Archive for the ‘အင်္ဂ၀ိဇ္ဖာ’ Category

နံတော်စဉ် အယူအဆ

June 18, 2008



အင်းပေါ့..ဒီ အခါတိုင်တွေ ၊ အချိန်တွေကို စိတ်ထဲက ယုံကြည်ထားမှ ဟောပြောတဲ့အခါမှာ မှန်ကန်တဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ ထွက်လာမှာပေါ့။ အမယ်…အလာကြီးပါလား..သံသယနဲ့ ချဉ်းကပ်ပါ ဆိုလို့ သံသယတွေ ၀င်နေလား..အဲဒါဆို လက်တွေ့ လေ့လာ ဆုံးဖြတ်ကြည့်ပေါ့..အခါတိုင်ကို အသာခေါက်ထားလိုက်အုံး.. နံတော်စဉ်ကိန်း ကိုပဲ အရင်လေ့လာ..

အေးပါ..ရှင်းမှာပေါ့..နံတော်စဉ်ကိန်းဆိုတာ “မ သိ ကြ လျှင် တွေး ဆ ဦး” ဆိုတဲ့ လင်္ကာနဲ့  ဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့တဲ့ ဂေါတမမြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ်ကို ပူဇော်ထားတာလေ။ အဲဒီ ဖြစ်တော်စဉ်တွေနဲ့  အခါတိုင်ဆိုတဲ့ အင်္ဂ၀ိဇ္ဖာတိုင်ကိုတောင် ထောင်စရာမလိုဘဲ ဒါရိုက် ဟောပြောတာပေါ့.. အင်း..ဘာတွေလေ့လာရမလဲဆိုတော့ ဗုဒ္ဓ၀င်ကို လေ့လာသင့်တယ်။
ဗုဒ္ဓ၀င်ကိုလေ့လာလိုက်တာနဲ့ အဲဒီ “မ သိ ကြ လျှင် တွေး ဆ ဦး” ဆိုတဲ့လင်္ကာနဲ့  အဟောအပြောလုပ်နိုင်မယ်။ လင်္ကာကို ပြန်ရှင်းရရင်တော့ ဒီလိုဗျ..

မ-ကြာသပတေးနေ့ မှာ လူ့ ပြည်မှာ ပဋိသန္ဓေ ခံယူတော်မူတယ်
သိ-သောကြာနေ့မှာ ဖွားမြင်တော်မူတယ်
ကြ- တနင်္လာနေ့ မှာ နိမိတ်ကြီးလေးပါးမြင်ပြီး တောထွက်တော်မူတယ်
လျှင်- ဗုဒ္ဓဟူးနေ့ မှာ ဘုရားအဖြစ်သို့  ရောက်တော်မူတယ်
တွေး- စနေနေ့ မှာ ဓမ္မစကြာ တရားဦး ဟောတော်မူတယ်
ဆ- အင်္ဂါနေ့ မှာ နိဗ္ဗာန်ရောက်ရာ ပရိနိဗ္ဗာန် ပြုတော်မူတယ်
ဦး- တနင်္ဂနွေနေ့  မှာ တေဇောဓါတ် လောင်ကျွမ်းတော်မူတယ်

ဟ..အဲလောက်လေး သိရုံနဲ့ တော့ ဟောလို့ ဘယ်ဖြစ်မတုန်း.. ဗုဒ္ဓ၀င် လေ့လာလေ..စာအုပ်ကတော့ အထူကြီးတွေ ၈ အုပ်တွဲ ၉ အုပ်တွဲလားမသိဘူး ..ဟဲဟဲ..ဖတ်တာတော့ဖတ်တာပေါ့..ဖတ်လိုက်တာနဲ့ တုံးကနဲပဲ..အိပ်ပျော်သွားတာမှ …အင်း အကုန်လုံး မပြီးသေးဘူး. .အခုမှ ၂ အုပ်ပဲ ရှိသေးတယ်..ဒါတောင် ကျော်ဖတ်တာတွေများတယ်..အဟက်အဟက်..

အင်း.. အဲသလို လေ့လာထားပြီးရင် စမ်းဟောကြည့်ပေါ့..စမ်းဟောလို့ ဆိုရအောင်ကလည်း အခါလေးတွေတော့ သိရမှာပေါ့ ..အခါတိုင်ဇယားကို ကြည့်..အလွတ်ရရင်လည်း အလွတ်စမ်းကြည့်ပေါ့..အင်းလေ အခါတိုင်ကို ထောင်စရာမလိုတာ..ဒီအတိုင်း လက်တန်းဟောလိုက်ယုံပဲ..အမယ်..ဘာ မထင်ဟင်ဟင်လဲ..လက်တွေ့ ဥပမာ အဟောတစ်ခုပြမယ်.. ဟားဟား..ခွင်ဆင်ထားတာမဟုတ်ဘူးဟ…အမှန်အကန်..သူလေးက blogger လေး…

သိပ်တော့မကြာသေးဘူး ..မေးတဲ့နေ့ တော့ သိတော့ဝူး..မေးတဲ့အချိန်ပဲ မှတ်မိတယ်.. အဲဒီ အချိန်က “သောကြာအချိန်” သူ့ က သောကြာသမီး.. သူမေးတာက သူ့ မှာ ကလေးရနေပြီလားတဲ့.. ဆေးခန်းမှာ ဆေးလည်း စစ်ထားတယ်..result က နောက်တစ်နေ့ မှ သိရမယ်ဆိုလို့  မစောင့်နိုင်တာနဲ့ လှမ်းမေးကြည့်တာ…နေပါအုံးဟ..တိုင်မထောင်ပါနဲ့  အုံး.. နံတော်စဉ်ကိန်းနဲ့  စဉ်းစားတာကို အရင်ပြောမယ်..ပြီးမှ တိုင်ထောင်ပြီး လေ့လာပေါ့..

ကဲဆိုစမ်းပါအုံး..သောကြာအချိန် ဆိုတော့ နံတော်စဉ်အရ ဘာဖြစ်တုန်း.. အင်းပေါ့..ဖွားမြင်တော်မူသောနေ့ ..”သိ” ဆိုတဲ့ သောကြာ ကို စဉ်းစားတော့ ဘာဖြစ်လဲ.. ဘုရားအလောင်းတော် သိဒ္ဓတ္ထ ကို ဖွားမြင်တော်မူတဲ့ နေ့ ပေါ့။ အင်း မဖွားခင်ကော ဘာတွေဖြစ်သလဲ.. ဟုတ်တာပေါ့.. ခရီးရှည်ထွက်တာ..ဆွေတော်မျိုးတော်တွေနဲ့  စကားများတာ.. လမ်းမှာ ဖွားမြင်တာ..အဲသလိုလေးပေါ့..ဖတ်ထားတာလေးတွေ စိတ်ထဲမှာ ပြန်တွေးရတာပေါ့..

ဟဲဟဲ..အခုလည်း တိုက်တိုက်ဆိုင်ဆိုင် “ကလေး ရနေပြီလား” လို့ လာမေးတော့ ဘာဖြေရင်ကောင်းမလဲ… ဟမ်..မွေးတော့မယ်.. ဟင်းဟင်း..ဟိုက ဗိုက်ထဲမှာတောင် လသားအရွယ်ပဲ ရှိအုံးမယ် ..မွေးတော့မယ်လို့ ဖြေရင်တော့ ..ငါးမှားမှောက်မယ်..အင်းလေ..ဖွားမြင်တော်မူတဲ့ နေ့ လေ.. ဟ..အဲဒီအတိုင်းတော့ ပြောလို့  ရမလား..နည်းနည်းပါးပါး ဥာဏ်လေးဘာလေးသုံးအုံး..ကလေးရနေပြီလားလို့ မေးတော့ မွေးတော့မယ်လို့ ပြောလို့ ရမလားဟ…ဒီလိုစဉ်းစားကြည့်ပေါ့..ဖွားမြင်တဲ့နေ့ ဆိုတော့ မဖွားခင် ပဋိသန္ဓေ မယူရတော့ဘူးလား.. ပဋိသန္ဓေရှိမှ ဖွားလို့ ရတော့မှာပေါ့.. ဒီတော့ ပဋိသန္ဓေရှိခဲ့ပြီ။ တည်ခဲ့ပြီလို့ မှတ်ယူ ရမှာပေါ့..

အဲဒီတော့ အဖြေက “ကလေးရနေပြီ ” ပေါ့ ..ဟဲဟဲ.. အမယ်..တယ်ဟုတ်ပါလား လုပ်မနေနဲ့  ..သေချာလေ့လာအုံး..

အင်းပါ.. အခါတိုင်နဲ့ ဆုံးဖြတ်တာလဲ ပြောပြမှာပေါ့..ဒီလို ..မေးတဲ့ အချိန်က သောကြာ အချိန်မဟုတ်လား ..အဲဒီတော့ သောကြာ အခါတိုင်ကို ထောင်ပေါ့..အခါတိုင်က



၎ (ကလေး)

၆ (သောကြာ)



ပထမတော့ တိုင်ထောင်ပြီး ဘာဟောရမှန်းမသိဘူး.. ဟဲဟဲ ..အဲလိုအဲလို.. ဒါနဲ့ . အလယ်မှာ ရောက်နေတဲ့ သူ့ နေ့ နံကို ခပ်တည်တည်နဲ့ ဟောကိန်းထုတ်လိုက်တာပေါ့..
ဒါပေါ့ ..အလယ်ကတ္တား ဂြိုဟ်နေငြား ပျက်ပြားအကြံအစည် ဆိုတဲ့ လင်္ကာအတိုင်းပေါ့ ..အကြံအစည်တွေ ပျက်နေတယ်လို့ .တစ်ခွန်းလှမ်းထောက်လိုက်တာပေါ့…သူကတော့ အင်းမလုပ် အဲမလုပ်ဘဲ.. ကိုယ်ကလည်း ရုပ်တည်နဲ့ ပေါ့..ဟဲဟဲ..

အဲဒီတုန်းကလည်း အလုပ်ထဲမှာဆိုတော့ ခိုးချက်ပေါ့.. အခါတိုင်ကို စိတ်ကူးနဲ့  ထောင်ထားတာဆိုတော့ ကလေး ဆိုတဲ့ ၄ကို ကြည့်ပြီး အဟောက ထွက်မလာဘူး.. အရေးထဲ
ဆပွတ်ဂြိုဟ်လင်္ကာက လာမေ့နေသေးတယ်.. ဟုတ်ပါ့..ဆပွတ်ဂြိုဟ် ခြေ၂ချောင်း..စုတ်ကောင်း နဂို ဆိုလားဘာလား..အဲဒါနဲ့  လင်္ကာလေးကို သတိပြန်ရတာနဲ့ ခြေ၂ချောင်းတော့ ဟုတ်နေပြီ…၄ကို ညှပ်ထားတဲ့ စနေ နဲ့ သောကြာကိုလည်း ကြည့်ပြီး စဉ်းစားရသေးတယ်..၀၄ တော်ရင်း ၊ ၄၆ – ၀ံသေ ..အမယ်..အားလုံး မိတ်တွေပဲဟ..မိတ်ဖြစ်တော့ ၄ကို အားပြုနေပြီ ..သေချာနေပြီပေါ့.. ကိုယ့်ဟာကိုယ်သာ သေချာနေတာ..မှားပြောမိရင် အရှက်တော့ ဟက်တက်ပဲ..

ဟဲဟဲ..ဒါပေါ့..ကြံရာမရတော့ မူလတိုင် နဲ့ ဓာတ်တိုင် ကို တွဲထောင်လိုက်တာပေါ့… သောကြာ ရဲ့ ဓာတ်ဟာ ဗုဒ္ဓဟူး.. ၀ံသေ (၄၆) မဟုတ်လား..အင်းပေါ့..အဲဒါနဲ့ ဗုဒ္ဓဟူးတိုင် ကို
သောကြာတိုင်ဘေးကနေ ကပ်ထောင်လိုက်တာပေါ့



၂ (ခြေ ၂ချောင်း)





သောကြာ၏ ဓာတ်တွဲတိုင် (၄ဟူးတိုင်)

ဗုဒ္ဓဟူးတိုင် ထောင်လိုက်တော့မှပဲ အဲဒီမှာ ဆုံးဖြတ်ချက် ချနိုင်တော့တယ်။ မူလ သောကြာတိုင်က ဆပွတ်မှာ ရှိတဲ့ ၄ (ကလေး) အကြောင်းမေးတော့ ဓာတ်တိုင် ဖြစ်တဲ့ ဗုဒ္ဓဟူးတိုင်က ဆပွတ်ကို လှမ်းကြည့်လိုက်တော့ ၂ ဆိုတာတွေ့ တော့ ခြေ ၂ချောင်းပေါ့ …။ နည်းနည်း အားတက်သွားတယ်.. ဟဲဟဲ..အဟောအတွက် ခိုင်လုံတဲ့ ဟာလေးတွေ ရလာပြီဆိုတော့.. ဒီလိုပဲပေါ့… တစ်ဆက်တည်းမှာပဲ သူ့ ကို လှမ်းပြောလိုက်တာပေါ့.. နင် ကိုယ်ဝင်းကြည်နဲ့ ဖြစ်နေပြီ ..အဲလေ..ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေပြီလို့ ..

သူကလည်း ဟုတ်လားတဲ့ .. မှန်ရင်တော့ ဘလော့ပေါ်မှာ ကြော်ငြာပေးမယ်လို့ ဆိုလာရော..ကိုယ်ကလည်း ..ဟာဂျာ..ဟာဂျာ..မလုပ်ပါနဲ့ ဂျာပေါ့..ဟဲဟဲ.. အဲဒါနဲ့ လက်စွမ်းက ပြချင်သေးတာနဲ့  ကလေးက ဘယ်နှစ်လ ရှိပြီ..ဘာလေးလဲ ဆိုတာ တစ်ခါတည်း အဟောထုတ်လိုက်တယ်..

ဟဲဟဲဟဲ…သိချင်သေးတယ်ပေါ့..အင်းပါ ..လေ့လာနေတဲ့သူဆိုတော့..ရှင်းပြဖို့ က ကိုယ့်တာဝန်..ပညာကို သေရွာ ယူမသွားကြေး..ဥာဏ်တူလျှင် ယူ ဆိုတာမျိုး စိတ်ထဲမှာ အမြဲရှိတယ်.. ပညာပိုင်းနဲ့ ပတ်သက်လို့ ကတော့ သိသလောက်ကို ရှင်းပြမယ် … အင်းအင်း.. ဒီလို ဗျ..စဉ်းစားတာက..

ဓာတ်တိုင်မှာ ဆပွတ်နေရာက ၂ ကို မြင်တာနဲ့ ကလေး ဘယ်နှစ်လ ဖြစ်နေပြီလဲ ဆိုတာ ကောက်လိုက်တယ်.. ၂ ဆိုတာ တနင်္လာ ပညတ်မဟုတ်လား.. အဲဒီတော့ ၂ လမဟုတ်ရင် ၁၅ ပတ် ဆိုပြီး မှန်းပေးလိုက်တာပဲ.. အင်း..ယောက်ျားမိန်းမ ခွဲတာလဲ လင်္ကာလေးနဲ့ ခွဲတာလေ..

“အောင် ဆု လည်း ပွား ဂြိုဟ်ယောက်ျား”
“ခြေ သွား ထိန်း ရ ဂြိုဟ်မိန်းမ”

ဆိုတဲ့ လင်္ကာလေး ရွတ်ကြည့်တော့ မေးတဲ့ အချိန် သောကြာ နဲ့ ဓာတ်တိုင်က ၂ ကို ကြည့်တော့ ခြေသွား ဆိုတဲ့ လင်္ကာအတိုင်း ဂြိုဟ်မိန်းမ လို့ ပြောလိုက်တာပဲ..

အမယ်..ဘာလဲ သိချင်သေးလို့ လား.. အဲလို လည်း ပြောပြီးလို့ နောက်တစ်နေ့ မှာ သူက သတင်းလာပို့ တယ်.. သူ့ မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ result ကို သိရပြီ ဆိုတဲ့အကြောင်း.၊ ကလေးက ၁လခွဲ ရှိနေပြီဆိုတဲ့ အကြောင်း .လာပြောတာပေါ့…အင်းပေါ့..မိန်းကလေး ဆိုတာတော့ ကလေးက ငယ်သေးတော့ ခေတ်မှီ ကိရိယာတွေက မှန်းလို့ မရသေးဘူးလေ..
ဟဲဟဲ ဟောကိန်းအရတော့ မိန်းကလေး လို့ ပြောထားတာပဲ..ကိုယ်ဝန် ရင့်လာမှပဲ ဘာလေးလဲ ဆိုတာ နောက်မှ ပြန်ပြောမယ်….

အင်း..ဟုတ်ပါ့..မိုးလည်း ချုပ်ပြီ..အိပ်တော့ ..ဒီနေ့  ရှင်းပြတာတွေ များသွားပြီ..ကိုယ်လည်း အဲလောက်ပဲ သိတာ..ဟဲဟဲ

ဓာတ်ရိုက် ဓာတ်ဆင်

June 15, 2008

ဓာတ်ရိုက် ဓာတ်ဆင် အဖွင့်


ဓာတ် ဆိုတာကတော့ သဘောလက္ခဏာကို ကောင်းစွာ ဆောင်ပြီး ပြတတ်တာမို့ အဲဒီ သဘောလက္ခဏာကိုပဲ ဓာတ်လို့ ခေါ်ပါတယ်။

– ဓာတ်ရိုက်တယ်ဆိုတာကတော့ ၀င်စေ၊ ထွက်စေ ၊ အလိုရှိရာကို ရစေ ၊ အလိုမရှိတာကို ပျက်ပြားစေ အစရှိတာတွေကို ပြုလုပ်တာ
– ဓာတ်ဆင်တယ် ဆိုတာကတော့ ဓာတ်ရိုက်ဖို့ အတွက် အဆင်အယင် ၊ အခင်းအကျင်း၊ လိုအပ်တဲ့ ပစ္စည်းတွေ၊ အချိန်တွေ၊အခါတွေနဲ့ ကိုက်ညီအောင် လုပ်တာကို ဓာတ်ဆင်တယ် လို့  ဆိုလိုနိုင်ပါတယ်။

ဒါတွေကို သိထားရပါမယ်။

မိတ်-ရန်
ဗေဒင်အခြေခံ စာခြောက်တန်းကို ပထမ လေ့လာရပါမယ်။
– အန္တော ၊ ဂဗ္ဘေ၊ စရေ ၊ ၀ံသေ ဆိုတဲ့ မီးမြေလေရေ ဓါတ်လေးပါး (ဓါတ်မိတ်)
– ဦးဝေ ၊ စံကူး ၊ ရေဗူး ၊ တောသူ ဆိုတဲ့ ဓာတ်ရန်
– ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ – အတွင်းမိတ်(အိမ်ထောင်မိတ်)
– ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ – အတွင်းရန်(အိမ်ထောင်ရန်)
– အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း – အပြင်မိတ်
– ဦးညို ၊ ခေမာ၊ သုတ၊ ဝေရီ – အပြင်ရန်


ဓာတ်ကြီး ၄ပါး သဘောသဘာဝ နှင့် အသုံးပြုပုံ

ပြီးတော့လည်း ဓာတ်ကြီး ၄ ပါးကို သိထားရပါမယ် ။ ပထ၀ီ ၊ တေဇော၊ အာပေါ၊ ၀ါယော ဆိုတဲ့ ဓာတ်ကြီး ၄ ပါး ရှိပါတယ်။ အဲဒီ ဓာတ်ကြီး ၄ ပါးကို သိထားပြီးရင်တော့ ဓာတ်တစ်ခုချင်းစီက ဘာကို ဖြစ်စေသလဲ၊ ဘယ်နေရာမှာသုံးသလဲ ဆိုတော့

အပြုဓာတ် အတွက်
ပထ၀ီ – မြေဓာတ် (ခိုင်မြဲခြင်း)
အာပေါ – ရေဓာတ် (အေးချမ်းခြင်း)
ဝါယော – လေဓာတ် (လျှင်မြန်ခြင်း)

အဖျက်ဓာတ် အတွက်

တေဇော- မီးဓာတ် (တိုက်ခိုက်ခြင်း)

ပိုရှင်းအောင် ပြောရရင်တော့
ပထ၀ီ – မြေဓာတ် ဟာ ခိုင်မြဲခြင်း ဆိုတဲ့အတွက် .. ချစ်သူခြင်း ခိုင်မြဲစေဖို့  ၊အိမ်ထောင်ရေး ခိုင်မြဲစေဖို့  အစရှိတဲ့ ခိုင်မာ မြဲမြံစေတဲ့ ကိစ္စတွေမှာ အသုံးပြုပါတယ်။
အာပေါ – ရေဓာတ် ဟာ အေးချမ်းခြင်း ဆိုတဲ့အတွက် .. မချစ်မနှစ်သက်သူတွေ ကိုယ့်ကို ချစ်ခင် နှစ်သက်လာအောင်၊ အချစ်ရေး ၊ အိမ်ထောင်ရေး မှာ အေးချမ်းစေဖို့ အစရှိတဲ့ ကိစ္စတွေမှာ အသုံးပြုပါတယ်။
ဝါယော – လေဓာတ် ဟာ လျှင်မြန်ခြင်း ဆိုတဲ့အတွက် … အိမ်က ဆင်းသွားတဲ့သူကို ပြန်ခေါ်တာ၊ ခရီးလွန်နေတဲ့သူကို အမြန်ပြန်ရောက်စေချင်တာ၊ အရောင်းအ၀ယ်တွေမှာ အမြန်ထွက်အောင် အစရှိတဲ့ မြန်မြန်ဆန်ဆန် ကိစ္စတွေမှာ အသုံးပြုပါတယ်။

တေဇော – မီးဓာတ် ဟာ တိုက်ခိုက်ခြင်း ဆိုတဲ့အတွက် တစ်ဖက်ရန်သူကို ရှုံးနိမ့်စေအောင် စီရင်တဲ့ ကိစ္စတွေမှာ အသုံးပြုပါတယ်။

ဂြိုဟ်ကြီး ၇ လုံး
၁။ ပဉ္စပွတ်ဂြိုဟ် ၂။ အညွန့် ဂြိုဟ် ၃။ ဆပွတ်ဂြိုဟ် ၄။ မူလအချာဂြိုဟ် ၅။ စတုရန်းဂြိုဟ် ၆။ အမြစ်ဂြိုဟ် ၇။ တြိရန်းဂြိုဟ်

အဲဒီဂြိုဟ် ၇ လုံးကို ခယားဇောက်တိုင်လို့ ခေါ်တဲ့ အင်္ဂ၀ိဇ္ဖာ တိုင် နဲ့ ပြရမယ်ဆိုရင်တော့

x (ပဉ္စပွတ်ဂြိုဟ်)
x (အညွန့် ဂြိုဟ်)
x (ဆပွတ်ဂြိုဟ်)
—-
x (မူလအချာဂြိုဟ်)

x (စတုရန်းဂြိုဟ်)
x (အမြစ်ဂြိုဟ်)
x (တြိရန်းဂြိုဟ်)

အခါတိုင်ဇယား
အခါတိုင် ဇယားကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ဓာတ်စီရင်တဲ့အခါမှာ သက်ရှိ သက်မဲ့ နံကောက်ပုံတွေနဲ့ ပတ်သက်ပြီး ရှေးပညာရှိတွေကတော့
၁။ “သက်ရှိအရင်း သက်မဲ့ အဖျား”
၂။ “သက်ရှိ သက်မဲ့မဟူ ၊ အရင်းနံကိုယူ”

ဆိုပြီး ၀ိဝါဒ ကွဲပြားနေပါတယ်။ ဒါပေမဲ့ လက်တွေ့ အစီအရင်မှာ ပိုကြိုက်တာကတော့ သက်ရှိ သက်မဲ့ မဟူ အရင်းနံကို ယူ ဆိုတာကို ပိုနှစ်သက်ပါတယ်။

ဓာတ်ရိုက် ဓာတ်ဆင် တဲ့အခါမှာ အသုံးများတာကတော့ စရေ (၀ါယော) နဲ့ ဂဗ္ဘေ (ပထ၀ီ ) ဓာတ်တွေ ရတဲ့ အခါ တွေမှာ ဓာတ်ဆင်ကြတာများပါတယ်။
ဘာကြောင့်လဲဆိုတော့ လူမှုရေး စီးပွားရေး အိမ်ထောင်ရေး ၊ စားဝတ်နေရေး တွေအတွက် အသုံးများလို့ ပါပဲ။

တစ်ခါ ရောက်ဆဲအသက်မှာ ပထ၀ီဓာတ် ကျနေရင် ဓာတ်ရိုက်လို့ မရပါဘူး…ရိုက်လည်း အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် တစ်ချို့ အခါပေးဆရာတွေဟာ
ဓာတ်ရိုက်ဓာတ်ဆင်ကို မေးတဲ့အချိန်မှာ ချက်ချင်းမပြုလုပ်ပေးပဲ နောက်တစ်ရက်ကို ရက်ချိန်းပေးပြီး ပြန်လာခိုင်းတာ၊ မြေဓာတ်ကျနေတဲ့သူကို ရေဓာတ်နဲ့ အရင်ဦးဆုံး
ဓာတ်ပြယ်အောင် လုပ်ဆောင်ပေးတာ တွေ ပြုလုပ်ပေးလေ့ရှိပါတယ်။

ကဲ အာတွေများနေတော့ ငြီးငွေ့ လောက်ပါပြီ။ လက်တွေ့ အစီအရင် ကို လေ့လာကြပါစို့ …

ဓာတ်ရိုက်ဓာတ်ဆင် နည်းပေါင်း မြောက်များစွာ ရှိပါတယ်။ စရေ ဓာတ်တွေ၊ ဂဗ္ဘေဓာတ်တွေ ဖမ်းမနေတော့ပဲ အခါတိုင်အယူအဆ သဘောတရား သီးသန့် သာဖြစ်တဲ့

“အနီးဆင်ဝှေ့ ပြန်” ကို ဆပွတ် နဲ့  ညှပ်သတ်တဲ့ ပညာခန်း ။

၁) ကျောက်စိမ်းဆင်ရုပ်



၎ (ဆင်)

၆ သောကြာနေ့ သားသမီး

၂ (ကျောက်စိမ်း)

အနီးဆင်ဝှေ့ ပြန်ဆိုတာကတော့ မူလနေ့ နံကို သူ့ ရဲ့ စတုရန်းဂြိုဟ်နဲ့ တိုက်ခိုက်တယ်လို့ ပဲ အကြမ်းဖျဉ်းမှတ်ယူပါ။
ဆပွတ်ဆိုတာကတော့ အင်္ဂ၀ိဇ္ဖာအယူအဆ တစ်ခုဖြစ်တဲ့ ”သူ့ ကို နိုင်လို ဆ ကိုခို ” ဆိုတဲ့ ပညာခန်းကို သုံးစွဲထားပါတယ်။ မူလနေ့ နံသားတစ်ဦးဦးကို အနိုင်ရလိုချင်ရင် အဲဒီနေ့ နံရဲ့ ဆပွတ်ဂြိုဟ် (၆ခုမြောက်ဂြိုဟ်) ကို အသုံးချရပါတယ်။

ဒီ ကျောက်စိမ်းဆင်ရုပ်မှာတော့ တိုက်ဆိုင်စွာပဲ ကျောက်စိမ်း ဟာ သောကြာရဲ့ စတုရန်းဂြိုဟ် ဖြစ်ရုံသာမက အရင်းအဖျား ခွဲလိုက်ရင်တော့ ကျောက် နဲ့ စိမ်းဟာ သောကြာ (မူလနေ့သား) ကို ပျက်စီးစေတဲ့ ပင်းယ ဇောက်ထိုး ပညာခန်း အနေနဲ့ လည်း စီရင်ထားပါသေးတယ်။

ကျောက်စိမ်းဆင်ရုပ် ဆောင်းပါးကိုတော့ ဒီနေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

နောက် အစီအရင် တစ်ခုကို ဥပမာ ထပ်ပေးပါအုံးမယ် ။ လူမလုပ်ပဲ သဘာဝက ပေးတဲ့ အစီအရင်

၂) မုန်တိုင်းငလျင်



၎ (မုန်တိုင်း)

၆ သောကြာအမည်ပိုင်ရှင်

၂ ( ငလျင် )

ဒီနေရာမှာတော့ ၂ ဟာ မြေဓာတ်ဖြစ်သလို ပညတ်သဘောတရားကို ယူဆထားပါတယ်။

စောလှ-လှေဆန် (တြိရန်း-စတုရန်း )
၁) ရေစစ် နဲ့ အိမ်အရောင်း





၁ (အိမ်)

၎ (စစ်)

၃ (ရေ)

အိမ်ထွက်အောင် ဓာတ်ရိုက်တဲ့ နည်းအမျိုးမျိုးရှိပါတယ်။ အိမ်ရှေ့ မှာ ဇလပ်ပန်း စိုက်တာ ၊ စလောင်းဖုံး ကို ဆီသုတ်ပြီး အိမ်ကို ယပ်ခတ်တာ အစရှိသဖြင့် ပေါ့။ ဒါပေမဲ့  အိမ်ရောင်းချင်တဲ့ သူကိုယ်တိုင်က တနင်္ဂနွေ အမည်ပေါက် နေရင်တော့ အဲဒီလို ဓာတ်ရိုက်တာနဲ့ အိမ်မထွက်ဘဲ အဲဒီသူ ထွက်သွားတတ်ပါတယ်။ ဆိုလိုတာကတော့ ဓာတ်ရိုက်တဲ့သူ ကိုယ်တိုင်ဟာ ကိုယ်ရိုက်မဲ့ အစီအရင် နဲ့ နေ့ နံတူနေရင် အဲဒီအစီအရင်ကို မလုပ်သင့်ပါဘူး။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်တုန်းက အမေရိကားမှာ နေထိုင်တဲ့ တနင်္ဂနွေအမည်ပေါက် သူတစ်ဦးက အိမ်အသစ်ဝယ်ပြီး လက်ရှိအိမ်ရောင်းချင်လို့ အစီအရင်လုပ်ပေးပါဆိုလို့  တိုင်ပင်လာတဲ့အခါမှာ နည်းနည်း အုံးစားသွားတယ်။ သူကိုယ်တိုင်ကလည်း တနင်္ဂနွေ အမည် ၊ အိမ်ကလည်း ဂြိုဟ်ပရိယာယ်အရ တနင်္ဂနွေ ဖြစ်နေတော့ မရိုက်ပေးရဲဘူး ဖြစ်နေပါလေရော။ ဒါနဲ့ အာစရိယ ၀ါဒအတိုင်းပဲ ငွေဝင်ကောင်းစေမဲ့ ဂါထာတော်ကြီးကို အခေါက်ရေများများ ပူဇော်ခိုင်းလိုက်ပါတယ်။ ပြီးတာနဲ့  …အမွှေးတိုင်ထွန်းပြီး နာမ်ပိုင်းဆိုင်ရာကို အကူအညီတောင်းတဲ့ အစီအရင်လေး ပေးလိုက်ပါတယ်။

တစ်လလည်း အိမ်ကမထွက် ၊ ၂ လလည်း အိမ်ကမထွက် ..ကိုယ်ကလည်း အစီအရင်ကို ဇွတ်မပေးရဲ .. အိမ်ကလည်း အရောင်းအ၀ယ်သိပ်မဖြစ်တဲ့ နေရာမှာ ရှိနေတာဆိုတော့ မလွယ်ဘူး ဖြစ်နေရော..နောက်ဆုံးတော့ mortgage တွေ ပိလာတော့မယ် ဆိုတော့ မ၀ံ့မရဲနဲ့ သေချာလေး စဉ်းစားပြီး ပေးလိုက်ပါတယ်။ ရေစစ်ပေါ့.. ရေစစ်သဘောကတော့ ရေမှာပါလာတဲ့ အမှုန်၊ပိုးမွှားလေးတွေကို စစ်ချပေးတာဆိုတော့ အိမ်ကိုလည်း ရေစစ်နဲ့ စစ်ထုတ်မယ်.. လိုချင်တာက သန့် ရှင်းတဲ့ရေ.. အမှိုက်မပါတဲ့ရေ…
အိမ်ကိုလည်း ရောင်းထွက်စေချင်တယ်..လူကိုအန္တရာယ်မဖြစ်စေရဘူး ဆိုတဲ့ ပညတ်ကောင်းတဲ့ သဘောကိုယူပြီး ရေစစ်တစ်ခုကို ကိုယ်တိုင်လုပ်ခိုင်းပြီး အိမ် ကို (၇) ချက် တနင်္ဂနွေနေ့ မှာ ရိုက်စေပါတယ်။ ဒါတောင် ကြာပါသေးတယ်.. ရိုက်တဲ့အချိန်ကနေ ၄ လလောက်ကြာမှ ထွက်သွားပါတယ်။ ဈေးကွက်မှာ estate agent နဲ့ တင်ထားလို့  ရောင်းထွက်သွားတယ်ပဲ ဆိုဆို.. အန္တရာယ်ကင်းကင်းနဲ့ အိမ်ထွက်သွားတာကိုပဲ ကျေးဇူးတင်ရပါမယ် ..

ဓာတ်ရိုက်ဓာတ်ဆင်ဟာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ဖြစ်စေတတ်ပါတယ်။

နှစ်ရှည် ချေးငွေ

May 31, 2008

Long term bank loan

ငွေချေးတယ်ဆိုတာကလည်း ကိုယ့်ရဲ့ Finance အခြေအနေ မကောင်းလို့ ချေးတယ်ဆိုပေမဲ့ အရင်တုန်းက ကိုယ့် ၀င်ငွေအခြေအနေ ၊ direct debit တွေ return ဖြစ်မဖြစ် ၊ ပုံမှန် စရိတ် အစရှိတဲ့ credit rating အချက်အလက်တွေကလည်း အရေးပါသလို ဗေဒင်အယူအဆအရ ငွေနံ တစ်နည်းအားဖြင့် တနင်္လာနံ(၂) ကောင်းဖို့ ကလည်း အရေးကြီးပါတယ်။

ဝင်ငွေက အပတ်စဉ် ၊ လစဉ် ၀င်ငွေ စတဲ့ ပုံမှန် flow မဟုတ်ဘဲ ဒီတစ်ပတ်တော့ ငွေရတယ်.. နောက်တစ်ပတ် အလုပ် မရှိလို့ ငွေမရတာမျိုး၊ ဘဏ်စာရင်းထဲမှာ လုံလောက်တဲ့ ငွေမရှိလို့  ကိုယ်ကတိပြုထားတဲ့ direct debit နဲ့ ပေးမယ်ဆိုတဲ့ တယ်လီဖုန်း ဘီလ်၊ အင်တာနက်ဘီလ်၊ ရေ၊ မီး ၊ ဂက်စ် အစရှိတဲ့ ဘီလ်တွေ return ဖြစ်တာမျိုး၊ နေထိုင်ရာ လိပ်စာကို ၆ လ တစ်ကြိမ်လောက် ပြောင်းနေတာမျိုး ဆိုရင်တော့ credit rating ကျတတ်ပါတယ်။ တနင်္လာနံ (၂) ငွေ နံ ဟာလည်း အရေးကြီးသေးသမို့ သက်ရောက်မှာ ရောက်နေတဲ့ ၂ ရဲ့ အနေအထားကို ကြည့်ရပါတယ်။ ၂ မကောင်းရင် အရွတ်အဖတ် နဲ့ ၊ ယတြာ တွေ ကို အရင်လုပ်ပြီး ၂ ကို ကောင်းအောင် အရင် ပြုပြင်ဖို့ ဆောင်ရွက်ရပါတယ်။

အင်္ဂါသား တစ်ယောက် နှစ်ရှည်ချေးငွေ အတွက် အခါတိုင် အယူအဆနဲ့ စဉ်းစားခဲ့တာလေး ကို တင်ပြပါ့မယ်။

အပေါ်က အချက်အလက်တွေကို ခန့် မှန်းခြေလေးနဲ့ rating ကောင်းမကောင်း စစ်ဆေးပြီးတော့ Appointment date အတွက် အခါလေး ရွေးပေးလိုက်ပါတယ်။ အင်္ဂါ အတွက် အဆင်ပြေစေမဲ့ တြိရန်း နေ့  ၊ စတုရန်း အခါ ဖြစ်တဲ့ ကြာသပတေးနေ့ ၊ ၁၀း၃၀ ကနေ ၁၂း၀၀ ကြား အချိန်ကို ရွေးပေးလိုက်တယ်။ လိုအပ်တာတွေလည်း လုပ်ဖို့ ပြောရသေးတာပေါ့။

ကြာသပတေးနေ့ စတုရန်းအခါတိုင်

၃ (အင်္ဂါသား) န၀င်း





၂ (ငွေ) စတုရန်း

တိုင်ရဲ့ အနေအထားအတိုင်း န၀င်း နေရာမှာ အင်္ဂါသား ရောက်နေပြီး ၊ ငွေဟာ စတုရန်းမှာ ရောက်နေတော့ appointment မှာတော့ အစစအရာရာ အဆင်ပြေတယ်။ ၁ပတ်အတွင်း ရ မရ အကြောင်းပြန်မယ် ။ ဒါပေမဲ့ ၂ ပတ်ကြာလည်း ဖုန်းပြန်မလာ၊ ၃ ပတ်ကြာလည်း ဖုန်းမလာ၊ စိတ်ညစ်တာတွေ ခံစားရတယ်ပေါ့ ။ ငွေအရေးတကြီးလိုနေတဲ့သူကိုး ။ စတုရန်း ဆိုတာ ရုပ်(သို့ ) စိတ် ထိခိုက်တဲ့နေရာလို့ ဆိုတဲ့အတွက် အခါတိုင်အရ အဲဒီ အချိန်ကို သွားခိုင်းမိတာ အခါပေးမှားပြီ လို့ တောင် စိတ်ထဲမှာ ထင်မိတယ်။

၁လကျော်လောက်ကြာတဲ့အခါမှာတော့ ဘဏ်ကနေ ဖုန်းလာပါသတဲ့။ ချေးငွေ ကိစ္စအတွက် Appointment ထပ်လုပ်မယ်ဆိုတဲ့အကြောင်း၊ လိုအပ်နေသေးတဲ့ စာရွက်စာတမ်းကို တစ်ခါတည်း ယူလာဖို့ အကြောင်း တွေ ပြောပြီးသကာလ အဲဒီ အင်္ဂါသားဟာ ၀မ်းမြောက်ဝမ်းသာစွာနဲ့  ကျနော့်ဆီ ပေါက်ချလာပါရော ။

ကိုယ်ကလည်း ဘယ်ရမလဲ။ ဒီတစ်ခါတော့ တိုင်ပြောင်းလိုက်တယ်။ ငွေလို တယ်ဆိုတော့ တနင်္လာနံအားကောင်းအောင် တနင်္လာရဲ့ တြိရန်း နေ့  စတုရန်း အခါ ။ ဗုဒ္ဓဟူးနေ့၁၀း၃၀ ကနေ ၁၂း၀၀ ကြား အချိန်ကို appointment အတွက် ရွေးပေးလိုက်တယ်။

ဗုဒ္ဓဟူးနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား

၂ (ငွေ) န၀င်း

၃ (အင်္ဂါသား)





အဲသလိုနဲ့ appintment မှာ လိုအပ်တာလေးတွေ မေးမြန်း ပြောဆိုပြီးသကာလ မကြာခင်သောအချိန်အတွင်းမှာပဲ အင်္ဂါသားရဲ့ ဘဏ်စာရင်းထဲကို ၅ ဂဏန်း နီးပါးထက် မနည်းတဲ့ ချေးငွေတွေ ရရှိလာပါကြောင်း ခုန်ပေါက်ပြောကြားတာလေးကို နားထောင်ရင်း …..

ခလုတ်မထိ ဆူးမငြိ

May 23, 2008

ခရီးသွားရာမှာ အဆင်ပြေပြေ သွားနိုင်စေဖို့ အတွက်


(၁) ခရီးသွားခြင်းသည် လူတစ်ဦးတစ်ယောက်အဖို့ မကြုံမဖြစ် ကြုံရမည်သာဖြစ်သည်။ ခရီးတ၊ို ခရီးရှုည်၊ ခရီးနီး၊ ခရီးဝေး၊ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း ..ခရီးအမျိုးမျိုးရှိသကဲ့သို့၊ အချို့ကါး ခရီးသွားလာရမှု နည်းပါးကြပြီး၊ အချို့ကါး မကြာခဏ ဆိုသလို ခရီး ယာယီသွားလာမှု ပြုကြရ၏။ ဤဆောင်းပါးသည် မကြာခဏ ခရီးယာယီသွားလာနေရသူတို့အတွက် ပိုမိုရည်စူးရေးသားပါသည်။

(၂)အခါတိုင် (၇)ပါး နှင့် ခရီးယာယီ

အင်္ဂ၀ိဇ္ဇာအခါတိုင် ဟုဆိုလျှင် စာဖတ်သူအတော်များများပင် နားယဉ်ရင်းနှီးပြီး ဖြစ်ပါလိမ့်မည်။ အခါတိုင်ပိုင်းနည်းကို လည်း အတန်အသင့် သိရှိနားလည်ပြီးဖြစ်ကြပေမည်။ အခါတိုင်ပိုင်းနည်း အမျိုးမျိုးရှိသည့်အနက် စာရေးသူအနေဖြင့် လက်တွေ့အသုံးပြုရာတွင် နှစ်သက်မိသော အခါပိုင်းနည်းမှာ နံနက် ၆း၀၀ မှ ညနေ ၆း၀၀ ထိ၊ တစ်နာရီခွဲ (၉၀)မိနစ်ဆီ ပိုင်းခြားနည်းဖြစ်သည်။

(အခါပိုင်းနည်းကို အထူးတလယ် ရေးသားမဖော်ပြတော့ပါ။ အလွယ်တစ်ကူအသုံးပြုနိုင်ရန်အတွက် နေ့စဉ်သုံး အခါတိုင်ဇယားကို ထည့်သွင်း

ဖော်ပြလိုက်ပါသည်။ )

နေ့စဉ်သုံး အင်္ဂ၀ိဇ္ဇာအခါတိုင်ဇယား
ဇယားကိုတော့ ဒီနေရာ မှာ နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်

စာရေးသူအဓိကရေးသားဖော်ပြလိုသည်မှာ ခရီးသွားသူတို့အတွက် အခါတိုင် (၇)ပါးနှင့် ကြုံကြိုက်ချိန်တို့၌ သတိပြုအပ်သည့် အချက်များကိုသာဖြစ်သည်။

(၁) တနင်္ဂနွေအခါတိုင် နှင့် ခရီးယာယီ

တနင်္ဂနွေအခါတိုင်သည် အများအားဖြင့် ခရီးစဉ်ဖြောင့်ဖြူးခြင်း၊ ဘုရားဖူးခရီး၊ ပညာတော်သင်ခရီးကဲ့သို့ ခရီးစဉ်များအတွက် အထူးကောင်းခြင်းရှိ၏။ အဖွဲ့လိုက်ခရီးသွားသူတို့အတွက်မူ လူစုကွဲခြင်း၊ ယာဉ်ရထားလက်မှတ်ဖြတ်သောအခါ အစုလိုက်မဖြစ်ဘဲ တောင်တစ်ယောက်၊ မြောက်တစ်ယောက်၊ ရှေ့တစ်ယောက် နောက်တစ်ခုံ … ကွဲပြား၍နေတတ်ခြင်း၊ ရှိမည်။

ယာဉ်ရထားလက်မှတ် (၀ါ) နေရာထိုင်ခင်းကံ မှာ … တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးတို့အတွက် ကောင်း၏။ အထူးသဖြင့် သောကြာသားသမီးများ နေရာကောင်းရတတ်၏။ စနေ၊ တနင်္ဂနွေ၊ ကြာသာပတေး၊ ရာဟုသားသမီးတို့အတွက်မူမကောင်း။ အထူးသဖြင့် စနေ နှင့် ရာဟုသားသမီးများ နေရာထိုင်ခင်းကံ ဆိုး၏။

စနေသားသမီးများ နေရာဆုံးရှုံးခြင်း၊ အစွန်းကျသော၊ နောက်ဆုံးကျသော၊ ကျဉ်းကျပ်သော ..စသည်ဖြင့် မကောင်းသော နေရာတို့၌ နေရာရတတ်ခြင်း၊ မိမိနေရာကို သူတစ်ပါးက လုယက်ယူသွားတတ်ခြင်း …စသည်ဖြင့် ကြုံရတတ်၏။

ရာဟုသားသမီးများမှာ မနေလိုသောနေရာတွင်နေ၍ ခရီးလိုက်ပါရတတ်သည်။ အင်္ဂါသားသမီးများမှာ ကြားခုံ၊ ကြားနေရာ တို့မှခရီးလိုက်ပါရတတ်ခြင်း၊ နဂိုစီစဉ်ထားသည့်အတိုင်းမဖြစ်သောနေရာမျိုး ရရှိတတ်ခြင်း စသည်ဖြင့်ကြုံကြိုက်ရတတ်ပေသည်။

ခုံနံပတ်တူနေခြင်း၊ တိုက်နေခြင်း ရှိတတ်သောအခါတိုင်ဖြစ်ရာ၊ ခရီးစဉ်မတိုင်မီ ခုံနေရာ ယာဉ်လက်မှတ်ကို သေသေချာချာ စစ်ဆေးဝယ်ယူသင့်သော အခါတိုင်ဖြစ်ပေသည်။ ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားသူတို့အတွက် လောင်စာဆီပြတ်လတ်မှု၊ ကုန်ခမ်းမှု ကြုံရတတ်၏။ ထို့အပြင် ဆီမသန့်ခြင်းကြောင့် စက်ကိရိယာချို့ယွင်းတတ်၏။ စက်နှိုးရခက်ခဲမှု ရှိတတ်သောအခါတိုင်လည်း ဖြစ်၏။ ဤ တနင်္ဂနွေအခါတိုင်သည် လေယာဉ်ခရီးစဉ်များအတွက် အန္တရာယ်ပေးတတ်ပြီး၊ ရေကြောင်းသွား ရေယာဉ်များ အတွက်လည်း မုန်တိုင်းဘေးကျရောက်တတ်သော အခါတိုင်ဖြစ်ပေသည်။ မီးရထားများ လမ်းချော်ခြင်း၊ တိမ်းမှောက်ခြင်း အထိပင် ဖြစ်ပွားတတ်သည်။

မည်သည့်ယာဉ်ရထားဖြစ်စေ၊ စလစ် (slip) အဖြစ်ပွားတတ်ဆုံး အခါကါး ဤအခါတည်း။

အကြံပြုချက် ။ ။ ဤအခါတိုင်၌ ခရီးသွားလာမှုပြုပါက ….

ဝန်ထုပ်ဝန်ပို အလွန်များပြားစွာ ယူဆောင်မသွားသင့်။ လမ်းကျဉ်းထက် လမ်းကျယ်ကို ရွေးခြယ်သင့်၏။ စက်တပ်ယာဉ်များအားလုံး (ဆီ) ကို ဂရုစိုက်စစ်ဆေးသင့်၏။
ရာသီဥတုအခြေအနေကို တင်ကြိုလေ့လာ အကဲခတ်ပြီးမှ ခရီးသွားသင့်၏။

ဗုဒ္ဓဘာသာဝင်များ (လောက၀ိဒူ) ဂုဏ်တော်ကို ၅ ကြိမ်တိုင်တိုင် ကြည်ညိုပွား များပြီးမှ ခရီးသွားသင့်၏။

(၂) တနင်္လာအခါတိုင် နှင့် ခရီးယာယီ

တနင်္လာအခါတိုင်ကါး ခရီးသွားအခါတိုင်ဟု ဆိုရလောက်အောင်ပင် ခရီးစဉ်ကိုအားပေး၏။ အထူးသဖြင့် အရွှေ့အပြောင်းခရီးစဉ်များ၊ ပျော်ပွဲစားခရီးစဉ်များကို ပိုမိုအားပေးသော အခါဖြစ်သည်။ ထူးခြားချက်အနေဖြင့် ယဉ်ရထားလက်မှတ်များ မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ကြုံရတတ်ခြင်းဖြစ်သည်။ လက်မှတ်ရရှိရေးအတွက် အခက်အခဲကြုံရတတ်သည်။ နိုင်ငံရပ်ခြားသို့ ခရီး ထွက်ခွါသူများအနေဖြင့် ပြည်ဝင်ခွင့် နှင့် စပ်လျဉ်း၍ အခက်အခဲအတားအဆီး ရှိတတ်သည်။

ယာဉ်ရထားလက်မှတ် (၀ါ) နေရာထိုင်ခင်းကံမှာ …
တနင်္လာ၊ စနေ၊ ရာဟု သားသမီးများ နေရာကောင်း ရရှိတတ်၏။ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာသားသမီးများ နေရာထိုင်ခင်းကံ ညံ့၏။ ဗုဒ္ဓဟူးသားသမီးများမှာ ကြားခုံ ကြား နေရာ ရရှိတတ်ခြင်း၊ နေရာနှင့်ပတ်သက်၍ ထင်သလိုဖြစ်မလာခြင်း ကြုံရတတ်၏။ အထူးသဖြင့် တနင်္ဂနွေသားသမီးများ နေရာမရ ဒုက္ခများတတ်၏။ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများ ခရီးပမ်း၍ နွမ်းနယ်ခြင်း၊ ခေါင်းအုံခြင်း၊ မူးဝေအော့အံခြင်း … စသည်ဖြင့်ဖြစ်ပွားတတ်၏။
ဗုဒ္ဓဟူးသားသမီးများမှာ ပိုမိုဆိုးရွားစွာ ခံစားရတတ်ပေသည်။

သက်တောင့်သက်သာ ခရီးသွားရတတ်သောအခါတိုင်ဖြစ်သော်လည်း၊ အိပ်စက်နားနေရင်း ခရီးလိုက်ပါလိုသူ တို့အတွက်မူ အခက်ကြုံ၍ အိပ်ရေးပျက်ရတတ်သည်။ ဟိုင်းဝေးသွားကုန်တင်ယာဉ်ကါးမောင်းဒရိုက်ဘာများ၊ ကိုယ်ပိုင်ယာဉ်မောင်းဒရိုက်ဘာများ … ဤအခါတိုင်၌ ခရီးသွားလာမှုပြုပါက အိပ်မငိုက်မိအောင် ကြိုတင်ကာကွယ်မှု ပြုထားရန်လိုအပ်၏။ ဤအခါတိုင်သည်

ဘီးလေလျော့ခြင်း၊ ဘီးပေါက်ခြင်းများလည်း မကြာမကြာ ဖြစ်ပွားတတ်၏။ ဘတ္ထရီပိုင်းဆိုင်ရာ၊ မီးပိုင်းဆိုင်ရာများ၌ ပြဿနာပေါ်တတ်၏။

အကြံပြုချက် ။ ။ ဤအခါတိုင်၌ခရီးသွားလာမှုပြုပါက …
မိမိကျမ္မာရေးအခြေအနေကို သုံးသပ်ပြီးမှ ခရီးထွက်ပါ။ မော်တော်ယာဉ်များကို တင်ကြို စစ်ဆေးမှုပြုပါ။ အိပ်ရေးမ၀ဘဲ ခရီးမသွားသင့်။ (အထူးသဖြင့် ကိုယ်တိုင်ယာဉ်မောင်းသူများ)
အချိန်နှင့် အခါနှင့် ခရီးရောက်လိုသူများ မူလသတ်မှတ်ထားသော အချိန်ထက် ပိုစောလျှင်စွာ ခရီးထွက်သင့်၏။

ဗုဒ္ဓဘာသာဝင်များ (အနုတ္တရော ပုရိသ ဒမ္မသာရထိ) ဂုဏ်တော်ကို (၆) ကြိမ်တိုင်တိုင် ကြည်ညိုပွားများပြီးမှ ခရီးသွားလာသင့်၏။

(၃) အင်္ဂါအခါတိုင် နှင့် ခရီးယာယီ

အင်္ဂါအခါတိုင် ။ ။ အင်္ဂါအခါတိုင်သည် နားနေခြင်း၊ ရပ်ဆိုင်းခြင်းကို အထူးပေးတတ်သော အခါတိုင် ဖြစ်ပေသည်။ ဤအခါတိုင်သည် အလျင်စလို ခရီးသွားခြင်းကို လုံးလုံးလျားလျား ကန့်ကွက်တတ်သော သဘောရှိ၏။ နားနားနေနေ၊ ဖြေးဖြေး အေးအေး ခရီးသွားခြင်းကိုသာခွင့်ပြု၏။ သို့ဖြစ်ရာ အရှိန်ဖြင့် အမြန်မောင်းနှင်သော ယာဉ်ရထားများအတွက် အန္တရာယ်ကြီးမားသော အခါတိုင်လည်း ဖြစ်ပေသည်။ လမ်းလျှောက်၍သွားနေသူပင်၊ သတိလက်လွတ်အမြန်လျှောက်မိပါက ခလုတ်တိုက်မိ ခိုက်မိတတ်သည်။ အချိန်မတိကျခြင်း၊ အချိန်နောက်ကျခြင်းများလည်း ဖြစ်ပွားစေသောအခါတိုင်ဖြစ်သည်။ ဖြောင့်ဖြောင့်တန်းတန်း ခရီးမတွင်ဘဲ၊ ခရီးစဉ် ကွေ့ကောက်ရတတ်သော သဘောလည်းရှိ၏။ ယာဉ်ရထားများ ၀န်စည်စလယ်များပြားခြင်းရှိတတ်ပြီး၊ မြို့တွင်းသွား ဘတ်(စ်)ကါးများ လူအလွန် ကြပ်တတ်၏။ ယာဉ်ကျောပိတ်ဆို့မှုများ၊ လမ်းခရီး၌ အတားအဆီးကြုံရမှုများ ရှိတတ်သော အခါတိုင်လည်းဖြစ်သည်။

ယာဉ်ရထားလက်မှတ် (၀ါ) နေရာထိုင်ခင်းကံမှာ …
တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး၊ ရာဟုသားသမီးများ အတွက် ကောင်းမွန်၏။ အထူးသဖြင့် ရာဟုသားသမီးများ နေရာကောင်း ရတတ်၏။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သာကြာသားသမီးများ နေရာထိုင်ခင်းကံ ညံ့၏။ စနေသားသမီးတို့မှာ ကြားခုံ ကြားနေရာမှ လိုက်ပါရတတ်၏။ ဗုဒ္ဓဟူး နှင့် သောကြာ သားသမီးများမှာ နေရာထိုင်ခင်းအတွက် ဒုက္ခအများဆုံးဖြစ်သည်။

ဤအခါတိုင်သည် ဆီပြတ် တတ်၏။ လမ်းခရီး၌ တိရိစ္ဆာန်များကြောင့် ယာဉ်ကါးများ ဥပါဒ်ဖြစ်တတ်၏။ ကမ္ဘာ ပေါ်တွင် ယာဉ်တိုက်ခိုက်မှု အများပြားဆုံး အချိန်ကါလကိုပြပါဆိုလျှင်၊ ဤအင်္ဂါအခါတိုင်ကိုပင် ပြရပေလိမ့်မည်။ အချို့သော ယာဉ်ရထားများလည်း ၀န်ပိုတင်ဆောင်လွန်းသဖြင့် ခရီးဖင့် နှောင့်နှေးရတတ်ပေသည်။ အချို့သော ရေယာဉ်များလည်း ဤအခါတိုင်၌ သောင်တင်မှု ကြုံကြရတတ်၏။

အကြံပြုချက် ။ ။ ဤအခါတိုင်၌ ခရီးသွားလာမှုပြုပါက …
သတိတရားလက်ကိုင်ဆောင်ထားပါ။ ဖြေးဖြေးမှန်မှန် ခရီးနှင်ပါ။ နားပါ။ ရပ်ပါ။ ပြီးမှဆက်သွားပါ။ အမြန်ခရီးနှင်မှုကို လုံးဝရှောင်ကျဉ်ပါ။
ဗုဒ္ဓဘာသာဝင်များ (သတ္ထာဒေ၀ မနုဿာနံ) ဂုဏ်တော်ကြီးကို (၇)ကြိမ်တိတိ အာရုံပြုပြီးမှ ခရီးထွက် သင့်ပေသည်။

(၄) ဗုဒ္ဓဟူးအခါတိုင် နှင့် ခရီးယာယီ

ဗုဒ္ဓဟူးအခါတိုင်သည် တရားဝင်ခရီးစဉ်များ၊ ပညာတော်သင်ခရီးစဉ်များ၊ ဘ၀အောင်မြင်ရေးအတွက် သွားလာ ရသော ခရီးစဉ်များကို အားပေး၏။ အထူးသဖြင့် ဗုဒ္ဓဟူးသားသမီးများ ပညာတော်သင်ခရီး စေလွှတ်ခြင်းခံရတတ်သောအခါတိုင်လည်းဖြစ်သည်။ ခွင့်ပြုချက်ဖြင့် ခရီးထွက်ခွါရခြင်းကို အားပေးလှုံ့ဆော်သော အခါတိုင် ဖြစ်သည့်အားလျော်စွာ၊ မှောင်ခိုကယ်ရီခရီးများ၊ လူကြီးသူမ မသိအောင် ခိုးဝှက်ခရီးထွက်လိုသော သူများအဖို့မူ ကံမကောင်းအကြောင်းမလှ ဖြစ်ရတတ်ပေသည်။ ဤအခါတိုင်သည် လမ်းမှန် လမ်းဖြောင့်မှ သွားလာခြင်းကိုသာ ခွင့်ပြု၏။ ဖြတ်လမ်းသုံးခြင်း၊ ကွေ့ဝိုက်၍သွားခြင်းအားဖြင့် အကျိုးယုတ်စေတတ်သော အခါဖြစ်သည်။ အထူးသဖြင့် တောင်ပေါ်လမ်းခရီးသွား ယာဉ်များအဖို့ အလွန်အန္တရာယ်ကြီးမားသော အခါတိုင်ဖြစ်သည်။ ဆီအခက်အခဲဖြစ်ခြင်း၊ စက်ကိရိယာချွတ်ယွင်းခြင်းများပေါ်ပေါက်တတ်သကဲ့သို့၊ အချိန်အဆ လွဲချော်မှုအများဆုံး ဖြစ်ပွားတတ်သောအခါလည်းဖြစ်သည်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာ၍မှန်မှန်ကန်ကန်မောင်းနှင်သော ယာဉ်များ အန္တရာယ်
ကင်းဝေးစေပြီး၊ စည်းကမ်းဖောက်ဖျက်သော၊ ဖြတ်လမ်းသုံးသောယာဉ်များ အန္တရာယ်များတတ်သောအခါတိုင်ဖြစ်သည်။

ယာဉ်ရထားလက်မှတ်(၀ါ) နေရာထိုင်ခင်းကံမှာ …
အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများမှာ နေရာထိုင်းခင်း ကံကောင်း၏။ တနင်္လာ၊ စနေ၊ ရာဟုသားသမီးများမှာ နေရာထိုင်းခင်းကံ ညံ့ကြ၏။ တနင်္ဂနွေ၊ ကြာသာပတေး သားသမီးများ မှာ ကြားခုံ ကြားနေရာမှ ခရီးလိုက်ပါကြရတတ်ပေသည်။

ဤအခါတိုင်တွင် ဂရုစိုက်သင့်သော အချက်မှာ ခရီးစဉ်စတင်ထွက်ခါနီးအချိန် နှင့် ခရီးရောက်ခါနီး ကါလနှစ်ပါး တွင် ရုတ်တရက် အနှောက်အယှက် အဟန့်အတားပေါ်တတ်ပေရာ၊ သတိအနည်းငယ်ထား၍ခရီးသွားလာခြင်းဖြင့် အကျိုးကျေးဇူးရရှိကြ ပေလိမ့်မည်။ ဤဗုဒ္ဓဟူးအခါတိုင်သည် အပြိုင်အဆိုင်မောင်းနှင်မှုကြောင့် ယာဉ်အန္တရာယ် အဖြစ်ပွားတတ်ဆုံးအခါတိုင်ဖြစ်သည်။ ဒေါသဖြစ်ရခြင်း၊ စိတ်ဆိုးမာန်ဆိုးဖြစ်ရခြင်း၊ စသည်ဖြင့် ကြုံရမြဲဖြစ်သော အခါတိုင်ဖြစ်ရာ မေတ္တာတရားကို လက်ကိုင်ထား၍ ခရီးသွားလာသင့်သော အခါတိုင် ဖြစ်ပေသည်။

ဗုဒ္ဓဟူးအခါတိုင်သည် စွန့်စားထွက်ခွာသောခရီးစဉ်များ၊ ဖြတ်လမ်းလိုက်ခြင်းများ၊ အချိန်မတော်ခရီးသွားလာခြင်းများအတွက် ကံမကောင်းအကြောင်းမလှဖြစ်စေတတ်သည်။ အထူးသဖြင့် နယ်မြေမအေးချမ်းသော အရပ်ဒေသများတွင်၊ အချိန်အခါ မသင့်လျော်ခိုက် ခရီးထွက်ခြင်းမျိုး လုံးဝမပြုလုပ်သင့်ပါပေ။ နေရောင်သည် (၀ါ) နေထွက်ချိန်၊ နေ၀င်ချိန်သည် ဤအခါတိုင်၌ အလွန် အရေးကြီးလှပေသည်။

အကြံပြုချက် ။ ။ ဤအခါတိုင်တွင်ခရီးသွားလာမှုပြုပါက …

မေတ္တာတရားကိုလက်ကိုင်ပြုပါ။ စည်းကမ်းလိုက်နာ၍ ခရီးနှင်ပါ။ ဖြတ်လမ်းကို ရှောင်ကျဉ်ပါ။ အချိန်အခါ နှင့် ကါလံဒေသံကို သတိပြုပြီးခရီးသွားလာပါ။
ဗုဒ္ဓဘာသာဝင်များ …မေတ္တာသုတ်တော်၊ မောရသုတ်တော်၊ အရဟံဂုဏ်တော်တို့ကို ပွားများရွတ်ဖတ်ပူဇော်ပြီးမှ ခရီးသွားလာမှု ပြုသင့်ပေသည်။

(၅) ကြာသာပတေးအခါတိုင် နှင့် ခရီးယာယီ

ကြာသာပတေး အခါတိုင်ကါး ခရီးသွားလာမှုများ အားလုံးအတွက် ၉၀%ခန့် ချောမွေ့အဆင်ပြေစေသော အခါတိုင်မျိုးဖြစ်သည်။ ဤအခါတိုင်သည် သက်တောင့်သက်သာ ခရီးသွားလာရမှုကိုလည်း အများအားဖြင့် ဖြစ်ပွားစေသည်။ ခရီးသွားလာကြသူအချင်းချင်း ကူညီရိုင်းပင်းလေ့ရှိတတ်ခြင်း၊ တစ်ဦး နှင့် တစ်ဦး ပျူငှာဖော်ရွေစွာ ဆက်ဆံလေ့ရှိတတ်ခြင်းကြောင့်၊ စိတ်ချမ်းမြေ့ဖွယ်ရာခရီးမျိုးသာ အများအားဖြင့် ဖြစ်ပွားတတ်ပေသည်။ သို့သော်အခါတိုင်တိုင်းတွင် ကောင်းကွက်၊ ဆိုးကွက် ရှိတတ်မြဲဖြစ်ပေရာ၊ ခရီးသွားလာရာ၌ မှန်လုံအမြန်မော်တော်ယာဉ်များတွင် လေမ၀င်သောကြောင့် ပိတ်လှောင်မွန်းကျပ်သကဲ့သို့ ခံစားရတတ်ခြင်း၊ အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု တို့ကြောင့် မသက်မသာဖြစ်ရခြင်းများ ကြုံကြရတတ်ပေသည်။

ယာဉ်ရထားလက်မှတ် (၀ါ) နေရာထိုင်ခင်းကံ တို့မှာ ….
တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများအတွက် နေရာထိုင်ခင်း အဆင်ပြေကြရတတ်ပြီး၊ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး၊ ရာဟုသားသမီးများအတွက်မှာမူ နေရာထိုင်ခင်းကံ အညံ့ကြုံကြရတတ်ပေသည်။ သောကြာသားသမီးများသည် ကြားခုံ ကြားနေရာမှလည်းကောင်း၊ ကြုံရာနေရာမှလည်းကောင်း ခရီးလိုက်ပါကြရတတ်ပေသည်။ မည်သည့်နေ့နံ သားသမီးဖြစ်စေ၊ အခါမသင့်ပါက မူလနေရာ ကျယ်ကျယ်မှ နေရာ ကျဉ်းကျဉ်းကျပ်ကျပ် အခြေအနေမျိုးသို့ ရောက်ရှိသွားတတ်ခြင်းမှာ ဤအခါတိုင်၏ ထူးခြားချက်ဖြစ်သည်။

ကြာသာပတေး အခါတိုင်သည်လည်း ရာသီဥတုအခြေအနေကို လေ့လာအကဲခတ်မှု ပြုသင့်သော အခါတိုင်အမျိုးအစားတွင် ပါဝင်သည်။ အနောက်နိုင်ငံအချို့တွင် အအေးလွန်ကဲမှုကြောင့် ဆီးနှင်းခဲများ ထူထပ်ပိတ်ဆို့လျက်၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြုံကြရသော အခါတိုင်မျိုးဖြစ်သည်။ ဤအခါတိုင်သည် ယာဉ်ရထားများ၌ ဘတ္ထရီ နှင့် မီးပိုင်းဆိုင်ရာများတွင် ချွတ်ယွင်းအားနည်းမှု ပေါ်ပေါက်လာတတ်သည်။ ကြာသာပတေးအခါတိုင်တွင် အရာရာသည် အလွယ်တစ်ကူချက်ချင်းပြောင်းလည်းသွားနိုင်စွမ်းရှိ၏။ တည်ငြိမ်မှုအားနည်းသော အခါတိုင်မျိုးဖြစ်သည်။ ခရီးသွားလာကြသူများအနေဖြင့် ဥတုရာသီ ကာလံဒေသံကို တွက်ချက်ပြီး၊ အပူဒဏ် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် တင်ကြိုစီစဉ်မှု ပြုလာသင့်ကြပေသည်။

အကြံပြုချက် ။ ။ ဤအခါတိုင်တွင် ခရီးသွားလာမှုပြုပါက …..

သန့်ရှင်းသပ်ရပ်စွာဝတ်စားဆင်ယင်သွားပါ။ အာဟာရဖြစ်စေသော အစားအစာတို့ကို သင့်တင့်မျှတစွာမှီဝဲသွားပါ။ ယာဉ်ကါးများကိုစီးနင်းလိုက်ပါရာတွင် မှန်ပြတင်းကို ဖွင့်လွယ်၊ ပိတ်လွယ်သော နေရာမျိုး မှသာ စီးနင်းလိုက်ပါသင့်၏။ အရက်သေစာ သောက်သုံးခြင်းကို ရှောင်ပါ။

ဗုဒ္ဓဘာသာဝင်များ ( သမ္မာသံဗုဒ္ဓေါ )ဂုဏ်တော်ကြီးကို (၂)ကြိမ်တိုင်တိုင် လေးနက်စွာ အာရုံပြုကြည်ညိုပြီးမှ ခရီးသွားလာသင့်၏။

(၆) သောကြာအခါတိုင် နှင့် ခရီးယာယီ

သောကြာအခါတိုင်သည်ကါး ခရီးနှင်ရာ၌ မြန်ဆန်စွာ ရောက်ရှိစေတတ်သောအခါတိုင်ဖြစ်၏။ စွန့်စွန့်စားစား ခရီးစဉ်များ၊ လေ့လာရေးခရီးစဉ် နှင့် အပျော်ခရီးစဉ်များ၊ မှောင်ခိုကယ်ရီ ခရီးစဉ်များ၊ စစ်ဆေးရေးခရီးစဉ် နှင့် စစ်ကြောင်းချီခရီးများ၊ ယာဉ်ရထားပြိုင်ပွဲ ခရီးစဉ်များကို အထူးအားပေးသော အခါတိုင်ဖြစ်လေသည်။ ငယ်ရွယ်သူအများစုတို့ လူကြီးမိဘများမသိအောင် ခရီးခိုး၍ထွက်တတ်ကြသော၊ စတန့်ထွင်၍ ယာဉ်ကါးများ တစ်ဝီ၀ီမောင်းနှင်တတ်ကြသောအခါတိုင်လည်းဖြစ်၏။ အခြားသောအားဖြင့် … အမဲပစ်ခရီး၊ ရတနာရှာဖွေရသောခရီး နှင့် သက်စွန့် ဆံဖျား သွားလာရသောခရီးစဉ်များကို ဤအခါတိုင်၌တွေ့မြင်ရသည်။

ယာဉ်ရထားလက်မှတ် (၀ါ) နေရာထိုင်ခင်းကံမှာ …
တနင်္ဂနွေ၊ ကြာသာပတေး၊ စနေ၊ ရာဟုသားသမီးများအတွက် ကောင်းမွန်ပြီး၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများ အတွက်မူ ညံ့၏။ တနင်္လာသားသမီးများမှာ အလယ်ခုံ၊ ကြားနေရာမျိုးမှ ခရီးလိုက်ပါရတတ်ပေသည်။

သောကြာအခါတိုင်၏ အားသာချက်မှာ ဖြတ်လမ်း (shortcut) သုံးနိုင်ခြင်း နှင့် အမြန်ခရီးနှင်နိုင်မှုတို့ဖြစ်သည်။ အားနည်းချက်မှာ လမ်းကြော နှင့် လမ်းခရီးအနေအထားကို မလေ့လာထားပါက၊ စမ်းတစ်ဝါးဝါးဖြစ်တတ်မှု၊ မျက်စိလည်လမ်းမှား တတ်မှုတို့ ကြုံရတတ်ခြင်းဖြစ်လေသည်။ တစ်ခါတစ်ရံ ခရီးလမ်းတွင် မိုးသားတိမ်လိပ်များ အုံဆိုင်းမှုံမှိုင်းလျှက်၊ နေရောင် ပျောက်ဆုံးနေတတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာဉ်ကားများ မောင်းနှင်မရတော့ဘဲ ရပ်ဆိုင်းပစ်ရတတ်ခြင်း၊ စသည်ဖြင့် …တွေ့ကြုံရတတ်ပေသည်။ အထူးသတိပြုအပ်သည်မှာ ညဘက်ခရီးစဉ်များတွင်၊ မီးမထွန်းဘဲ (သို့) မီးတစ်ဖက်သာထွန်းပြီး မောင်းနှင်လာတတ်သော ယာဉ်ကါးအချို့ကြောင့် ယာဉ်အန္တရာယ်များဖြစ်ပွားရတတ်သည်။ ဤအခါတိုင်၌ (အလင်းရောင်) ချို့တဲ့တတ်ကြောင်းသတိပြုပါ။

အကြံပြုချက် ။ ။ ဤအခါတိုင်၌ခရီးသွားလာမှုပြုပါက …

ဖြတ်လမ်းကိုအသုံးပြုနိုင်သည်။ ခရီးသွားသူများ သတ်မှတ်ထားသောအချိန်ထက်စော၍၊ (၀ီရိယပိုစိုက်၍) တင်ကြို ပြင်ဆင်မှုပြုထားသင့်၏။ အန္တရာယ်မဖြစ်အောင်သတိထားပြီး မြန်မြန်သွက်သွက်ခရီးနှင်ပါ။
ဗုဒ္ဓဘာသာဝင်များ (၀ိဇ္ဇာစရဏသမ္ဗန္ဓော) ဂုဏ်တော်ကြီးကို သုံးကြိမ်တိုင်တိုင်၊ ခန္ဓသုတ်တော်ကြီးကို သုံးကြိမ်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပြီးမှ ခရီးသွားလာသင့်၏။

(၇) စနေအခါတိုင် နှင့် ခရီးယာယီ

စနေအခါတိုင်သည်ကါး … အပြန်ခရီးဟူသမျှကိုသော်လည်းကောင်း၊ ပညာရေးနှင့်စပ်လျဉ်းသောခရီးစဉ်များကိုသော်လည်းကောင်း၊ ဘုရားဖူးခရီး နှင့် လူကြီးမိဘဆရာသမားတို့ကို ကန်တော့ရန် သွားရောက်သော ခရီးစဉ်များကိုသော်လည်းကောင်း၊ အတိတ်ကာလက ရောက်ခဲ့ဖူး၊ နေခဲ့ဖူးသော အရပ်ဒေသများသို့ ပြန်လည်သွားရောက်ရသော ခရီးစဉ်များကိုသော်လည်းကောင်း၊ သာသနာပြု ခရီးစဉ်များကိုသော်လည်းကောင်း၊ အထူးအားပေးတတ်သော အခါတိုင်ဖြစ်လေသည်။
ဤအခါတိုင်ကါး ခရီးသွားလာရာ၌ သက်တောင့်သက်သာဖြစ်မှု နည်းပါးတတ်၏။ မိမိတို့လိုက်ပါသော ယာဉ်ရထားကြောင့်ဖြစ်စေ၊ ခရီးလမ်းပမ်းအနေအထားကြောင့်ဖြစ်စေ၊ ခရီးပမ်း၍ နွမ်းနယ်ရတတ်၏။ ဤအခါတိုင်၌ ခရီးသည်တို့လည်း တစ်ဦးနှင့် တစ်ဦး ကြင်နာသနားမှု၊ ဧည့်ဝတ်ပြုမှု နည်းပါးတတ်ကြကုန်၏။

ယာဉ်ရထားလက်မှတ် (၀ါ) နေရာထိုင်ခင်းကံမှာ …
တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာသားသမီးများအတွက် အဆင်ပြေချောမွေ့မှု ရှိနိုင်ပြီး၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများအတွက်မူ အဆင်မချောမွေ့တတ်ပါပေ။ ရာဟုသားသမီးများမှာ ကြားခုံ၊ ကြားနေရာမျိုးမှ ခရီးလိုက်ပါကြရတတ်ပေသည်။ ဤအခါတိုင်၏ သော့ချက်ကါး (လမ်းဟောင်း)တည်း။ စနေအခါတိုင်သည် ပညာဥာဏ်အဓိကအုပ်စိုးရာ အခါတိုင်ဖြစ်ပေရာ ဆင်ခြင်တုံတရား နှင့် ပညာဥာဏ်ရှိသူတို့အတွက် ချမ်းသာစွာခရီးနှင်ရတတ်ပြီး၊ ပညာဥာဏ်ဆင်ခြင်တုံတရားနည်းပါးသူတို့
အတွက်မူ ခရီးလမ်း၌ ဆင်းရဲပင်ပမ်းတတ်၏။ ဤအခါတိုင်သည် ယာဉ်ကါးများ အပျက်အဆီးအများဆုံးအခါတိုင်လည်းဖြစ်သည်။

အကြံပြုချက် ။ ။ ဤအခါတိုင်တွင် ခရီးသွားလာမှုပြုပါက …

ယာဉ်ကါးဖြစ်လျှင် တစ်ပတ်ပြန်ကွေ့ပြီးမှ၊ လူဖြစ်လျှင် အိမ်အတွင်းသို့ တစ်ကျော့ ပြန်ဝင်ပြီးမှ ခရီးထွက်သင့်၏။ သတင်းအချက်အလက် နှင့် အဆက်အသွယ်များကို အလေးဂရုပြုသင့်၏။ လမ်းနဘေးဝဲယာရှိ၊ သတိပေးဆိုင်းဘုတ်များ၊ စာတမ်းများကို ဂရုပြုဖတ်ရှုမှုပြုပါ။

ဗုဒ္ဓဘာသာဝင်များအဖို့ (သုဂတော) ဂုဏ်တော်ကြီးကို (၄)ကြိမ်တိတိ၊ (ဗုဒ္ဓေါ) ဂုဏ်တော်ကြီးကို (၈)ကြိမ်တိ တိ လေးနက်စွာ အာရုံပြုရွတ်ဖတ်ပူဇော်ပြီးမှ ခရီးထွက်သင့်ပေသည်။

ကျမ္မာချမ်းသာစွာ ခရီးဆက်နိုင်ကြပါစေသတည်း။

ဝေသာလီ မောင်ဖုန်း (သုတေသီ)

စစ်သူကြီး VS ကယ်တင်ရှင် အင်ကြင်း

May 18, 2008

အင်ကြင်း = အမေရိကန်၊ အောင်ဆန်းစုကြည် စတဲ့ ပညတ်ချက်တွေလို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။ တဘောင်ထဲကလို ကဆုန်လဆန်း ကတည်းက အင်ကြင်းလို့ ခေါ်တဲ့ အမေရိကန်ဦးဆောင်တဲ့ မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့ တွေ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ ပင်လယ်ဝမှာ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။


မုန်တိုင်းအလွန်ဆောင်းပါးကို ဖတ်ပြီးမှ ဤစာစုကို ဆက်ဖတ်ပါရန် ပြောလိုသည်။

ပညာရပ် ဝေါဟာရများဖြင့် ပရိတ်သတ်ကို တင်ပြပေးသောအခါ နားမလည်ခြင်းများစွာဖြင့် ဖတ်ရှုသွားကြသည်ဟု ယူဆမိ၍ လိုရင်းတိုရှင်းသာ ရေးပါတော့သည်။

မုန်တိုင်းအလွန်တွင် ရေးထားသကဲ့သို့  ပြဿနာတို့ ၏ မူလအစမှာ တေဇောဓါတ်တိုင်တွဲ သို့ မဟုတ် ၁၀ တွဲ ပင်ဖြစ်သည်။
ထို့ ကြောင့် အောက်ပါတိုင်ကို ကြည့်ပါ။ စိတ်ဝင်စားဖွယ်ကောင်းသော ပညတ်ချက်များ ဆက်သွယ်ချက်များကို တွေ့ ရမည်။

၎ ၅ ရတနာပုံ၊ ရွှေတိဂုံ ဘုရား ၊ လှိုင်သာယာ (မီးလောင်နမိတ်များ ဖြစ်ပြီးပြီ) (ကောင်း/ဆိုး)
၁ ၂ အမေရိကန် ဟု ယူဆနိုင်သည် (အကျိုးပြုရန်)
၅ ၆ ပြင်သစ် ဟု ယူဆနိုင်သည် (အကျိုးပြုရန်)
ဝ ၁ မူလ တေဇောဓါတ် မီးလောင်ခြင်း (ဖြစ်ပြီးပြီ)
၃ ၄ ၀ါယောဓါတ် မုန်တိုင်းတိုက်ခတ်ခြင်း (ဖြစ်ပြီးပြီ)
၆ ၀ ဖြစ်ပြီး / မဖြစ်သေးဟု ယူဆနိုင်သည် (ဖြစ်ပြီး = ဟူကျင်းထောင် တရုပ်သမ္မတ မြေငလျင်)
၂ ၃ မဖြစ်သေးသော ကျန်ရှိနေသေးသည့် အကြောင်းအရာ

ကဲ . . . စဉ်းစားကြည့်ရအောင်

၂၃ (၃၂) က ဘာဖြစ်နိုင်မလဲ။
၃ အင်္ဂါ = စစ်ဂြိုလ် ပရိယာယ်အရ စစ်သူကြီး၊ ခက်ထန်ကြမ်းကြုတ်မှု၊ လက်ရုံးအားကိုးမှု၊ အာဏာရှင်ဆန်မှု
၂ တနလာင်္ = မိခင်ဂြိုလ် ပရိယာယ်အရ မိခင်ပီသမှု၊ မေတ္တာဂရုဏာပြည့်ဝမှု၊ အများ၏ ဆန္ဒသဘောထားဖြင့် ဆောင်ရွက်မှု

ဒီ ဂြိုလ်နှစ်ခုဟာ ရန်ဂြိုလ်တွဲ ဖြစ်ပါတယ်။ ပဋိပက္ခအသွင်ဆောင်ပါတယ်။ ၂ vs ၃ သို့ မဟုတ် ၃ vs ၂ လို့ ပြောနိုင်ပါတယ်။

အင်္ဂ၀ိဇ္ဖာတိုင်မှာ အထက်ကိုဆောင်၊ အောက်ကိုရှောင် နဲ့ အထက်မှာဆေး အောက်မှာဘေး ဆိုပြီး ဖွင့်ဆိုသတ်မှတ်ထားပါတယ်။ အထက်ဆိုတာ အပေါ် ၃ လုံး၊ အောက်ဆိုတာ အောက် ၃ လုံးကို ဆိုလိုတာပါ။

အင်္ဂ၀ိဇ္ဖာတိုင်မှာ အောက်ဆုံးတည်နေရာကို တြိရန်းလို့ ခေါ်ပြီး ဖွင့်ဆိုချက်က တြိရန်းနေ သေကြေလေ ထွက်လေခြေနှစ်ချောင်း မီးလောင်ပြန်ရ ဝေဒန ဘယထွေထွေလောင်းလို့ အဓိပ္ပါယ်ရှိပါတယ်။

ဒါ့အပြင် ယခုနှစ် ၁၃၇၀ ကောဇာမှာ ၂ vs ၃ ဟာ ဆန်းကျင်ဂြိုလ်နှစ်ခု ဖြစ်တဲ့အတွက် ဆွဲငင်တွန်းကန် ဆက်သွယ်ချက်တွေ ရှိကို ရှိလာပါလိမ့်မယ်။

လိုရင်းပြောရရင် စစ်ဗိုလ်ချုပ်ကြီးများရဲ့ ခေါင်းမာမှုနဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ တို့ ရန်ပြုထိပ်တိုက် ရင်ဆိုင်မှု ပဲဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ သောကြာအမည်ရှင် ဘုရင်ရူးကြီးရဲ့ အနေအထားကို ဆက်ကြည့်ပါတယ်။

အင်္ဂ၀ိဇ္ဇာမှာ စောလှ-လှေဆန် ရှေ့ နောက်ပြန် နေမှားခြေက သူရဇ္ဇဆိုပြီး တနင်္ဂနွေနံသား ကို နမူနာအဖြစ် ပြထားခဲ့ပါတယ်။ ဆိုလိုရင်းက စတုရန်းနဲ့ တြိရန်း အပြန်အလှန် ရိုက်ခတ်မှု ဟာ အလယ်အခြာကို တိုက်ခိုက်ဖျက်ဆီး ပစ်တတ်ပါတယ်။ ဒီဖွင့်ဆိုချက်အရ – အလယ်အခြာ သောကြာနံသားဟာ တနင်္ဂနွေ ၁ (တြိရန်း) အစ တနလာင်္ ၂ (စတုရန်း)အဆုံး ရိုက်ခတ်မှု ဒဏ်ကို မခံနိုင်ပါဘူး။




၆ (သောကြာအမည်)
၂ x

၁ x

၁၂ တွဲဟာ အမေရိကန်၊ အောင်ဆန်းစုကြည်၊ အင်ကြင်း စတဲ့ ပညတ်ချက်တွေ အကျုံးဝင်ပါတယ်။
ပိုပြီး သေခြာစေတာက ၁၂ အတွဲဟာ ယခုနှစ်ကောဇာမှာ မရဏ အဓိပတိ ပက္ခတွဲဖြစ်တာကြောင့် ယခုနှစ်ထဲမှာ သက်ဝင်လှုပ်ရှားမဲ့ကိန်း ဖြစ်ပါတယ်။ ဒါကြောင့် ၁၂ တွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို သောကြာ ၆ အနေနဲ့ ခံရပါလိ့မ်မယ်။

စက်တင်ဘာ သံဃာ့ကံဆောင်မှုနောက်ပိုင်း ရရှိခဲ့တဲ့ တဘောင်လေး ရှိပါတယ်။

တောင်ပေါ်ကအဆင်း ၊ အင်ကြင်းတဲ့ ရိုးနီ
အပ်ကလေးနဲ့ ထိုးပါလို့  ၊ ပိုးကြိုးနဲ့ သီ
သီတင်းကျွတ်ပွဲအမီ ၊ တန်ဆောင်မုန်းပွဲအမီ
ပျိုသီကာ ကုံး ၊ ပန်ချင်သူ ချိုချိုပြုံးရယ်
ခေါင်းဖြီးခဲ့အုံး။

တန်ခူးကုန် ကဆုန်ဆန်းရင်လ
အင်ကြင်းပန်း တဲ့ ထွက်တော့မည်
ပိုလို့ မွှေးတဲ့ ရိုးတံသွယ်
တပြည်လုံးက တမ်းတတယ်
ကျန်သည့်ပန်း နမ်းကြကွယ်
ကပ်ကာ ဘုရားလှူကြမယ်
ကပ်ကြီးသုံးပါး ကျော်နင်းနိုင်လိမ့်မယ်။

တဘောင်လေးရဲ့ အဓိပ္ပါယ်ကို အကုန်မဖော်နိုင်ပါဘူး။

ဒါပေမယ့် (အင်ကြင်း) ဆိုတဲ့ ပညတ်ချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။
စောစောက ပြောခဲ့သလို အင်ကြင်း = အမေရိကန်၊ အောင်ဆန်းစုကြည် စတဲ့ ပညတ်ချက်တွေလို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။
တဘောင်ထဲကလို ကဆုန်လဆန်း ကတည်းက အင်ကြင်းလို့ ခေါ်တဲ့ အမေရိကန်ဦးဆောင်တဲ့ မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့ တွေ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ ပင်လယ်ဝမှာ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။

စစ်ဗိုလ်ချုပ်ကြီးတွေထဲက အချိန်မှီ အမြင်မှန်ရလို့ ပြည်သူတွေဘက် ရပ်တည်မဲ့သူတွေကလည်း အထက်သုံးလုံးတွဲ အမည်ရှင်တွေပဲ ဖြစ်လာနိုင်ပါတယ်။ နာမည်တွဲတွေအားဖြင့် ပြောရရင် တော့
၁၂-၂၁ အတွဲ – တနင်္ဂနွေ စ တနင်္လာ အပိတ် (အပြန်အလှန်)
၅၆-၆၅ အတွဲ – ကြာသပတေး စ သောကြာ အပိတ် (အပြန်အလှန်)
၄၅-၅၄ အတွဲ – ဗုဒ္ဓဟူး စ ကြာသပတေး အပိတ် (အပြန်အလှန်)

နိဂုံးချုပ် သုံးသပ်ရရင်တော့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ တွေ မြန်မာပြည်ကို ၀င်ရောက်ပီး တကယ်ပဲ အကူအညီတွေ ပေးနိုင်ပါလိမ့်မယ်လို့ ယူဆရကြောင်းပါ ခင်ဗျာ . . .

ဇေယျာမောင်

မှတ်ချက် – အင်ကြင်း = တနင်္ဂနွေ + တနလာင်္ = ၁ + ၂ = နေ + လ ဟုလည်း အဓိပ္ပါယ် ထွက်သောကြောင့် နေ၏ ထူးခြားမှု (ဥပမာ – နေကြတ်ခြင်း) ၊ လ၏ ထူးခြားမှု (ဥပမာ – လကြတ်ခြင်း) တို့ နှင့်လည်း သက်ဆိုင်ပါကြောင်း ။

မုန်တိုင်းလွန်သော် (Beyond Cyclone)

May 7, 2008

အထက်ပါ အကြောင်းတရားများကြောင့် ၆၀(၀၆)တွဲ အကျိုးတရားသည် မုန်တိုင်းပြီးနောက် ဆက်လက်ဖြစ်လာလိမ့်မည်ဟု မိမိ ဟောကိန်း ထုတ်လိုသည်။ အဘယ်ကြောင့်ဆိုသော ကောဇာ မဟာဘုတ်ကိန်းကို မလွန်ဆန်နိုင် သောကြောင့်တည်း။


သံဃာရတနာများ ပြည့်ဝမ်းမီးတောက်၍ လမ်းပေါ်လျှောက်ပြီး တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေဟု ဆုတောင်းမေတ္တာ ပို့ သစဉ် မိစ္ဆာစစ်တပ်၏ ရက်စက်မှုကြောင့် ၂၀၀၇ စက်တင်ဘာတွင် သံဃာ့သွေး မြေကျခဲ့သည်။

သာသနာ့သမိုင်း၏ အဆိုးဝါးဆုံး ဖြစ်ရပ်ကြီး၏ နောက်ပိုင်းတွင် –

နိုင်ငံအနှံ့  ထူးခြားဖြစ်စဉ် မီးလောင်မှုများ ဖြစ်ခဲ့သည်။
ထူးခြားဖြစ်စဉ် မီးလောင်မှုများမှာ –
(၁) ရတနာပုံ မန္တလေးဈေးကြီး အကြီးအကျယ် မီးလောင်ခြင်း
(၂) ရွှေတိဂုံဘုရား၌ ကိုယ်ကိုယ်ကိုယ် မီးရှို့ သတ်သေခြင်း
(၃) ရန်ကုန် လှိုင်သာယာ မီးလောင်ခြင်း

မီးလောင်ခြင်းသည် ဓါတ်လေးပါး သဘောအရ တေဇောဓါတ်ဖြစ်သည်။
မြန်မာ့ရိုးရာ ဗေဒင်ပညာတွင် တေဇောဓါတ်သည် တနင်္ဂနွေ နှင့် စနေ တို့ ပူးတွဲမှ ဓါတ်သဘာဝ ပြည့်စုံသည်။
မီးလောင်ခြင်းသည် ပထမ မီးတောက်အဆင့်မှ စတင်၍ မီးခဲအဆင့်၌ ချုပ်ငြိမ်းသည်။
ထို့ ကြောင့် တေဇောဓါတ်တိုင်တွဲကို စနေ မီးတောက်ဓါတ်ဖြင့် စတင်၍ တနင်္ဂနွေ မီးခဲဓါတ်ဖြင့် အဆုံးသတ် ထူကြည့်သည်။

၎ ၅ ရတနာပုံ၊ ရွှေတိဂုံ ဘုရား ၊ လှိုင်သာယာ
၁ ၂
၅ ၆
ဝ ၁ မူလ တေဇောဓါတ် (မီးလောင်ခြင်း)
၃ ၎
၆ ဝ
၂ ၃

အင်္ဂ၀ိဇ္ဖာ ဓါတ်တိုင်တွင် ထိပ်ဆုံးနေရာကို ပဉ္စပွတ် န၀င်းဟု ခေါ်သည်။
တိုင်တွင် န၀င်းသည် အင်အား အကြီးဆုံးဖြစ်၍ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဖြစ်ကို ဖြစ်ရမည်ဟု ပြဌာန်းချက် ရှိသည်။
အထက်ပါ တေဇောဓါတ်တွဲ တိုင်အရ န၀င်းရှိ ၄၅တွဲသည် ဖြစ်ရမည်ဟု ပြဌာန်းချက် အတိုင်း ဖြစ်ကို ဖြစ်ခဲ့သည်။
ထို့ ကြောင့် ဤတေဇောတိုင်သည် ပကတိ(ဖြစ်ရိုးဖြစ်စဉ်) မဟုတ်တော့ပဲ ၀ိကတိ (ထူးခြားဖြစ်စဉ်) အဖြစ်သို့  ရောက်သည်။
တနည်းအားဖြင့် နမိတ်မှန်သည်၊ အခါမှန်သည်၊ တိုင်မှန်သည်၊ ထို့ ကြောင့် ဤတိုင်ပေါ်တွင် အခြေခံ၍ နောက်ဆက်တွဲ ဖြစ်စဉ်များကို ကြိုတင် တွက်ချက်နိုင်သည်။

၎ ၅ ရတနာပုံ၊ ရွှေတိဂုံ ဘုရား ၊ လှိုင်သာယာ
၁ ၂
၅ ၆
ဝ ၁ မူလ တေဇော မီးဓါတ် (မီးလောင်ခြင်း)
၃ ၄ ဓါတ်လေးပါး အစဉ်အရ နောက်တစ်ဆင့် တက်မည့်ဓါတ်
၆ ဝ
၂ ၃

ဓါတ်လေးပါးကို အကျဉ်းချုပ်ပြသော အောင်လံထူစစ်သူကြီးပွဲ (၁၄၀၃၆၂၅) လကာင်္တွင် တေဇောဓါတ်တွဲတိုင် မှန်ခဲ့ပြီဖြစ်၍ နောက်တစ်ဆင့် တက်မည့် ဓါတ်တွဲမှာ ၀ါယော လေဓါတ် ၄၃တွဲ ဖြစ်လာသည်။

၃၄ (၄၃) တွဲ တည်ရှိရာ နေရာသည် စတုရန်း (ရုပ်နှင့်စိတ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိသော အတိုက်ဓါတ်) ဖြစ်သည်။
ထို့ အပြင် န၀င်းရှိ ၄၅တွဲ မှန်ခဲ့ပြီဖြစ်၍ စတုရန်းရှိ ၃၄ (၄၃) တွဲကို အသက်ဝင်အောင် တွန်းပို့ ပေးနိုင်သလို (ပင်းယ ဆက်သွယ်ချက်)၊ အခိုက်အမြစ်ရှိ ၆၀ (၀၆) တွဲကိုလည်း (န၀င်းအခိုက် ဆက်သွယ်ချက်) အသက်ဝင်စေနိုင်သည်။

လေဓါတ်တွင် ရာဟုသည် မုန်တိုင်းကို ကိုယ်စားပြု၍ အင်္ဂါသည် လေညှင်းကို ကိုယ်စားပြုသောကြောင့် ရာဟု ဦးစီးဓါတ်တိုင်တွဲကို ထူခြင်း ဖြစ်သည်။

၁ ၀ ဧရာဝတီ (မုန်တိုင်းဖျက်စီးခြင်း၏ ဗဟိုချက်မ)
၅ ၎
၂ ၁
၎ ၃ မူလ ၀ါယော လေဓါတ် (မုန်တိုင်းတိုက်ခတ်ခြင်း)
ဝ ၆ အနာဂါတ်တွင် ဆက်လက် ဖြစ်ပေါ်မည့် အကျိုးတရား
၃ ၂
၆ ၅

အထက်ပါ ၀ါယော လေဓါတ်တွဲ တိုင်အရ န၀င်းရှိ ၁၀ တွဲသည် ဖြစ်ရမည်ဟု ပြဌာန်းချက် အတိုင်း ဖြစ်ကို ဖြစ်ခဲ့သည်။
ထို့ ကြောင့် ဤ၀ါယောတိုင်သည် ပကတိ(ဖြစ်ရိုးဖြစ်စဉ်) မဟုတ်တော့ပဲ ၀ိကတိ (ထူးခြားဖြစ်စဉ်) အဖြစ်သို့  ရောက်သည်။

တနည်းအားဖြင့် နမိတ်မှန်သည်၊ အခါမှန်သည်၊ တိုင်မှန်သည်၊ ထို့ ကြောင့် ဤ ၀ါယောတိုင် ပေါ်တွင် အခြေခံ၍ (အလားတူ တေဇောဓါတ်တိုင်တွဲပေါ်တွင် အခြေခံ၍) နောက်ဆက်တွဲ ဖြစ်စဉ်များကို ကြိုတင် တွက်ချက်နိုင်သည်။

ထို့ ကြောင့် ၀ါယောတိုင် န၀င်းရှိ ၁၀ တွဲ မှန်ခဲ့ပြီဖြစ်၍ စတုရန်းရှိ ၀၆ (၆၀) တွဲကို အသက်ဝင်အောင် (ပင်းယ ဆက်သွယ်ချက်) တွန်းပို့ ပေးတော့မည်လား၊ အလားတူ ပထမ ပြခဲ့သော တေဇောတိုင် န၀င်းရှိ ၄၅တွဲ မှန်ခဲ့ပြီဖြစ်၍ အခိုက်အမြစ်ရှိ ၆၀ (၀၆) တွဲကိုလည်း (န၀င်းအခိုက် ဆက်သွယ်ချက်) အသက်ဝင်အောင် တွန်းပို့ ပေးတော့မည်လား၊ စဉ်းစားစရာ ဖြစ်လာသည်။

၁၀ ဖြစ်ကိန်းဖြင့် ဖွဲ့ စည်းထားသော ၁၃၇၀ ယခုနှစ် ကောဇာ မဟာဘုတ်ကို ပြန်လည် ကြည့်ရှုသော် –


ဝါယော လေဓါတ်တွဲ၏ ရာဟု မုန်တိုင်းဓါတ် (၄) ၏ လွှမ်းမိုးချယ်လှယ်မှုကို ပက္ခအိမ်ရှိ သောကြာ (၆) က နာခံရမည်၊ အင်္ဂါ လေညှင်းဓါတ် (၃)၏ လွှမ်းမိုးချယ်လှယ်မှုကို ပက္ခအိမ်ရှိ စနေ(၀) က နာခံရမည်ဟု ပြဌာန်းထားသည်ကို တွေ့ ရသည်။

ထို့ ကြောင့် အထက်ပါ အကြောင်းတရားများကြောင့် ၆၀(၀၆)တွဲ အကျိုးတရားသည် မုန်တိုင်းပြီးနောက် ဆက်လက်ဖြစ်လာလိမ့်မည်ဟု မိမိ ဟောကိန်း ထုတ်လိုသည်။ အဘယ်ကြောင့်ဆိုသော ကောဇာ မဟာဘုတ်ကိန်းကို မလွန်ဆန်နိုင် သောကြောင့်တည်း။

၆၀(၀၆) တွဲသည် တေဇောတိုင်၌ စတုရန်း (ရုပ်နှင့်စိတ် ထိခိုက်ဒဏ်ရာ ရနိုင်သော နေရာ) တွင် လည်းကောင်း၊ အမြစ်အခိုက် ( ထွက်ပေါက်မရအောင် ပျက်စီးခြင်း) တွင် လည်းကောင်း တည်ရှိနေသည်။ ၀ါယောတိုင်၌ စတုရန်း (ရုပ်နှင့်စိတ် ထိခိုက်ဒဏ်ရာ ရနိုင်သော နေရာ) တွင် တည်ရှိနေပြန်သည်။

ထို့ ကြောင့် ၆၀ (၀၆) တွဲသည် ကောင်းကျိုးမရနိုင်ပဲ ဆိုးကျိုးကိုသာ ခံစားရမည်ဟု ပြောနိုင်သည်။

ကောင်းပြီ၊ အားလုံး သိချင် နေကြပြီ။ ၆၀ (၀၆) ဘာလဲ၊ ဘယ်လဲ၊ ဘယ်သူလဲ။

၁။ သောကြာ (၆) သည် တိုက်ဆိုင်စွာဖြင့် မင်းတရားကြီး အမည် ဖြစ်နေသည်။

၂။ စနေ (၀) သည် တိုက်ဆိုင်စွာဖြင့် နန်းစိုက်ရာ မြို့ တော်အမည် ဖြစ်နေသည်။

၃။ ၆၀ တွဲသည် အပါဒါန ကာရက ဖြစ်၍ သောကြာနံသည် ပယ်ရှားခြင်း၊ ရွေ့  ရှားခြင်း၊ စွန့် လွှတ်ခံရခြင်း၊ ထွက်ခွာရခြင်းဟု အဓိပ္ပါယ်ရှိသည်။
၆၀ တွဲသည် ရန်ဓါတ်တွဲဖြစ်၍ မိတ်သဘောမဟုတ် ရန်သဘောဖြင့်သာ ဆိုးကျိုးပေးလိမ့်မည်။

၎။ ၀၆ တွဲသည် ကမ္မကာရက ဖြစ်၍ စနေနံသည် ပူပင်သောကများခြင်း အမှုအခင်း ရှုတ်ထွေးခြင်း၊ ဘုမ္မိ (သချို င်္င်း) သဘောအရ စိတ်နှင့်ရုပ် သေဆုံးခြင်း၊ ဆုံးရှုံးခြင်း၊ အခြေအနေ အသစ်သို့ ပြောင်းခြင်းဟု အဓိပ္ပါယ်ရှိသည်။
၇၆ တွဲသည် ဓါတ်ရန်တွဲဖြစ်၍ မိတ်သဘောမဟုတ် ရန်သဘောဖြင့်သာ ဆိုးကျိုးပေးလိမ့်မည်။

၅။ လေဓါတ် ၀ါယောတိုင်တွင် သောကြာ (၆)သည် စတုရန်းခိုက် နှင့် တြိရန်းခိုက် ခိုက်နှစ်ချက်ဖြင့် အထွက်အပျက် ပြနေသည်။

ထို့ အပြင် သောကြာနံသား၏ မူလတိုင်ကို ထူကြည့်သောအခါ အောက်ပါအတိုင်း ဖြစ်လာသည်။

၃ အင်္ဂါ လေညှင်းဓါတ်ဖို

၎ ရာဟု မုန်တိုင်းဓါတ်မ
၆ (သောကြာနံသား)


ထို့ ကြောင့် တိုင်ထိပ် ပဉ္စပွတ်န၀င်း အင်္ဂါ ၃ နှင့် ဆပွတ်ရှိ ရာဟု ၄ (၃၄ ၀ါယော လေဓါတ်တွဲ အဆိုးအားကြောင့် ) ၏ ပေါင်းစပ်အားသည် အလည်အချာရှိ သောကြာနံကို ထိခိုက်ပျက်စီး စေသည်ဟု အင်္ဂ၀ိဇ္ဇာကျမ်းက ပဉ္စပွတ် ဆပွတ် ပညာခန်း (ဂဋ္ဌုန်ပုန်းခိုက် ပုတ်သင်ကိုက်) ဖြင့် ပြခဲ့လေသည်။

(ဤစာပိုဒ်သည် ဖြည့်စွတ်ချက်သာဖြစ်၍ ကျော်ဖတ်လိုက ဖတ်နိုင်သည်။

အန္တော ၊ ဂဗ္ဘေ၊ စရေ ၊ ၀ံသေ ဓာတ်မိတ်ပေဟု ပညာခန်းလာ လင်္ကာရှိ၏
– ၁၀ မီးဓါတ်တွဲ (မီးလောင်ခြင်း) –
– ၃၈ လေဓါတ်တွဲ (မုန်တိုင်းတိုက်ခြင်း)
– ၄၆ ရေဓါတ်တွဲ (မုန်တိုင်းနောက်ဆက်တွဲ အဖြစ် ရေလွှမ်းမိုးခြင်း) တို့ သည် ဖြစ်ခဲ့ပြီးလေပြီ။
– ၂၅ မြေဓါတ်တွဲ သည် ဓါတ်လေးပါးတွင် မဖြစ်သေးသော ကျန်ရှိနေသေးသည့် နောက်ဆုံး ဓါတ်ဖြစ်သည်။
မြေဓါတ်တွဲအရ မြေငလျင်ကော လှုပ်ဦးမည်လော စဉ်းစားစရာ ဖြစ်နေသည်။)

လောကီယတြာများဖြင့် ၁၊ ၂၊ ၃၊ ၄၊ ၅ တို့ ကို ကျော်လွှားနိုင်မည်လောဟု မေးစရာ ရှိလိမ့်မည်။

– အထွဋ်အမြတ်ဆုံးသော ရွှေတိဂုံစေတီတော်ပေါ်မှာ သံဃာ့သွေးမြေကျအောင် လုပ်တာ
– သာသနိက ကျောင်းတော်များကို ပိတ်ပင်တားဆီးတာ၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်စီးပစ်တာ
– ရဟန်းတော်တွေကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတွေ လုပ်တာ
– ရဟန်းတော်တွေကို ပစ္စည်းလေးပါး (ကျောင်းဆေးဆွမ်းသင်္ဃန်း) မရအောင် လုပ်တာ
– ရဟန်းတော်တွေကို အကျိုးမဲ့ဖြစ်အောင် လုပ်တာ – ရဟန်းတော်တွေ နေရာမရအောင်လုပ်တာ
– ရဟန်းတော်တွေကို ဆဲရေးတာ၊ ခြိမ်းခြောက်တာ
– ရဟန်းတော် အချင်းချင်း ကွဲပြားသွားအောင်လုပ်တာ
– ဘုရားရဲ့ ကျေးဇူးမဲ့ကို ပြောတာ
– တရားရဲ့ ကျေးဇူးမဲ့ကို ပြောတာ
– သံဃာရဲ့ ကျေးဇူးမဲ့ကို ပြောတာ

ဤပြစ်မှုတွေအရ ရတနာသုံးပါး စိမ်ရေသင့်ခြင်းကို ခံရပါလိမ့်မည်။

ဝဋ်မှာအမြဲ၊ ငရဲမှာအပဟု ဆိုရိုးစကားအရ – ဤပြစ်မှုကြီးများသည် ၀ဋ်ရော ငရဲပါ အကျုံးဝင်သော အကုသိုလ်ကံကြီးများ ဖြစ်ပါသည်။

ဤ အကုသိုလ်ကံကြီးများကို အဘယ်အရာများနှင့် ချေဖျက်လို့ ရနိုင်ပါမည်နည်း။

“ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ” အကြင် အကြောင်းတရားတို့ သည် အကျိုးတရား ရှိကုန်၏

ဇေယျာမောင်

မှတ်ချက်။ ၁၀ ဖြစ်ကိန်း (တနည်းအားဖြင့် ၁၀ သို့ မဟုတ် ၀၁) နှင့် ပတ်သက်၍ ကျွန်ုပ်နှင့် တေးအေးရိပ်တို့ မှ ၂၀၀၇ ဧပြီလတွင် ကြိုတင်ဟောကိန်းထုတ် ရေးသားခဲ့ပါသည်။ ထိုအကြောင်းခံ ၁၀ ဖြစ်ကိန်းသည် ယခုထိ အကျိုးတရား ဆက်သွယ်နေဆဲ ဖြစ်သည်ကို ယခု ဆောင်းပါးပါ တေဇောဓါတ်တိုင်တွဲ နှင့် အောက်တွင် ရေးခဲ့ပြီးသော ဆောင်းပါးများက သက်သေထူနေပါသည်။

မြန်မာနှစ်သစ် ကောဇာသက္ကရာဇ်နှင့် ခုနှစ်ရက်သားသမီး(၂)

နှစ်သစ်ကူးလို့ ၁၀ ဂဏန်းကို ရှာဖွေ အပိုင်း ၂

နှစ်သစ်အလှူ

April 12, 2008

နှစ်သစ်အလှူ


Colindale ရပ်ကွက်တွင် ယနေ့ ပြုလုပ်သော နှစ်သစ်မင်္ဂလာ အခမ်းအနား ၌ မေးမြန်းကြသော ၀ါသနာရှင်များမှ ချီးမြှင့်သော ပညာကြေးများအား နှစ်သစ်အလှူဒါနအဖြစ် လှူဒါန်းပြီးဖြစ်ပါကြောင်း သာဓုအနုမောဒနာ ၀မ်းမြောက်စေခြင်းငှာ ဖော်ပြအပ်ပါသည်။

ကျိမ်းစောက် ဆုပ်ရင် ဘာဖြစ်မလဲ ????

February 24, 2008

လက်ဆောင်ရတဲ့ ကျောက်စိမ်းဆင်ရုပ်


စနေနေ့  မနက်ခင်း ၁၀း၂၂ ။

ဂျီတော့ခ်နဲ့ အလ္လာဘ သလ္လာဘ ပြောနေတုန်း သူငယ်ချင်းတစ်ယောက် က ယတြာပစ္စည်း တစ်ခု ကို လက်ဆောင်ရလို့  ဒီပစ္စည်း အ၀င်ကောင်းမကောင်း သိချင်လို့  အပူလာကပ်တာနဲ့ …လက်ဆောင်ပစ္စည်းကို မေးကြည့်တော့

“ ကျောက်စိမ်း နဲ့ ထုလုပ်ထားတဲ့ ဆင်ရုပ် ။ ” သူငယ်ချင်းက သောကြာသား။ သောကြာတိုင်ကို ထူကြည့်တဲ့အခါမှာ…

၃ (စိမ်း)

၎ (ဆင်ရုပ် )

၆ (မေးသူ နံ )

၂ (ကျောက်)

“ သူ့ ကိုနိုင်လို ဆ ကို ခို ” ဆိုတဲ့ အင်္ဂ၀ိဇ္ဖာ လင်္ကာအရ ဆပွတ်ဆိုတဲ့ မူလမွေးနံ ကနေ ၆ ခုမြောက် နံ ဟာ အဲဒီ မူလနံကို နိုင်စေချင်ရင် အသုံးပြုရတဲ့ နံမျိုး လို့  မှတ်သားဖူးပါတယ်။ ယတြာ အနေနဲ့ ပေးတဲ့ ဆင်ရုပ်ကလေး ဟာ “သူ့ ကို နိုင်လို ဆကိုခို ” ဆိုတဲ့ လင်္ကာအရ သောကြာကို ချုပ်ကိုင်နိုင်တဲ့ ဆပွတ်နံ တစ်ခုအနေနဲ့  မြင်လိုက်ရပြန်ပါတယ်။

တစ်ခါ ကျောက်စိမ်း ဟာ သောကြာအတွက် သာစည်-ပင်းယ ပြောင်းပြန်ဖြစ်နေတာကို တွေ့ ရပါတယ်။ သာစည်ပင်းယဆိုတာက ဒီလိုပါ..တနင်္ဂနွေသားနဲ့ ပဲ ဥပမာပေးပါရစေ..

၅ (ပင်း)

၆ (သာ)

၁ တနင်္ဂနွေ

၎ (ယ)

၃ (စည်)

ဒီတိုင်မှာဆိုရင် တနင်္ဂနွေသား အတွက် ကောင်းကျိုးပေးတဲ့ နံတွဲလို့ ပြောရမဲ့ သာစည် ၊ ပင်းယ အတွဲတွေကို ပြထားပါတယ်။ အဲဒီ အတွဲတွေဟာ အထက်ကနေ အောက်ကို ဆင်းသက်ရပါမယ်။ အဲဒါဟာ သာစည်ပင်းယ အတည့်လို့ ခေါ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ စည်သာ ၊ ယပင်း လို့ အောက်ကနေ အပေါ်ကို တက်နေရင်တော့ တိုင်ပြောင်းပြန် ၊ တိုင်ဇောက်ထိုးလို့ ခေါ်ပါတယ်။

ဒါဆိုရင် ခုနက ကျောက်စိမ်းဟာ အောက်ကနေ အပေါ်ကို တက်သွားတဲ့ အတွက် ပြောင်းပြန်ဖြစ်နေပါပြီ ။ ပြောင်းပြန်ဖြစ်တော့ ဘာဖြစ်တတ်သလဲ? ။
မူလအလယ်ချာကို ပျက်စီးစေတတ်ပါတယ်။ အဲဒီမှာ ကျောက်စိမ်းက ပြောင်းပြန်တက်သွားတော့ အလယ်ချာ ဖြစ်တဲ့ သောကြာကို ပျက်စီးစေတာကို တစ်ခါ တွေ့ လိုက်ရပြန်ပါတယ်။

– ကျောက်စိမ်း ဟာ သောကြာအတွက် သာစည်-ပင်းယ ပြောင်းပြန်ဗျ…
– အဲဒီတော့…ဘာဖြစ်လာမလဲ

-ဆင် ၄ ဟူး က ဆပွတ်။ သူ့ ကို နိုင်လို ဆကိုခို တဲ့။ ဆပွတ်ရုပ်ကို လာပေးထားတယ် သောကြာကို နိုင်ခြင်လို့ ။ တစ်ခါ ကျောက်စိမ်းဟာ သောကြာအတွက် သာစည်-ပင်းယ ပြောင်းပြန် ….သောကြာကို ဆိုးရွားစေတယ်……
– ဟားဟား ထင်ထားတဲ့ အတိုင်းပဲ ။ အဲဒါကို ပြန် လှန်ချင်ရင် ဘယ်လို လုပ်သင့်လဲ

– မေတ္တာပို့ ပေါ့ ။
– မေတ္တာမရှိဘူး ..ဟားဟား။

– အခုလက်ဆောင်ကို ပေးတဲ့လူရဲ့ အမည်ဟာ အင်္ဂါအမည် မဟုတ်ရင် စနေ အမည်ဖြစ်ရမယ်။
– မှန်လိုက်တာဗျာ ၂ယောက်ပေါင်းပေးတာ။ အခုတွက်တာ ဘာနဲ့ တွက်တာလဲ?

– စနေနေ့  ၁၀း၂၂ ဆိုတော့ ဘောမ အခါပေါ့ ။ အင်္ဂါတိုင်ပေါ့ဗျာ..။ အဲဒီအခါနဲ့ တွက်တာ
– ဒီမှာက ၅း၂၂ ဗျ။

– အော်..သောရီပေါ့ ။ စနေအခါပေါ့ ။ ရပါတယ် .. ၂ခုစလုံး နဲ့ တွက်ကြည့်ရအောင်။ ပညာရပ်က ဘယ်တော့မှ မမှားစေရဘူး။ ဘယ်နေရာကနေမေးမေး။ အင်္ဂါတိုင်ကို နောက်မှ တွက်ပြမယ် ။ စနေတိုင် -သောရီ အခါကို တွက်ကြစို့  ။

စနေနေ့ ညနေ ၅း၂၂ ရဲ့ အခါတိုင်ကို ထူကြည့်လိုက်. သောရီတိုင်ပေါ့ ။

၎ (ဆင်) န၀င်း



ဝ (စနေ အခါတိုင်)

၃ (စိမ်း)
၆ (မေးသူ) အခိုက်
၂ (ကျောက်)

ပြီးခဲ့ တဲ့ ဆောင်းပါး မှာတုန်းက စောလှ-လှေဆန် လိုပါပဲ …ကျောက်စိမ်းဟာ မေးနေတဲ့ အချိန် ၊ စနေ အခါတိုင်မှာ တြိရန်း နဲ့ စတုရန်း နေရာကို ရောက်နေတာတွေ့ ရပြန်ပါပြီ။ ဒါဆိုရင် စနေတိုင်ရဲ့  တြိရန်း နဲ့ စတုရန်း မှာ ရှိနေတဲ့ တနင်္လာ နဲ့ အင်္ဂါ (ကျောက်စိမ်း) ဟာ စနေကို ဖြိုဖျက်စေတဲ့ အမည်တွဲ အနေနဲ့ တွေ့ ရပါတယ်။
အဝေး ခြင်္သေ့ဟောက် နဲ့ အနီးဆင်ဝှေ့ ပြန် လို အနေအထား လို့ ခေါ်ပါတယ်။

စနေ နဲ့ သောကြာနဲ့ က ဘာဆိုင်လို့ လဲ ဆိုတော့
စနေ ဟာ သောကြာရဲ့  အညွန့် ဖြစ်တာက တစ်ကြောင်း … အဋ္ဌလဂ်ခွင်အရ စနေဟာ သောကြာကနေ စတင်ရေတွက်မယ်ဆိုရင် ၆ ခုမြောက် ဆပွတ် ၊ သောကြာပြီး စနေ မဟုတ်ပါဘူး။ အဋ္ဌလဂ်ခွင်ဆိုတာကတော့ အရပ်မျက်နှာအလိုက် ဂြိုဟ်ခွင်တွေ နေရာချထားတာကို ဆိုလိုပါတယ်။
သောကြာ၊ တနင်္ဂနွေ ၊ တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ အဲသလို ရေတွက်ရပါတယ်။ သတ်မှတ်ထားတဲ့ ပညတ်ကတော့
ပရိဝါယ ၊ အာယု၊ နာဂရ၊ ဘုမ္နိ ၊ ဂဟပတိ ၊ တေဇ ဆိုတဲ့ အတိုင်း ၆ခုမြောက် တေဇ ကို ဖြိုဖျက်နေတာကို တွေ့ ရပါတယ်။
ဘုန်းကံ ကွယ်အောင် ပေါ့။

– “ နင့်ကို ဘုန်းကံကွယ်အောင် လက်ဆောင်နဲ့ လုပ်သလိုပဲ ” .. စကားလုံးအချို့ ခုန်ဆင်းသွားပါတယ်။ ..

တစ်ခါ စနေတိုင်ထိပ်မှာ နိမိတ်ဖြစ်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်တဲ့ ဆင်ရုပ် (ဗုဒ္ဓဟူး ) ကို မြင်ရပြန်ပါတယ်။ တိုင်ထိပ်ကို န၀င်းလို့ လည်း ခေါ်ပါတယ်။
န၀င်း ရဲ့ ဆက်သွယ်ချက်ဟာ အခိုက်လို့ ပညာရပ်မှာ ဆိုပါတယ်။ ဒါဆိုရင် န၀င်း ဆင်ရုပ်ကို မြင်လို့ အခိုက်နေရာကို ကြည့်လိုက်တော့ သောကြာ ကို တွေ့ ရပြန်ပါတယ်။ ခိုက်နေရာ မှာ သောကြာ ရှိနေတော့ အဲဒီ သောကြာကြီး ခိုက်နေပြီပေါ့ ။ မေးတဲ့သူကလည်း သောကြာဆိုတော့ …အဲဒီမေးတဲ့သူကိုယ်တိုင် ခိုက်နေပြီ ။

– “ ကျောက်စိမ်း ဆင်ရုပ်ကြောင့် နင် ခိုက်နေပြီ ”
– ဟင်း …ဘယ်လို လုပ်ရပါ့မလဲ …

– ငါတို့ ပညာရပ်မှာ တြိစတု နင်းကြမ်း ပြု ဆိုတဲ့ ယတြာ ရှိတယ် .. စောလှ-လှေဆန် သဘောမျိုးပဲ .. နင်းကြမ်းဆိုတော့ အခက်အလက်တွေ ကို နင်းရတာပေါ့ .. ဘုန်းကံတက်အောင် . .အဆင်ပြေအောင် ပြုတဲ့ ယတြာမျိုးပေါ့။. ကြုံတုန်း ပြောလိုက်အုံးမယ်။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောခဲ့တဲ့စကား။

“ စလောင်း ဖုံး ၂ ချပ် တီး ရင် ကျား လာတယ် “ ဆိုတာကို ။ ရှေးခေတ်တုန်းက စလောင်းဖုန်းကို မြေသား နဲ့ လုပ်တာဆိုတော့ အခြင်းခြင်း တီးခတ် မိရင် ကွဲကုန် မျာ စိုးလို့ လူကြီးတွေက ကလေးတွေကို ကျားနဲ့ ခြောက်တာ …
ငါတို့ ပညာမှာက အဲဒါတစ်ကယ် ရှိတာ… စလောင်းဖုံး ၂ချပ်တီး ရင် ကျားလာတယ်… ဘယ်လို လာလဲဆိုတော့ … တနင်္ဂနွေသားနဲ့ ပဲ ပြမယ်..


၂ (ကျား)




၎ ( လောင်း )

၃ ( စ )

ဒါဟာ တနင်္ဂနွေသား တစ်ဦး နင်းကြမ်း ယတြာကို ပြုလုပ်တဲ့အခါမှာ လုပ်ဆောင်ရမဲ့ အစီအရင်ပေါ့..
တနင်္ဂနွေသား တစ်ဦးဟာ နင်းကြမ်း ယတြာကို ပြုလုပ်တော့မယ်ဆိုရင် အင်္ဂါ နဲ့ ဗုဒ္ဓဟူး အခက်အရွက် တွေကို ခြေမှာ နင်းပြီး အဆောင်ပန်းဖြစ်တဲ့ တနင်္လာနံ ပန်းကို ကိုင်ပြီး ထွက်ရမယ်လို့ ပညာရပ်က ပြထားတာကိုး ။
အဲဒါကြောင့် စလောင်းဖုံး ၂ ချပ်တီးရင် ကျားလာ တယ်ဆိုတာကို ဆရာအရှင်တွေက ပညာရပ်တစ်ခုအနေနဲ့ ချန်ရစ်ခဲ့တာပေါ့။

– အဲဒါကြောင့် ..နင် အိပ်တဲ့ အိပ်ရာ ခြေရင်းမှာ ပဲ အဲဒီ ကျောက်စိမ်းဆင်ရုပ်ကို အင်္ကျီ တစ်ထည်ကို အခံထား ပြီး ထား ထားလိုက်။ ဆောင်ပန်းကတော့ သောကြာသား အတွက် အညွန့် နံ ပန်းဖြစ်တဲ့ စနေနံ နှင်းဆီပန်း ၇ ပွင့် ကို ခေါင်းရင်းမှာ ထိုးထားရမယ်။
ဟာ..ခဏခဏ လဲနေရမှာပေါ့ ..
အော် ..အဲဒါမှ ကိုယ်က သတိပြုမိနေမှာပေါ့… တစ်ပတ်တစ်ခါ နှင်းဆီပန်း လဲပေးနေတော့ စိတ်လက်ကြည်လင်တာပေါ့ဗျာ..၊။
အဲဒါဆိုရင်လည်း ဒေါင်းမွှေး ၇ ချောင်း စိုက်ထားလိုက်မယ် .. ခေါင်းရင်းမှာ
ကောင်းတာပေါ့ဗျာ …ဒေါင်းဆိုတာ အတိတ်နိမိတ်အရလည်း ကောင်းတာပဲ … အဲဒါလုပ်လိုက်ပေါ့ဗျား


ဝ (ဒေါင်းမွေး ၇ ချောင်း)




၂ ကျောက်စိမ်းဆင်

၁ အိပ်ရာ ခြေရင်း

ဒါဆိုရင်…သောရီ အခါနဲ့ တွက်ပြတာ ပြီးပြီ..ဘောမအခါနဲ့ တွက်ကြည့်ရအောင်… ဘောမ (အင်္ဂါ) အခါတိုင်ကို တိုင်ထူကြည့်ရင်…

ဝ န၀င်း
၎ ဆင်ရုပ် (အညွန့် )
၁ ဆပွတ်




၂ ကျောက်စိမ်း (အခိုက်)

ဘောမတိုင်
န၀င်း ၊ အခိုက် စဉ်းစားချက်များ
ဟော.. ၂ ဆိုတဲ့ အခိုက်နေရာမှာ ကျောက်စိမ်းကို တွေ့ ရပြီ ။ အခိုက်ကို တွေ့ ရင် တွဲရမှာက န၀င်းဆိုတော့ န၀င်းကို လှမ်းကြည့်လိုက် ။ စနေ ကိုတွေ့ ရမယ်.။ စနေ ဟာ သောကြာရဲ့ အညွန့်  ၊ ပြီးတော့ သောကြာရဲ့  တေဇ လည်းဖြစ်တယ်။ ဒါဆိုရင် န၀င်းမှာ ရှိတဲ့ ၊ န၀င်းမှာ ရောက်နေတဲ့ စနေ ။ န၀င်းရောက်တိုင်း မကောင်းနိုင်တော့ဘူး ။ ဘာလို့ လဲ ဆိုတော့ အခိုက်မှာ ရှိတဲ့ ၂ (ကျောက်စိမ်း) ကို မြင်ပြီး လှမ်းကြည့်ရတဲ့ န၀င်း ဖြစ်တာကြောင့်  အဲဒီ စနေဟာ ဘယ်နည်းနဲ့ မှ မကောင်းတော့ဘူး ။ စီးပွားရေး ၊ ကောင်းကျိုးရေးရာ အဖြာဖြာ၊ ဘုန်းကံ အစရှိတာတွေကို အခိုက်ကနေ လှမ်းကြည့်ရတာ ဖြစ်တာမို့ လို့ အဲဒီကိစ္စရပ်တွေ မှာ သတိထားရတော့မယ်။

တစ်ခါ စနေ ပရိယာယ်အရ မိမိလက်အောက် ငယ်တဲ့သူ ၊ ခြေသွားထိန်းရ ဂြိုဟ်မိန်းမ ဆိုတဲ့ လင်္ကာအရ စနေဟာ အမျိုးသမီး ဖြစ်ရမယ်။
စစချင်းတုန်းက ပြောခဲ့တဲ့ ပေးတဲ့လူဟာ စနေ (သို့ ) အင်္ဂါ အမည်ပါသူ ဖြစ်ရမယ်လို့ ခန့် မှန်းတာကတော့
– ခိုက်မှာ ရှိတဲ့ ၂လာကြောင့် န၀င်း စနေကို လှမ်းပြောတာက တစ်ခု
– ခိုက်မှာ ရှိတဲ့ ကျောက်စိမ်း (တနင်္လာ) နဲ့  အညွန့် မှာရှိတဲ့ ဆင်ရုပ် (ဗုဒ္ဓဟူးကြောင့် ) အမြစ်အညွန့် တည့်နေတဲ့ အတွက် အင်္ဂါကို ကောင်းစေတဲ့ သဘောမျိုး တွေ့ တာကြောင့် အင်္ဂါ ကို လှမ်းပြောရတာ..

ဒါကြောင့် ဆင်ရုပ်ပေးသူဟာ စနေ (သို့ ) အင်္ဂါ လို့ ပြောရတာ…။ စနေရော ၊ အင်္ဂါ ရော၂ယောက်လုံး ဆိုတော့ လည်း ပညာအရတော့ တည့်နေတာပဲ လို့ ပြောရမလို ဖြစ်နေပြီပေါ့။ န၀င်းအခိုက်ကို ပဲ ဆက်ပြောပြမယ်။

အခိုက်မှာ ရှိတဲ့ တနင်္လာ ဟာ သောကြာအတွက် နာဂရ လို့ ခေါ်တဲ့ မြို့ ပြကျေးရွာ တွေ နဲ့ ပတ်သက်တာမျိုး ဖြစ်တာကြောင့် ပေးတဲ့သူဟာ နေရာဋ္ဌာနကို အကြောင်းပြုတဲ့ စကားတွေ ပြောဆိုရမယ်..ခိုက်တဲ့ စကား ပေါ့ .. ရှင်းအောင်ပြောရရင်တော့ အခုလက်ရှိနေတဲ့ နေရာမှာ မနေနဲ့ ..တစ်ခြားနိုင်ငံကိုပြောင်းပါ..ဘာညာပေါ့..အဲဒီလို နေရာဋ္ဌာန ခိုက်စေတဲ့ စကားတွေ ပါလာမယ်…လက်ဆောင်ပေးရင်း ပြောတာမျိုး ..လူကြုံပါးတာမျိုးပေါ့…

န၀င်းမှာ ရှိတဲ့ စနေကို ပြန်ကြည့်လိုက်အုံး ..သောကြာနဲ့ ဘာတော်လဲ…တောသူ ဆိုတဲ့ ဓါတ်ရန် တော်တယ်…ကျန်းမာရေးကိစ္စကို အကြောင်းပြုပြီး ဒီလက်ဆောင်ယတြာ အရုပ်ကို ပေးတာ…

အခိုက်ကို ပြန်ကြည့် ..၂ ကို မြင်တော့ ၂ပရိယာယ်အရ ဆိုရင် မိခင် (သို့ ) မိခင်ကဲ့ သို့ နေသောသူလို့ မြင်ပြန်တယ်။ ဒါကြောင့် ဒါဟာ မိသားစု အတွင်းက ပေးတာ ဖြစ်ရမယ်…

– “ အင်း…ညီမနဲ့ အမေလို နေတဲ့သူက ပေးတာ ..”
– ဟိုက်ရှားဘား….

အင်းထပ်ပြောမယ်…၂ခိုက်ကို ဆက်ပြောရင်တော့ အဲဒီ ပစ္စည်းဟာ လွန်ခဲ့တဲ့ ၂ရက်က ပေးတာ ဖြစ်ရမယ်..
– ဟားဟား..မှားတယ် ..လွန်ခဲ့တဲ့ ၂ ပတ်က ပေးတာဗျ..

..ဟင်း….လွဲတယ်ဗျာ…ကျွတ်ကျွတ်ကျွတ်..နည်းနည်းလေးပဲလိုတယ်..
-အားမငယ်ပါနဲ့ ၂ ချင်းတူတာပဲ…ဆက်ပြော

” ဘောမတိုင်မှာ ဆပွတ်နေရာမှာ ၁ ကို တွေ့ လား…ဒါကြောင့် ၁ကို အကူအညီယူပြီး ပေးမယ်.. ဆိုလိုတာကတော့ တနင်္ဂနွေသား မဟုတ်ရင် အဖေ ပေါ့..အဖေလို နေတဲ့သူကနေ တစ်ဆင့်ပေးတာ…”
..ဟဲဟဲ..အဖေကနေ တစ်ဆင့်ထည့်ပေးလိုက်တာ…
– သြော်….

ဒီမှာတင်ပဲ ဂျီတော့ခ်က ချက်တင် လုပ်တာလေးတွေ ပြီးသွားပါတယ်..

ဒီလိုဆိုရင် ဘိုလိုလုပ်မလား

February 22, 2008

စောလှ-လှေဆန် ၊ ရှေ့ နောက်ပြန်


စောလှ-လှေဆန် ၊ ရှေ့ နောက်ပြန် ၊ သစ်နံမြို့ ပြည်ရွာ ၊ နေများချေက ၊ သူရဇ္ဖ ၊ သောကမီးပမာ

ဒီလင်္ကာဟာ ဘာကိုညွှန်းသလဲ ဆိုတော့ မူလ နေ့ သားတစ်ဦးဟာ မိမိရဲ့  တြိရန်း နဲ့ စတုရန်း အပြန်အလှန် မိထားတဲ့ အရပ်တွေ ၊ မြို့ ရွာတွေ ကို ရွှေ့ ပြောင်း နေထိုင်မိတာ ၊ စီးပွားရေး လုပ်ငန်း အသစ်တွေ လုပ်ကိုင်မိတာ တွေ ပြုလုပ်မိမယ်ဆိုရင် စောလှ-လှေဆန် လို့ ခေါ်တဲ့ နံနှစ်ခုပေါင်း အနိဋ္ဌ နိမိတ် နှစ်ခု အရပ် အရ မီးလို ပူတတ်တယ်လို့ ယေဘုယျ ပြဆိုထားပါတယ်။

စောလှ-လှေဆန် (တြိရန်း – စတုရန်း ) ရေတွက်ပုံကတော့ မိမိမူလနေ့ ကနေ ၃ ခုမြောက် နဲ့  ၄ ခုမြောက် နေ့ နံ တွေပါပဲ။
ကြာသပတေး သား တစ်ယောက်အတွက် စောလှ-လှေဆန် (တြိရန်း-စတုရန်း) ဟာ စနေ နဲ့ တနင်္ဂနွေ ဖြစ်ပါတယ်။

ဒါဆိုရင် အဲဒီလို စောလှ – လှေဆန် ဆိုတဲ့ အရပ်မှာ နေထိုင်တဲ့ နေ့ သားတွေ ဟာ မကြီးပွားတော့ဘူး။ လုပ်သမျှ မအောင်မြင်တော့ဘူးလား လို့  မေးစရာ ရှိလာပါမယ်။ မလေးရှားမှာ နေတဲ့ တနင်္လာသား သမီးတွေ ၊ ဇလွန် မြို့မှာနေတဲ့ တနင်္ဂနွေသားသမီးတွေ ၊ သာယာဝတီမှာ နေတဲ့ ဗုဒ္ဓဟူး သားသမီးတွေ ကြီးပွားချမ်းသာနေတာ ဒုနဲ့ ဒေးပါပေါ့။

ဆိုကြပါစို့ …
– တနင်္ဂနွေအမည်ပေါက်တဲ့ လူတစ်ဦး ဟာ လင်္ကာအရ စောလှ-လှေဆန် ၊ တစ်နည်းပြောရရင် တြိရန်း နဲ့ စတုရန်း အမည်ပေါက်တဲ့အရပ် -ဥပမာ စလေ ၊ ဇလွန် မြို့ တွေကို ပြောင်းမိတာ ၊ အဲဒီ မြို့ တွေမှာ အလုပ်လုပ်ကိုင်မိတာ ၊
– တနင်္ဂနွေ အမည်ပေါက်လူတစ်ဦးဟာ သူ့ ရဲ့ စတုရန်းနေ့ ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ၊ အဲဒီနေ့ ရဲ့ တြိရန်း အခါဖြစ်တဲ့ ၉း၀၀ ကနေ ၁၀း၃၀ အတွင်းမှာ ဘာကိစ္စလုပ်လုပ် ၊ လူမှုရေး ၊ စီးပွားရေး အံချော်တာမျိုး
– နေ့ တစ်နေ့ ရဲ့ တနင်္ဂနွေအခါမှာ ဗုဒ္ဓဟူးသားသမီး တစ်ယောက်ယောက်ဟာ အင်္ဂါ နိမိတ်နဲ့ ဆိုင်တဲ့ ကောင်းကျိုးချမ်းသာ အလုပ်မှန်သမျှ ပျက်တာမျိုး ကို ကြုံတွေ့ ရတတ်ပါတယ်။

နောက်ဥပမာ တစ်ခု မြင်သာအောင် ထပ်ပေးပါအုံးမယ် ။ အင်္ဂါသား ၊ အင်္ဂါအမည်ပေါက် လူတစ်ဦးဟာ အင်္ဂလန်မှာ နေတယ်ဆိုပါစို့ ။
သူဟာ ကံအားလျော်စွာပဲ တစ်နေ့ မှာတော့ နေရာအပြောင်းအရွှေ့ လုပ်ဖို့ အတွက် လက်ရှိနေတဲ့ နေရာကနေ သူရဲ့ တြိရန်း နဲ့ စတုရန်း ကျတဲ့ နေရာကို ပြောင်းဖို့ အကြောင်းဖန်လာပါလေရော။ သူပြောင်းရမဲ့ နေရာကတော့ Fulham (ဖူလ်ဟမ်) လို့ ခေါ်တဲ့ လန်ဒန်မြို့  ရဲ့ ရပ်ကွက်တစ်ခုကို ပေါ့။ ပုံကိုလေ့လာကြည့်ပါ။





၃ (အင်္ဂါ)

၆ (ဟမ်)

၅ (ဖူလ်)

ဘာပြောကောင်းမလဲ ။ သူ့ ရဲ့ စတုရန်း ၊ တြိရန်း အပြန်အလှန် မိတဲ့ ဖူလ်ဟမ် ဆိုတော့ တစ်ခါတည်း အလုပ်ပြုတ် ၊ အကြွေးတင်၊ သူငယ်ချင်းတွေ ၀ိုင်းပြီး ကျွေးထားရတဲ့ ဘ၀ကို ရောက်ပါလေရော..

အဲဒါဟာ စောလှ – လှေဆန် လို့ ခေါ်တဲ့ ပညာခန်းရဲ့ ရိုက်ချက်ပြင်းပြင်းကို ခံလိုက်ရတဲ့ အင်္ဂါသာား တစ်ယောက်ပါ။

နောက်ထပ် ဥပမာ တစ်ခု ထပ်ပေးပါအုံးမယ်။

ကလေးအမည် ကင်ပွန်းတပ်ပေါ့ဗျာ ။ မေးကြ မြန်းကြ ၊ အကြံဥာဏ်တောင်းခံကြ ၊ Sur name လေးတွေ ထည့်ချင်ကြတယ်။ သေချာတွက်ချက်ပြီး ပြောလိုက်ပါတယ်။ အဖေရဲ့ Sur name ကိုတော့ ဒီကလေးမှာ ထည့်လို့ မရဘူး ။ မဟာဘုတ်အရလည်း မကောင်းဘူး ။ နာမည်တိုင်အရလည်း မကောင်းဘူး ။ ဆန်းပညာ အရလည်း ဒီနှစ်ထဲမှာ ဗုဒ္ဓဟူး နဲ့ စနေ က ကလေးတွေရဲ့ နောက်ပိတ် အလုံး ကို ထည့်ပေးလို့ မရဘူး ဆိုတော့ ကလေးတွေကို အဲဒီလို မပေးစေချင်ဘူး ။ ပြီးခဲ့ တဲ့ ဆောင်းပါးတစ်ခု မှာ ပြောခဲ့ပြီးပါပြီ။ ပြောသာပြောရတယ်။ ဖတ်ဖတ်မော ။ ရင်ဖတ်နောက်က ကျော ဆိုသလို ပဲ။

အဲဒါအသာထားလိုက်အုံး ။ ဒီဆောင်းပါးနဲ့ ပတ်သက်တဲ့ စောလှ-လှေဆန် အမည်ပေးမိ တဲ့ အကြောင်းပါ။ လေ့လာကြည့်ပါ။
၁၃၆၉ ခုနှစ် ဗုဒ္ဓဟူး နေ့  မွေးတယ် ပေါ့ဗျာ ။ ညနေဖက် ဆိုတော့ ရာဟုပေါ့ ။ အမည်ပေးချင်တယ်ပေါ့ ။ Surname ကလည်း မထည့်လို့ မရဘူးဆိုပဲ။
အဲဒါမှ ဒုက္ခ ၊ အဖေ က တနင်္လာသား ။ နောက်ပိတ် က ကြာသပတေးနဲ့ ပိတ်တယ်။ ထည့်လို့ မရဘူးပြောလည်း မရ၊ ဘယ်လို မှ လုပ်လို့ မရဘူး ။
ယမုံနာတွေရော၊ ဘာတွေရော စုံလို့ ။

ကဲ သမီးလေး အမည်ပေးပါပြီတဲ့ ။ ရာဟုစပြီး ကြာသပတေး ဆုံးတယ် ။ အဲဒီမှာ ပြဿနာ တက်တာပဲ ။ အဖေက တနင်္လာသား ၊ တနင်္လာ အမည်ပေါက်။ သမီးလေးက ရာဟု (ဗုဒ္ဓဟူး) နဲ့ စပြီး ကြာသပတေး နဲ့ ဆုံးတယ်။ ကဲ …ကြည့်ပေတော့…






—-
၅ (ကြာသပတေးဖြင့်ဆုံး)

၎ (ရာဟု ဖြင့်စ)

ဒါဆိုရင် အဖေလုပ်တဲ့ သူက သမီးလေးကို တနင်္လာ ရဲ့  တြိရန်း စတုရန်း ဖြစ်တဲ့ အမည်မျိုး ပေးမိနေပြီ။ ဘယ်လို လုပ်ကြမလဲ ။ အဖေလုပ်တဲ့သူကတော့ ‘ မတတ်နိုင်ဘူး ။ Sur name ကလည်း မထည့်လို့ ကမဖြစ်ဘူးတဲ့ ။’ ကောင်းရော…
အမည်ပေးလိုက်ပုံ က တနင်္လာကို ဖြိုဖျက်စေတဲ့ ၊ ကြေပျက်စေမဲ့ အမည်မျိုး ဆိုတော့ အဖေလုပ်တဲ့ သူရေ ….ကြုတ်ကြက်သာလိပေတော့ လို့ ….

မူလနေ့ သားတွေ အတွက် စောလှ-လှေဆန် ၊ တြိရန်း စတုရန်း မိတဲ့ နံတွဲတွေကို အောက်မှာ လေ့လာကြည့်ပါ။

တနင်္ဂနွေ- အင်္ဂါ နှင့် ဗုဒ္ဓဟူး အပြန်အလှန် တွဲထားသော
တနင်္လာ – ဗုဒ္ဓဟူး နှင့် ကြာသပတေး အပြန်အလှန်တွဲ ထားသော
အင်္ဂါ – ကြာသပတေး နှင့် သောကြာ အပြန်အလှန်တွဲထားသော
ဗုဒ္ဓဟူး – သောကြာ နှင့် စနေ အပြန်အလှန်တွဲထားသော
ကြာသပတေး – စနေ နှင့် တနင်္ဂနွေ အပြန်အလှန်တွဲထားသော
သောကြာ- တနင်္ဂနွေ နှင့် တနင်္လာ အပြန်အလှန် တွဲထားသော
စနေ – တနင်္လာ နှင့် အင်္ဂါ အပြန်အလှန်တွဲထားသော

အမည် ၊ မြို့ ရွာ၊ အရပ် တို့ ပါပဲ ။

လက်ာ
စောလှ – လှေဆန် ၊ လူမြန်မင်းလွတ်
ပူသွတ်သေဖွယ်၊ သက်နှယ်တူသော်
အော်အံ့ အတူ ၊ အငူကုန်းအင်း
ကြည်ညိုဆင်းကား
ကျမ်းရင်းဝိဇ္ဖာ တစ်နည်းမှာသည်
ရှောင်ခွာသစ်နံ မြို့ ရွာတည်း

ဒီလိုဆိုရင် ဘိုလို လုပ်အုံးမလား ။ ဗမာလို ပဲ လုပ်ရင်ကော ? မကောင်းဘူးလား ?

ဗေဒင်သစ္စာ

October 22, 2007

ဗေဒင်သစ္စာ


ဗေဒင်သစ္စာ

လေ့လာနေကြသော အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးများ သိသာစေရန်

ဤ ဘလော့တွင် ရေးသားထားသော ဆရာ အစဉ် အဆက်တို့ ၏ ပညာရပ်များ နက္ခတ် ၊ ဗေဒင် ၊ အဟောပိုင်း ဆိုင်ရာ
သင်ခန်းစာများ နှင့် ဆောင်းပါးများ မှ ကောက်နှုတ်ချက်များအား နည်းနာနိသျ ယူပြီး ဗေဒင် ၊ နက္ခတ် ၊ ဂဏိတ ၊ ဖလိတ ပိုင်းဆိုင်ရာများအား တတ်မြောက်သည်ဖြစ်စေ၊ မတတ်မြောက်သည် ဖြစ်စေပြန်လည် ဟောပြောချက်များ အား ပြုလုပ်ခဲ့ပါက အသင် ပြုလုပ်သူသည် အောက်ဖော်ပြပါ သစ္စာစကားအား တိုင်တည် သစ္စာပြုပြီးဟု မှတ်ယူုပါသည်။

၁။ ဗေဒင်ဟောကွက်ထဲတွင် မပါဝင် သော ပညာရပ်များအား ညာမရွှီးခြင်း၊
၂။ မေးသူအကြောင်း မည်သူ့ကိုမျှ မည်သည့်အကြောင်းပြချက်ဖြင့် ပြန်မပြောပါကြောင်း၊
၃။ ပညာရပ်အား လူအထင်သေးစေမည့် မည်သည့်အချက်ကိုမှ မပြုပါကြောင်း
၎။ ပညာရပ်အား အလွဲသုံးစားလုပ်ပြီး မည်သူ့ကိုမှ ဒုက္ခမပေးပါ
၅။ ပညာရပ်အား အလွဲသုံးစားလုပ်ပြီး မည်သူဒုက္ခရောက်ဖို့မှ မကူညီပါ
၆။ မိမိဟောချက်ကြောင့် ဖြစ်သမျှ ၊ မိမိယတြာကြောင့် ဖြစ်သမျှ မိမိဘာသာ တာဝန်ယူပါသည်။ ပညာရပ်ကို လွှဲမချပါ
၇။ ပညာရပ်အား လက်တစ်လုံးခြားမပြုလုပ်ပါ။
၈။ ဆရာစဉ် အဆက်ဆက်ကို မစော်ကားပါ..

အထက်ဖော်ပြခဲ့သော အချက်များကို ကျူးလွန်ဖောက်ဖျက်ပါက ပညာရပ်သည် ဉာဏ်မှ ကွယ်ပါစေသား ၊ နှုတ်စလျှာစ မထက်မြက် ညံ့ပါစေသား၊

အထက်ဖော်ပြပါ အချက်များအား ထိန်းသိမ်းစောင့်ရှောက်သူအား ဝေဒကျမ်းလေးရပ်ကို စောင့်ရှောက်သော ပုဂ္ဂိုလ်မှ စောင့်ရှောက်မှုကို ခံယူပါစေ.. အထက်ဖော်ပြပါ စည်းကမ်းချက်များကို ရာသက်ပန် လိုက်နာမှု ပြုမပြုကို အဆိုပါပုဂ္ဂိုလ်မှ ကြပ်မတ်ပါစေ။