူ နဲ့ ဘာမှ မဆိုင်ဘူး..။ သူ့  ဟာသူ ဟိုဘ၀တုန်းက ကြက်ကလေး ငှက်ကလေးတွေ ဖမ်းပြီး လှောင်ချိုင့်ထဲ ထည့်ထားလို့ အခုဘ၀မှာ ဒီလို အချုပ်အနှောင်ခံရတာဟာ.. ကံကံရဲ့  အကျိုးခံစားနေရတာပေါ့ကွဲ့ .. ဟင်းဟင်း.. ကဲ. ဒီမှာ ကံဆိုတာ ဘယ်လိုအကျိုးပေးသလဲ ပြမယ်.. ဟေ့.. တောက်တယ်ကျင်း ၀န်မင်း.. ငါကိုယ်တော်မြတ်အတွက် နိမိတ်ပုံတစ်ပုံရွေးလိုက်စမ်း ….” လို့  ပြောလိုက်တဲ့အခါ ၀န်မင်းဟာ ကလဖန်ထိုးပြီး ကားချပ်တစ်ချပ်ကို ဆွဲထုတ်ပြလိုက်တော့တာပေါ့ကွယ်..
မောင်ညီမလေးတို့ ရေ… နိမိတ်ပုံက ဘာပြောသလဲဆိုတော့ ဆင်ဖြူရတနာ ဆိုက်ရောက်လာတဲ့ ပုံပေါ့ကွယ်..
အဲဒီပုံကို မြင်တာနဲ့ ဘာမင်းတရားကြီးဟာ
” တွေ့ တယ်မဟုတ်လားး ၀န်မင်းရဲ့ .. ငါကိုယ်တော်မြတ် ဘုန်းတော်ကြောင့် ဆင်ဖြူရတနာ ဆိုက်ရောက်လာရမယ် လို့ နိမိတ်ပုံ ထွက်လာတော့ ဆင်ဖြူရှင်မင်း ဖြစ်ရတော့မှာပါကလား ကွယ်ရို့ ” .. လို့  လက်သီးလက်မောင်းတန်းပြီး ပြောလိုက်တဲ့အခါမှာတော့ .. ညီလာခံမှာ ခစားနေတဲ့ လေတပ်ဝန်ကြီးက..
” မှန်ပါ.. ဘုန်းတော်ကြောင့် .. ဆင်ဖြူတော် လို့ အမည်ပေးထားတဲ့ ဖော်ကာလေယာဉ် ကြီး တစ်မြန်နေ့ ကပဲ နေပူတယ် မြို့ တော်ကြီးကို ဆင်းသက်ရောက်ရှိလာကြောင်းပါဖလား.. ” လို့ သံတော်ဦး တင်လိုက်တဲ့အခါမှာပဲ ဘာမင်းတရားကြီးဟာ ရွှေဘော်တော်တွေကျပြီး လေတပ်ဝန်ကြီးကို BP က ထုတ်တဲ့ လေယာဉ်ဆီ တစ်ပီပါ ဆုတော်လာဘ်တော် ဆုချလိုက်သတဲ့..။ ဆုချပြီးတာနဲ့  အနားမှာ ခစားနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ကို
” မောင်မင်း.. ငါကိုယ်တော်မြတ် က ၃ ကြိမ်တိတိ ဘာလသမ္မဂ္ဂကနေ ပြန်ခေါ်တာ ဘဇာကြောင့် မောင်မင်းမပြန်လာရတာလဲ. . ငါကိုယ်တော်မြတ် မှာထားတဲ့  ခြေနင်းစင်္ကြာကော အကြံအဖန်ထုလို့  ရပြီလားကွဲ့ မင်းကြီးရဲ့ .. အခု ငါကိုယ်တော် မြတ်စီးဖို့ အတွက် ရောက်နေတဲ့ ဆင်ဖြူတော် က အာရှတစ်ခွင်ဘဲ လှည့်လို့ ရတယ်ကွဲ့ .. ငါကိုယ်တော်မြတ်.. အနောက်နိုင်ငံတွေကို တိုင်းခန်းလှည့်လည်ဖို့ စပါယ်ရှယ်မှာထားတဲ့ ခြေနင်းစင်္ကြာ အခြေအနေကို လျှောက်တင်စမ်း မင်းကြီး..” လို့ သံတော်ဦးတင်ခိုင်းတဲ့အခါမှာ.. ၀န်ကြီးက
” မှန်လှပါ.. အနောက်နိုင်ငံတွေက အရှင်မင်းကြီးရဲ့ ခြေနင်းစင်္ကြာ (ခေါ်) ဗီဇာ ကို ဘန်းထားတာကြောင့် အခုအခြေအနေမှာတော့ ခြေနင်းစင်္ကြာဟာ အင်ထုလို့ မလွယ်လှပါဖလား… အရှင်မင်းကြီးရဲ့  ကံဇာတာဟာ စင်္ကာပူမှာ အလုပ်သွားလုပ်နေတဲ့ ဘာတိုင်းပြည်သူပြည်သားတွေ ရဲ့ ခြေနင်းစင်္ကြလောက်တောင် မကောင်းတာမို့ ကံကောင်းအောင်တော့  တစ်ခုခု လုပ်ဖို့ လိုနေကြောင်းပါဖလား ” လို့  လျှောက်တင်လိုက်တဲ့ အခါမှာ ဘာမင်းတရားကြီးဟာ PHD ဘွဲ့ ကို အသပြာငွေ ၅ သိန်းနဲ့ အိန္ဒိယကနေ မှာပြီး ၀ယ်ပေးထားတဲ့ ဗေဒင်ဝန်ကြီး ကို… အကြံဥာဏ် တောင်းခံလိုက်တဲ့အခါမှာ… ၀န်ကြီးက..
” မှန်လှပါ.. အရင်တစ်ခေါက်တုန်းကတော့ ကြက်ဆူပင် စိုက်တာ မအောင်မြင်ပေမဲ့ .. ဒီတစ်ခေါက်တော့ Medium ကြားခံကို အသုံးပြုပြီး စိုက်ရပါမယ်ဘုရား..” လို့ ဖြေလိုက်တဲ့အခါမှာ
” လျှောက်တင်စမ်း .. မောင်မင်း ”  လို့  ခွင့်ပေးလိုက်တဲ့အခါမှာ.. ဗေဒင်ဝန်ကြီးက
” မှန်ပါ.. ဒီတစ်ခေါက်တော့ ကံကောင်းရုံတင်မဟုတ်ဘဲ အသက်ရှည်ဖို့ အတွက်နဲ့  ရွေးကောက်ပွဲအတွက်.. အာလူးစိုက်ပါဘုရား.. အရုဏ် မှာ စိုက်ပါ…အာယု ယတြာလို့ ခေါ်ပါတယ် မင်းကြီး..။ ဗေဒင်မှာ ဓာတ်တူ နံတူ ဆေးဖက်ယူဆိုတာ ရှိပါတယ်ဘုရား.. အာယု – အာလူး .. အရုဏ် ဟာ နံတူဖြစ်တာမို့ ဆေးဖက်အတွက် ၊ ရွေးကောက်ပွဲ အတွက် အလွန်ပဲ သင့်လျော်လှ ကြောင်းပါ ဖလား… ” လို့  လျှောက်တင်လိုက်တဲ့ အခါမှာ  ဘာမင်းတရားကြီးဟာ အားရ၀မ်းသာစွာနဲ့ ပဲ…
စိုက်ပျိုးရေးဝန်ကြီး နဲ့  ပြန်ကြားရေးဝန်ကြီးကို အာလူးစိုက်ဖို့ အတွက်..
” အရုဏ်ဦးမှာလူးသည့်အာ ” ဆိုတဲ့ ပရောဂျက်ကြီးကို လက်မှတ် ထိုးပေးလိုက်ပါလေရောကွယ်…။
မောင်ညီမလေးတို့ ရေ.. ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်…
မဟာဘုတ် နှင့် ချစ်သူ
September 4, 2010
ပိုင်းခြားစိတ်ဖြာ မဟာဘုတ် ပညာ
” ပြောတော့ အချစ်ရေး ဘာဖြစ်တယ် ညာဖြစ်တယ်… ခုက အချစ်ရေး တွေရေးလို့ ပါလား..။”
” ဟဲဟဲ.. အခုဟာက စာပြန်နွှေးတဲ့သဘောပါဗျာ..။ MOTAA နက္ခတ်သင်တန်း တက်နေတာ … သင်ခန်းစာ ၄ ခုအပြီးမှာ ရာသီခွင် သဘာဝတွေ၊ စိတ်နေစိတ်ထားတွေ ဟောလို့ ရနေပြီလေ.. အဲဒါကြောင့် သင်ခန်းစာတွေကို ပြန်လှန်လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ ရေးဖြစ်သွားတာပါ..”
” မဟာဘုတ်နဲ့ တော့ တစ်ခါမှ မရေးပါလား “
” သြော်..ဟီး ဟီး .. အဲဒါက ရေးရမှာ ပျင်းနေလို့ ပါ.. ဥပမာ ဇာတာနဲ့ ပြောပြမယ်လေ.. မဟာဘုတ် လေ့လာနေတဲ့သူ ဆိုတော့ လေ့ကျင့်ခန်း အသစ်ရတာပေါ့.. နမူနာ အနေနဲ့  ၅ ကြွင်း မဟာဘုတ်. ကြာသပတေးနေ့  သား ကို တွက်ပြမယ်လေ ..”
” ကြာသပတေးရဲ့ အချစ်ရေးကို ညွှန်ပြတဲ့ ဆပွတ်နေရာကို ကြည့်..။ ကြာသပတေးရဲ့ ဆပွတ်က အင်္ဂါ..။ ဆပွတ်ဆိုတာ ၆ ခုမြောက် ဂြိုဟ်ကိုပြောတာနော်..။ အဲဒီ ကြာသပတေးရဲ့ ဆပွတ် ဖြစ်တဲ့ အင်္ဂါ ကို မူလ မဟာဘုတ်မှာ ဘယ်နေရာမှာ ရှိလဲဆိုတာကိုကြည့် ။ “
” အဲ.. အဲ… မူလ မဟာဘုတ်မှာ အင်္ဂါက ရာဇနေရာမှာ ရှိတယ် ဆရာတေး “
” ပြီးရင် အဲဒီ ရာဇ ဟာ ကသစ်မဟာဘုတ် (အိမ်ပိုင်) မှာ ဘာဂြိုဟ်လည်း ဆိုတာကြည့်..”
” ကသစ်မဟာဘုတ်မှာ ရာဇနေရာက တနင်္ဂနွေ ဆရာတေး “
” အင်း အဲဒီ တနင်္ဂနွေ စိတ်ထားတွေ ၊ အမူအရာတွေ ၊ စရိုက်တွေ ဟောပေါ့ ..။ ပြီးရင် မူလမဟာဘုတ် မှာ ရာဇ နဲ့  ပက္ခမိထားတဲ့ စနေရဲ့ ဆိုးကျိုးကို ဟော၊ ဆရာစိုးမိုးထွန်း ရေးတဲ့ အသက်မွေးဝမ်းကျောင်းမှု ဗေဒင်ပညာ စာအုပ်ကိုလည်း ဖတ်ကြည့်…. အဲဒီအထဲမှာ ပါတယ်…. နောက်ပြီး ဝဏ္ဏကျော်ထင် ပျဉ်းမနား ဦးသန်းမောင် ရဲ့  နက္ခတ်ဗေဒင်ပညာ ကျမ်းမှာလည်း ပါတယ်။
နောက်ပြီးတော့ MOTAA သင်တန်းသားတွေလည်း သင်ခန်းစာပို့ ချချက်တွေ မရှင်သေးရင် အဲဒီ ပျဉ်းမနား ဦးသန်းမောင် စာအုပ်ဖတ်သင့်တယ်.. ။ ပျဉ်းမနား ဦးသန်းမောင် ရဲ့ စာအုပ်ချည်းပဲ ဖတ်ရင်လည်း မရှင်းသေးပြန်ဘူး.. MOTAA သင်ခန်းစာလေးတွေနဲ့ တွဲဖတ်သင့်တယ်.. အဲဒါမှ သိပ်မရှင်းသေးရင် ကိုပခန်းကို ထပ်မေး .. ဟဲဟဲ”
” ဒါဆို စရိုက်လေး ဟောပြပါအုံး.. ၄ ကြွင်း ၊ တနင်္ဂနွေ သမီး  အတွက် ချစ်သူရဲ့ စရိုက်”
” ဟူး… မလွယ်ပါလား ပြောမိတာ မှားပြီထင်တယ်…. ဒီလိုရှိတယ်…
၁) တနင်္ဂနွေရဲ့ ဆပွတ် က သောကြာ
၂) အဲဒီသောကြာဟာ သူ့ ရဲ့ မူလ မဟာဘုတ် ဖြစ်တဲ့ ၎ ကြွင်းမဟာဘုတ်မှာ သိုက်နေရာမှာ ရှိတယ်..။
၃) ကသစ်မဟာဘုတ်မှာ သောကြာဟာ သိုက်မှာရှိတယ်.. အဲဒါကြောင့် သူ ဟာ သောကြာ ကသစ်ရသူပေါ့ဗျာ..။
သောကြာ ကသစ်ရတော့ စကားပြောကောင်းတယ်..။ စကားကို ချွဲချွဲလေး ပြောတတ်တယ်.. ကာမဂုဏ်ခံစားမှု များမယ်..၊ ခရီးသွားရင်း ချစ်သူတွေ့ တတ်တယ်. ။
၃) ကသစ်မဟာဘုတ်မှာ သောကြာဟာ တနင်္ဂနွေနဲ့ ပက္ခမိတယ်.. ။ ဒါကြောင့် သူ့ ရည်းစားကို အိမ်က အဖေလုပ်တဲ့သူက သဘောတူမှာ မဟုတ်ဘူး..။နောက်ပြီး ရည်းစားက ဦးခေါင်းပိုင်းမှာ အမာရွတ်ကြီးနဲ့ ..”
” တိန်.. ကျနော့်ခေါင်းမှာ အမာရွတ်ကြီးနဲ့ ..ဗျ..”
“အင်း အဲဒါက ကသစ်မဟာဘုတ်အရ ပြောကြည့်တာပေါ့ဗျာ..”
” ဒါဆို သူနဲ့ ကော ညားနိုင်လား “
” ညားနိုင်လားလို့ တော့ မသိဘူးဗျ…. လေ့လာရအုံးမှာပေါ့ဗျာ.။ “
” သူ့ မွေးမဟာဘုတ်မှာ ၆ + ၂ က ပက္ခဗျ..။ ကသစ်မဟာဘုတ်မှာ ၂ က ပုတိမှာ ဗျ.. ဒါကြောင့် သူဟာ အမေ့မေတ္တာအပြည့်အ၀ မရရှာဘူး..။ ဒါမှ မဟုတ်ရင် သူ့ အမေက ပညာရေး မကောင်းဘူးဗျ..။”
” ဗျာ.. သူ့ အမေက ကျောင်းဆရာမ ဗျ..”
” ဟေ.. ဟုတ်လား.. ဟီးဟီး.. ဒီလိုဗျ.. ကသစ်မဟာဘုတ်က ၂+၅ ပက္ခကို လှမ်းတွက်ဆပြီး ပြောလိုက်တာပါ… ကြာသပတေးက ပညာကာရကဂြိုဟ် ၊ တနင်္လာဂြိုဟ်က သင်ကြားရေး ကာရကလေ.. ပက္ခမိနေတော့ ဆရာမ လုပ်ရင် မအောင်မြင်နိုင်ဘူးပေါ့ဗျာ..
ကျန်တဲ့ အကြွင်းဖွားတွေ ကိုယ့်ဟာကိုယ် အတွေးနယ်ချဲ့ ကြည့်ပေါ့လေ.”
တူလဂ် နှင့် ချစ်သူ
September 3, 2010
တူလဂ် ပိုင်ရှင်များအတွက် အချစ်ရေး (Libra)
သင့်ချစ်သူရဲ့ ဇာတာကို ကြည့်လိုက်ပါ.. ။ ဒါမှ မဟုတ် သင့်ဇာတာကို ကြည့်လိုက်ပါ။ ဇာတာ မရှိရင်တော့ ဒီကို သွားပြီး မွေးသက္ကရာဇ် ၊ မွေးချိန် ၊ မြို့ တွေ ထည့်ပြီး Go ကို ကလစ်နှိပ်လိုက်ပါ။
လဂ် ကို ကိုယ်စားပြုတဲ့ လ ဆိုတဲ့ အက္ခရာလေး ဟာ ရာသီ ၁၂ ခွင်ထဲက  ဘယ်ရာသီမှာ ရှိနေတယ်ဆိုတာကို ကြည့်ပါ။
လ, ဟာ ပုံမှာ ပြထားတဲ့အတိုင်း တူ ရာသီမှာ ရှိနေရင် ဇာတာရှင်ရဲ့ ချစ်သူဟာ….. Fighter ကြီးပေါ့ဗျာ..။ Ruled by Mars planet ပေါ့။
ခြေဆော့ လက်ဆော့ ရှိတယ်။ ။  ပီကေ ၀ါးတတ်တဲ့အကျင့် ရှိမယ်။ Vegetarian အစားအစာတွေ ကြိုက်မယ်။ Gem stone တွေ စုဆောင်းတာ ၀ါသနာပါမယ်။ အပေါင်းအသင်း ခုံမင်တယ်။ အိမ်မှာနေရင် panty ၊  bra အစရှိတဲ့ underwear တွေ ၀တ်လေ့မရှိဘူး။ sex ကိစ္စတွေမှာ ဆိုရင်လည်း အကြမ်းပတမ်း ဂရူးမူးတိုးပေါ့။ လှေကြီးထိုး ရိုးရိုးဆိုတာထက် အဆန်းအပြားလေးတွေကို ပိုပြီး သာယာတတ်ပါတယ်။
ခေါင်းမာတယ်။ ဆတ်ဆတ်ထိမခံဘူး။ ရစ်တာကတော့ ဂျပန်မူလီတောင် အရှုံးပေးရမယ်။ ပြဿနာဖြစ်ရင် သူများကိုပါ ဆွဲထည့်တတ်တယ်။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်တယ်။ စကားပြောမြန်မယ်။  လုပ်စရာရှိရင် ၀ုန်းဝုန်းဒိုင်းဒိုင်း ထလုပ်သွားတတ်တဲ့ အကျင့်ရှိတယ်။ ချစ်သူကို ကျူရှင်မှာ စောင့်ခိုင်းရင် မစောင့်ချင်တတ်သလို   ၊ ကားဂိတ်မှာ အချိန်ကုန်ခံပြီး စောင့်နေတာမျိုးကို  မြင်တွေ့ ရဖို့ ခဲယဉ်းပါလိမ့်မယ်။ စိတ်ဆတ် ၊ ဒေါသကြီး တာကြောင့် မကြာခဏဆိုသလို စိတ်ကောက်တာ၊ စိတ်ဆိုးတာ တွေ ကို နူးညံ့တဲ့ အမိန့်  တော် အတိုင်း အပါးတော်မှာ ခစားရင်း ကြုံရပါမယ်။ ခေါင်းတော့ မာတယ်နော်…။
အအေးစာ တွေထက် မီးနဲ့ ချက်တဲ့ အစားအစာမျိုး ၊ ဖန်ခါးသီး ၊ ကြက်ဟင်းခါးသီး ၊ ဂွေးတောက်ရွက် အစရှိတဲ့ အခါးဓာတ်ပါတဲ့ အစားအသောက်တွေကို ခုံမင်ပါတယ် ။ ချစ်သူကို လက်ဆောင်လေးတွေ ပေးမယ်ဆိုရင်တော့ စစ်တုရင်အရုပ်လေးတွေ ၊ electronic ပစ္စည်းတွေ ၊ ဥပဒေအမှုအခင်း ပညာပေးစာအုပ်တွေ၊ Action ဇာတ်ကြမ်း အခွေလေးတွေ ၊ diamond တွေကို ပေးမယ်ဆိုရင်တော့ ပါးမှာ ပါးချိုင့် အသစ်လေးတွေ ရလာပါလိမ့်မယ်။
အရာရာကို ဦးဆောင်ပြီး လုပ်ကိုင်ချင်တာကြောင့် အချစ်နဲ့ ပတ်သက်လာရင် မတရားတာ မရှိ၊ ရလိုမှု တစ်ခုတည်းကို သာ ဦးတည်တာကြောင့် ပေးဆပ်သူမဟုတ်ဘဲ ရယူသူပဲ ဖြစ်ပါလိမ့်မယ်။ အလုပ်ထဲမှာလည်း ရှေ့ က ဦးဆောင်ပြီး လုပ်ပြတတ်သလို လက်အောက်ငယ်သားတွေကို လည်း target အတွက် အမြဲ pressure ပေးနေပါလိမ့်မယ်။
တစ်ခုခုဖြစ်ရင် သည်းညည်း မခံနိုင်၊ အပင်အပန်းမခံနိုင်တာကြောင့် ချစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ ပြီး စိတ်လျှော့ လာအောင် ပြောပေးဖို့ လိုအပ်သလို ပင်ပန်းလို့ ချွေးစို့ နေတဲ့ မျက်နှာကို tissue လေးနဲ့  တို့ တို့  ပေးနေဖို့  အသင့်ရှိနေပါ။  အင်္ဂါဂြိုဟ် နောက်ပြန်သွားနေတဲ့ အချိန်မှာ ပိုပြီး ဂရုစိုက်ပေးပေါ့။ သူ့ ကိုသာ ဂရုစိုက်ပေးရပေမဲ့ သူ့  အနေနဲ့ က “I am what I am ” ဆိုသလို ကိုယ့်ကို ပြန်ပြီး ဂရုစိုက်ဖို့ ဆိုတာကတော့ သိပ်ပြီးမျှော်လင့်ချက် မထားပါနဲ့ ။
အစိုးရလုပ်ငန်းတွေမှာ စက်မှုရေးရာ ၊ စစ်ဘက်ရေးရာ၊ တရားရေးရာ တွေမှာ ၀င်ရောက်ဆောင်ရွက်ချင်တဲ့သူ ဖြစ်တတ်သလို  လုပ်ဖြစ်ခဲ့ရင်လည်း တစ်သွေး တစ်သံ တစ်မိန့် လုပ်တဲ့ စိတ်ဓာတ်ကြောင့် ထိပ်ဆုံးနေရာကို ရောက်တတ်ပါတယ်။ ပုဂ္ဂလိက စီးပွားရေးအရတော့ weapons တွေ၊ သံ နဲ့  ပတ်သက်တဲ့ ပစ္စည်းတွေ ၊ ကရားတေး ၊ ဂျူဒို သင်တန်းတွေ၊ စိတ်အထူးကုဆေးခန်း ၊ mental heath care centre အစရှိတာတွေ အကျိုးပေးပါလိမ့်မယ်။ စီးပွားရှာရာမှာ လက်ဦးမှု ယူတတ်တာကြောင့် သူ့ ဆီမှာ fair and square ဆိုတာ မရှိသလောက်ပါပဲ။ နိုင်ငံခြား နဲ့ ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ စီးပွားရေးတွေမှာ ထင်သလောက် အောင်မြင်မှု မရရှိတတ်ပါဘူး။
ကျန်းမာရေးအနေနဲ့ ကတော့ စိတ်ကျရောဂါ ၊ နှလုံးရောဂါ ၊ အကြောအားနည်းတဲ့ ရောဂါ၊ အရေပြား၊  သွား  အစရှိတာတွေ သတိထားရပါမယ်။ အပူအစပ် အခါးတွေကို ကြိုက်တတ်ပြီးတော့ ချဉ်ချဉ် ငံငံ လေးတွေကိုတော့ အင်တင်တင် ဖြစ်နေပါလိမ့်မယ် .. ။
မိဿလဂ် နှင့် ချစ်သူ
August 30, 2010
မိဿလဂ် ပိုင်ရှင်များ အတွက် အချစ်ရေး
သင့်ရဲ့ ဇာတာကို ကြည့်လိုက်ပါ.. ။ ဇာတာ မရှိရင်တော့ ဒီကို သွားပြီး မွေးသက္ကရာဇ် ၊ မွေးချိန် ၊ မြို့ တွေ ထည့်ပြီး Go ကို ကလစ်နှိပ်လိုက်ပါ။
လဂ် ကို ကိုယ်စားပြုတဲ့ လ ဆိုတဲ့ အက္ခရာလေး ဟာ ရာသီ ၁၂ ခွင်ထဲက  ဘယ်ရာသီမှာ ရှိနေတယ်ဆိုတာကို ကြည့်ပါ။ ဒါမှ မဟုတ် ဘော်ဘော်တွေရဲ့ ဇာတာကို ယူကြည့်ပြီး ဟောဒီလို ဟောချလိုက်ပါ.။
စိတ်မြန်လက်မြန် ရှိမယ်၊ အပြောင်းအလည်းများမယ်  ။ တုံးတိုက်တိုက် ။ ကျားကိုက်ကိုက် လာမဲ့ဘေးပြေးတွေ့  မယ်.. ။ လူကြီးတွေ သဘောမတူရင် ခိုးပြေးမဲ့သူ ၊ ကားတင်ပြေးမဲ့သူမျိုး ၊အရာရာကို ဦးဆောင်ချင်တဲ့စိတ် ရှိမယ်။ sex နဲ့  ပတ်သက်ရင် တဏှာပြင်းထန်မယ်၊ အမျိုးသမီးဆိုရင်တော့ သူက စပြီး ဦးဆောင်တတ်တဲ့သူမျိုးပေါ့။
စိတ်ကူးယဉ် အတွေးပုံရိပ်တွေကို အင်းလျားကန်ဘောင်မှာ ချစ်သူနဲ့ အတူ လမ်းလျှောက်ရင်း  တစ်ဖွဖွ စီကာပတ်ကုံး ပြောတတ်တဲ့သူမျိုးပေါ့၊ ကိုယ့်အနေနဲ့  နားထောင်သမား သက်သက်ဖြစ်မယ် ဆိုရင်တော့ သူ က နှစ်သက်မှာ မဟုတ်တာကြောင့် ကိုယ်ကလည်း စကားတွေကို ဖောင်ဖွဲ့ ပြီး ပြောနိုင်အောင် ပြင်ဆင်ထားပါ။ သူများစုံတွဲတွေ အဆင်ပြေဖို့  အောင်သွယ်တော် လုပ်ပေးချင်တဲ့စိတ် လည်းရှိသလို   အတတ်ပညာ၊ ဘာသာစကား တစ်မျိုးမက လေ့လာပြီး ပြည်ပနိုင်ငံမှာ သွားရောက်နေထိုင်လိုတဲ့စိတ် ၊ ခရီးလည်း အင်မတန် ထွက်ချင်တဲ့စိတ် ရှိတယ်။
အစားအသောက်ကောင်းတွေ ကို ခုံမင်တယ်။ ၀တ်ကောင်းစားလှတွေနဲ့ အမြဲလိုလို ကြော့ကြော့မော့မော့လေး နေတတ်တာကြောင့် ကိုယ့်ချစ်သူကို မွေးနေ့ ၊ ချစ်သူများနေ့ တွေမှာ အခြားပစ္စည်းတွေ လက်ဆောင်ပေးမဲ့အစား ရေမွှေးတို့ ၊ အင်္ကျီလှလှ လေးတွေကို လက်ဆောင်ပေးမယ်ဆိုရင် အာဘွားတွေ အများကြီးရမှာ အသေအချာပါပဲ။ ပန်းခြံတို့ ၊ ရုပ်ရှင်ရုံတို့ ၊ အော်ပရာတို့ ကို လည်း နှစ်ခြိုက်တတ်တာကြောင့် ချစ်သူဘယ်သွားသွား သူ့ နောက်က လိုက်နေနိုင်တဲ့ အရိပ်လို ဖြစ်အောင် ကြိုးစားထားပေတော့။ Free style ကို သဘောကျတတ်သေးတာမို့  ချုပ်ခြယ်တာ ၊ ပိတ်ပင်တားဆီးတာတို့ မလုပ်မိဖို့ ဂရုပြုပေးပါ။
တရားမျှတမှုကို နှစ်သက်သလို စီးပွားရေးမှာလည်း မတော်လောဘစိတ်မရှိဘဲ သမာအာဇီဝနဲ့ သာ အသက်မွေးတတ်တဲ့ သူမျိုးပေါ့။ ၀န်ထမ်းဖြစ်မယ်ဆိုရင်လည်း အထက်လူကြီးစေခိုင်းတဲ့ ကိစ္စတွေသာမက ကိုယ့်လက်အောက်ငယ်သားတွေ အတွက် အနစ်နာခံ ၊ အပင်ပန်းခံပြီး ဆောင်ရွက်ပေးမဲ့ စိတ်မျိုး ပိုင်ဆိုင်သူပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ မျက်နှာရအောင် လုပ်လုပ် ကိုယ့်ကို အကောင်းမမြင်တဲ့သူတွေကြောင့် အများအကျိုးတွေ ဆောင်ရွက်ရာမှာ အောင်မြင်မှုနည်းတတ်ပြီး ကိုယ့်အားကိုယ်ကိုး တဲ့ ကိစ္စတွေမှာသာ အောင်မြင်တတ်ပါတယ်။ ပရဟိတ အတွက် အဆင်မပြေနိုင်ပေမဲ့.. အတ္တအတွက် အကျိုးပေးတယ်ပေါ့။ စီးပွားရေးမှာတော့ ပွဲစား ၊ ဥပဒေ အကြံပေး ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၊  ထီရောင်းဝယ်ရေး၊ ကာရာအိုကေ အစရှိတာတွေ ဟာ အကျိုးပေးနိုင်ပါတယ်။
ကျန်းမာရေးအနေနဲ့ ကတော့ သွေးမြင်ရင် လန့် တတ်တယ်၊ အကြောပိုင်းဆိုင်ရာတွေ ၊ သုက်နဲ့ ဆိုင်တဲ့ ကိစ္စ၊ လည်ချောင်း၊ ဦးခေါင်းပိုင်းဆိုင်ရာ တွေမှာ သတိထားရပါမယ်။ အဆီအဆိမ့်တွေ ကြိုက်လွန်းတတ်ပြီး အစပ် နဲ့  ပတ်သက်မယ်ဆိုရင်တော့ အိတိစ်ဘန်းနင်းမိုင်အာ့စ် ဆိုပြီး လက်ခါပြပါလိမ့်မယ်။
ဓမ္မအမြင်နှင့်အင်္ဂ၀ိဇ္ဇာညှပ်သတ်ကိန်း
August 24, 2010
ဗုဒ္ဓဘာသာကျမ်းဂန်များအဆိုအရ ဤကမ္ဘာသည် ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟုခေါ်သည်။ မည်သို့ ပင်ဖြစ်စေ ဤစာစုကိုဖတ်ရကုန်သောသူတို့ သည် လေးဆူမြောက်ဘုရှားရှင်ဖြစ်သော ဂေါတမဗုဒ္ဓ၏သာသနာတော်ကိုသာ ကြုံဆုံခွင့်ရှိတော့သည်။ ထို့ ကြောင့် ဂေါတမဗုဒ္ဓ၏ ဘ၀ဖြစ်တော်စဉ်သည် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်း၏ သံသရာထွက်ရပ်လမ်းပြယုဂ် သို့ မဟုတ် ဧကံသနမိတ်ပင် ဖြစ်တော့သည်။
သောကြာနံသား ဂေါတမဗုဒ္ဓ၏ဘ၀ဖြစ်တော်စဉ်ကို (မသိကြလျှင်တွေးဆဦး)ဟု အတိုကောက်ခေါ်သည်။
သိဒ္ဓတ္ထမင်းသားဘ၀မှ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သော ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို ကြည့်လျှင်…..
မ-ကြာသပတေးနေ့ (အမြစ်နေ့ )တွင် လူ့ ပြည်၌ ပဋိသန္ဓေ ခံယူတော်မူသည်။
သိ-သောကြာနေ့ (မူလ၊ရုပ်၊ကံ၊အချာ-ပင်စည်)နေ့ တွင် ဖွားမြင်တော်မူသည်။
ကြ- တနင်္လာနေ့ (စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
လျှင်- ဗုဒ္ဓဟူးနေ့ (ဆပွတ်) တွင် ဘုရားအဖြစ်သို့  ရောက်တော်မူသည်။
တွေး- စနေနေ့ (အညွန့် )တွင် ဓမ္မစကြာ တရားဦး ဟောတော်မူသည်။
ဆ- အင်္ဂါနေ့ (ပဉ္စပွတ်) တွင် နိဗ္ဗာန်ရောက်ရာ ပရိနိဗ္ဗာန် ပြုတော်မူသည်။
ဦး- တနင်္ဂနွေနေ့  (တြိရန်း)တွင် တေဇောဓါတ် လောင်ကျွမ်းတော်မူသည်။
သိဒ္ဓတ္ထမင်းသားဘ၀မှ ဂေါတမဗုဒ္ဓဘ၀သို့ ပြောင်းလဲခြင်း တနည်းအားဖြင့် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့ သို့ ကူးပြောင်းခြင်း၏ အဓိကအချက်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း (အိုခြင်း၊နာခြင်း၊သေခြင်း၊ အိုနာသေဘေးမှလွတ်မြောက်ရာလမ်း) နမိတ်ကြီးလေးပါးကိုမြင်ခြင်း နှင့် တောထွက်ခြင်းဖြစ်သည်။ ဇာတိဇရာဗျာဓိမရဏ တရားသဘောအရ သတ္တ၀ါဟူသည် မွေးလျှင်သေမည်၊ သေဖို့ မွေးဖွားကြသည်၊ အဖန်ဖန် ပဋိသန္ဓေတည်ခြင်းကို ပယ်သတ်နိုင်မှသာ အဖန်ဖန်သေခြင်းမှကင်းလွတ်ရာကိုရောက်မည်။ အ၀ိဇ္ဇာနှင့်တဏှာတည်းဟူသော လောကီကြိုးမပြတ်သရွေ့ ဇာတိနှင့်မရဏ အဖန်ဖန် သံသရာလည်ကာ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ ဖြစ်တော့သည်။
၃ သေဆုံးခြင်း (န၀င်း) မရဏ
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၅ ပဋိသန္ဓေတည်ခြင်း (အခိုက်) ဇာတိ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မင်းစည်းစိမ် စံစားခံစားခွင့်ရသည့် ဘုရင့်သားတော်ဖြစ်သည်။ ကြင်ရာတော် ယသော်ဓယာမင်းသမီးနှင့် သားတော် ရာဟုလာ အပါအ၀င် မင်းစည်းစိမ်ကို စွန့် လွှတ်၍ တောထွက်ခြင်းမှာ လောကီအာရုံကာမဂုဏ်တို့ ကို သေစေခြင်း၊ ပယ်သတ်ခြင်း၊ စွန့် လွှတ်ခြင်း လွတ်မြောက်ရာလမ်းကိုရှာဖွေခြင်း ဖြစ်သည်။ လောကီအမြင်အရကြည့်လျှင် အပြင်ဆုံးရှုံးခြင်းဖြစ်သော်လည်း လောကုတ္တရာအမြင်အရကြည့်လျှင် အတွင်းအောင်မြင်ခြင်းဖြစ်သည်။ ဓမ္မအမြင်အရ ဒုက္ခသစ္စာကိုသိခြင်းနှင့် သမုဒယသစ္စာကို ပယ်ခြင်းပင်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ ကို ပယ်သတ်ခြင်း၊ အတွင်းအောင်ခြင်း (န၀င်း)
၂ တနင်္လာနေ့ (စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သာမန်လူများကျင့်နိုင်ခဲသော ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်တာမျှ ဥရုဝေဠတောတွင် ကျင့်တော်မူသော်လည်း တရားထူးမရရှိပေ။ မဇ္ဇျိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ပြီးမှသာလျှင် အရဟံအစ ဘဂ၀ါအဆုံး ကိုးပါးသောဂုဏ်တော်တို့ နှင့် ပြည့်စုံတော်မူသော ဂေါတမဗုဒ္ဓ ဘုရားရှင်အဖြစ်သို ဗုဒ္ဓဟူးနေ့ တွင့် ရောက်တော်မူသည်။ ဓမ္မအမြင်အရ မဂ္ဂသစ္စာကိုပွားခြင်းနှင့် နိရောဓသစ္စာကိုဆိုက်ခြင်းပင်။
၎ ဗုဒ္ဓဟူးနေ့ (ဆပွတ်) တွင် ဘုရားအဖြစ်သို့  ရောက်တော်မူသည်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ ကို ပယ်သတ်ခြင်း (တြိရန်း)
သိဒ္ဓတ္ထမင်းသားဘ၀မှ ဂေါတမဗုဒ္ဓဘ၀သို့  တောထွက်ခြင်းနှင့်တရားဓမ္မကျင့်ကြံခြင်းဟူသော အဆင့် (၂)ဆင့်ဖြင့် ကူးပြောင်းခဲ့သည်ကို တွေ့ ရမည်။ ထိုနှစ်ဆင့်သည် နံတော်စဉ်အရ တနလာင်္နေ့  (စတုရန်း)နှင့် ဗုဒ္ဓဟူးနေ့ (ဆပွတ်) ဖြစ်ပြီး သောကြာနေ့ (မူလ၊ ရုပ်၊ ကံ) ကို ချုပ်ငြိမ်းအောင် ပယ်သတ်ပစ်ခဲ့သည်။ တနည်းအားဖြင့် အောင်လံတေဇ စတုရန်းကိန်းနှင့် သူ့ ကိုနိုင်လို ဆကိုခို ဆပွတ်ကိန်းတို့ ကို ပေါင်းစပ်ဖွဲ့ စည်းသော ညှပ်သတ်ကိန်းပင် ဖြစ်သည်။
၎ ဗုဒ္ဓဟူးနေ့ (ဆပွတ်) တွင် ဘုရားအဖြစ်သို့  ရောက်တော်မူသည်။
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၂ တနင်္လာနေ့ (စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
ဘုရား (၇) ဆူ၏ ဖြစ်တော်စဉ် သို့ မဟုတ် နံတော်စဉ်များကို ဆက်လက်လေ့လာကြည့်ပါ။
ဤ (၇) ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့ သည် စတုရန်းနေ့ တွင် တောထွက်၍ ဆပွတ်နေ့ တွင် သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရောက်တော်မူကြကုန်သည်။
– (တော၊ အုံ၊ ယုန် ၊ သား ၊ ကြက် ။ မှ ၊ စား) သိခီ တနင်္ဂနွေသားဘုရားရှင်၏ နံတော်စဉ်….
– (အ ၊ က ၊ မ ၊ တူ ၊ ဆူ ၊ သည့် ၊ လူ) ဝေဿဘူ တနလာင်္သားဘုရားရှင်၏ နံတော်စဉ်….
– (ကြံ ၊ စီ ၊ သော် ၊ အား ၊ လူ့ ၊ တ ။ ပါး ) ကကုသန် အင်္ဂါသားဘုရားရှင်၏ နံတော်စဉ်….
– (စ ၊ လွန် ၊ ထီး ၊ ကြယ် ၊ မြ ၊ အ ၊ သွယ် ) ကောဏာဂုံ ဗုဒ္ဓဟူးသားဘုရားရှင်၏ နံတော်စဉ်….
– (လာ ၊ ပါ ၊ အ ၊ ဆုံး ၊ သိ ။ ကြ ၊ တုံး ) ကဿပ ကြာသာပတေးသားဘုရားရှင်၏ နံတော်စဉ်…
– (မ ၊ သိ ၊ ကြ ၊ လျှင် ၊ တွေး ၊ ဆ ၊ ဦး ) ဂေါတမ သောကြာသားဘုရားရှင်၏ နံတော်စဉ်….
– (သက် ၊ တော် ၊ စုံ ၊ ပြည့် ။ အ ၊ လှ ၊ ကြည့် ) နောင်ပွင့်တော်မူမည့် အရိမေတ္တယျ စနေသားဘုရားရှင်၏ နံတော်စဉ်….
ဗုဒ္ဓဘုရားရှင်တို့ ၏ ဖြစ်တော်စဉ် သို့ မဟုတ် နံတော်စဉ်ကို သာမညလောကီပညာရပ်ဖြင့် ရေးသားတင်ပြခြင်းကို အပြစ်ဆိုသူတို့ က ဆိုပေဦးမည်။ မိမိသုံးသပ်တင်ပြခဲ့သည်မှာ လောကီ ဗေဒင်အယူအဆများကို ဦးစားပေးခြင်းထက် ဖြစ်တော်စဉ်ကို လောကုတ္တရာ ဓမ္မအမြင်အရ မီးမောင်းထိုးပြခြင်းသာ ဖြစ်သည်။
စတုရန်းနေ့ တွင်တောထွက်တော်မူခြင်းနှင့်ဆပွတ်နေ့ တွင်ဘုရားဖြစ်တော်မူခြင်းဖြင့် အလည်အချာ မူလနေ့ (ခန္ဓာငါးပါးဖြင့် ဖွဲ့ စည်းထားသော မိမိကိုယ်) ကိုပယ်သတ်ကာ သံသံရာစက်ရဟတ်ကို ရပ်တန့် စေခြင်းဖြစ်သည်။ အင်္ဂ၀ိဇ္ဇာပညာ၌ စတုရန်းကိန်းနှင့် ဆပွတ်ကိန်းတို့ သည် မူလ၏အနိုင်ဓါတ်များဖြစ်သော်လည်း အသုံးချပုံနှင့်အကျိုးသွားပုံမှာ မတူကွဲပြားလေသည်။ စတုရန်းနှင့်ဆပွတ်ပူးတွဲသည့် ညှပ်သတ်ကိန်းကား ပို၍ပင် အစွမ်းထက်လှသောကြောင့် ရည်ရွယ်ချက်ကောင်း စိတ်စေတနာကောင်းဖြင့်သာ အသုံးချသင့်လေသည်။
စာလေးမည်စိုးသောကြောင့် လိုရင်းကိုသာ ခြုံငုံတင်ပြခြင်းဖြစ်သော်လည်း ကြည့်သောသူမြင်၍ မြင်သောသူများသည် သံသရာမှလွတ်မြောက်ခြင်းကို ရှာဖွေတွေ့ ရှိနိုင်ကြောင်း ဗုဒ္ဓဖြစ်တော်စဉ်တို့ က သက်သေခံနေပါသည်။
လေးစားစွာဖြင့်
ဇေယျာမောင်
တားရော့ တိုက်ပ် ဒီဗင်နေးရှင်း
August 16, 2010
မြန်မာပြည်က ဗာလချောင်ကြော်ကို အနောက်တိုင်း ပီတာဘရက်ဒ် ထဲတွင် ထည့်စားသည့်နှယ် ဟောပြောရာတွင် အရသာရှိလှ၏ …
ပထမဦးဆုံးသော
မြန်မာ့ရိုးရာ ပုံတော်စုံ + အနောက်တိုင်း ဖြန့် ကြက်နည်း ဖြင့် ဟောပြောနည်း
မေးခွန်းလေးကတော့ တိုတိုလေးပါ။
“အိုင်ဝတ်န့် တူနိုး အဘောင့် ဖျူးချားအော့ဖ် မိုင်လိုက်ဖ် ” တဲ့ ..။
အနောက်တိုင်းဖြန့် ကြက်နည်းတွေပေါင်း များစွာထဲက သင့်တော်မဲ့ နည်းလေးနဲ့ ကဒ်ပြားလေးတွေကို ဖြန့်  ကြက်ပြီးသကာလ ဟိုးးးးးး ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ တေ၊ ဇ ၊ သု ၊ နေ ၊ မ ၊ ဘူ၊ စန် ၊ နာ၊ ၀ိ ၊ ဝေ အစရှိတဲ့ ဇာတ်ကြီး ၁၀ဘွဲ့ အပါအ၀င် အခြား ဇာတ်တော်လေးတွေပါဝင်တဲ့ ငါးရာ ငါးဆယ် ဇာတ်နိပါတ်တော် အကြောင်းအရာတွေ ကို အာယုံယူလိုက်တယ်. ။ ပြန်စဉ်းစားလိုက်တယ် ဆိုပါတော့။ 
 Note – This is my own creation and i will not discuss whether it is Myanmar tarot nor traditional. I, myself call my own creation as Myanmar Traditional Tarot with an Oracle Deck.
For your own record ပုံတော်စုံ မဟာဘုတ် ဗေဒင်ကဒ်ပြား  are distributed by Sayar Dagon.
၁) လက်ရှိ အခြေအနေ
ပထမဆုံး ကားချပ်က တော့ ဒုကူလ နဲ့  ပါရိကာ မျက်စိ ပြန်မြင်တဲ့  နိမိတ်ပုံပါ။ ဒါကြောင့် အခု လက်ရှိအခြေအနေမှာတော့ စီးပွားရေး ၊ လုပ်ငန်းဆောင်ရွက်ဖွယ်ရာ၊ ရည်ရွယ်ချက်တွေ အတော်များများ အောင်မြင်နေတဲ့ အနေအထား ၊ မျှော်မှန်းထားသလို ဖြစ်နေတဲ့ အခြေအနေကို တွေ့ ရပါတယ်
၂) ဘာကြောင့် အောင်မြင်နေတာလဲ..
ကဒ်ပြားရဲ့ နိမိတ်ပုံကတော့ သားမိုက်က အမေ့နားရွက်ကို ကိုက်ဖြတ်တဲ့ ပုံပါ..။ ဒါပေမဲ့ အထက်က နိမိတ်ပုံမှာ အောင်မြင်မှုရတယ်လို့ အဟောထွက်တော့ ဒီလို ဘာကြောင့်အောင်မြင်သလဲဆိုတာကို အခု လက်ရှိနိမိတ်ပုံရဲ့  အနေအထားအရ ပြောင်းပြန်ယူပြီး ဟောပြောရပါမယ်..။ လူရည်လည်တာ၊ လူကြီးတွေနဲ့ အပေးအယူ မျှတာ.. ၊ customer တွေနဲ့ အဆင်ပြေအောင် ပေါင်းသင်း ဆောင်ရွက်နိုင်မှု ကြောင့် လို့ ဆိုရပါမယ်.။
(၃) ဘာတွေက ကိုယ့်အတွက် အားသာချက်လဲ
နိမိတ်ပုံကတော့ အမွေရတဲ့ သူဋ္ဌေးသားပုံပါ.။ ဒါကြောင့် ကိုယ့်ကို အားသာချက်တွေ ပေးမှာ ၊ အထောက်အပံ့ပေးမှာကတော့ မိဘပိုင်ဆိုင်မှုတွေ ၊ ငွေကြေးစိည်းစိမ်တွေပါပဲ ..။ ကိုယ်စွမ်းကိုယ်စ ထက် သူတစ်ပါ့း ထောက်ပံ့မဲ့ အခွင့်အရေးတွေနဲ့ အဆင်ပြေနေပါလိမ့်မယ်။
(၄) ဘာတွေက အားနည်းချက်တွေလဲ..
နိမိတ်ပုံက ပြောတာကတော့ ဆင်းရဲသားဆီမှာ အပ်ထားတဲ့ ငွေတွေ ပြန်ရပြီဆိုတဲ့ ကဒ်ပြားပါ..။ ကိုယ့်မှာ တတ်နိုင်တာထက် ပိုပြီး လိုက်လျောမိတာ ၊ ပေးကမ်းမိတာ..။ တစ်ဖက်သားကို အရမ်း ယုံစားတတ်တဲ စိတ်တွေ အစရှိတဲ့ အားနည်းချက်တွေကို ရှောင်ကြဉ်ပါ။
(၅) အားသာချက် နဲ့ အားနည်းချက် ကို ပေါင်းစပ်ပြီး အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ
နိမိတ်ပုံကတော့ ကြွက်သေတစ်ခုကို အရင်းပြုလိုက်တဲ့အတွက် ချမ်းသာသွားတဲ့ ကောင်လေးကို သူဋ္ဌေးက သမီးနဲ့ လက်ထပ်ပေးတဲ့ ပုံပါပဲ။ အဲဒီတော့ အပေါ်မှာ ပြောထားတဲ့ မိဘစည်းစိမ်ဥစ္စာ၊ အမွေတွေကို ကိုယ့်ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ ပေါင်းစပ်ပြီးတော့ တိုးပွားလာအောင် ဆောင်ရွက်ဖို့ ပါပဲ..။ အမွေ မရခဲ့ရင်တောင်မှ မိဘတွေ ပေးတဲ့ အကြံဥာဏ်နဲ့ လုပ်ဆောင်ပါ..။ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲပြစ်ပြီး အခွင့်အရေးတွေကို မိမိရရ ဆုပ်ကိုင်ပါ။
(၆) ဘယ်လိုပုံစံမျိုး လုပ်မလဲ
နိမိတ်ပုံကတော့ တေမိမင်းသားက သုဿာန်မှာ တရားဟောတဲ့ ပုံပါ။ အလုပ်အကိုင်အတွက် စကားအပြောဆို များများ လုပ်ရတဲ့ အလုပ်မျိုး ၊ လူစုလူဝေးတွေကို ရှင်းပြ နားချတဲ့ အလုပ်မျိုး နဲ့ လုပ်ဆောင်ပါ ။ မှန်ကန်တဲ့ လမ်းညွှန်မှုတွေ တော့ ဖြစ်ပစေပေါ့။
(၇) ဘယ်အချိန်မှာ အကျိုးပေးမလဲ
နိမိတ်ပုံကတော့ မြတ်စွာဘုရား အင်္ဂုလိမာလ ကို အောင်မြင်တဲ့ ပုံပါ။ အကျိုးပေးမဲ့ အချိန်ကတော့ မိတ်ဆွေကောင်းတွေ ၊ တပည့်ကောင်းတွေ မွေးနိုင်တဲ့အချိန်မှာ အကျိုးပေးပါလိမ့်မယ်။ လုပ်ငန်းကို အောက်လက်ငယ်သားတွေ နဲ့  လွှဲနိုင်တဲ့အခြေအနေရောက်ရင် အိုကေပါပြီ..။
(၈) ဘယ်သူက အဲသလိုမျိုး ဖြစ်အောင် ကူညီအုံးမလဲ..
နိမိတ်ပုံကတော့ မျောက်အသည်းစားချင်တဲ့ မိကျောင်း မျောက် ရဲ့ အလိမ်ခံရတဲ့ ပုံပါပဲ။ ဒါကြောင့် စကားအပြောအဆို လူရည်လည်တဲ့ သူရဲ့ အကူအညီကို ရယူပါ..။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း တစ်ဖက်လူကိုတော့ အလုံးစုံ မယုံကြည်ပါနဲ့ အုံး..။
(၉) ဘ၀မှာ အောင်မြင်မှု ဘယ်အချိန်လာမလဲ..။
နိမိတ်ပုံကတော့ အမတ်ကြီး က ဘီလူးကို ဆုံးမနေတဲ့ ပုံပေါ့။ အတိုချုပ်ပြောရရင်တော့ တရားဓမ္မတွေနဲ့ 
သာယာပျော်မွေ့ ပြီး တရားဓမ္မတွေကို ဆွေးနွေးနိုင်တဲ့ အချိန်ဟာ ဘ၀အတွက် အောင်မြင်မှု ရတဲ့ အချိန်လို့  ပြောရမှာပါပဲ…
AUTHOR’S NOTE
THIS IS MY OWN IDEA & ANY INTERESTED PARTIES HAVE THE RIGHT TO RE-USE MY CREATION. 
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် နည်းလမ်းကောင်းများ
August 12, 2010
သဗ္ဗေသတ္တာ ကမ္မဿကာ – ကိုယ်လုပ်မှ ကိုယ်ရမယ်
ကံကို ဘယ်လို အသုံးချမလဲ
၁) အနာရောဂါ ကင်းစင်လိုသူများ
သတ္တ၀ါများအား ညှဉ်းပန်း နှိပ်စက်ခြင်းမှ ရှောင်ရှားပါ။ လက်ရှိဘ၀တွင် အနာရောဂါ ထူပြောသူများ ဆေးလှူဒါန်းခြင်း၊ ဘုရားရင်ပြင်တော်တွင် တံမြက်စည်းလှည်းပေးခြင်း ၊ ငါးသတ္တ၀ါများအား အစာကျွေးခြင်း ပြုလုပ်ပါ။
၂) အသက်ရှည်လိုသူများ
သူတစ်ပါး အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ ။ အသက်ရှည်စေရန် အတွက် သစ်ပင်စိုက်ခြင်း ၊ တံတားခင်းခြင်း ၊ ဆေးပစ္စည်းလှုဒါန်ခြင်း၊ လူမမာများအား နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ဖြင့်သော်လည်းကောင်း  ပြုစုစောင့်ရှောက်ခြင်း ၊ ဆေးပဒေသာပင်စိုက်ထူခြင်း ။ အများသုံးရေကန်မှ အညစ်အကြေးများ ဆယ်ယူခြင်း စသည့် အမှုကိစ္စများ ပြုလုပ်ပေးပါ။
ရေစစ်အလှူ ၊ ဆေးအလှူ ၊ ကျောင်းအလှူ ၊ စေတီပုထိုးကျောင်းကန် အဟောင်းများအား ပြုပြင်ခြင်း နှင့် ငါးပါးသီလ ၊ ရှစ်ပါးသီလ စောင့်ထိန်းခြင်း အမှုကိစ္စများကိုလည်း ပြုလုပ်ပေးပါ။
၃) ရုပ်ရည် ချောမောလှပလိုသူများ
တစ်ဖက်သား အပေါ်တွင် စိတ်ရှည် သည်းခံ ပေးပါ။ မေတ္တာထားပါ။ သြဒိဿမေတ္တာ ပို့ သပေးပါ။ မေတ္တာကမ္မဋ္ဌာန်း ပွားများပါ။
၎) အမျိုးမြင့်မြတ်လိုသူများ
မိမိကိုယ်ကိုယ် နှိမ်ချပြောဆို ဆက်ဆံပါ။ မာနကြီးစွာ ပြောဆို ဆက်ဆံခြင်း ၊ မောက်မာစွာ ပြောဆိုခြင်း ရှောင်ရှားပါ။
၅) ချမ်းသာလိုသူများ
နည်းသည်များသည် ပဓာန မထားဘဲ အလှူဒါန ပြုလုပ်ပေးပါ။ ယခုဘ၀တွင် လက္ခဏာ ရှားပါးသူများ တစ်ပါးသူများ၏  အလှူအား နတ်လမ်းညွှန် ပြုလုပ်ပေးခြင်း၊ ဆော်သြပေးခြင်း ပြုပေးပါ။
၆) အပေါင်းအသင်း ၊ အခြွေအရံ များပြားလိုသူများ
တစ်ပါးသူအပေါ်တွင် မနာလိုစိတ် ၊ ၀န်တိုစိတ်များ ကင်းရှင်းအောင် ထားပါ။ တစ်ပါးသူ အောင်မြင်မှုအတွက် ၀မ်းမြောက်စွာ ချီးမွမ်းပေးပါ။
၇) ဥာဏ်ပညာ ကြီးမားလိုသူများ
အတတ်ပညာများကို ဆည်းပူးလေ့လာပါ။ ဘ၀အတွက် ၊ အိုးအိမ်တည်ထောင်မှုအတွက် လုံလောက်သော အသိဥာဏ်ဗဟုသုတ ရှာမှီးပါ။
၈) လွတ်လပ်ပြီး တရားမျှတလိုသူများ
ပြည်သူလူထုမှ တရားမျှတစွာ ဆန္ဒပြု ရွေးချယ်တင်မြှောက်ထားပြီး ဥပဒေနှင့်အညီ ကျင့်သုံးအုပ်ချုပ်သော စနစ်အား အကောင်အထည်ဖော်မည့် အစိုးရ ကို ဖော်ထုတ်ပါ။ အဂတိတရား မလိုက်စားခြင်း၊ equal opportunity အား လျစ်လျူမရှုခြင်း ၊ human right များအား ဖော်ဆောင်ခြင်း ပြုလုပ်ပေးပါ။